## PAGE 112

**ဧကဓမ္မော**=သည်၊ **ဝါ**=ကို၊ **ဘာဝိတော**=သော်၊ **ဗဟုလီကတော**=သော်၊ **အနုပါဒါယ**=တဏှာဒိဋ္ဌိတို့ဖြင့် မည်သည့်သင်္ခတ တရားကိုမျှ မယူမူ၍၊ **ပရိနိဗ္ဗာနာယ**=(အဝိဇ္ဇာစသောအကြောင်းကင်းလျက်) ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းမှ အနုပါဒိသေသနိဗ္ဗာန်အကျိုးငှာ။ **အနေကဓာတုပဋိဝေဓော** = များစွာသော ဓာတ် (၁၈) ပါးတို့ကို လက္ခဏာအားဖြင့် ထိုးထွင်းသိခြင်းသည်၊ **ဟောတိ**၊ ဖြစ်၏။ ပ။ **နာနာဓာတုပဋိဝေဓော**=တသီးတခြား တပါးစီအားဖြင့် ဓာတ် (၁၈)ပါးတို့ကို လက္ခဏာအားဖြင့်ထိုးထွင်းသိခြင်းသည်၊ **ဟောတိ**။ပ။ **အနေကဓာတုပဋိသမ္ဘိဒါ**= များစွာသော ဓာတ်တို့ကို လွန်ကဲခြင်း ယုတ်လျော့ခြင်း၏ အကျိုးအာနိသင်အားဖြင့် ခွဲခြားသိမြင်နိုင်သောဉာဏ်သည်၊ ဤဓာတ်လွန်ကဲလျှင် (သို့မဟုတ်) ယုတ်လျော့နေလျှင် ဤအကျိုးအာနိသင် ဖြစ်သည်ဟု သိသောဉာဏ်တည်း။ **စက္ခု**၊ **သောတ** စသော သက်ရှိ **ဥပါဒိန္နဓာတ်**တို့နှင့်လည်းကောင်း၊ သက်မဲ့သစ်ပင် စသည်တို့၏ **အနုပါဒိန္နဓာတ်**တို့နှင့် လည်းကောင်း သက်ဆိုင်၏။ **ပဋိသမ္ဘိစ္ဆတိတိ ပဋိသမ္ဘိဒါ**=အယုတ်အလွန်၏ အကျိုးကို ခွဲခြားသိသော ဉာဏ်]။ ပ။ **သောတာပတ္တိဖလသစ္ဆိကိရိယာယ**=သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ၊ **ဟောတိ**။ ပ။ [သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်ဟု ပြောင်းလဲ၍ဆိုလေ။}။ ပ ....

၅၈၄၊ ၅၉၉။ **ပညာပဋိလာဘာယ**=(မဂ်ဉာဏ်ဖိုလ်ဉာဏ်စသော) ပညာကို ရခြင်းငှာ၊ **သံဝတ္တတိ**=ဖြစ်၏။ ပ။ **ပညာဗုဒ္ဓိယာ**=ပညာ၏ တိုးပွားခြင်းငှာ၊ (ကလျာဏပုထုဇဉ်နှင့်တကွ သေက္ခပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တို့ ပညာ၏တိုးပွားခြင်းငှာ)။ ပ။ **ပညာဝေပုလ္လာယ**=ပညာ၏ ပြန့်ပွားသည်အဖြစ်ငှာ၊ (ကလျာဏ ပြန့်ပွားသည်အဖြစ်ငှာ)။ ပ။ **မဟာပညတာယ**=များစွာသော အကျိုးအကြောင်း စသည်တို့ကို ပိုင်းခြားသိတတ်သော ပညာအကျိုးငှာ၊ [**မဟန္တာနံ အတ္ထဓမ္မာဒိနံ ပရိဂ္ဂါဟိကာ ပညာ မဟာပညာ**၊ **သာ ဧဝ မဟာပညတာ**] **ဝါ**=(များစွာသောအကျိုးအကြောင်း စသည်တို့ကို ပိုင်းခြားသိခြင်းဖြင့်)များသော ပညာရှိသည်၏အဖြစ်ငှာ၊ **မဟတီ ပညာ ယဿာတိ မဟာပညာ**၊ **တဿ ဘာဝေါ မဟာပညတာ**]။ ပ။ **ပုထုပညတာယ**=(အမျိုးမျိုးကွဲပြားခြားနားသော ခန္ဓာ ဓာတ် အာယတန စသည်တို့ကို သိခြင်းဖြင့်) အမျိုးမျိုး ကွဲပြားခြားနားသော ပညာရှိသည်အဖြစ်ငှာ။ ပ။ **ဝိပုလပညတာယ**=(ပြန့်ပွားများပြားသော အကျိုးအကြောင်း စသည်တို့ကို ပိုင်းခြားသိခြင်းဖြင့်) ပြန့်ပွားများပြားသော ပညာရှိသည်အဖြစ်ငှာ။ ပ။ **ဂမ္ဘီရပညတာယ**=(နက်နဲသော ခန္ဓာဓာတ် အာယတန စသည်တို့ကိုသိခြင်းဖြင့်) နက်နဲသော ပညာရှိသည် အဖြစ်ငှာ။ ပ။ **အသာမန္တပညတာယ**=အလွန်ဝေးကွာခြား, မနီးနားသော ပညာရှိသည်အဖြစ်ငှာ၊ (အတ္ထ၊ ဓမ္မ၊ နိရုတ္တိ၊

## PAGE 113

၁၉-ကာယဂတာသတိဝဂ္ဂ ပဋိဘာန်အရာ၌ ပုထုဇဉ်ပုဂ္ဂိုလ်တို့ မမှီနိုင်လောက်အောင် အလွန်ဝေးကွာခြား, မနီးနားသော ပညာရှိသည်အဖြစ်ငှာ၊ **ဝါ**=ကလျာဏပုထုဇဉ်, သောတာပတ္တိမဂ် ပုဂ္ဂိုလ်စသော အောက် အောက်ပုဂ္ဂိုလ်တို့ပညာမှ အလွန်ဝေးကွာခြား, မနီးနားသော ပညာရှိသည်အဖြစ်ငှာ) အတ္ထ, ဓမ္မ စသည်တို့ကို စတုက္ကစာပိုဒ် ၁၇၂-၌ ကြည့်။]။ ပ။ **ဘူရိပညတာယ** =ရာဂ ဒေါသစသည်တို့ကို လွှမ်းဖိဆဲ, လွှမ်းဖိပြီးဖြစ်သော ပညာအကျိုးငှာ။ ပ။ **ပညာဗာဟုလ္လာယ** = များသောပညာရှိသည်အဖြစ်ငှာ။ ။ **သီဃပညတာယ**=လျင်မြန်သောပညာရှိသည်အဖြစ်ငှာ။ ပ။

၁။ **ဘူရိပညတာယ**။ ။ **ရာဂဒေါသာဒယော ဘဝတိ (အဘိဘဝတိ) ဘဝိ (အဘိဘဝိ) စာတိ ဘူရီ**။ **ဘူဓာတ်**, **ရိ**ပစ္စည်း၊ **နဒါဒိဃ**ပစ္စည်းဟု ကြံပါ။ မဂ်ပညာသည် ရာဂဒေါသ စသည်တို့ကို **အဘိဘဝတိ**=လွှမ်းဖိဆဲ(ပစ္စုပ္ပန်)၊ ဖိုလ်ပညာသည် **အဘိဘဝိ** = လွှမ်းဖိပြီး(အတိတ်)။ **ဘူရီ စ သာ ပညာ စာတိ ဘူရိပညာ**၊ (ရို့၌ သမာသမဇ္ဈရဿ) **သာ ဝေ ဘူရိပညတာ**။ (တနည်း) **စိတ္တ သန္တာနေ ဘူတော အရီတိ ဘူအရ** (စိတ်အစဉ်၌ဖြစ်ပေါ်လာတတ်သော ရာဂစသော ကိလေသာရန်သူ)၊ အကိုချေ၍ **ဘူရိ**-ဟု **ဣရဿ**ဖြင့် ရုပ်ဖြစ်၏။ **ဘူတော**ကား **ဘူ**၏ ပရိယာယ်တည်း။ **ဘူရိဿ မဒ္ဒနီ ပညာ ဘူရိမဒ္ဒနိပညာ**-ဟု ဆိုလိုလျက် **မဒ္ဒနီ**ပုဒ်ချေ၍ **ဘူရိပညာ**-ဟု ရုပ်ပြီး၏။ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၊ဒု၊ ၂၆၀]

ဤသုတ်အင်္ဂုတ္တရနိကာယဋီကာ၌ကား **ဘဝတိ အဘိဘဝတိ အဗ္ဘန္တိ ဘူရိ** (ရန်သူကိုလွှမ်းမိုးဖိစီးတတ်သောပညာ)ဟု ပြု၏။ **အရိ**သဒ္ဒူပပဒ **ဘူဓာတ်** **ကွိ**ပစ္စည်း (ပညာကို အရကောက်ရမည်ဖြစ်၍) **နဒါဒိဃ**ပစ္စည်းဖြင့် **ဘူရီ**ရုပ်ပြီး၏ဟု ကြံပါ။ **ဘူရီ စ သာ ပညာ စာတိ ဘူရိပညာ**။ ဤအဖွင့်များအရ "**ဘူရိပညတာယ**=စိတ်အစဉ်၌ ဖြစ်ပေါ်လာတတ်သော ရာဂစသော ရန်သူကို ဖိစီးနှိပ်စက်တတ်သော ပညာအကျိုးငှာ"ဟု အနက်ဆိုပါ။

(တနည်း) **ဘူရီ**=မြေကြီး။ **ဘူရိ ဝိယာတိ ဘူရီ**၊ **ဘူရိ ပညာ ယဿာတိ ဘူရိပညာ** (မြေကြီးကဲ့သို့ ကျယ်ပြန့်သောပညာရှိသောသူ)၊ ထိုနောက် "**ဘူရိပညဿ ပညာ ဘူရိပညပညာ**"ဟု ဆိုလိုလျက် အလယ်က ပညပုဒ်ကို ချေ၍ **ဘူရိပညာ**ဟု ရုပ်ပြီးကြောင်း .. ငယ်တို့ဖွင့်၏။ ဤနည်း၌ "မြေကြီးကဲ့သို့ ကျယ်ပြန့်သော ပညာရှိသူ၏ ပညာအကျိုးငှာ"ဟု အနက်ဆိုပါ။

(တနည်း) **ဘူတေ** အတွေ့ **ရမတီတိ ဘူရီ**(ထင်ရှားရှိသော ခန္ဓာစသော အနက်သဘော၌ မွေ့လျော်တတ်သောပညာ)နှင့်အညီ **ဘူရီ**သဒ္ဒါသည် ပညာဟူသော အနက်ကို ဟော၏။ (**ဘူတ+ရမု+က္ခိ+ဤ**) **ဘူရီ စ သာ ပညာ စာတိ**
## PAGE 114

**လဟုပညတာယ** = ပေါ့ပါးသော ပညာရှိသည်အဖြစ်ငှာ။ ပ။ **ဟာသပညတာယ** = ရွှင်သော ပညာရှိသည်အဖြစ်ငှာ။ ပ။ **ဇဝနပညတာယ** = (ဝိပဿနာ၏ သင်္ခါရအာရုံ, နိဗ္ဗာန်အာရုံတို့၌) လျှင်မြန်စွာဖြစ်တတ်သော ပညာရှိသည်အဖြစ်ငှာ၊ [ဝိပဿနူပဂသင်္ခါရေသု စ ဝိသင်္ခါရေ စ ဝိသင်္ခါရေ စ ခိပ္ပံ ဇဝတိ ပဝတ္တတီတိ ဇဝနာ၊ ဇဝနာ ပညာ ယဿာတိ ဇဝနပညာ]။ ပ။ **တိက္ခပညတာယ** = ထက်မြက်သော ပညာရှိသည်အဖြစ်ငှာ။ ။ **နိဗ္ဗေဓိကပညတာယ** = ကိလေသာအတုံးအခဲကို ဖြိုခွဲတတ်သော ပညာရှိသည်အဖြစ်ငှာ။ ပ။ ကာယဂတာသတိဝဂ္ဂေါ = ဝဂ်တည်း။

### ၂၀-အမတဝဂ်

**၆၀၀-၃။** ဘိက္ခဝေ = ရဟန်းတို့၊ ယေ = အကြင်ပုဂ္ဂိုလ်တို့သည်၊ ကာယဂတာသတိ = ကာယဂတာသတိကို၊ နပရိဘုဉ္ဇန္တိ = မသုံးဆောင်ကြကုန်အံ့၊ တေ = ထိုပုဂ္ဂိုလ်တို့သည်၊ အမတံ = သေခြင်းမရှိရာ နိဗ္ဗာန်ကို၊ ဝါ = အမြိုက်နိဗ္ဗာန်ကို၊ ဝါ = အမြိုက်နိဗ္ဗာန်ကိုရခြင်း၏ အကြောင်းတရားကို၊ ဝါ = အမြိုက်နိဗ္ဗာန်နှင့် တူသော မရောင့်ရဲစေနိုင်သော သုခ၌ သက်ရောက်သောချမ်းသာကို၊ [နောက် နှစ်နည်း၌ ကာယဂတာသတိကိုပင် ဖလူပစာရ သဒိသူပစာရအားဖြင့် အမတ ဟု ဆိုလိုရကား ကာယဂတာသတိကို တိုက်ရိုက်ရအောင် အနက်ပေးထားသည်။] န ပရိဘုဉ္ဇန္တိ = မသုံးဆောင်ကြရကုန်၊ ဘိက္ခဝေ = ရဟန်းတို့၊ ယေ = အကြင်ပုဂ္ဂိုလ်တို့သည်၊ ကာယဂတာသတိ = ကို၊ ပရိဘုဉ္ဇန္တိ (ဈာန်ဝင်စားသောအားဖြင့်) သုံးဆောင် ကုန်အံ့၊ တေ = ထိုပုဂ္ဂိုလ်တို့သည်၊ အမတံ = ကို၊ ပရိဘုဉ္ဇန္တိ = သုံးဆောင်ကြကုန်၏။

**၆၀၁။** ဘိက္ခဝေ = ရဟန်းတို့၊ ယေသံ = အကြင်ပုဂ္ဂိုလ်တို့သည်၊ ကာယဂတာသတိ = ကို၊ အပရိဘုတ္တာ = မသုံးဆောင်အပ်ငြားအံ့၊ တေသံ = ထိုပုဂ္ဂိုလ်တို့သည်၊ အမတံ = ကို၊ အပရိဘုတ္တံ = မသုံးဆောင်အပ်၊ ဝါ = မသုံးဆောင်ရ။ ပ။ ကာယဂတာသတိ = ကို၊ ပရိဘုတ္တာ = သုံးဆောင်အပ်ငြားအံ့။ တေသံ = ရဟန်းတို့သည်၊ အမတံ = ကို၊ ပရိဘုတ္တံ ပရိဘုတ္တံ။

**ဘူရိပညာ**။ ဤနည်းအလို “**ဘူရိပညတာယ** = ထင်ရှားရှိသော ခန္ဓာစသော အနက်သဘော၌ မွေ့လျော်သော ပညာအကျိုးငှာ” ဟု အနက်ဆိုပါ။ ဋီကာနှင့် ပဋိသမ္ဘိဒါမဂ်ဋ္ဌ၌ မြေကြီးနှင့် ပညာအနက်ကို ဟောသော ဘူရိပုဒ်၏ ဝစနတ္ထ ၌ပင် ဣဿရဖြင့် ဘူရိ ဟု တွေ့ရ၏။ သို့သော် သဒ္ဒနီတိပဒမာလာ၌လည်းကောင်း၊ အဘိဓာန်ဋီကာ (၁၅၃ နှင့် ၁၈၁ ဂါထာ)၌လည်းကောင်း၊ **ဘူရီ**-ဟု နဒါဒိဂိုဏ်း၌ သွင်း၏။ သက္ကတအဘိဓာန်တို့၌ကား ဣဿရဖြင့်သာ တွေ့ရပြီး ပုလ္လိင်ဖြစ်မူ ဗိဿဏိုး, ဗြဟ္မာ, သိဝအနက်ဟောဟုလည်းကောင်း၊ နပုလ္လိင်ဖြစ်မှ သုဝဏ္ဏ (ရွှေ) အနက်ဟောဟုလည်းကောင်း၊ ဝိသေသန တိလိင် ဖြစ်မူ ပစုရ (အများ) အနက်ဟောဟုလည်းကောင်းဆို၏။

