## PAGE 118

အထက် နှုတ်ခမ်း နားရင်းနှစ်ဘက်နှင့် လည်ချိုင့်တိုင်အောင် နယ်ပယ်ကန့်သတ် ရစ်ပတ်ကာ အရေကိုဖြတ်တောက်ပြီးလျှင် ဆံပင်အားလုံး သိမ်းကျုံးပေါင်းစု၍ တုတ်ဖြင့်ရစ်ပတ်ကာ ဆွဲဆောင့်သဖြင့် ဆံပင်နှင့်တကွ ဦးခေါင်းခွံ အရေကြွတက် ကျွတ်ပါလာစေပြီးနောက် ခရုသင်းအတူ ဖွေးဖွေးဖြူအောင် ကြမ်းတမ်းသော ကျောက်ခဲတို့ဖြင့် ပွတ်တိုက်ဆေးကြောလျက် ဦးပြည်းခေါင်းတုံးခြင်းကိုလည်း”ဟု အကျယ်ဖွင့် အနက်ဆိုပါ။] **ကရောန္တေ** = ပြုလုပ်နေသည်တို့ကို လည်းကောင်း။

**ရာဟုမူခမ္ပိ** = ပါးစပ်ကို သံငုတ်ဖြင့်ဖွင့်ထောက်ကာဟထားစေ၍ ရာဟုခံတွင်း၌ရောက်နေသော နေလုံးနှင့်တူအောင် အာခေါင်ခံတွင်း၌ မီးထွန်းခြင်းကိုလည်း၊ **ဝါ** = နားရင်းနှစ်ဖက်မှစ၍ ပါးစပ်ကို ဆောက်ဖြင့်ထွင်းကာ ကျယ်စွာချဲ့၍ ရာဟုခံတွင်း၌ ရောက်နေသော နေလုံးနှင့်တူအောင် အရောင်အဆင်းနီခြင်းခြင်း သွေးတို့ဖြင့် ခံတွင်းကို ပြည့်စေခြင်းကိုလည်း၊ **ကရောန္တေ** = လည်းကောင်း။

**ဇောတိမာလိကမ္ပိ** = ဆီစိမ်အဝတ်တို့ဖြင့် တကိုယ်လုံးရစ်ပတ်၍ မီးရှို့ခြင်းဖြင့် မီးပန်းရှိအောင် ညှဉ်းပန်းခြင်းကိုလည်း။ ပ။ **ဟတ္ထပဇ္ဇောတိကမ္ပိ** ^၃ = ဆီစိမ်အဝတ်တို့ဖြင့် လက်ကိုရစ်ပတ်ကာ မီးတိုင်ပမာ အရောင်အဝါလင်းအောင် ဤနေရာ၌ ညှင်းဆဲခြင်းအနက်ဟောဖြစ်သော **ကာရဏာ**ပုဒ်၏ ဣတ္ထိလိင်သို့လိုက်၍ **ဗိလင်္ဂထာလိကာ, သင်္ခမုဏ္ဍိကာ**-စသည်ဖြင့် ဣတ္ထိလိင်ရုပ်ရှိရသည်။ ဤသုတ်အဋ္ဌကထာဋီကာတို့၌မူ ဒုတိယာဝိဘတျန္တဖြင့်ရှိသော ပါဠိတော်အတိုင်း ဒုတိယာဝိဘတ်ဖြင့်ချည်းရှိသည်။

**၁။ ရာဟုမုခါ** = **ရာဟုမုခေ ဂတော ရာဟုမုခဂတော** = ရာဟုခံတွင်း၌ ရောက်နေသော နေလုံး၊ **ရာဟုမုခဂတော ဝိယာတိ ရာဟုမုခါ** = ရာဟုခံတွင်း၌ ရောက်နေသော နေလုံးနှင့်တူသော(တူအောင်) ညှဉ်းဆဲခြင်း (အကျဉ်းချုပ်ဝိဂြိုဟ်အနက်)။ **ဂတ**ပုဒ်အကျေကြီး “**ရာဟုမုခဂတသူရိယသဒိသကမ္မကာရဏံ**” ဟူသော ဋီကာအဖွင့်အတိုင်း ဝိဂြိုဟ်ပြုသည်။ “**ရာဟုနော ဝိယ မုခံ ယဿာ ဘိ ရာဟုမုခါ**”ဟုလည်း ဝိဂြိုဟ်ပြုတော်မူကြ၏။

**၂။ ဇောတိမာလိကာ**။ ။ **ဇောတိ ဧဝ မာလာ ဇောတိမာလာ** = မီးသည် ပင်လျှင် ပန်း(မီးပန်း)၊ **ဇောတိမာလာ ယဿ အတ္ထိတိ ဇောတိမာလိကာ** = မီးပန်းရှိသော ညှဉ်းဆဲခြင်း၊ ဝါမီးပန်းရှိအောင် ညှဉ်းဆဲခြင်း။ **ဇောတိမာလိကန္တိ ဇောတိမာလာဝန္တံ ကမ္မကာရဏံ**။ ဋီကာ။

**၃။ ဟတ္ထပဇ္ဇောတိကာ**။ ။ **ပဇ္ဇောတနံ ပဇ္ဇောတိကာ** = အရောင်တောက်စေခြင်း။ **ပ+ဒုတ+ျ+က္ကလာ**၊ ယကိုကပြု။ (တနည်း) “**ပဇ္ဇောတနံ ပဇ္ဇောတော၊ ပဇ္ဇောတော ဧဝ ပဇ္ဇောတိကာ**”ဟု **ပဇ္ဇောတ**ပုဒ် တဒ္ဓိတ် **ဣက**ပစ္စည်းသော်လည်း

## PAGE 119

မီးရှို့ခြင်းကိုလည်း။ ပ။ **ဧရကပတ္တိကမ္ပိ** = ပြိန်းရွက်ပမာ ကိုယ်အရေလွှာကို ဆွဲခွါခြင်းကိုလည်း၊ [“လည်းပင်းအောက်မှစ၍ ခြေမျက်စိတိုင်အောင် ပြိန်းရွက်ပမာ ကိုယ်အရေလွှာကို ဆွဲခွာပြီးနောက် ကြိုးဖြင့်ချည်ကာ ဆွဲငင်သွားခြင်းဖြင့် မိမိအရေလွှာကိုနင်းမိတိုင်း လဲကျစေခြင်းကိုလည်း”ဟု အကျယ်ဆိုလိုက ဆိုပါ]။ ပ။

**စီရကဝါသိကမ္ပိ** = ခန္ဓာကိုယ်မှ ဆွဲခွါထားအပ်သော အရေတည်းဟူသော အဝတ်တို့ကို ဝတ်စေခြင်းကိုလည်း။ ပ။ **ဧဏေယျကမ္ပိ** = ဧဏီသားကောင်ပမာ လေးဖက်ထောက် ဝပ်တွားစေပြီးနောက် ပတ်ပတ်လည် မီးဖြင့်ရံလျက် ဖုတ်မြှိုက်လောင်ကျွမ်းစေခြင်းကိုလည်း၊ [“တထောင်နှစ်ဖက် ဒူးနှစ်ဖက်တို့၌ စွပ်ထားအပ်သော သံကွင်းအတွင်းဝယ် သံချွန်တို့ကို သွင်းလျှိုစိုက်နှက်ခြင်းဖြင့် ဧဏီသားကောင်ပမာ လေးဖက်ထောက် .....ကျွမ်းစေခြင်းကိုလည်း”ဟု အကျယ်ဆိုပါ]။ ပ။

ကြံပါ၊ **ဟတ္ထဿ ပဇ္ဇောတိကာ ဟတ္ထပဇ္ဇောတိကာ** = လက်ကိုအရောင်တောက်စေခြင်း (အရောင်တောက်အောင်မီးရှို့ခြင်း)။ **ဟတ္ထပဇ္ဇောတိကန္တိ ဟတ္ထဿ ပဇ္ဇောတနကမ္မကာရဏံ**။ ဋီကာ။

**၁။ ဧရကပတ္တိကာ**။ ။ အရွက်ဟူသောအနက်ကို ဟောသော **ပတ္တ**သဒ္ဒါဖြင့် “**ဧရကပတ္တိကာ**”ဟူ၍လည်း စာမူတွေ့ရ၏။ ထိုအတိုင်းကောင်းသည်ဟု ယူဆ၏။ **ဧရကဿ ပတ္တံ ဧရကပတ္တံ** = ပြိန်းမြက်ပင်၏အရွက် (ပြိန်းရွက်)။ **ဧရကပတ္တံ ဝိယာတိ ဧရကပတ္တံ (စမ္ပပတ္တံ)** = ပြိန်းရွက်နှင့်တူသော အရေလွှာ၊ **ဧရကပတ္တဿ ဥပ္ပါဋနံ ဧရကပတ္တဥပ္ပါဋနံ** = (ပြိန်းရွက်ပမာ အရေလွှာကို ဆွဲခွါခြင်း)ဟု ဆိုလိုလျက် **ဥပ္ပါန**ပုဒ်ကို ချေ၍ “**ဧရကပတ္တ**”ဟုပင်ရှိရ၏။ **အာပူပိကော**၌ “**အပူပဓါဒန**”မှ **ခါဒန**ပုဒ်ချေထားသည်နှင့်တူ၏။ ထို့နောက် “**ဧရကပတ္တံ ဧဝ ဧရကပတ္တိကာ**”ဟူ၍ **ဣက**ပစ္စည်း အနက်မရှိကြံပါ။ **ဧရကပတ္တသဒိသေ သရီရတော စမ္ပပတ္တေ ဥပ္ပါဋနကမ္မကာရဏံ**။ ဋီကာ။

**၂။ စီရကဝါသိကာ**။ ။ **စီရက** = အဝတ်။ ဤ၌မူ ခန္ဓာကိုယ်မှ ဆွဲခွါထားသော အရေတို့ကို **စီရက** (အဝတ်)ဟု ဆိုလိုသည်။ **ဝါသာပနံ ဝါသိကာ**၊ **စီရကေဟိ ဝါသိကာ စီရကဝါသိကာ** = အရေဟူသော အဝတ်တို့ဖြင့် (အဝတ်တို့ကို) ဝတ်စေခြင်း။ **စီရကဝါသိကကမ္မကာရဏန္တိ သရီရတော ဥပ္ပါဋိတဝတ္ထစီရကေဟိ နိဝါသာပနကမ္မကာရဏံ**။

**၃။ ဧဏေယျကာ**။ ။ “**ဧဏေယျော ဧဏီမိဂေါစ**”ဟူသော အဘိဓာန် ဂါထာ (၆၁၈) နှင့်အညီ ဧဏီမည်သော သားကောင်ကို **ဧဏေယျ**ဟုခေါ်၏။ **ဧဏေယျော ဝိယာတိ ဧဏေယျကာ** = ဧဏီသားကောင်းနှင့်တူသော ညှဉ်းဆဲခြင်း။
## PAGE 120

**ဗဠိသမံသိကမ္ပိ** = အချွန်နှစ်ခုရှိသောသံချိတ်တို့ဖြင့် အရေအသားအကြော တို့ကို ဆွဲချိတ်ခွာယူခြင်းကိုလည်း။ ပ။

**ကဟာပဏိကမ္ပိ** = ခန္ဓာကိုယ်တခုလုံးကို ထက်စွာသော ဓားတို့ဖြင့် တကျပ်သားချင်း ခုတ်စဉ်းချခြင်းကိုလည်း။ ပ။

**ခါရာပတိစ္ဆိကမ္ပိ** = ခန္ဓာကိုယ် ထိုထိုနေရာတို့၌ လက်နက်တို့ဖြင့် รိုက်နှက်ခုတ် မွှမ်း၍ အရေအသား အကြောတို့ကို ဘီးကြမ်းဖြင့် ပွတ်ခြစ်ကာ ဆားငန်ရေဖြင့် လောင်းချခြင်းကိုလည်း။ ပ။

**ပလိဃပရိဝတ္တိကမ္ပိ** = တံခါးကျည်ပမာ ချာချာလည်အောင် ခြေထောက် ၁။ **ဗဠိသမံသိကာ။** ။ မံသဿ ဥပ္ပါဋနံ မံသုပ္ပါဋနံ = အသားကို ဆွဲချိတ်ခွါယူခြင်း၊ (အသားကိုသာမက အရေ အကြောတို့ကိုပါ ဆွဲချိတ် ခွါယူခြင်း)။ ဗဠိသေဟိ (သံချိတ်တို့ဖြင့်) မံသုပ္ပါဋနံ ဗဠိသမံသုပ္ပါဋနံ-ဟုဆိုလို လျက် ဥပ္ပါဋနပုဒ်ကိုချေ၊ ဗဠိသမံသံ ဧဝ ဗဠိသမံသိကာ = အချွန်နှစ်ခုရှိသော သံချိတ်တို့ဖြင့် အရေ, အသား, အကြောတို့ကို ဆွဲချိတ်ခွါယူခြင်း၊ (တနည်း) ဗဠိသေဟိ ဥပ္ပါဋိတံ မံသံ ဗဠိသမံသံ၊ တံ ဧတိဿာ အတ္တီတိ ဗဠိသမံသိကာ = သံချိတ်တို့ဖြင့် ဆွဲချိတ်ခွါယူအပ်သော အရေး အသား, အကြောရှိသော ညှဉ်းဆဲခြင်း။ ဗဠိသမံသိကန္တိ ဗလိသေဟိ မံသုပ္ပါဋနကမ္มကာရဏံ။ ဋီကာ။ ဗလိသမံသိကာ-ဟု လငယ်ဖြင့်လည်းပါဌ်ရှိ၏။

**၂။ ကဟာပဏိကာ။** ။ ကဟာပဏသော (ကဟာပဏမတ္တသော) ဆိန္ဒနှံ ကဟာပဏံ = တစ်ကျပ်သားစီ, တစ်ကျပ်သားစီ ခုတ်စင်းခြင်း။ ကဟာပဏသော၌ သောပစ္စည်းကို ဝိစ္ဆာအနက်၌သက်။ ကဟာပဏဆိန္ဒနံ-၌ ဆိန္ဒန ပုဒ်ကိုလည်းချေ။ ကဟာပဏံ ဧဝ ကဟာပဏိကာ = တကျပ်သားချင်းခုတ်စင်း ချခြင်း။ ကဟာပဏိကန္တိ ကဟာပဏမတ္တသော ဆိန္ဒနကမ္မကာရဏံ။ ဋီကာ။

**၃။ ခါရာပတိစ္ဆိကာ။** ။ ပတိစ္ဆိကာ၌ “ပတိ + ဣသု + ”ဟု ခွဲ၊ သမ္ပဋိစ္ဆနပုဒ်နှင့် ဓာတ်ချင်းတူ၏။ တစ္ဆေတွာ ခါရပက္ခိပနံ ခါရာပဋိစ္ဆကံ (ဝိဘင်းမူလဋီ၊ ၆၂) တစ္ဆေတွာ ခါရာဝသေစနကမ္မကာရဏံ (ဤသုတ်ဋီကာ) ခါရာပတိစ္ဆိကန္တိ သတ္တိဟိ ပဟရိတွာ ခါရာဟိ ပတိစ္ဆိကံ ကရောထ (ဇာတ် အဋ္ဌကထာ၊ ဆ၊ ၂၁၊ တေမိယဇာတ်) တို့ကို ထောက်၍ ဣသုဓာတ်ကို ပက်ဖျန်းသွန်းလောင်းခြင်းအနက်ဟောကြံ၊ ဤသုတ်၌ ဝစနတ္ထကိုလည်း ပတိစ္ဆနံပတိစ္ဆိကာ ခါရာဟိ ပတိစ္ဆိကာ ခါရာပတိစ္ဆိကာ (အငန်ရည်တို့ဖြင့် ပက်ဖျန်းလောင်းချခြင်း)ဟုပြု။

**၄။ ပလိဃပရိဝတ္တိကာ။** ။ ပလိဃ = တံခါးကျည်၊ ပရိဝတ္တနံ ပရိဝတ္တိကာ၊ ပလိဃဿ ဝိယ ပရိဝတ္တိကာ ပလိပရိဝတ္တိကာ = တံခါးကျည်ပမာ ချာချာလည် စေခြင်း (ချာချာလည်အောင်ဆွဲလှည့်ခြင်း)။

