## PAGE 121

ကို ဆွဲလှည့်ခြင်းကိုလည်း။ [“စောင်းလျက်အိပ်စေ၍ သံချွန်ကို မြေကြီးထဲသို့ နှစ်ဝင်အောင် နားပေါက်တွင်းမှ ထိုးစိုက်ရိုက်သွင်းကာ တံခါးကျည်ပမာ ချာချာလည်အောင် ခြေထောက်ကို ဆွဲလှည့်ခြင်းကိုလည်း”ဟု အကျယ်ဆို။

**ပလာလပီဌကမ္ပိ** = ကောက်ရိုးအင်းပျဉ်ပမာ ခန္ဓာကိုယ်ကို ခေါက်လိပ်ခြင်းကိုလည်း [အရေတို့ကို မစုတ်ပြတ်စေဘဲ ကျောက်တုံးဖြင့် အရိုးတို့ကို ကျေမွအောင် ထုရိုက်ပြီးနောက် ဆံပင်မှ ဆွဲမြှောက်၍ အရိုးတို့ကို ခါချလိုက်သဖြင့် အသား စုချည်း ကျန်သောအခါ ကောက်ရိုးထုံးကဲ့သို့ ထိုအသားစုကို ဆံပင်တို့ဖြင့် ရစ်ပတ်ခေါက်လိပ်ခြင်းကိုလည်း]

**ကရောန္တေ** = ပြုလုပ်နေသည်တို့ကိုလည်းကောင်း၊ **တတ္တေန**-ပူလောင်လှစွာသော၊ **တေလေနပိ** = ဆီဖြင့်လည်း၊ **သြသိဉ္စန္တေ** = သွန်းလောင်းချသည်တို့ကိုလည်းကောင်း၊ **သုနခေဟိပိ** = (နှစ်ရက်သုံးရက် အစာ မကျွေးဘဲ ထားအပ်သော) ခွေးငတ်တို့ကိုလည်း၊ **ခါဒါပေန္တေ** = ကိုက်ဝါးခဲစား စေသည်တို့ကို လည်းကောင်း၊ **ဇီဝန္တမ္ပိ** = အရှင်လတ်လတ်ပင်လျှင်လည်း၊ **သူလေ** = တံကျင်၌၊ **ဥတ္တာသေန္တေ** = သွင်းလျှိုနေသည်တို့ကို လည်းကောင်း၊ **အသိနာပိ** = သန်လျက်ဖြင့်လည်း၊ **သီသံ** = ဦးခေါင်းကို၊ **ဆိန္နန္တေ** = ဖြတ်နေသည် တို့ကိုလည်းကောင်း၊ **ပဿတိ** = မြင်၏။

**တံ** = ထိုသူမှာ၊ (သူခိုးကိုဖမ်း၍ ညှဉ်းဆဲနေသည်ကို မြင်နေရသော ထိုသူမှာ) **ဧဝံ** = ဤသို့တွေးတော ကြောက်ရွံ့ခြင်းသည်၊ **ဟောတိ** = ဖြစ်၏။ (ကိန္တိ = အဘယ်သို့ တွေးတော ကြောက်ရွံ့ခြင်းသည်၊ ဟောတိ-ဖြစ်သနည်း ဟူမူ) **ယထာရူပါနံ** = အကြင်သို့သဘောရှိကုန်သော၊ **ပါပကာနံ** = ယုတ်မာကုန် သော၊ **ကမ္မာနံ** = ပြစ်မှုတို့၏၊ ဝါ = ပြစ်မှုတို့တည်းဟူသော၊ **ဟေတု**-အကြောင်း ကြောင့်၊ **အာဂုစာရီ** = သော၊ **စောရံ** = ကို၊ **ရာဇာနော**။ ပ။ **ကာရေန္တိ** = ပြုလုပ် စေကြကုန်၏။ ပ။ **တာဠေန္တိ** = ရိုက်နှက်ကြကုန်၏။ ပ။ **ဆိန္ဒန္တိ**-ခုတ်ဖြတ်ကြ

**၁။ ပလာလပီဌကာ။** ။ ပလာလပီဌ် ဝိယာတိ ပလာလပီဌကာ (ပလာလပီဌိကာ) = ကောက်ရိုးအင်းပျဉ်နှင့်တူအောင် ညှဉ်းဆဲခြင်း၊ (ခန္ဓာကိုယ်ကို ခေါက်လိပ်ခြင်းတည်း)။ **ပလာလပီဌကန္တိ** = ပလာလပီဌဿ ဝိယ သရီရဿ သံဝေလ္လနကမ္မကာရဏံ၊ ဋီကာ။

**၂။ ကမ္မာနံ ဟေတု။** ။ ကမ္မာနံဟူသော ဆဋ္ဌန္တ ပုဒ်သည် ဟေတုဟူသော ပဌမန္တ ပုဒ်နှင့်(ဝိဘတ်မတူဘဲ) အရကောက် အနက်တူသော တုလျာဓိကရဏ ဝိသေသနတည်း၊ ၎င်း၌ ဆဋ္ဌိဝိဘတ်သည် သာမီအနက်ကို မဟော(ဆဋ္ဌိ ဟေတွတ္ထေဟိ-ဟူသော မောဂ္ဂလ္လာန် ၂၊ ၂၂သုတ်နှင့်အညီ) ဟိတ်အနက်ကို ဟော၏။ ဥဒရဿ ကာရဏာ-ကဲ့သို့တည်း။ အကယ်၍ သာမိအနက်ဟော ယူလျှင်ကား အဘေဒဘေဒူပစာရ ကြံရလိမ့်မည်။

## PAGE 122

**ဆိန္ဒန္တိ** = ခုတ်ဖြတ်ကြကုန်၏။ ပ။ **ကရောန္တိ** = ပြုလုပ်ကြကုန်၏။ ပ။ **ဩသိဉ္စန္တိ** = သွန်လောင်းကြ ကုန်၏။ ပ။ **ခါဒါပေန္တိ** = ကိုက်ဝါးခဲစားစေကြကုန်၏။ပ။ **ဥတ္တာသေန္တိ** = သွင်းလျှို ကုန်၏။ပ။ [**အစ္စေဝ** = အဟံ + စေ + ဧဝ။ ဧဝနှင့် ခေါပန အနက်မရှိ] **အဟံ** = ငါသည်၊ **ဧဝရူပံ** = ဤသို့သဘောရှိသော၊ **ပါပကမ္မံ** = ယုတ်မာ သော အမှုကို၊ **စေ ကရေယျ** = အကယ်၍ပြုငြားအံ့၊ (ဧဝံ သတိ = ဤသို့ ပြုသည်ရှိသော်) **မံပိ** = ငါ့ကိုလည်း။ ပ။ **ဧဝရူပါ** = ကုန်သော။ ပ။ **ကာရေယျုံ** = ပြုလုပ်စေကုန်ရာ၏။ ပ။ **တာဠေယျုံ**-ရိုက်နှက်ကြကုန်ရာ၏။ပ။ **ဆိန္ဒေယျုံ** = ဖြတ်ကုန်ရာ၏၊ **ဣတိ** = ဤသို့ တွေးတောကြောက်ရွံ့ခြင်းသည်၊ (**ဟောတိ** = ဖြစ်၏) **သော** = ထိုသူသည် (သူခိုးကိုဖမ်း၍ အမျိုးမျိုးညှဉ်းဆဲနေသည်ကို မြင်ရသဖြင့် တွေးတော ကြောက်ရွံ့နေသော ထိုသူသည်) **ဒိဋ္ဌဓမ္မိကဿ** = သော၊ **ဝဇ္ဇဿ** = အပြစ်မှ၊ **ဘီတော** = ကြောက်သည်၊ (**ဟုတွာ** = ဖြစ်၍) **ပရေသံ** **သူတစ်ပါးတို့၏**၊ **ပါဘတံ** = ပစ္စည်းဥစ္စာကို၊ **ဝိလုမ္ပန္နော** = လုယက်ခိုးဝှက်လျက်၊ **န စရတိ** = မလှည့်လည်၊ **ဘိက္ခဝေ** = တို့။ **ဣဒံ** = ဤအပြစ်ကို၊ (ဤအမျိုးမျိုး ညှဉ်းပန်းခံရခြင်းဟူသော အပြစ်ကို) **ဒိဋ္ဌဓမ္မိကံ** = သော၊ **ဝဇ္ဇံ** = အပြစ်ဟူ၍၊ **ဝုစ္စတိ** = ခေါ်ဆိုအပ်၏။

**ဘိက္ခဝေ** = တို့၊ **သမ္ပရာယိကံ** = သော၊ **ဝဇ္ဇံ** = အပြစ်ဟူသည်၊ **ကတမဉ္စ** = နည်း၊ **ဘိက္ခဝေ** = တို့၊ **ဣဓ** = ၌၊ **ဧကစ္စော**-သည်၊ **ဣတိ** = ဤသို့၊ **ပဋိသန္နိက္ခတိ** = ဆင်ခြင်စဉ်းစား၏။ (ကိန္တိ = အဘယ်သို့၊ **ပဋိသန္နိက္ခတိ** = ဆင်ခြင်စဉ်းစား သနည်းဟူမူ၊) **အဘိသမ္ပရာယံ** = နောက်ထပ်လားရောက်ရမည့် ဘဝ၌၊ ဝါ = နောင် တမလွန်ဘဝ၌၊ **ကာယဒုစ္စရိတဿ** = ကာယဒုစ္စရိတ် အကုသိုလ်၏၊ ဝါ = ၏၊ [ဧကကနိပါတ်၊စာပိုဒ် ၂၈၄-သုတ် စသည်ကြည့်] **ပါပကော** = ယုတ်ညံ့ဆိုးဝါး သော၊ **ဒုက္ခော** = ဒုက္ခဖြစ်သော၊ **ဝိပါကော** = အကျိုးဝိပါက်သည်၊ (**ဟောတိ** = ဖြစ်၏၊) **အဘိသမ္ပရာယံ** = ၌။ **ဝစီဒုစ္စရိတဿ** ၏။ ပ။ **ဝိပါကော** = သည်၊ (**ဟောတိ**) **အဘိသမ္ပရာယံ** = ၌၊ **မနောဒုစ္စရိတဿ** = ၏၊ ဝါ = ၏။ ပ **အဟံ** = ငါသည်၊ **ကာယေန** = ကိုယ်ဖြင့်၊ ဝါ = ကာယဒွါရဖြင့်၊ ဝါ = ကာယ ဝိညတ်ဖြင့်၊ **ဒုစ္စရိတံ** = ဒုစရိုက်အကုသိုလ်ကို၊ ဝါ = မကောင်းသဖြင့် ပြုကျင့်အပ် သော အကုသိုလ်ကံကို၊ **စေ စရေယျံ** - အကယ်၍ ပြုကျင့်ငြားအံ့၊ **ဝါစာယ** = နှုတ်ဖြင့်၊ ဝါ = ဝစီဒွါရဖြင့်၊ ဝါ = ဝစီဝိညတ်ဖြင့်၊ **ဒုစ္စရိတံ** = ကို၊ ဝါ = ကို၊ **စေ စရေယျံ** = အံ့၊ **မနသာ** = စိတ်ဖြင့်၊ ဝါ = မနောဒွါရဖြင့်။ ပ။ **စေ စရေယျံ** = အံ့၊ (ဧဝံ သတိ = ဤသို့ပြုကျင့်သည်ရှိသော်) [**ယာဟံ** = ယံ + အဟံ] **ယံ** (ယေန ကာရဏေန) = အကြင်အကြောင်းကြောင့်၊ **အဟံ**-ငါသည်၊ **ကာယဿ**-၏၊ [ဧကကနိပါတ် စာပိုဒ် ၄၃-ကြည့်]။ ပ။ **နိရယံ** = သို့၊ **န ဥပပဇ္ဇေယျ** - မလား ရောက်နိုင်ရာ၊ **ကိဉ္စ** = အဘယ်မည်သော၊ **တံ** (ကာရဏံ) = ထိုမလားရောက်
## PAGE 123

နိုင်ခြင်းဟူသော အကြောင်းသည်၊ (ဘဝေယျ=ဖြစ်နိုင်ပါမည်နည်း၊ **န ဘဝတိ ဧဝ** = ဧကန်စင်စစ် မဖြစ်နိုင်သည်သာတည်း) **ဣတိ** = ဤသို့၊ (ပဋိသန္ဓေက္ခတိ = ဆင်ခြင်စဉ်းစား၏။) ပြန်စပ်]

**သော** = ထိုသူသည် (ထိုဆင်ခြင်စဉ်းစားသောသူသည်) **သမ္ပရာယိကဿ** = သော၊ **ဝဇ္ဇဿ** = မှ၊ **ဘီတော** = သည်၊ (ဟုတွာ = ၍) **ကာယဒုစ္စရိတံ** = ကာယဒုစရိုက် အကုသိုလ်ကို၊ ဝါ=ကို၊ **ပဟာယ** = ပယ်ရှား၍၊ **ကာယသုစရိတံ** = ကာယသုစရိုက်ကုသိုလ်ကို၊ ဝါ=ကို၊ [ဧကကနိပါတ်စာပိုဒ် ၂၈၇-စသည်ကြည့်] **ဘာဝေတိ** = ဖြစ်ပွားစေ၏။ ပ။ **ဝစီသုစရိတံ** = ဝစီသုစရိုက်ကုသိုလ်ကို၊ ဝါ= ကို။ ပ။ **မနောသုစရိတံ** = မနောသုစရိုက်ကုသိုလ်ကို၊ **ဘာဝေတိ** = ၏။

စင်ကြယ်အောင်၊ **အတ္တာနံ** = မိမိကိုယ်စိတ်ကို၊ **ပရိဟရတိ** = သုတ်သင်စောင့်ရှောက်၏။ **ဘိက္ခဝေ** = တို့၊ **ဣဒံ** = ဤအပြစ်ကို၊ (သေပြီးနောက် ငရဲ၌ဖြစ်ရခြင်းဟူသော ဤအပြစ်ကို) **သမ္ပရာယိကံ** = သော၊ **ဝဇ္ဇံ** = ၍၊ **ဝုစ္စတိ** = ၏၊ **ဘိက္ခဝေ** = တို့၊ **ဝဇ္ဇာနိ** = အပြစ်တို့ဟူသည်၊ **ဣမာနိ ဒွေ** - ဤနှစ်မျိုးတို့ပေတည်း။

**ဘိက္ခဝေ** = တို့၊ **တသ္မာ** = ထို့ကြောင့်၊ (ထိုသို့ ဤနှစ်မျိုးတို့ အပြစ်စင်စစ် ဧကန်ဖြစ်ကြခြင်းကြောင့်) **ဣဟ** = ၌၊ [ဧကကနိပါတ်စာပိုဒ် ၇၇-ကြည့်။] (**ဝေါ** = တို့သည်) **ဧဝံ** = ၍၊ **သိက္ခိတဗ္ဗ** မည်၊ (**ကိန္တိ** - ၍၊ **သိက္ခိတဗ္ဗ** = မူ၊ **မယံ** = ငါတို့သည်၊) **ဒိဋ္ဌဓမ္မိကဿ** - သော။ **ဝဇ္ဇဿ** = မှ၊ **ဘာယိဿာမ** = ကြောက်ကုန်အံ့။ ပ။ **ဝဇ္ဇဘီရူနော** = အပြစ်မှ ကြောက်ကုန်သည်၊ **ဝဇ္ဇဘယဒဿာဝိနော** = အပြစ်ကို ဘေးဟုရှုလေ့ရှိကုန်သည်၊ **ဘဝိဿာမ** ဖြစ်ကုန်အံ့၊ **ဣတိ** - ဤသို့နှလုံးသွင်း၍၊ (**သိက္ခိတဗ္ဗ** = မည်) **ဘိက္ခဝေ** = တို့၊ **ဧဝံ ဟိ** = လျှင်၊ **ဝေါ** = သင်တို့သည်၊ **သိက္ခိတဗ္ဗ** မည်၊

**ဘိက္ခဝေ** = တို့၊ **ယံ** (ယေန ကာရဏေန) = အကြင်အကြောင်းကြောင့်၊ **သဗ္ဗဝဇ္ဇေဟိ** = အားလုံးသော အပြစ်တို့မှ၊ **ပရိမုစ္ဆိဿတိ** = (အရဟတ္တမဂ်ဖိုလ်တို့ကြောင့်) လွတ်မြောက်လတ္တံ့၊ **ဧတံ** (ကာရဏံ) = ဤလွတ်မြောက်ခြင်းဟူသောအကြောင်းကို၊ **ဝဇ္ဇဘိရူနော** = အပြစ်မှ ကြောက်သောသူသည်၊ [ဆဋ္ဌိ သဝိဘတ်] **ဝဇ္ဇဘယဒဿာဝိနော** = ရှိသူသည်၊ **ပါဋိကင်္ခါ** = အလိုရှိထိုက်၏၊ တနည်း - **ဧတံ** (ကာရဏံ) = ဤလွတ်မြောက်ခြင်းဟူသောအကြောင်းသည်၊ **ဝဇ္ဇဘိရူနော** - သူ၏၊ **ဝဇ္ဇဘယဒဿာဝိနော** - ရှိသူ၏၊ **ပါဋိကင်္ခါ** = မလွဲဧကန်ဖြစ်မည့် အကြောင်းပေတည်း၊] **ဣတိ** = ဤသို့၊ (**အဝေါ်စ** = မိန့်တော်မူပြီ၊) **ပဌမံ** = ပဌမသုတ်တည်း။

### ၂-ပဓာနသုတ်

**၂။** **ဘိက္ခဝေ** = ရဟန်းတို့၊ **လောကသ္မိံ** = သတ္တလောက၌၊ **ဒုရဘိသမ္ဘဝါနိ** = ခက်ခဲစွာဖြစ်စေအပ်ကုန်သော၊ ဝါ=ဖြစ်စေနိုင်, ပြုလုပ်နိုင်ခဲကုန်သော **ပဓာနာနိ** = ဝီရိယတို့သည်၊ **ဣမာနိ ဒွေ** = ဤနှစ်မျိုးတို့ပေတည်း၊ **ဒွေ** အနှစ်မျိုးတို့ဟူသည်၊ **ကတမာနိ** = အဘယ်တို့နည်းဟူမူ၊ **အဂါရံ** = အိမ်၌၊ **အဇ္ဈာဝသတံ** =

