## PAGE 124

နေကြကုန်သော၊ **ဂိဟီနံ** = လူတို့၏၊ **စီဝရ ...နတ္ထိ** = သင်္ကန်း, ဆွမ်း, အိပ်ရာ နေရာကျောင်း, လူမမာ၏ရောဂါအတွက် ဆန့်ကျင်ဘက်ဖြစ်၍ အသက်၏ အကာအကွယ်နှင့် အကြောင်းအဆောက်အဦဖြစ်သောဆေးတို့ကို လှူဒါန်းခြင်းငှာ၊ [သင်္ကန်း, ဆွမ်း, ကျောင်း, ဆေးဟူသော ပစ္စည်းလေးပါးတို့ကို လှူဒါန်းခြင်းငှာဟုဆိုလို၏၊] **ယဉ္စ ပဓာနံ** = အကြင်ဝီရိယသည်လည်းကောင်း၊ **အဂါရသ္မာ** = အိမ်မှ၊ (**နိက္ခမိတွာ** = ထွက်ခွာ၍၊) **အနဂါရိယံ** = ရဟန်းအဖြစ်သို့၊ (အိမ်၌နေထိုင်မှ လူ့ အဆင့်အတန်း မြင့်မားကြီးပွားရေးကို ဆောင်နိုင်သော လယ်လုပ် နွားမွေး

၁။ **စီဝရ . . . . .နတ္ထံ**။ ။ **သေနာသန** = အိပ်ရာနေရာကျောင်း။ ထို့နောက် *ဂိလာန+ပစ္စယ+ဘေသဇ္ဇ+ပရိက္ခာရ” ဟု ပုဒ်လေးပုဒ် သမာသ်တွဲစပ်ထားသော်လည်း “ဆေး”ဟူသော အနက်သာ လိုရင်းပဓာန ဖြစ်၏။ တပုဒ်ချင်းခွဲ၍ အနက်ပေးသောအခါ၌ကား “**ဂိလာနုဿ** = လူမမာ၏ရောဂါ၏ + **ပဋိပက္ခဘာဝေန အယတိ ပဝတ္တတီတိ ပစ္စယော** = ဆန့်ကျင်ဘက်အဖြစ်ဖြင့်ဖြစ်သော **ပရိက္ခာရ** = အသက်၏ အကာအကွယ် (ပရိဝါရ)လည်းဖြစ်၍ အသက်ရှည်ခြင်း၏ အကြောင်းအဆောက်အဦပစ္စည်း (သမ္ဘာရ)လည်းဖြစ်သော + **ဘေသဇ္ဇ** = ဆေး” ဟု စကား ရှည်လျား၏။ ထိုအချိန်က ပြောရိုးပြောစဉ် အများသုံးစကားဖြင့် ဟောတော်မူခြင်းဖြစ်သည်။ ဤနေရာ၌ **ပရိက္ခာရသဒ္ဒါ**သည် **ပရိဝါရအနက်**, **သမ္ဘာရအနက်**တို့ကိုဟော၏။ [ဝိသုဒ္ဓိမဂ်၊ ပ-၃၃] **အနု+ပ+ဒါန** = လှူဒါန်းခြင်း။

၂။ **အနဂါရိယံ ပဗ္ဗဇ္ဇိတာနံ**။ ။ **အနဂါရိယ** = န+အဂါရိယ။ **အဂါရေ ဝါသော အဂါရံ** (အိမ်၌နေခြင်း) အဂါရဝါသ၌ `ဝါသ` ပုဒ်ကိုချေ၍ အဂါရဟု ဖြစ်၏။ ထို့နောက် **အဂါရဿ ဟိတံ (ဝမိုအာဝဟံ)** = အဂါရိယံ ဟု ဝစနတ္ထပြု၍ “အိမ်၌နေထိုင်မှ လူ့အဆင့်အတန်း မြင့်မားကြီးပွားရေးကို ဆောင်နိုင်သော လုပ်ငန်းကိစ္စ (လယ်လုပ်ခြင်း, နွားမွေးခြင်းစသည်) ကို အဂါရိယဟု ခေါ်၏။

**နုတ္ထိ အဂါရိယံ, ဧတ္ထာတိ အနဂါရိယာ** (ထိုအဂါရိယ မရှိရာရဟန်းအဖြစ်)၊ ဤ၌ ထိုအဂါရိယ မရှိရာ ရဟန်း၏ ဖြစ်ကြောင်းဖြစ်သော (က) ရဟန်းအမျိုး ဇာတ် (ရဟန်းဘဝ) ကိုလည်းကောင်း, (ခ) သီလ သမာဓိ ပညာဟူသော အကျင့်သိက္ခာကိုလည်းကောင်း အနဂါရိယဟု ယူရ၏။

ထိုတွင် (က)အနက်ယူခိုက်၌ “**အနဂါရိယံ** = အိမ်၌ နေထိုင်မှု လူ့အဆင့်အတန်း မြင့်မားကြီးပွားရေးကို ဆောင်နိုင်သော လယ်လုပ်နွားမွေး ကုန်သွယ်ရေးမရှိရာ ရဟန်းအဖြစ် (ရဟန်းဘဝ)သို့။ **ပဗ္ဗဇ္ဇိတာနံ** = ဝင်ရောက်ကြကုန်သော ရဟန်းတို့၏” ဟု အနက်ဆို၍ (ခ)အနက်ကိုယူခိုက်၌ “**အနဂါရိယံ** = အိမ်၌ နေထိုင်မူ . . . . . သွယ်ရေးမရှိရာ ရဟန်းအဖြစ် တည်းဟူသော သီလ ...

## PAGE 125

ကုန်သွယ်ရေးမရှိရာ ရဟန်းအဖြစ်သို့၊) **ပဗ္ဗဇိတာနံ** = ဝင်ရောက်ကြကုန်သော ရဟန်းတို့၏၊ **သဗ္ဗုပဓိပဋိနိဿဂ္ဂတ္ထံ** = အားလုံးသော ဥပဓိတို့ကို စွန့်လွှတ်ပယ်ရှားရာ နိဗ္ဗာန်အကျိုးငှာ၊ **ယဉ္စ ပဓာနံ** = အကြင် ဝီရိယသည်လည်းကောင်း၊ (အကြင်ဝိပဿနာ, မဂ်နှင့်ယှဉ်သော ဝီရိယသည်လည်းကောင်း) (**အတ္ထိ** - ရှိ၏၊ **ဣမာနိ** = ဤသည်တို့ပင်တည်း၊) **ဘိက္ခဝေ** = တို့၊ **လောကသ္မိံ** = ၌၊ **ဒုရဘိသမ္ဘဝါနိ** - ကုန်သော၊ **ပဓာနာနိ** = တို့သည်၊ **ဣမာနိ ဒွေ** = တည်း။

**ဘိက္ခဝေ** = တို့၊ **ဒွိန္န** - နှစ်မျိုးကုန်သော၊ **ဣမေသံ ပဓာနာနံ** = ဤဝီရိယတို့တွင်၊ **သဗ္ဗုပဓိပဋိနိဿဂ္ဂတ္တံ** = ငှာ၊ **ယဒိဒံ ပဓာနံ** = အကြင်ဝီရိယသည်၊ (**အတ္ထိ** - ရှိ၏၊) **ဧတံ** (ပဓာနံ) = ဤဝီရိယသည်၊ **အဂ္ဂံ** = အမြတ်ဆုံးပေတည်း၊

**ဘိက္ခဝေ** - တို့၊ **တသ္မာ** = ထို့ကြောင့်၊ (ထိုသို့ဤနှစ်ပါးသော ဝီရိယတို့၏ ခက်ခဲစွာ ဖြစ်စေအပ်ကုန်သည် အဖြစ်ကြောင့်) **ဣဟ** = ၌ (ဝေါ=သင်တို့သည်) **ဧဝံ** = ၍၊ **သိက္ခိတဗ္ဗ** = မည်၊ (**ကိန္တိ** = ၍၊ **သိက္ခိတဗ္ဗ** = မူ၊ **မယံ** = ငါတို့သည်၊ **သဗ္ဗုပဓိပဋိနိဿဂ္ဂတ္တံ** = ငှာ၊ **ပဓာနံ** = ကို၊ **ပဒဟိဿာမ** = အားထုတ်ကြကုန်အံ့၊ **ဣတိ** = ၍၊ (**သိက္ခိတဗ္ဗ** = မည်၊) **ဘိက္ခဝေ** = တို့၊ **ဧဝံ ဟိ** = လျှင်၊ **ဝေါ** = သင်တို့သည်၊ **သိက္ခိတဗ္ဗ** = မည်၊ **ဣတိ** = ဤသို့၊ (**အဝေါ်စ** = မိန့်တော်မူပြီ၊) **ဒုတိယံ** = နှစ်ခုမြောက် သုတ်တည်း။

### ၃-တပနီယသုတ်

**၃။** **ဘိက္ခဝေ** = တို့၊ **တပနီယာ** = (မျက်မှောက်, တမလွန်၊ နှစ်တန်သော ဘဝ၌) နှိပ်စက်တတ်ကုန်သော၊ ဝါ=ညှဉ်းပန်းနှိပ်စက်တတ်သော ဒုက္ခ၏အစီး အပွားဖြစ်ကုန်သော၊ ဝါ=ညှဉ်းပန်းနှိပ်စက်ကြောင်းဖြစ်သော နောင်တ တဖန် ပူပန်မှု၏ အစီးအပွားဖြစ်ကုန်သော၊ **ဓမ္မာ** = တရားတို့လည်၊ **ဣမေ ဒွေ** = ဤ - သမာဓိ ပညာ အကျင့်သိက္ခာကို၊ **ပဗ္ဗဇိတာနံ** = ကျင့်ကြကုန်သောရဟန်းတို့၏” ဟု အနက်ဆိုပါ။

၁။ **သဗ္ဗုပဓိပဋိနိဿဂ္ဂတ္တံ**။ ။ “**သဗ္ဗုပဓိ** = သဗ္ဗ + ဥပဓိ” ဟုပုဒ်ဖြတ်။ ဒုက္ခ၏ တည်ရာဖြစ်သော (၁) ခန္ဓာငါးပါး၊ (၂) ကิလေသာ၊ (၃) အဘိသင်္ခါရဟု ခေါ်ဆိုအပ်သော လောကီကုသိုလ်, အကုသိုလ် စေတနာ-၂၉-ပါး၊ (၄) ကာမဂုဏ်ငါးပါး၊ဤလေးမျိုးကို **ဥပဓိ** ဟုခေါ်၏။ **ဥပဓိ** = ဒုက္ခ၏တည်ရာ ထိုဂဏန်းစဉ်အတိုင်း (၁) ခန္ဓူပဓိ၊ (၂) ကိလေသူပဓိ၊ (၃) အဘိသင်္ခါရူပဓိ၊ (၄) ကာမူပဓိ-ဟူ၍ ဥပဓိ လေးပါးကိုမှတ်ပါ။

၁။ **တပနီယာ**။ ။ (ဣဓ စေဝ သမ္ပရာယေ စ) **တပန္တိ ဝိဗာဓေန္တိ ဝိဟေန္တေန္တိတိ တပနီယာ** = (ဤယခုမျက်မှောက်ဘဝနှင့် နောင်တမလွန်ဘဝ၌)
## PAGE 126

**ဒွေ** = နှစ်မျိုးတို့တည်း။ 
**ဒွေ** = နှစ်မျိုးတို့ဟူသည်၊ **ကတမေ** = အဘယ်တို့နည်း။ 

**ဘိက္ခဝေ** = ရဟန်းတို့၊ **ဣဓ** = ဤလောက၌၊ **ဧကစ္စဿ** = အချို့သောသူသည်၊ **ကာယဒုစ္စရိတံ** = ကာယဒုစ္စရိုက်ကို၊ **ဝါ** = သို့မဟုတ်သည်၊ **ကတံ** = ပြုအပ်ပြီးသည်၊ **ဟောတိ** = ဖြစ်၏။ **ကာယသုစရိတံ** = ကာယသုစရိုက်ကို၊ **ဝါ** = သို့မဟုတ်သည်။ **အကတံ** = မပြုအပ်သေးသည်၊ **ဟောတိ** = ဖြစ်၏။ ပ။ 

**သော** = ထိုသူသည်၊ **မေ** = ငါသည်၊ **ကာယဒုစ္စရိတံ** = ကို၊ **ကတံ** = ပြုအပ်ပြီးလေပြီ၊ **ဣတိ** = ဤသို့၊ **တပ္ပတိ** = နောင်တ တဖန်ပူပန်၏။ **မေ** = ငါသည်၊ **ကာယသုစရိတံ** = ကို၊ **အကတံ** = မပြုအပ်သေး၊ **ဣတိ** = ဤသို့၊ **တပ္ပတိ** = ပူပန်၏။ ပ။ 

**ဘိက္ခဝေ** = ရဟန်းတို့၊ **တပနီယာ** = ပူပန်စေတတ်ကုန်သော၊ **ဓမ္မော** = တရားတို့သည်၊ **ဣမေ ဒွေ** = ဤနှစ်မျိုးတို့တည်း၊ **ဣတိ** (အဝေါစ)။

#### ၄-အတပနီယသုတ်

**၄။** **အတပနီယာ** = (မျက်မှောက်တမလွန် နှစ်တန်သောဘဝ၌) မနှိပ်စက်တတ်ကုန်သော၊ **ဓမ္မာ**။ **န တပ္ပတိ** = နောင်တ တဖန် မပူပန်။ ပ။ စတုတ္ထ = လေးခုမြောက်သုတ်တည်း။

#### ၅-ဥပညာတသုတ်

**၅။** **ဘိက္ခဝေ** = ရဟန်းတို့၊ **ကုသလေသု** = ကုသိုလ်ဖြစ်ကုန်သော၊ **ဓမ္မေသု** = တရားတို့၌၊ **ယာ အသန္တုဋ္ဌိတာ** = (အရဟတ္တမဂ်ကို မရသေးသမျှ) အကြင် ရောင့်ရဲတင်းတိမ်ခြင်း မရှိသည်အဖြစ်သည် (အတ္ထိ = ရှိ၏)။

ညှဉ်းပန်းနှိပ်စက်တတ်သော တရားများ (ဒုစ္စရိတ်အကုသိုလ်ကိုပြုပြီးခြင်း သဘောနှင့် သုစရိတ်ကုသိုလ်ကို မပြုရသေးခြင်းသဘောတရားများ)။ တပဓာတ်, ကတ္တားဟော အနီယပစ္စည်းတို့ဖြင့် **တပနီယ**-ဟုရုပ်ပြီး၏။

(တနည်း) “တပနံ ဝါ ဒုက္ခံ”ဟူသော ဋီကာနှင့်အညီ တပဓာတ်, ယုပစ္စည်းဖြင့်ပြီးသော **တပနသဒ္ဒါ**သည် ညှဉ်းပန်းနှိပ်စက်တတ်သော ဒုက္ခဟူသော အနက်ကိုဟော၏။ **တပနဿ ဒုက္ခဿ ဟိတာတိ တပနီယာ** = ညှဉ်းပန်းနှိပ်စက်တတ်သော ဒုက္ခ၏ စီးပွားဖြစ်သောတရားများ။ (မျက်မှောက်, တမလွန်၊ နှစ်တန်သောဘဝ၌ ဒုက္ခကိုဖြစ်စေခြင်း, ထိုဒုက္ခကို အားပေးအားမြှောက် အထောက်အကူပြုခြင်းအားဖြင့် ဒုက္ခ၏စီးပွားဖြစ်သောတရားများဟုဆိုလို၏)။

(တနည်း) **တပန္တိ တေနာတိ တပနံ** = ညှဉ်းပန်းနှိပ်စက်ကြောင်းဖြစ်သော နောင်တ တဖန်ပူပန်ခြင်းသဘော။ **တပနဿ ဟိတာတိ တပနီယာ** = ထိုပူပန်ခြင်း၏ စီးပွားဖြစ်သောတရားများ (ပူပန်ခြင်းကိုဖြစ်စေတတ်သောကြောင့် ပူပန်ခြင်း၏ စီးပွားဟု ဆိုလို၏)။ 

ဤဒုတိယနည်းနှင့် တတိယနည်းတို့၌ သဒ္ဒနီတိ၊ တဒ္ဓိတ်-၇၇၅-သုတ်မှ **ဒဿနိယာပုဒ်**ကဲ့သို့ “တပန + ဤယ = တပနိယ”ဟု ဒီဃဖြင့်သော်လည်းကောင်း သုတ္တန္တိက ဒုကမာတိကာ မူလဋီကာ မဓုဋီကာအတိုင်း “တပန + ဣယ = တပနိယ”ဟု ဣရဿဖြင့်သော်လည်းကောင်း ရှိနိုင်၏။

