## PAGE 127

တင်းတိမ်ခြင်း မရှိသည် အဖြစ်သည်၊ (**အတ္ထိ**-ရှိ၏။ **တာယ အသန္တုဋ္ဌိတာယ စ** = ထို ကုသိုလ်တရားတို့၌ ရောင့်ရဲတင်းတိမ်ခြင်း မရှိသည်အဖြစ်၏ လည်းကောင်း၊) **ပဓာနသ္မိံ** = လုံ့လဝီရိယ၌၊ **ယာ အပ္ပဋိဝါနိတာ** = (အလုပ်ကิစ္စ မပြီးပြတ်မီအတွင်း၌) အကြင်နောက်သို့ တွန့်ဆုတ်ခြင်း မရှိသည်အဖြစ်သည် (**အတ္ထိ** = ၏။ **တာယ အပ္ပဋိဝါနိတာယ စ** = ထိုနောက်သို့ တွန့်ဆုတ်ခြင်း မရှိသည်အဖြစ်၏ လည်းကောင်း၊ **ဣတိ** = ဤသို့၊) **ဒွိန္နံ** = နှစ်ပါးကုန်သော၊ **ဓမ္မာနံ** = တရားတို့၏၊ (**ဂုဏံ** = ဂုဏ်ကို၊) **အဟံ** = ငါသည်၊ **ဥပညာသိ** = (နီးနီးစပ်စပ်) ကပ်ရောက်၍ သိတော်မူပြီ။ 

**ဘိက္ခဝေ** = ရဟန်းတို့၊ **အဟံ** = ငါသည်၊ [သုဒံ အနက်မရှိ] **အပ္ပဋိဝါနီ** = နောက်သို့ တွန့်ဆုတ်ခြင်းမရှိဘဲ၊ (**ပဓာနံ** = ဝီရိယကို၊) **ပဒဟာမိ** = (သဗ္ဗညုတဉာဏ်တော်ကို တောင့်တကာ) ကြိုးစား အားထုတ်တော်မူ၏။

(**ကိန္တိ** = အဘယ်သို့ နှလုံးသွင်း၍၊ **ပဒဟာမိ** = ကြိုးစားအားထုတ်တော်မူသနည်းဟူမူ၊) **သရီရေ** = ခန္ဓာကိုယ်၌၊ **တစော စ** = အရေသည်လည်းကောင်း၊ **နှာရု စ** = အကြောသည်လည်းကောင်း၊ **အဋ္ဌိ စ** = အရိုးသည်လည်းကောင်း၊ **ကာမံ အဝသိဿတု** = အကယ်၍ပင် ကြွင်းကျန်တော့စေကာမူ၊ **မံသလောဟိတံ** = အသားအသွေးသည်၊ **ကာမံ ဥပသုဿတု** = အကယ်၍ပင် ခြောက်ခန်းသွားစေကာမူ၊ **ယံ တံ** (ဂုဏဇာတံ) = အကြင်ဂုဏ်ထူးသို့၊ **ပုရိသထာမေန** = ယောက်ျား၏ ဉာဏ်စွမ်းအားဖြင့်၊ **ပုရိသဝီရိယေန** = ယောက်ျား၏ဉာဏ် ဝီရိယဖြင့်၊ **ပုရိသပရက္ကမေန** = ယောကျ်ား၏ ဉာဏ်လုံ့လဖြင့်၊ ပတ္တဗ္ဗံ = ရောက်အပ် ရောက်နိုင်၏၊ **တံ** (ဂုဏဇာတံ) = ထိုဂုဏ်ထူးသို့၊ **အပါပုဏိတွာ** = မရောက်သေးမူ၍၊ **ဝီရိယဿ** = လုံ့လ၏၊ **သဏ္ဌာနံ** = ရပ်တန့်ဆုတ်နစ်ခြင်းသည်၊ န ဘဝိဿတိ = မဖြစ်လတ္တံ့၊ **ဣတိ** = ဤသို့ နှလုံးသွင်း၍ (**ပဒဟာမိ** = အားထုတ်တော်မူ၏။) [ရောက်ပြန်စပ်သည်]

**ဘိက္ခဝေ** = ရဟန်းတို့၊ **တဿ မယှံ** = ထိုငါသည်၊ **သမ္ဗောဓိ** = မဂ်ဉာဏ်လေးရပ် သဗ္ဗညုတဉာဏ်တော်မြတ်ကို၊ **အပ္ပမာဒါဓိဂတာ** = မမေ့လျော့ မပေါ့ဆခြင်းဖြင့် ရအပ်ပြီ။ **အနုတ္တရော** = မိမိထက် ထူးချွန်လွန်မြတ်သော တရားမရှိသော၊ **ဝါ** = အမြတ်ဆုံးဖြစ်သော၊ **ယောဂက္ခေမော** = ယောဂလေးဖြာ, ဘေးကုန်ရာ အရဟတ္တဖိုလ် နိဗ္ဗာန်ကို **အပ္ပမာဒါဓိဂတော** = ရအပ်ပြီ။ 

**ဘိက္ခဝေ** = ရဟန်းတို့၊ **တုမှေ** = သင်တို့သည်၊ **အပ္ပဋိဝါနံ** = နောက်တွန့်ဆုတ်ခြင်းမရှိသော ဝီရိယကို (ပဓာနံကိုငဲ့သည်)။ **တုမှေ**နှင့် အရတူ ဝိဘက်တူအောင် **အပ္ပဋိဝါနီ, အပ္ပဋိဝါနိနော, အပ္ပဋိဝါနာ** ဟုလည်း တမျိုးမျိုးရှိနိုင်သည်သာ။ **စေပိ**၌ **ပိ**ကို “ဧဝံ သတိပိ”ဟု တွေ့လတ္တံ့။ **စေ ပဒဟေယျာထ** = အကယ်၍ ကြိုးစားအားထုတ်ကုန်အံ့၊ (**ကိန္တိ** = အဘယ်သို့ နှလုံးသွင်း၍၊ **ပဒဟေယျာထ** = အားထုတ်ကြရမည်နည်းဟူမူ၊) 

**သရီရေ** = ၌၊ **တစော စ** = ၎င်း။ ပ။ **န ဘဝိဿတိ** = လတ္တံ့၊ **ဣတိ** = ဤသို့ နှလုံးသွင်း၍၊ (**စေ ပဒဟေယျာထ** = အံ့၊ **ဧဝံ သတိပိ** = ဤသို့အားထုတ်သည်ဖြစ်လျှင်လည်း၊)

၁။ **အပ္ပဋိဝါနိတာ**။ ။ **ဝီရိယပ္ပဝါဟေ** = ဝီရိယအယဉ်သည်၊ **ဝတ္တမာနေ** = ဖြစ်လသော်၊ **အန္တရာဝ** = အလုပ်ကိစ္စမပြီးပြတ်မီ အကြားကာလ၌သာလျှင်၊ **ပဋိဂမနံ** **နိဝတ္တနံ** **ပဋိဝါနံ** = နောက်သို့တွန့်ဆုတ်ခြင်း။ **ပဋိဝါနံ အဿ အတ္ထိတိ ပဋိဝါနီ** = နောက်သို့တွန့်ဆုတ်ခြင်းရှိသောသူ။ **န ပဋိဝါနီ အပ္ပဋိဝါနီ**။ **အပ္ပဋိဝါနိဿ ဘာဝေါ အပ္ပဋိဝါနိတာ** = နောက်သို့တွန့်ဆုတ်ခြင်းမရှိ သူ၏အဖြစ်။ **အနောသက္ကနာ** = နောက်သို့မတွန့်ဆုတ်ခြင်း။ ဋီကာအဖွင့်။

## PAGE 128

**ဘိက္ခဝေ** = ရဟန်းတို့၊ **တုမှေပိ** = သင်တို့သည်လည်း၊ **နစိရဿေဝ** = မကြာမြင့်မီသာလျှင်၊ (**ဥပသမ္ပန္န ဝိဟရိဿထ** တို့၌ လှမ်းစပ်) **ယဿ** = အကြင်အရဟတ္တဖိုလ်၏၊ **ဝါ** = အကြင် အရဟတ္တဖိုလ်ဟူသော၊ **အတ္ထာယ** = အကျိုးငှာ၊ **ကုလပုတ္တာ** = (အကျင့်သီလရှိသော) အမျိုးကောင်းသားတို့သည်၊ **သမ္မဒေဝ** = အကြောင်းမှန် နည်းလမ်းမှန်အားဖြင့်သာလျှင်၊ (ဇာတိ ဇရာ မရဏအစရှိသော ဘေးတို့မှ လွတ်ရန်...)

၁။ **သမ္မဒေဝ**။ ။ ပ။ **ပဗ္ဗဇန္တိ**။ ။ “**သမ္မဒေဝါတိ ဟေတုနာဝ ကာရဏေနေဝ**”ဟူ၍ သီလက္ခန် အဋ္ဌကထာ မဟာသီဟနာဒသုတ် (၂၂၉) စသည်ဖွင့်၏။ ထိုအဖွင့်နှင့်အညီ အနက်ပြန်ဆိုထား၏။ “**သမ္မဒေဝ** = အကြောင်းမှန် နည်းလမ်းမှန်အားဖြင့် သာလျှင်၊ **အနဂါရိယံ** = ရဟန်းအဖြစ်သို့၊ **ပဗ္ဗဇန္တိ** = ဝင်ရောက်ကြ (ကျင့်ကြံအားထုတ်ကြ) ကုန်၏”ဟူသော ပါဠိတော်၌ ဇာတိဇရာမရဏ အစရှိသော ဘေးဒုက္ခတို့ကြောင့် သံဝေဂဖြစ်ပွား၍ မြတ်စွာဘုရား ဟောကြား ဆုံးမတော်မူသည့်အတိုင်း ရဟန်းတရား သိက္ခာများကို ကျင့်ကြံပွားများ အားထုတ်ကြသည်ကို ရည်ရွယ်၍ “**သမ္မဒေဝ**”ဟု ဟောတော်မူသည်။ 

**သြတိဏ္ဏောမှီ ဇာတိယာတိ** အာဒိနာ နယေန ဟိ သံဝေဂပုဗ္ဗိကံ ယထာနုသိဋ္ဌိ **ပဗ္ဗဇ္ဇံ** သမ္ပာယ ဣဓ “**သမ္မဒေဝါ**” တိ ဝုတ္တံ။ **ဟေတုနာတိ ဥာယေန** (**နယေန**)။ ၎င်းဋီကာ၊ ၃၅၉။ သံယုတ်အဋ္ဌကထာ ဋီကာ။ ။ ကြွေးမြီနှိပ်စက်ခြင်း, ဘေးအန္တရာယ်နှိပ်စက်ခြင်း, အသက်မွေးမှုခက်ခဲခြင်းဟူသော အကြောင်းများကြောင့် ရဟန်းပြုသည် မဟုတ်ဘဲ ပင်ကိုယ်သဘောရိုး ယုံကြည်ချက်သဒ္ဓါတရားဖြင့် ရဟန်းပြုမှသာ သမ္မဒေဝ (အကြောင်းမှန် นည်းလမ်းမှန်အားဖြင့်) ရဟန်းပြုသည်ဟု ဆိုရ၏။ 

တနည်းအားဖြင့်ကား နဂိုမူလရဟန်း ပြုချိန်တုန်းက မည်သည့်အကြောင်း, မည်သည့် ရည်ရွယ်ချက်ဖြင့် ရဟန်းပြုခဲ့သည်ဖြစ်စေ ရဟန်းပြုပြီးနောက် မဂ်ဖိုလ်နိဗ္ဗာန်ဟူသော လောကုတ္တရာ တရားအားလျော်သော သီလ သမထ ဝိပဿနာအကျင့် (အနုလောမပဋိပဒါ) ကို ကျင့်ကြံအားထုတ်ကြလျှင်ကား အကြောင်းမှန် နည်းလမ်းမှန်အားဖြင့် ရဟန်းပြုကြသည်ဟု ဆိုနိုင်ပါ၏။
## PAGE 129

ဘေးဒုက္ခတို့ကြောင့် သံဝေဂဖြစ်ပွား၍ မြတ်စွာဘုရားဟောကြား ဆုံးမတော် မူအပ်သည့်အတိုင်း ရဟန်းတရား သိက္ခာများကို ကျင့်ကြံပွားများ အားထုတ် လိုခြင်းဟူသော အကြောင်းမှန် နည်းလမ်းမှန် အားဖြင့်သာလျှင်) **အဂါရသ္မာ**= မှ (**နိက္ခမိတွာ**=ထွက်ခွာကြ၍၊) **အနဂါရိယံ**=သို့၊ ဝါ=ကို၊ **ပဗ္ဗဇန္တိ**=ဝင်ရောက် ကြကုန်၏၊ ဝါ=ကျင့်ကြကုန်၏၊ **အနုတ္တရံ**=သော၊ ဝါ=သော၊ **ဗြဟ္မစရိယပရိယောသာနံ**=မဂ္ဂဗြဟ္မစရိယ၏ အဆုံးစွန်ဖြစ်သော၊ **တံ**=ထိုအရဟတ္တဖိုလ်ကို၊ ဝါ=သို့၊ **ဒိဋ္ဌေဝ** ဓမ္မေ ယခုတွေ့ကြုံနေရသောအတ္တဘော၌ပင်လျှင်၊ ဝါ=ယခုဘဝ၌ပင်လျှင်၊ **သယံ**=ကိုယ်တိုင်သာလျှင်၊ **အဘိညာ** (အဘိညာယ)=ထူးမြတ်သော ပစ္စဝေက္ခဏာ ဉာဏ်ဖြင့်၊ **သစ္ဆိကတွာ**=မျက်မှောက်ပြုကြကုန်၍၊ **ဥပသမ္ပဇ္ဇ** ရောက်ကြကုန်၍။ ဝါ=ရကြကုန်၍၊ **ဝိဟရိဿထ**=နေကြရကုန်လတ္တံ့၊

**ဘိက္ခဝေ**=တို့၊ **တသ္မာ**=ထို့ကြောင့်၊ (ထိုသို့တွန့်ဆုတ်ခြင်းမရှိသော ဝီရိယမည်သည်မှာ ကျေးဇူးများ၍ မြတ်သောအရဟတ္တဖိုလ်အကျိုးကို ပြီးစေ နိုင်သည်အဖြစ်ကြောင့်) **ဣဟ**=၌၊ (**ဝေါ**=တို့သည်) **ဧဝံ**=၍၊ **သိက္ခိတဗ္ဗံ**=မည် (ကိန္တိ=၍၊ **သိက္ခိတဗ္ဗံ**=မူ၊) **သရီရေ**=၌၊ **တစောစ**=လည်းကောင်း၊ ပ။ **န ဘဝိဿတိ**=တ္တံ၊ **ဣတိ**=ဤသို့ နှလုံးသွင်း၍၊ (**မယံ**=ငါတို့သည်၊) **အပ္ပဋိဝါနံ**=နောက်တွန့်ဆုတ်ခြင်းမရှိဘဲ၊ (**ပဓာနံ**=ဝီရိယကို) **ပဒဟိဿာမ**=အားထုတ်ကုန်အံ့၊ **ဣတိ**=၍၊ **သိက္ခိတဗ္ဗံ**=မည်၊ **ဘိက္ခဝေ**=တို့၊ **ဧဝံဟိ**=လျှင်၊ ဝေါ သိက္ခိတဗ္ဗံ ဣတိ (အဝေါစ)။

**ပဉ္စမံ**=ငါးခုမြောက်သုတ်တည်း။

#### ၆-သညောဇနသုတ်

**၆။ ဘိက္ခဝေ**=တို့၊ **ဓမ္မာ**=သဘောတရားတို့သည်၊ **ဣမေ ဒွေ**=တည်း။

**ဃ။ သံယောဇနိယေသု**=သံယောဇဉ်ဆယ်ပါးတို့၏ အကြောင်းတရား စီးပွားဖြစ်ကုန်သော။ **ဓမ္မေသု**=တေဘူမကတရားတို့၌၊ **ယာ အဿာဒါနုပဿိတာ** #အကြင်သာယာဖွယ် အနေအားဖြင့် ရှုလေ့ရှိသည် အဖြစ်သည်၊ (အတ္ထိ=ရှိ၏၊ **သမ္မဒေဝါတိ** န ဣဋ္ဌာ န ဘယဋာ န ဇီဝိတပကတာ ဟုတွာ၊ ယထာဝါ တထာဝါ ပဗ္ဗဇ္ဇိတာပိ ယေ အနုလောမပဋိပဒံ ပူရေန္တိ၊ တေ **သမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ** နာမ၊ သဂါထာဝဂ္ဂသံယုတ်အဋ္ဌကထာ (သံယုတ်ဋ္ဌ၊ ပ-၁၈၇။ ဗြဟ္မဒေဝသုတ်အဖွင့်)။

**သမ္မဒေဝါတိ** ဉာယေနေဝ၊ သော ပန ယတ္တိ အာဂမနတော ပဋ္ဌာယ လဗ္ဘတိ၊ ဝတ္တဗ္ဗမေဝ နတ္ထိ၊ အထ ပဋိပဒါရမ္ဘတော ပဋ္ဌာယ လဗ္ဘတိ၊ ဧဝမ္ပိ ဝဋ္ဋတေဝါတိ ဒတုံ “ယထာဝါ တထာဝါ”တိ အာဒိ ဝုတ္တံ။ ၎င်းဋိကာ၊ပ- ၂၃၉။

