## PAGE 130

**သာ အဿာဒါနုပဿိတာ စ**=ထိုသာယာ . . . .အဖြစ်လည်းကောင်း၊) **သံယောဇနိယေသု**=ကုန်သော၊ **ဓမ္မေသု**=တို့၌၊ **ယာ နိဗ္ဗိဒါနုပဿိတာ**=အကြင်ငြီးငွေ့ခြင်း သဘောအားဖြင့်ရှုလေ့ရှိသည် အဖြစ်သည်(အတ္ထိ=၏၊**သာ နိဗ္ဗိဒါနုပဿိတာ စ**=ထိုငြီးငွေ့ . . . . .ဖြစ်လည်းကောင်းတည်း၊) ...

**ဘိက္ခဝေ**=တို့၊ **သံယောဇနိယေသု**=ကုန်သော၊ **ဓမ္မေသု**=တို့၌၊ **အဿာဒါနုပဿီ**=သာယာဖွယ်အနေအားဖြင့် ရှုလျက်၊ **ဝိဟရန္တော**=နေသောသူသည်၊ **ရာဂံ**=ရာဂကို၊ **န ပဇဟတိ**=မပယ်စွန့်၊ **ဒေါသံ**=ကို။ပ။ **ရာဂံ**=ကို၊ **အပ္ပဟာယ**=မပယ်စွန့်၍၊ ဝါ=မပယ်စွန့်ခြင်းကြောင့်။ ပ။ **မောဟံ**=ကို၊ **အပပဟာယ**=၍၊ ဝါ=ကြောင့်၊ **ဇာတိယာ**=ဘဝဖန်ခါ ခန္ဓာအသစ် ထပ်တလဲလဲဖြစ်ခြင်းမှလည်းကောင်း၊ **ဇရာယ**=ခန္ဓာဟောင်းမြင်းရင့်ရော်ခြင်းမှ လည်းကောင်း၊ **မရဏေန**=ခန္ဓာပျက်ယွင်း သေလွန်ခြင်းမှလည်းကောင်း၊ **သောကေဟိ**=ဝမ်းနည်းပူဆွေးခြင်းတို့မှ လည်းကောင်း၊ **ပရိဒေဝေဟိ**=ငိုကြွေးမြည်တမ်းခြင်းတို့မှလည်းကောင်း၊ **ဒုက္ခေဟိ**=ကိုယ်ဆင်းရဲခြင်းတို့မှ လည်းကောင်း၊ **ဒေါမနဿေဟိ**=စိတ်ဆင်းရဲခြင်းတို့မှ လည်းကောင်း၊ **ဥပါယာသေဟိ**=ပြင်းစွာ ပင်ပန်းခြင်းတို့မှ လည်းကောင်း၊ **န ပရိမုစ္စတိ**=မလွတ်မြောက်နိုင်၊ **ဒုက္ခသ္မာ**=ဝဋ်ဒုက္ခအားလုံးမှ၊ **န ပရိမုစ္စတိ**=နိုင်၊ **ဣတိ**=ဤသို့၊ **ဝဒါမိ**=ငါမိန့်ဆို၏။ ပ။ **နိဗ္ဗိဒါနုပဿီ**=ငြီးငွေ့ ခြင်းသဘော အားဖြင့် ရှုလျက်။ ပ။ **ပဇဟတိ**=(မဂ်ဖြင့်) ပယ်စွန့်၏။ ပ၊ **ပရိမုစ္စတိ**=လွတ်မြောက်၏။ ပ။ **ဘိက္ခဝေ**=တို့၊ **ဓမ္မာ**=တရားသဘောတို့သည်၊ **ဣမေ ဒွေ**=တည်း။ ပ။ **ဆဋ္ဌံ**=ခြောက်ခုမြောက်သုတ်တည်း။

#### ၇-ကဏှသုတ်

**၇။ ဘိက္ခဝေ**=ရဟန်းတို့၊ **ကဏှာ**=(ပင်ကိုယ် သဘောအားဖြင့်) မည်းညစ်ကုန်သော၊ ဝါ = မည်းညစ်သောအပါယ်ဘဝနှင့် နိမ့်ကျဘုန်းကွဲ လူ ဆင်းရဲဘဝ၏ အကြောင်းဖြစ်ကုန်သော၊ **ဓမ္မာ**=တရားတို့သည်၊ **ဣမေ ဒွေ**=တို့တည်း။

၁။ **ကဏှာ, သုက္ကာ**။ ။ “ကဏှာ ဂါဝီ = မည်းနက်သော နွားမ” ဟု ဆိုရာ၌ မည်းနက်သော အရောင်အဆင်းရှိ၍ ကဏှာဟု ခေါ်ရ၏။ သို့သော် ဤ၌ကား အဟိရိက အနောတ္တပ္ပမည်သော အကုသိုလ်တရားတို့ကို ကဏှာဟု ခေါ်ဆိုရာ၌ ယင်းသို့ မည်းနက်သော အရောင်ရှိသောကြောင့် ခေါ်ဆိုသည်မဟုတ်၊ **ကဏှာဘိဇာတိနိဗ္ဗတ္တိဟေတုတော**=မည်းညစ်ယုတ်ညံ့သော အမျိုးဇာတ်၌ဖြစ်ခြင်း၏ အကြောင်းဖြစ်သောကြောင့် (ဝါ=ထိုအမျိုးဇာတ်သို့ ပို့ဆောင်တတ်သောကြောင့်) ထိုအကုသိုလ်တရားတို့ကို ကဏှာဟု ခေါ်ဆိုရသည်။ ထိုစကားရပ်၌ -

## PAGE 131

တို့တည်း။ ပ။ **အဟိရိကဉ္စ**=မကောင်းမှုကို မစက်ဆုပ်သည်အဖြစ် လည်းကောင်း၊ (မကောင်းမှုကို မစက်ဆုပ်သော ပုဂ္ဂိုလ်, စိတ်, သမ္ပယုတ်တရားအပေါင်း၏ ဖြစ်ကြောင်း စေတသိက်လည်းကောင်း) **အနောတ္တပ္ပဉ္စ**=မကောင်းမှုကြောင့် မကြောက်လန့်သည်အဖြစ် လည်းကောင်း၊ (မကောင်းမှုကြောင့် မကြောက်လန့်သော ပုဂ္ဂိုလ်, စိတ် သမ္ပယုတ်တရားအပေါင်း၏ ဖြစ်ကြောင်းစေတသိက်လည်းကောင်းတည်း) **ဘိက္ခဝေ**=တို့၊ **ကဏှာ**=ကုန်သော၊ **ဓမ္မာ**=တို့သည်၊ **ဣမေ ဒွေ**=တို့တည်း။ ပ။ **သတ္တမံ**။

**၈။ ၈-သုက္ကသုတ်**။ ။ **သုက္ကာ**=(ပင်ကိုသဘောအားဖြင့်) ဖြူစင် ကုန်သော၊ ဝါ=ဖြူစင်ဘုန်းရှိ သုဂတိ ဘဝ၏ အကြောင်းဖြစ်ကုန်သော၊ **ဟိရီစ**=မကောင်းမှုကို စက်ဆုပ်တတ်သော တရားလည်းကောင်း၊ **ဩတ္တပ္ပဉ္စ**=မကောင်းမှုကြောင့် ကြောက်လန့်တတ်သော တရားလည်းကောင်းတည်း။ ပ။ **အဋ္ဌမံ**။

(၁) အပါယ်ဒုဂ္ဂတိဘဝနှင့် (၂) မနုဿဒေါဘဒ္ဒိယဟု ခေါ်သော ဘုန်းကံမဲ့မွဲလူဆင်းရဲ လူနုံချာဘဝတို့ကို ကဏှာဘိဇာတိ (မည်းညစ်ယုတ်ညံ့သော အမျိုးဇာတ်) ဟု ခေါ်၏။ ပါဠိတော်မှ ကဏှသဒ္ဒါသည်လည်း နဂိုမူลတုန်းက ထိုကဏှာဘိဇာတိအနက်ကို ဟော၏။ သို့သော် ဤသုတ်၌ကား အကျိုးဖြစ်သော ကဏှာဘိဇာတိ၏ ကဏှဟူသော နာမည်ကို အကြောင်းဖြစ်သော အဟိရိက အနောတ္တပ္ပအကုသိုလ်တရားတို့၌ မှည့်ခေါ်တင်စား၍ ဖလူပစာရအားဖြင့် ထိုအကုသိုလ်တရားတို့ကို ကဏှာဟု ဟောတော်မူသည်။

နောက်တနည်းအဖွင့်။ ။ တနည်းအားဖြင့် အကုသိုလ်တရား အားလုံး တို့သည် **အပ္ပဘဿရဘာဝကရဏတော**=စိတ်ကိုမတောက်မပြောင် မဲမှောင် မည်းညစ်အောင် ပြုတတ်သောကြောင့် ပင်ကိုမူလသဘောအားဖြင့်ပင် မည်းညစ်သော တရားများဖြစ်၏။ ထို့ကြောင့် အကုသိုလ်တရားတို့ကို ကဏှာဟု ဟောတော်မူသည်၊ နိဿယခန်း၌ ဤဒုတိယနည်းကို ရှေးဦးစွာ အနက်ပြန်ဆို ထားသည်။

ထို့အပြင် ကုသိုလ်တရားတို့သည် သုက္ကာဘိဇာတိ (ဖြူစင်ဘုန်းရှိ သုဂတိဘဝ) ၏ အကြောင်းဖြစ်သောကြောင့် (ဝါ=ထိုသုက္ကာဘိဇာတိသို့ ပို့ဆောင်တတ်သောကြောင့်) ဖလူပစာရအားဖြင့် သုက္ကအမည်ရပုံနှင့် စိတ်ကို ဖြူစင်တောက်ပြောင်အောင် ပြုတတ်သောကြောင့် ပင်ကိုမူလ သဘောအားဖြင့်ပင် သုက္ကအမည်ရပုံကိုလည်း သိပါလေ။
## PAGE 132

#### ၉-စရိယသုတ်

**၉။** **ဘိက္ခဝေ** = ရဟန်းတို့၊ **ဒွေ** = နှစ်ပါးကုန်သော၊ **သုက္ကာ** = ဖြူစင်ကုန်သော၊ **ဣမေ ဓမ္မာ** = ဤတရားတို့သည်၊ **လောကံ** = သတ္တလောကကို၊ **ပါလေန္တိ** = စောင့်ရှောက်ကုန်၏။ ပ။ **ဘိက္ခဝေ** = ရဟန်းတို့၊ **ဒွေ** = နှစ်ပါးကုန်သော၊ **သုက္ကာ** = ဖြူစင်ကုန်သော၊ **ဣမေ ဓမ္မာ** တို့သည်၊ **လောကံ** = ကို၊ **န ပါလေယျုံ** = မစောင့်ရှောက်ကုန်အံ့။

ဣဓ၊ ဤလောက၌၊ **မာတာတိ ဝါ** = အမိဟူ၍ လည်းကောင်း၊ **မာတုစ္ဆာတိ ဝါ** = မိကြီး မိထွေးဟူ၍ လည်းကောင်း၊ [အမိ၏ အမ ညီမတည်း] **မာတုလာနီတိ ဝါ** = ဦးကြီး ဦးလေး၏ မယားဟူ၍ လည်းကောင်း၊ **အာစရိယဘရိယာတိ ဝါ** = ဆရာ၏ မယားဟူ၍ လည်းကောင်း၊ **ဂရူနံ** = လေးစားထိုက်သော ဘကြီး ဘထွေး စသည်တို့၏၊ **ဒါရာတိ ဝါ** = မယားဟူ၍ လည်းကောင်း၊ **န ပညာယေထ** = (အလေးဂရု စိတ်၌ပြုသောအားဖြင့်) မထင်ရှားလေတော့ရာ၊ ဝါ = မသိအပ်နိုင်တော့ရာ၊ **အဖေဠကာ ယထာ** = ဆိတ်, သိုးတို့ ကဲ့သို့ လည်းကောင်း၊ [အဇ+ဧဠက] **ကုက္ကုဋ သူကရာ ယထာ** = ကြက်, ဝက် တို့ကဲ့သို့ လည်းကောင်း၊ **သောဏ သိင်္ဂါလာ ယထာ** = အိမ်ခွေး, တောခွေးတို့ကဲ့သို့ လည်းကောင်း၊ **လောကော** = လူအပေါင်းသည်၊ **သမ္ဘေဒံ** = ရောယှက်ဆက်ဆံခြင်းသို့၊ ဝါ = စည်းကမ်းဖောက်ဖျက်ခြင်းသို့၊ **အဂမိဿ** = ရောက်ခဲ့လေရာပြီ။

**ဘိက္ခဝေ** = ရဟန်းတို့၊ **စ** = ထိုသို့မဟုတ်မူ၍၊ **ယသ္မာ** = အကြင့်ကြောင့်။ ပ။ **ပါလေန္တိ** = ကုန်၏၊ **တသ္မာ** = ထို့ကြောင့်၊ **မာတာတိ ဝါ** = ဟူ၍လည်းကောင်း။ ပ။ **ဒါရာတိ ဝါ** = ဟူ၍လည်းကောင်း၊ **ပညာယတိ** = ထင်ရှား၏၊ ဝါ = သိအပ်သိနိုင်၏။ ဣတိ (အဝေါစ) နဝမံ။

#### ၁၀-ဝသူပနာယိကသုတ်

**၁၀။** **ဘိက္ခဝေ** = ရဟန်းတို့၊ **ဝသူပနာယိကာ** = မိုးလပတ်လုံး သီးတင်းသုံးမှီတင်း ကပ်ရောက်ခြင်းတို့သည်၊ ဝါ = ဝါကပ်ခြင်းတို့သည်၊ **ဣမာ ဒွေ** = ဤနှစ်ပါးတို့တည်း၊ [**ဝဿံ အာဝါသော ဝဿာဝါသော** = မိုးလပတ်လုံး နေထိုင်ခြင်း၊ **ဥပနယနံ ဥပဂမနံ ဥပနာယော**၊ **ဝဿာဝါသဿ ဥပဇာယော ဝသူပနာယော**၊ အာဝါသပုဒ်ကျေ၏၊ **သော ဧဝ ဝသူပနာယိကာ** = မိုးလပတ်လုံးနေခြင်းသို့ ကပ်ရောက်ခြင်း] **ပုရိမိကာ စ** = ရှေ့၌ဖြစ်သော ဝါကပ်ခြင်းလည်းကောင်း၊ ဝါ = ပုရိမဝါကပ်ခြင်းလည်းကောင်း၊ **ပစ္ဆိမိကာ စ** = နောက်၌ဖြစ်သော ဝါကပ်ခြင်းလည်းကောင်းတည်း၊ ဝါ = ပစ္ဆိမဝါကပ်ခြင်းလည်းကောင်းတည်း။ ပ။ ဣတိ (အဝေါစ) ဒသမံ-ဆယ်ခုမြောက်သုတ်တည်း။

#### ပဌမော ကမ္မကရဏဝဂ္ဂေါ

ပဌမော = ရှေးဦးစွာသော၊ **ကမ္မကရဏဝဂ္ဂေါ** = ကမ္မကရဏဝဂ်တည်း။
**တဿ** = ထိုကမ္မကရဏဝဂ်၏၊ **ဥဒ္ဒါနံ** = ဥဒ္ဒါန်းကား၊ ဝါ = ဆိုအပ်ခဲ့ပြီးသော သုတ်တို့ကို နောက်ကာလ၌ မမေ့ပျောက်အောင် စောင့်ရှောက်တတ်သောခေါင်းစဉ်ကား၊ [**ဥဒ္ဓံ** - အထက်(နောက်ကာလ)၌၊ **ဒါတိ ရက္ခတီတိ ဥဒ္ဒါနံ**]

