## PAGE 133

**ဝဇ္ဇာ** = ဝဇ္ဇသုတ်လည်းကောင်း၊ **ပဓာနာ** = ပဓာနသုတ်လည်းကောင်း၊ **ဒွေ** = နှစ်ပါးကုန်သော၊ **တပနီယာ** = တပနီယသုတ်, အတပနီယသုတ်တို့ လည်းကောင်း၊ **ပဉ္စမံ** = ငါးခုမြောက်သော၊ **ဥပညာတေန** = ဥပညာတသုတ် လည်းကောင်း၊ **သံယောဇနဉ္စ** = သံယောဇနသုတ်လည်းကောင်း၊ **ကဏှဉ္စ** = ကဏှသုတ်လည်းကောင်း၊ **သုက္ကဉ္စ** = သုက္ကသုတ်လည်းကောင်း၊ **စရိယာ** = စရိယသုတ်လည်းကောင်း၊ **ဝသူပနာယိကာ** = ဝသူပနာယိကာသုတ် လည်းကောင်းတည်း၊ **ဝဂ္ဂေါ** = ကမ္မကရဏဝဂ်တည်း။

[ပြခဲ့သော သုတ်တို့၏ ရှေ့နောက်အစဉ်ကို ပါဠိကျက်သူတို့ မမေ့ပျောက်နိုင်အောင် ဖြစ်သလို စီစဉ်ထားသော ခေါင်းစဉ်ဂါထာမျှသာ ဖြစ်၏။ ထို့ကြောင့် ဤ ဥဒါန်းဂါထာကို အနက်ပေးရာ၌ ဝိဘတ်ကို ဂရုစိုက်စရာ မလိုပါ၊ သိပ်လည်း အကျိုးမများလှသောကြောင့် နောက်ဝဂ်များ၌ အနက်ပေးပြတော့မည် မဟုတ်]

#### ၁၁-ဗလသုတ်

**၁၁။** **ဘိက္ခဝေ** = ရဟန်းတို့၊ **ဗလာနိ** = စွမ်းအားတို့သည်၊ (ဆန့်ကျင်ဘက် အကုသိုလ်တို့ မလှုပ်ရှားစေနိုင်သော စွမ်းအားတို့သည်။ ဝါ = ဆန့်ကျင်ဘက် အကုသိုလ်တို့ မလွှမ်းမိုးနိုင်, မချေမှုန်းနိုင်သော စွမ်းအားတို့သည်) ပ။ **ပဋိသင်္ခါနဗလဉ္စ** = စဉ်းစားဆင်ခြင် သိမြင်ခြင်းဟူသော စွမ်းအားလည်းကောင်း၊ (မစဉ်းစား မဆင်ခြင် မသိမြင်သော မောဟသည် မလှုပ်ရှားစေနိုင်, မလွှမ်းမိုး မချေမှုန်းနိုင်သော စဉ်းစားဆင်ခြင် သိမြင်သော ဉာဏ်ပညာဟူသော စွမ်းအား လည်းကောင်း) **ဘာဝနာဗလဉ္စ** = တိုးပွားစေခြင်းဟူသော စွမ်းအားလည်းကောင်းတည်း။ [**ကတမဉ္စ ဘိက္ခဝေ** စသည်ဖြင့် အကျယ်ဟောဦးမည် ဖြစ်၍ အကျဉ်းချုပ် သာမညမျှသာ အနက်ဆိုပါ] ။ပ။

**ဘိက္ခဝေ** = ရဟန်းတို့၊ **ပဋိသင်္ခါနဗလံ** = စဉ်းစားဆင်ခြင် သိမြင်ခြင်းဟူသော စွမ်းအားဟူသည်၊ **ကတမံ** = အဘယ်နည်း။

**၁။ ဘာဝနာဗလံ**။ ။ ဋီကာ၌မူ ဓမ္မသင်္ဂဏီပါဠိ... တို့ကိုယူ၍ အနက်ဖွင့်သေး၏။ ထိုအတိုင်းဆိုလျှင် “**ဘာဝနာဗလဉ္စ** = ဝီရိယတရား အကြီးအကဲထား၍ ဗောဇ္ဈင်ခုနှစ်ပါးတို့ကို ဖြစ်ပွားစေခြင်း ဟူသော စွမ်းအားလည်းကောင်း၊ ဝါ = ဝီရိယတရား အကြီးအကဲထား၍ ဖြစ်ပွားစေအပ်သော ဗောဇ္ဈင်ခုနစ်ပါး အစွမ်းအားလည်းကောင်း”ဟု အနက် ဆိုရာ၏။ ထိုအဖွင့်သည် **သတိသမ္ဗောဇ္ဈဂံ ဘာဝေတိ ဝိဝေကနိဿိတံ** စသောပါဠိတော်နှင့် ဆီလျော်၏။

## PAGE 134

**ဘိက္ခဝေ** = ရဟန်းတို့၊ **ဣဓ** = ဤသာသနာတော်၌၊ [ဝဇ္ဇသုတ်ပြန်ကြည့်] ပ။ **ဒိဋ္ဌိ** = မျက်မှောက်ထင်ထင် တွေ့မြင်အပ်သော၊ **ဓမ္မေ စေဝ** = ယခုပစ္စုပ္ပန် အတ္တဘော၌လည်းကောင်း ယခုပစ္စုပ္ပန် ဥပါဒါနက္ခန္ဓာ တရားတည်း ဟူသော အတ္တဘော၌လည်းကောင်း။ [စတုက္ကနိပါတ်ဋီကာ၊ ၃၆၉] ဝါ = ယခုပစ္စုပ္ပန် ဘဝ၌လည်းကောင်း၊ **အဘိသမ္ပရာယဉ္စ** = နောက်ထပ် လားရောက်ရမည့် အနာဂတ် အတ္တဘော၌လည်းကောင်း၊ ဝါ = နောင်တမလွန်ဘဝ၌လည်းကောင်း၊ **ကာယဒုစ္စရိတဿ** = ၏၊ **ပါပကော** = သော၊ **ဝိပါကော** = သည်၊ (ဟောတိ = ၏) ။ပ။ ဣတိ = သို့၊ (ပဋိသန္နိက္ခတိ = ၏) **သော** = ထိုသူသည်၊ ဣတိ = ဤသို့၊ **ပဋိသင်္ခါယ** = ဆင်ခြင်စဉ်းစား၍ ပ။ **ဘိက္ခဝေ** = ရဟန်းတို့၊ **ဣဒံ** = ဤစွမ်းအားကို၊ (မျက်မှောက် တမလွန် နှစ်တန်သောဘဝ၌ ဒုစ္စရိတ် အကုသိုလ်၏ ဆိုးဝါးသော အကျိုးဝိပါက်ကို စဉ်းစားဆင်ခြင် သိမြင်၍ ဒုစ္စရိတ်ကို ပယ်ရှားလျက် သုစရိတ်ကို ဖြစ်ပွားစေခြင်း ဟူသော စွမ်းအားကို) **ပဋိသင်္ခါနဗလံ** = ပဋိသင်္ခါနုဗလမည်၏ဟူ၍၊ **ဝုစ္စတိ** = ဆိုအပ်၏။ [ယခင်စာပိုဒ် (၁) ဝဇ္ဇသုတ်လည်းကြည့်]။ပ။

**ဘိက္ခဝေ** = ရဟန်းတို့၊ **တတြ** = ထိုနှစ်မျိုးသောစွမ်းအားတို့တွင်၊ **ယံ ဣဒံ ဘာဝနာဗလံ** = အကြင် တိုးပွားစေခြင်းဟူသော စွမ်းအားသည်၊ (အတ္ထိ = ရှိ၏) **ဧတံ ဗလံ** = ဤတိုးပွားစေခြင်းဟူသော စွမ်းအားသည်၊ **သေခါနံ** = သေက္ခပုဂ္ဂိုလ် ခုနစ်ဦးတို့၏၊ **ဗလံ** = ဉာဏ်အစွမ်းအားတည်း။ **ဘိက္ခဝေ** = ရဟန်းတို့၊ **သော** = ထိုပုဂ္ဂိုလ်သည်၊ **သေခံ** = သေက္ခ ပုဂ္ဂိုလ်တို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော၊ **ဗလံ** ဟိ = ဉာဏ်အစွမ်းအားကိုသာလျှင်၊ **အာဂမ္မ** = ရည်မှန်း၍ ။ပ။ **ယံ** = အကြင်တရားသဘောသည်၊ **အကုသလံ** = အကုသိုလ်မည်၏။ **တံ** = ထိုအကုသိုလ်တရားသဘောကို၊ **န ကရောတိ** = မပြုလုပ်၊ **ယံ** = အကြင်တရားသဘောသည်၊ **ပါပံ** = ယုတ်မာ၏၊ **တံ** = ထိုယုတ်မာသော တရားသဘောကို၊ **န** သေဝတိ = မမှီဝဲ။ **ဘိက္ခဝေ** = ရဟန်းတို့၊ **ဣဒံ** = ဤစွမ်းအားကို၊ (ဤရာဂစသည်ကို ပယ်သတ်ကြောင်းဖြစ်သော သေခဗလကို တိုးပွားစေခြင်းဟူသော စွမ်းအားကို) **ဘာဝနာဗလံ** = ဘာဝနာဗလဟူ၍၊ **ဝုစ္စတိ** ။ ပ ။

#### ၁၂-ဗလသုတ်

**၁၂။** **ဘိက္ခဝေ** = ရန်းတို့၊ **ဣဓ** = ဤသာသနာတော်၌၊ ဝါ = ဤသာသနာတော်က၊ **ဘိက္ခု** = ရဟန်းသည်၊ **သတိသမ္ဗောဇ္ဈင်္ဂံ** = သတိသမ္ဗောဇ္ဈင်ကို၊ (ဝိဂြိုဟ်နက်ကို ဧကကနိပါတ် စာပိုဒ်-၇၄၊ ၄၁၂-၌ကြည့်] **ဝိဝေကနိဿိတံ** = သင်္ခတတရား အားလုံး ကင်းဆိတ်သုဉ်းသည့် နိဗ္ဗာန်ကို အမှီတံကဲ ပြုနေအောင်၊ [“ဣဓ ပန နိဗ္ဗာနံယေဝ” စသော ဣဓာဓိတတ္ထ အဋ္ဌကထာ အဖွင့်အတိုင်း အနက် ပေးသည်] **ဝိရာဂနိဿိတံ** = သင်္ခတတရားအားလုံးတို့ ပျက်စီးရာနိဗ္ဗာန်ကို
## PAGE 135

အမှီတံကဲ ပြုနေအောင်၊ **နိရောဓနိဿိတံ**=သင်္ခတ တရားအားလုံး ချုပ်ဆုံးရာ နိဗ္ဗာန်ကို.......အောင်၊ **ဝေါသဂ္ဂပရိဏာမိ**”=ကိလေသာတို့ကို အကြွင်းမဲ့ ပယ် စွန့်ခြင်း, နိဗ္ဗာန်သို့ ပြေးဝင်ခြင်းအားဖြင့် ရင့်ကျက်ပြီး ဖြစ်အောင်၊ **ဘာဝေတိ** =ဖြစ်ပွားစေ၏။ **ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂ**=ကို၊ **ဝိဝေကနိဿိတံ**=အောင် ပ **ဝေါသဂ္ဂပရိဏာမိ**=အောင်၊ **ဘာဝေတိ**=၏ ။ပ။ **ဘိက္ခဝေ**=တို့၊ **ဣဒံ**=ဤ စွမ်းအားကို (ဤဗောဇ္ဈင်တရားတို့ကို ဝိဝေကနိဿိတ စသည်ဖြစ်အောင် ဖြစ်ပွားစေခြင်း ဟူသော စွမ်းအားကို) **ဘာဝနာဗလံ**=၍၊ **ဝုစ္စတိ**=၏။

၁၃။ **ဘိက္ခဝေ**=တို့၊ **ဣဓ**=ဤသာသနာတော်၌၊ **ဘိက္ခု**=သည်၊ **ကာမေဟိ**=ဝတ္ထု, ကိလေသာ နှစ်ဖြာသော ကာမတို့မှ၊ **ဝိဝိစ္စ ဧဝ**=ကင်းဆိတ်၍ သာလျှင်၊ **အကုသလေဟိ**=နီဝရဏ အကုသိုလ်ဖြစ်ကုန်သော၊ **ဓမ္မေဟိ**=တရား တို့မှ၊ **ဝိဝိစ္စ ဧဝ**=လျှင်၊ **သဝိတက္က**=ဝိတက်နှင့်လည်းတကွဖြစ်သော၊ **သဝိစာရံ**= ဝိစာရနှင့်လည်းတကွ ဖြစ်သော၊ **ဝိဝေကဇံ**=နิဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော၊ ဝါ=နီဝရဏတို့မှ ကင်းဆိတ်သော ဈာနသမ္ပယုတ် တရားအစု၌

၁။ **ဝေါသဂ္ဂပရိဏာမိ** ။ ။ **ဝေါသဇ္ဇနံ ကိလေသပရိစ္စဇနံ ဝေါသဂ္ဂေါ**= ကိလေသာတို့ကို အကြွင်းမဲ့ပယ်စွန့်ခြင်း၊ **ဝေါသဇ္ဇနံ နိဗ္ဗာနပက္ခန္ဒနံ ဝေါသဂ္ဂေါ**=နိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့် ပြေးဝင်ခြင်း၊ ဤသို့ ဝစနတ္ထနှစ်မျိုးပြု၊ ထို့နောက် ဝေါသဂ္ဂတပုဒ်တည်း၌ ထိုဝစနတ္ထ နှစ်မျိုးပါဝင်နိုင်အောင် “**ဝေါသဂ္ဂေါ စ ဝေါသဂ္ဂေါ စ ဝေါသဂ္ဂေါ**”ဟူ၍ ဧကသေသ်ပြု၊ **ပရိဏာမီ ပရိပစ္စတီတိ ပရိဏာမီ**=ရင့်ကျက်ပြီးသော ဗောဇ္ဈင်တရား၊ **ဝေါသဂ္ဂေန** (**ဝေါသဂ္ဂတ္တံ ဝါ**) **ပရိဏာမီ ဝေါသဂ္ဂပရိဏာမိ**=ကိလေသာတို့ကို အကြွင်းမဲ့ ပယ်စွန့်ခြင်း, နိဗ္ဗာန်သို့ ပြေးဝင်ခြင်းဖြင့် (ဝါ-သို့ပြေးဝင်ခြင်းငှာ)ရင့်ကျက်ပြီးသော ဗောဇ္ဈင် တရား။

၂။ **ဝိဝေကဇံ ပီတိသုခံ** ။ ။ **ဝိဝေကာ**=နီဝရဏတို့မှ ကင်းဆိတ် ခြင်းကြောင့် (တနည်း-**ဝိဝေကေ**=နီဝရဏတို့မှ ကင်းဆိတ်သော ဈာနသမ္ပယုတ် တရားအစု၌) **ဇာတံ**=ဖြစ်သော ဈာန်တည်း၊ **ဝိဝေကဇံ**......ဈာန်။ **ပီတိ စ သုခံ စ ပီတိသုခံ**။ ဤ၌ ပီတိငါးမျိုးတို့တွင် ဖရဏာပီတိကို ယူရမည်ဟု အဋ္ဌသာလိနီ (၂၁၁)၌ ဖွင့်၏။ [ဈာန်ခန်းဖြစ်သောကြောင့် သုخအရ စေတသိက သုခကို ယူရကြောင်းကား အထူးဆိုဖွယ်မလို] **ပီတိသုခံ အဿ ဈာနဿ အတ္ထိတိ ပီတိသုခံ** (ပီတိသုခရှိသောဈာန်)။ ဤသို့ ဝစနတ္ထပြုလျှင် **ဝိဝေကဇံ**နှင့် **ပီတိသုခံ**

