## PAGE 139

ပုဂ္ဂိုလ်ကို၊ **အရိယာ**=ဘုရား အစရှိသော အရိယာသူတော်ကောင်းတို့သည်၊ **အာစိက္ခန္တိ** =ချီးမွမ်းစကား ပြောကြားတော် မူကြကုန်၏၊ (**ကိန္တိ** =အဘယ်သို့၊ **အာစိက္ခန္တိ**=နည်းဟူမူ၊ **အယံ**=ဤ တတိယ ဈာန်နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည်) **ဥပေက္ခကော**=လျစ်လျူရှုတတ်သော **တတြ မဇ္ဈတ္တုပေက္ခာ** ရှိပါပေစွ၊ (ချမ်းမြေ့ ဂုဏ်အင်, စုံလင်ကဲမောက်, ထိပ်ဆုံးရောက်ရှိ, **တတိယဈာန**, သုခ၌ပင် မခင်မင်မှု, လျစ်လျူရှုနိုင်ပါပေစွ၊) **သတိမာ**= သတိ ရှိပါပေစွ၊ (ပီတိထပ်ကာ, မဖြစ်လာအောင်, သေချာမြို့ကြပ်, စွဲကပ်သော သတိရှိပါပေစွ) **သုခဝိဟာရီ**= ချမ်းမြေ့ကြည်သာ နေလေ့ရှိပါပေစွ၊ **ဣတိ**-ဤသို့၊ (**အာစိက္ခန္တိ**=ချီးမွမ်းစကား ပြောကြားကြကုန်၏) **တတိယံ**=ဂဏန်းစဉ်အားဖြင့် သုံးခုမြောက်သော၊ **တံ ဈာနံ**-ထိုဈာန်သို့၊ **ဝါ**=ကို၊ **ယံ**ပုဒ် ရှိခဲ့သောကြောင့် **တံ**ပုဒ်ကို ထည့်သည်] **ဥပသမ္ပဇ္ဇ**=၍၊ **ဝါ**-၍၊ **ဝိဟရတိ**=၏၊ တတိယဈာန်ခန်း ပြီး၏] **ပုဗ္ဗေဝ**=(ဈာန်လေးပါးတို့၏) ရှေးဦးမဆွ ဥပစာရခဏ၌ သာလျှင်၊ **သုခဿ**=ကာယိကသုခကို၊ **ပဟာနာ စ** = ပယ်ခြင်းကြောင့် လည်းကောင်း၊ **ဒုက္ခဿ**=ကာယိကဒုက္ခကို၊ **ပဟာနာ စ** = ပယ်ခြင်းကြောင့်လည်းကောင်း၊ **သောမနဿဒေါမနဿာနံ**= သောမနဿဝေဒနာ, ဒေါမနဿ ဝေဒနာတို့၏၊ **အတ္ထင်္ဂမာ**=ချုပ်ခြင်းသို့ ရောက်ခြင်းကြောင့် လည်းကောင်း၊ **အဒုက္ခမသုခံ**- ဒုက္ခလည်းမဟုတ်, သုခလည်း မဟုတ်သော၊ **န ဒုက္ခံ အဒုက္ခ** (ဒုက္ခမဟုတ်သော စတုတ္ထဈာန်)ဟု ဋီကာတို့၌ ဝိဂြိုဟ်ပြု၏၊ **န သုခံ အသုခံ**၊ (သုခမဟုတ်သော ဤ(၂)အနက်၌ ဆိုလိုရင်းကား-တတိယဈာန် စိတ်စေတသိတ်များ ဖြစ်သောအခါ ၎င်းတို့နှင့် ယှဉ်တွဲကာ စေတသိကသုခ (သုခဈာန်အင်္ဂါ)လည်း ပါဝင်၏။ ထိုစေတသိကသုခကြောင့် ဖြစ်သော အလွန်ကောင်းသော **စိတ္တဇ ရုပ်တို့**သည် တကိုယ်လုံး၌ အနှံ့ ဖြစ်ကြ၏။ ထို**စိတ္တဇရုပ်တို့**နှင့် ကျန်သော **တိဇရုပ်တို့** (**ကမ္မဇ, ဥတု, အာဟာရဇရုပ်တို့**) အချင်းချင်းတွေ့ထိ တိုက်ခိုက်မှု အရှိန်အဟုန်ကြောင့် ဈာန်မှ ထသောအခါ **ကာယဝိညာဏဝီထိ** ဖြစ်သည်အထိပင် အရသာရှိလှ၏။ နေထိုင်ကောင်း၏။ ထိုဝီထိ၌ ပါသော ကာယိကသုခကို ကာယဝိညာဏ်စိတ္တုပ္ပါဒ်ဟူသော နာမကာယဖြင့် ခံစား၏ ။ (ခံစားမည်ဟူသော အာဘောဂဖြင့်လည်း ခံစား၏)ဟူလို။ **ဣဒါနိ သဟာပိ အာဘောဂေန သုခပဋိသံဝေဒနံ ဒတုံ “ယံ ဝါ တ” န္တိအာဒိ ဝုတ္တံ**။ **ဝိသုဒ္ဓိမဂ်ဋီကာ**၊ ပ-၁၈၈။

## PAGE 140

စတုတ္ထဈာန်)။ **အဒုက္ခ စ တံ အသုခံ စာတိ အဒုက္ခမသုခံ**။ “**အဒုက္ခ+အသုခံ**ဟု တပုဒ်စီခွဲ၍ အနက်ပေးလျှင်လည်း ဖြစ်နိုင်၏] ဝါ=ဒုက္ခလည်း မရှိ သုခလည်း မရှိသော၊ ဥပေက္ခာ ဝေဒနာရှိ၏ဟူလို] **ဥပေက္ခာသတိပါရိသုဒ္ဓိ** =ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော၊ စတုတ္ထ= ဂဏန်းစဉ်အားဖြင့် လေးခုမြောက်သော ။ပ။ **ဘိက္ခဝေ**-ရဟန်းတို့၊ **ဣဒံ**=ဤ ('ဈာန်လေးပါးကို ဖြစ်ပွားစေခြင်းဟူသော) စွမ်းအားကို ပ။

၁၄။ **ဘိက္ခဝေ**=ရဟန်းတို့၊ **တထာဂတဿ** မြတ်စွာဘုရား၏၊ **ဓမ္မ ဒေသနာ**=ဟောကြားအပ်သော တရားတော်တို့သည်၊ **ဣမာ ဒွေ**-ဤနှစ်ပါး တို့တည်း ။ပ။ **သံခိတ္တေန**=အကျဉ်းချုပ်အားဖြင့်၊ (**ဓမ္မဒေသနာစ**= ဟောကြားအပ်သော တရားတော် လည်းကောင်း) **ဝိတ္ထာရေန**=အကျယ်အားဖြင့်၊ (**ဓမ္မ ဒေသနာစ**=လည်းကောင်းတည်း)

၁၅။ **ဘိက္ခဝေ**=တို့၊ **ယသ္မိံ အဓိကရဏေ**=အကြင်အဓိကရုဏ်း၌၊ (ဝိဝါဒါဓိကရုဏ်း, အနုဝါဒါဓိကရုဏ်း, အာပတ္တာဓိကရုဏ်း, ကိန္နာဓိကရုဏ်း ဟူသော အဓိကရုဏ်း လေးမျိုးတို့တွင် အကြင်အဓိကရုဏ်း၌) **အာပန္နော**= အာပတ်သင့်ရောက်သော၊ **ဘိက္ခု စ**=ရဟန်းသည်လည်းကောင်း၊ **စောဒကော** =အာပတ်ဖြင့် စွပ်စွဲစောဒနာသော၊ **ဘိက္ခု စ**=လည်းကောင်း၊ **သာဓုကံ**=ကောင်းစွာ၊ **အတ္တနာဝ**=ကိုယ်တိုင်သာလျှင်၊ **အတ္တာနံ**=မိမိကိုယ်ကို၊ ဝါ=မိမိ၏အပြစ်ကို၊ **န ပစ္စဝေက္ခတိ**=မစဉ်းစားအံ့၊ **ဘိက္ခဝေ**=တို့၊ [**တပ္ပေတံ**=**တသ္မိံ+ဧတံ**-ဟု ပုဒ်ဖြတ်] **တသ္မိံ အဓိကရဏေ**=ထိုအဓိကရုဏ်း၌၊ “**ဒီဃတ္တာယ**=ကာလကြာရှည် တည်ရှိနေသည် အဖြစ်ငှာလည်းကောင်း၊ **ခရတ္တာယ**=ကြမ်းတမ်းသော ဆဲရေး စကား ဖြစ်ပွားနေသည် အဖြစ်ငှာလည်းကောင်း၊ **ဝါဠတ္တာယ**=ရိုက်နှက် ပုတ်ခတ်ခြင်းဖြင့် ခက်ထန်သည် အဖြစ်ငှာလည်းကောင်း၊ **သံဝတ္တိဿတိ**=ဖြစ် လတ္တံ့။ **ဘိက္ခု စ**=ရဟန်းတို့သည်လည်း၊ **ဖာသုံ**=ချမ်းသာစွာ၊ **န ဝိဟရိဿန္တိ** = မနေကြရကုန်လတ္တံ့၊” **ဣတိ ဧတံ**’ဤသို့သော အကျိုးတရားသည်၊ **တသ္မိံ ဧတံ**- မှ ဧတံပုဒ်တည်း] **ပါဋိကင်္ခံ**=အလိုရှိထိုက်သည်၊ ဝါ=မလွဲမသွေ ဖြစ်လတ္တံ့သည်၊ (ဟောတိ=ဖြစ်၏) **ဘိက္ခဝေ**=တို့၊ စခေါ=ထိုသို့မဟုတ်ဘဲ၊ **ယသ္မိံ အဓိကရဏေ**-၌ ပ။ **ပစ္စဝေက္ခတိ**=စဉ်းစား၏ ပ။ **န သံဝတ္တိဿတိ**=မဖြစ်လတ္တံ့ ။ပ။ **ဝိဟ ရိဿန္တိ** =နေကြရကုန်လတ္တံ့၊ **ဣတိ ဧတံ**-ဤသို့သော အကျိုးတရားသည်၊ **ပါဋိကင်္ခါ** (ဟောတိ)။
## PAGE 141

**ဘိက္ခဝေ** = တို့၊ **ကထဒ္ဓံ** = အဘယ်သို့လျှင်၊ **အာပန္နော** = သော၊ **ဘိက္ခု** = သည် ။ပ။ **ပစ္စဝေက္ခတိ** = စဉ်းစားသနည်း၊ **ဘိက္ခဝေ** = တို့၊ **ဣဓ** = ဤသာသနာတော်၌ ။ပ။ **ဣတိ** = ဤသို့၊ **ပဋိသဉ္စိက္ခတိ** = ဆင်ခြင်စဉ်းစား၏၊ (**ကိန္တိ** = အဘယ်သို့၊ **ပဋိသဉ္စိက္ခတိ** = သနည်းဟူမူ)

**အဟံ** - ငါသည်၊ **ကိဉ္စိဒေဝ** - တစ်ခုခုသာလျှင် ဖြစ်သော၊ **ဒေသံ** = (ထုတ်ဖော်ပြောကြားသင့်သော) အာပတ်ဟူသော၊ [**ဒေသေတဗ္ဗာ အာဝိကာတဗ္ဗာတိ ဒေသာ**] **အကုသလံ** = အကုသိုလ်အပြစ်သို့ **ကာယေန** = ကိုယ်ဖြင့်၊ **အာပန္နော** = ရောက်ခဲ့ပြီ၊ **သော ဘิက္ခု** = ထိုစောဒကရဟန်းသည်၊ **မံ** = ငါ့ကို၊ **ကိဉ္စိဒေဝ** = သော၊ **ဒေသံ** = သော၊ **အကုသလံ** = သို့၊ ကာယေန = ဖြင့်၊ **အာပဇ္ဇမာနံ** - ရောက်နေသည်ကို၊ **အဒ္ဒသ** = မြင်ပြီ၊

**အဟံ** = ငါသည် ။ပ။ **ကာယေန** = ဖြင့်၊ နော **စေ အာပဇ္ဇေယျ** = အကယ်၍ မရောက်ငြားအံ့၊ (ဧဝံ သတိ = ဤသို့ မရောက်သည်ဖြစ်လသော်) **သော ဘိက္ခု** = ထိုစောဒကရဟန်းသည်၊ **မံ** = ငါ့ကို ။ပ။ **ကာယေန** = ဖြင့်၊ **အာပဇ္ဇမာနံ** = ကို၊ **န ပေဿယျ** = မမြင်လေရာ၊ **စခေါ** = ထိုသို့ မဟုတ်ဘဲ၊ **ယသ္မာ** = အကြင်ကြောင့်၊ **အဟံ** - ငါသည် ။ပ။ **ကာယေန** = ဖြင့်၊ **အာပန္နော** = ပြီး **တသ္မာ** = ထိုကြောင့်၊ **သော ဘိက္ခု** = သည်၊ **မံ** - ကို ။ပ။ **ကာယေန** = ဖြင့်၊ **အာပဇ္ဇမာနံ** = ကို၊ **အဒ္ဒသ** = ပြီး။

**သော ဘိက္ခု** = သည်၊ **မံ** = ကို ။ပ။ **ကာယေန** = ဖြင့်၊ **အာပဇ္ဇမာနံ** = ကို၊ **ဒိသွာ စ ပန** = မြင်ပြီး၍သာလျှင်၊ ဝါ-မြင်ခြင်းကြောင့်သာလျှင်၊ **အနတ္တမနော** = မိမိ၏ပင်ကိုယ်မနော နှစ်သက်သောစိတ် မရှိသည်၊ **အဟောသိ** = ဖြစ်ရလေပြီး [စောဒကရဟန်းမှာ စိတ်မချမ်းမသာ ဖြစ်ရပြီဟူလို] **အနတ္တမနော** = သည်၊ **သမာနော** - သော်၊ **မံ** - ငါ့ကို၊ **သော ဘိက္ခု** = သည်၊ **အနတ္တမနဝစနံ** = မိမိ၏ ပင်ကိုယ်မနော နှစ်သက်သောစိတ် မရှိသူ၏ စကားကို၊ ဝါ = စိတ်မနှစ်သက် မြွက်ဆိုအပ်သော စကားကို၊ **အဝစ** = ပြောဆိုပြီ။

**အဟံ** = ငါသည်၊ ဝါ = ငါ့ကို၊ **အနတ္တမနဝစနံ** = ကို၊ **တေန ဘိက္ခုနာ** = ထိုစောဒကရဟန်းသည်၊ **ဝုတ္တော** = ပြောဆိုအပ်သည်၊ **သမာနော** - သော်၊ **အနုတ္တမနော** = သည်၊ **အဟောသိ** = ဖြစ်ရပြီ။ [ငါစိတ်မချမ်းမသာ ဖြစ်ရပြီဟူလို] (**အဟံ** = သည်) **အနတ္တမနော** - သည်၊ **သမာနော** = သော်၊ **ပရေသံ** = သူတစ်ပါးတို့အား၊ **အာရောစေသိ** = ပြောကြားပြီ။

**ဣတိ** = ဤနည်းအားဖြင့်၊ **ဘဏ္ဍသ္မိံ** = ပစ္စည်းဥစ္စာ ဘဏ္ဍာကြောင့်၊ (အခွန်ကောက်ရာဌာနကို ရှောင်ရှား၍ သယ်ဆောင်အပ်သော ပစ္စည်းဥစ္စာကြောင့်) သုင်္က**ဒါယကံ** = အခွန်ပေးဆောင်ရမည့်သူထံသို့သာလျှင်၊ (အစ္စယော = အပြစ်သည်၊ အတိဂစ္ဆတိ ဣဝ = လွှမ်းဖိစီးနှင်း၍ ရောက်သကဲ့သို့၊ တထာ = ထို့အတူ)

