## PAGE 142

**တတ္ထ** = ထိုအဓိကရုဏ်း၌၊ **မမေဝ** (**မံဧဝ**) = ငါ့ထံသို့ သာလျှင်၊ **အစ္စယော** = သည်၊ **အစ္စဂမာ** = လွှမ်းဖိစီးနင်း၍ ဆိုက်ရောက်ပြီ၊ [သုင်္ကဒါယကံ + ဣဝ-ဟုဖြတ်။ **အစ္စဂမာ**ကိုပင် ဥပမာနဘက်၌ **အတိဂစ္ဆတိ**ဟု ပစ္စုပ္ပန် ဝိဘတ်ပြောင်း၍ ဆိုသည်] **ဣတိ** = သို့ (ပဋိသဉ္စိက္ခတိ = ၏) **ဘိက္ခဝေ** - တို့၊ **ဧဝံ ခေါ** - ဤသို့လျှင် ။ပ။ **ပစ္စဝေက္ခတိ** = ၏ ။ပ။

**စောဒကော** = အာပတ်ဖြင့် စွပ်စွဲစောဒနာသော၊ **ဘိက္ခု** = သည် ။ပ။ **အယံ ဘိက္ခု** = ဤရဟန်းသည် ။ပ။ **အဟံ** = ငါသည်၊ (ငါစောဒကရဟန်းသည်) **ဣမံ ဘိက္ခု** = ဤရဟန်းကို၊ (ဤအာပတ်သင့်သော ရဟန်းကို) ။ပ။ **ကာယေန** = ဖြင့်၊ **အာပဇ္ဇမာနံ** = ကို၊ **အဒ္ဒသံ** = မြင်ခဲ့ပြီ၊ **အယံ ဘိက္ခု** - သည် ။ပ။ **နော စေ အာပဇ္ဇေယျ** = ငြားအံ့၊ (ဧဝံ သတိ - သော်) **အဟံ** = ငါစောဒကရဟန်းသည်၊ ။ပ။ **န ပဿေယျံ** = မမြင်ရရာ၊ **စခေါ** = ဘဲ၊ **ယသ္မာ** = ကြောင့် ။ပ။ **အဒ္ဒသံ** = ပြီ၊ **အဟံ** = သည်၊ **ဣမံ ဘိက္ခု** = ကို ။ပ။ **ကာယေန** = ဖြင့်၊ **အာပဇ္ဇမာနံ** = ကို။

**ဒိသွာ စ ပန** = လျှင်၊ **အနတ္တမနော** = သည်၊ **အဟောသိ** = ဖြစ်ရလေပြီ၊ [ငါစိတ်မချမ်းမသာ ဖြစ်ရပြီဟူလို] **အဟံ** = ငါစောဒကရဟန်းသည်၊ **အနတ္တမနော** - သည်၊ **သမာနော** = သော်၊ **အနတ္တမနဝစနံ** = ကို၊ **ဣမံ ဘိက္ခု** = ဤအာပတ်သင့်သော ရဟန်းကို၊ **အဝစံ** = ပြောဆိုခဲ့ပြီ၊ **အယံ ဘိက္ခု** = ဤအာပတ်သင့်သော ရဟန်းသည်။ ဝါ = ကို၊ **အနတ္တမနဝစနံ** = ကို၊ **မယာ** = ငါစောဒကရဟန်းက၊ **ဝုတ္တော** ။ပ။ **အဟောသိ** = ဖြစ်ရပြီ၊ (**အယံ ဘိက္ခု** = သည်) **အနတ္တမနော** - သည်၊ **သမာနော** = သော်၊ **ပရေသံ** - တို့အား၊ **အာရောစေသိ** = ပြီ၊ **ဣတိ** = ဖြင့် ။ပ။ **မမေဝ** = ငါစောဒကရဟန်းထံသို့သာလျှင် ။ပ။

---

**၁၆။** **အထ ခေါ** = ထိုအခါ၌၊ **အညတရော** = တစ်ယောက်သော၊ **ဗြာဟ္မဏော** = ပုဏ္ဏားသည်၊ **ယေန** = အကြင်အရပ်၌၊ **ဘဂဝါ** = မြတ်စွာဘုရားသည်။ (**အတ္ထိ** = ရှိတော်မူ၏) **တေန** = (မြတ်စွာဘုရားရှိတော်မူရာ) ထိုအရပ်၌၊ ဝါ-သို့၊

**၁။ “ယေန”၌ ဝိဘတ်အနက်။** ။ **ယေန**၌ **နာ**-ဝိဘတ်သည် သတ္တမီအနက်ဟောတည်း။ (တနည်း) **ယေန** = အကြင်အမျိုးမျိုးသော ဂုဏ်ထူးတို့ကို ရလိုခြင်းကြောင့်၊ **ဘဂဝါ** = မြတ်စွာဘုရားအထံတော်သို့၊ (**ဒေဝမနုဿေဟိ** = နတ်လူတို့သည်၊ **ဥပသင်္ကမိတဗ္ဗော** = သွားရောက်သင့် သွားရောက်ထိုက်၏၊ ဝါ = ချဉ်းကပ်သင့် ချဉ်းကပ်ထိုက်၏။ **တေန** = ထိုနတ်လူတို့ သွားရောက်သင့်ကြောင်းဖြစ်သော အမျိုးမျိုးသော ဂုဏ်ထူးတို့ကို ရလိုခြင်းကြောင့်၊ (**ဘဂဝန္တံ** = မြတ်စွာဘုရားအထံတော်သို့) **ဥပသင်္ကမိ** = သွားရောက်၏။ ဝါ = ချဉ်းကပ်၏။

## PAGE 143

**ဥပသင်္ကမိ** = ရောက်လာ၏။ [ပစ္စုပ္ပန်အနက်တည်း] **ဥပသင်္ကမိတွာ** = ရောက်လာပြီး၍ [တနည်း - **ဥပသင်္ကမိ** = ရောက်လာပြီ၊ (အတိတ်အနက်တည်း) **ဥပသင်္ကမိတွာ** = နဂိုမူလရောက်အပ်ပြီးသော အရပ်ထက် နီးနီးကပ်ကပ် ရောက်လာပြီး၍] **ဘဂဝတာ** = မြတ်စွာဘုရားနှင့်၊ **သဒ္ဓိံ** = အတူတကွ၊ သမ္မောဒိ = ဝမ်းမြောက်စကား (ပြောဆို၏)။

“ဤသို့လည်း **နာ**-ဝိဘတ် ဟိတ်အနက်ဟောကြံ၍ ပါဠိသေသနှင့်တkွ အနက်ပေးနည်းကို အဋ္ဌကထာ ဖွင့်သေး၏။”

**၁။ ဥပသင်္ကမိပုဒ်အနက်။** ။ “**ယေနာဟံ တေနုပသင်္ကမိ**” ၌ကဲ့သို့ “**ဥပသင်္ကမိ** = ရောက်လာ၏”ဟု အနက်ပေးသည်၊ “ကပ်ရောက်၏၊ ချဉ်းကပ်၏”ဟူသော အနက်နှင့် သဘောတူပင်တည်း၊ **ဥပသင်္ကမိ**ပုဒ်ကို **ဂတော**, **ဥပဂတော** ဟu ဋ္ဌ၊ သံတို့ ဖွင့်သည့်အတိုင်း “သွား၏”ဟူသော ရိုးရိုးဂတိအနက်နှင့် “ရောက်လာ၏။ သွားရောက်၏”ဟူသော ပါပုဏနဂတိအနက် နှစ်မျိုးလုံးပင် ဤနေရာ၌ သင့်လျော်၏။ “**ယေန ဘဂဝါ တေနုပသင်္ကမ**” ဟုရှိရာ၌ကား “သွား, ကြွသွား”ဟူသော အနက်များ သင့်လျော်၏။

**၂။ သမ္မောဒိ, သမ္မောဒနီယံ, သာရဏီယံ။** ။ သမ္မောဒိ၌ **သံ**ဟူသော ဥပသာရသည် **သမ** (အညီအညွတ်ဟူသော) အနက်ကိုဟော၍ **မုဒ**ဓာတ်သည် **သံသန** (နှီးနှောခြင်း, ရောနှောခြင်း) အနက်ကို ဟော၏။ သို့သော် **သမ္မောဒနီယံ**၌ကား **သံ**သည် ဓာတုတ္ထာနုဝတ္တက ဖြစ်ပြီးလျှင် **မုဒ**ဓာတ်သည် ဝမ်းမြောက်ခြင်း ပါမောဇ္ဇအနက် ဟောဖြစ်၏။ **သမ္မောဒိတဗ္ဗာတိ သမ္မောဒနီယာ** (ဝမ်းမြောက်သင့်, ဝမ်းမြောက်ထိုက်သောစကား)။ **အနိယ** ပစ္စည်းဖြစ်၍ ဒီဃဖြင့်ရှိရ၏။ 

(တနည်း) **သမ္မောဒနံ ဇနေတီတိ သမ္မောဒနိကာ** (ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သောစကား)။ ထို့နောက် တဒ္ဓိတ် **ဏိက** ပစ္စည်း၏ **က**ကို **ယ**ပြု၍ ရဿဖြင့် **သမ္မောဒနိယာ**ဟု ဖြစ်၏။ ပထမနည်းကဲ့သို့ ဤဒီဃဖြင့်ပင် ရုပ်ပြီးနိုင်အောင် ဤ **ယ**ပစ္စည်း သက်လျှင်ပိုကောင်းသည်ဟု ယူဆသည်။ ဤနည်းအလို “**သမ္မောဒနီယံ** = ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော”ဟု အနက်ဆို။

**သရိတဗ္ဗာ အနုဿရိတဗ္ဗာတိ သာရဏီယာ** = အဖန်ဖန်အထပ်ထပ် အမှတ်ရသင့်သောစကား။ (**သရ + အနီယ**) ကာရိတ်ပစ္စည်း မပါ၍ ဝုဒ္ဓိမရောက်သောကြောင့် **သ**၌ **အ**ကို ဒီဃပြု။ **သရ**ဓာတ်သည် စိန္တာအနက်ဟောတည်း။ 

(တနည်း) ပဝတ္တန အနက်ဟောကြံ၍ “**သုစိရမ္ပိ ကာလံ သာရေတဗ္ဗာ နိရန္တရံ ပဝတ္တေတဗ္ဗာတိ သာရဏီယာ**” ဟုပြု။ (**သရ + ကာရိတ် ဏေ + အနီယ**)
## PAGE 144

တညီတညွတ်တည်း နှီးနှောမိပြီ၊ (ကျန်းမာသာရေး စသည်မေးကာ ညီညာဆိုပြော နှီးနှောမိပြီ)

**သမ္မောဒနိယံ**=ဝမ်းမြောက်သင့် ဝမ်းမြောက်ထိုက်သော။ **သာရဏီယံ** အဖန်ဖန်အထပ်ထပ် အမှတ်ရသင့်သော၊ **ကထံ**=စကားကို၊ **ဝိတိသာရေတွာ** ဧပြီးဆုံးစေပြီး၍၊ **ဧကမန္တံ** =သင့်လျော်သည့် တခုသောနေရာ၌၊ (ဝေး, နီး ရှေ့, နောက်၊ မြင့်မောက်, လေညာ၊ ခြောက်ဖြာထိုင်ခြင်း, အပြစ်ကင်းကွာ, တခုသောနေရာ၌) **ဝါ**=သင့်လျော်သည့် တခုသောနေရာ၌ ထိုင်ရာရောက် အောင်၊ **ဝါ**သင့်လျော်လျောက်ပတ်စွာ၊ **နိသီဒိ**=ထိုင်နေပြီ၊ **ဧက မန္တ** =၌၊ **ဝါ**= အောင်၊ **ဝါ**=စွာ၊ **နိသိန္နော**=ထိုင်နေပြီးသော၊ **သော ဗြာဟ္မဏော**=ထိုပုဏ္ဏားသည်၊

**ဘဂဝန္တံ**=မြတ်စွာဘုရားကို၊ **ဧတံ**ဤစကားကို၊ **အဝေါစ**=မေးလျှောက်ပြီ။ (ကိန္တိ=အဘယ်သို့၊ အဝေါစ=မေးလျှောက်သနည်းဟူမူ)

**ဘော ဂေါတမ**=အရှင်ဂေါတမ၊ **ယေန (ဟေတုနာ)**=အကြင်အကြောင်း ဟိတ်ကြောင့်၊ **ယေန (ပစ္စယေန)** အကြင်အကြောင်းပစ္စည်းကြောင့်၊ [အနက်တူ ဖြစ်သော ဟေတုနှင့် ပစ္စယပါဠိနှစ်ပုဒ်ကို အနက်တူမြန်မာပရိယာယ် နှစ်မျိုး လဲလှယ်ပြန်ဆိုနိုင်လျှင် သာ၍ ကောင်းမည်]

**ဣဓ**=ဤလောက၌၊ **ဧကစ္စ** = အချို့ကုန်သော၊ **မိဓေကစ္စေ**=ဣဓ+ဧကစ္စေ သတ္တာ သတ္တဝါတို့သည်၊ **ကာယဿ** =၏၊ [ဧကကနိပါတ် စာပိုဒ်-၄၃-ကြည့်] ။ပ။ **ဥပပဇ္ဇန္တိ**=ကုန်၏၊

**သော ဟေတု**=ထိုငရဲသို့ လားရောက်ခြင်း၏ အကြောင်းဟိတ်သည်၊ **ကော နုခေါ**= အဘယ်ပါနည်း၊ **သော ပစ္စယော**=ထိုငရဲသို့ လားရောက်ခြင်း၏ အကြောင်းပစ္စည်း သည်၊ **ကော**= အဘယ်ပါနည်း၊ **ဣတိ**=သို့ (အဝေါစမေးလျှောက်ပြီ)

**ဗြာဟ္မဏ**=ပုဏ္ဏား၊ **အဓမ္မစရိယာ+ဝိသမစရိယာ+ဟေတု**= မတရား သော အကုသိုလ်အမှုကို ပြuကျင့်ခြင်းဟု ဆိုအပ်သော+မမျှမတကျင့်ခြင်း ဟူသော+အကြောင်းကြောင့်၊ **ဝိသမံ စရိယာ**=မမျှမတကျင့်ခြင်း၊ (တနည်း) **ဝိသမဿ စရိယာ** မမျှတသော အလုပ်ကို ပြုလုပ်ခြင်းဟု အဋ္ဌကထာ၌ ဝစနတ္ထနှစ်မျိုး ပြ၏]

**ဧဝံ**=ဤသို့၊ **ဝါ**-ဤသင်မေးလျှောက်သည့်အတိုင်း၊ “**သာရဏီယံ**=အမြဲမသွေ ကြာမြင့်စွာ ဖြစ်တည်နေစေသင့်သော” ဟု အနက်ဆို။

**ဧကမန္တံ** ၌-**ဧက**=တခုသော+**အန္တ** (ကောဋ္ဌာသ) ဧ နေရာအရပ်အဖို့။ **ဧကသ္မိံ အန္တေ ယုတ္တပဒေသေတိ အတ္ထော**။ ဝိမတိဋီကာ၊ ပ-၆၇။

**ဧကမန္တန္တိ** ဘာဝန ပုံသကနိဒ္ဒေသော၊ **ဧကသ္မိံ ဌာနေ**၊ အတိသမျှ ဝါဒိကေ ဆ နိသဒေါသေ ဝဇ္ဇေတွာ **ဧကသ္မိံ ပဒေသတိ အတ္ထော**။ ဥဒါန်းအဋ္ဌကထာ၊ ၄၉။

