## PAGE 145

**ဣဓ**=၌ ။ပ။ **ဥပပဇ္ဇန္တိ**-၏၊ **ဣတိ** (အဝေါစ-မိန့်တော်မူပြီ)

**ဘော ဂေါတမ**၊ **ယေန(ဟေတုနာ)**-ကြောင့်။ပ။ **ဥပပဇ္ဇန္တိ**=၏၊ **သော ဟေတု**=ထိုနတ်ပြည်သို့ လားရောက်ခြင်း၏ အကြောင်းသည်၊ **ကော နုခေါ**=နည်း၊ **သော ပစ္စယော**= ထိုနတ်ပြည်.......ပစ္စည်းသည်၊ **ကော**= နည်း၊ **ဣတိ** (အဝေါစ)

**ဗြာဟ္မဏ**=ပုဏ္ဏား၊ **ဓမ္မစရိယာ သမစရိယာဟေတု** = ကုသိုလ်တရားကို ပြုကျင့်ခြင်းဟု ဆိုအပ်သော မျှတစွာ ကျင့်ခြင်းဟူသော အကြောင်းကြောင့် ။ပ။ [ဒသကနိပါတ် စာပိုဒ်(၂၂၀)အဓမ္မစရိယာသုတ်၌ ဟောတော်မူသည့်အတိုင်း အကုသလကမ္မပထ တရားဆယ်ပါးကို **အဓမ္မစရိယာ ဝိသမစရိယာ**ဟု ခေါ်၍ ကုသလကမ္မပထ တရားဆယ်ပါးကို **ဓမ္မစရိယာ သမစရိယာ**ခေါ်၏]

-

**ဘော ဂေါတမ**= အရှင်ဂေါတမ၊ **အဘိက္ကန္တ** =အလွန်လိုလား နှစ်သက် အပ်ပါပေ၏၊ **ဝါ**=အလွန်ကောင်းပါပေ၏၊ **ဘော ဂေါတမ**၊ **အဘိက္ကန္တံ** =၏၊

**၁။ အဘိက္ကန္တံ ဘော ဂေါတမ။** ။ ဤ၌ နောက်တနည်းအဖွင့်များကား--

**ဘော ဂေါတမ**=အရှင်ဂေါတမ။ (**ဝစနံ**=အရှင်ဂေါတမ၏ တရားစကားတော်ကို၊ **ဝါ**=သည်)**အဘိက္ကန္တ** =အလွန်လိုလား နှစ်သက်အပ်ပါပေ၏။ **ဝါ**= အလွန် ကောင်းပါပေ၏။

**ဘော ဂေါတမ**၊ (**ပသာဒနံ**=တရားစကားတော် ကြောင့် အကျွန်ုပ်၏ ကြည်ညိုခြင်းကို၊ **ဝါ**-သည်) **အဘိက္ကန္တံ**=၏၊ **ဝါ**=၏၊ ဤ နည်းကား အာမေဍိတ်မဟုတ်။ ရှေ့**အဘိက္ကန္တ** သဒ္ဒါဖြင့် တရားစကားတော်ကို ချီးကျူး၍ နောက်**အဘိက္ကန္တ** သဒ္ဒါဖြင့် မိမိ၏ ကြည်ညိုမှုကို ချီးကျူးသည်]

တနည်း- **ဘော ဂေါတမ**၊ (**ဝစနံ**=တရားစကားတော်သည်) **အဘိက္ကန္တံ** =ကိလေသာအပြစ်ကို ဖျက်ဆီးတတ်သည် အဖြစ်ကြောင့် အလွန် ကောင်းပါပေ၏။

**ဘော ဂေါတမ**၊ (**ဝစနံ**=သည်) **အဘိက္ကန္တ** သီလစသော ဂုဏ်တို့ကို ရစေနိုင်သည် အဖြစ်ကြောင့် အလွန်ကောင်းပါပေ၏။

တနည်း-**ဘော ဂေါတမ**၊ (**ဝစနံ**=သည်) **အဘိက္ကန္တံ**=သဒ္ဓါတရား ဖြစ်ပွားစေနိုင်သည် အဖြစ်ကြောင့် အလွန်ကောင်းပါပေ၏။

**ဘော ဂေါတမ**၊ (**ဝစန်**=သည်) **အဘိက္ကန္တပညာတရား** ဖြစ်ပွားစေနိုင်သည် အဖြစ်ကြောင့် အလွန်ကောင်းပါပေ၏။

ဤသို့ စသည်ဖြင့် အကြောင်းပြချက် နှစ်မျိုးစီ နှစ်မျိုးစီကို စိတ်ဖြင့် ရည်မှန်းကာ နှစ်ကြိမ်တိတိ မြွက်ဆိုအပ်သော **အဘိက္ကန္တ** သဒ္ဒါတို့ဖြင့် ပုဏ္ဏားသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကိုသာ ချီးကျူးသည်ဟု အဋ္ဌကထာ၌ နောက်တနည်း ဖွင့်ပြတော်မူ၏]

## PAGE 146

[ကြည်ညိုခြင်း,ချီးကျူးခြင်း ဖြစ်သောကြောင့် အဓိပ္ပါယ်တမျိုးတည်းကိုပင် နှစ်ကြိမ်ထပ်၍ မြွက်ဆိုအပ်သော အာမေဋိတ်စကားတည်း]

**ဘော ဂေါတမ**၊ **နိက္ကုဇ္ဇိတံ**=(တစုံတယောက်က) မှောက်၍ “ ထားအပ်သော အိုးခွက်ကို၊ **ဝါ** =(အလိုအလျောက်) မှောက်လျက်တည်နေသော အိုးခွက်ကို၊ **ဥက္ကုဇ္ဈေယျ သေယျထာပိ ဝါ**=လှန်ပြရာသကဲ့သို့ လည်းကောင်း၊

**ပဋိစ္ဆန္နံ**= မြက်သစ်ရွက် စသည်တို့ဖြင့် ဖုံးအုပ်ထားအပ်သော အရာဝတ္ထုကို၊ **ဝိဝရေယျ သေယျထာပိ ဝါ**=ဖွင့်ဖော်ပြရာသကဲ့သို့ လည်းကောင်း၊

**မူဠဿ** အရပ်မျက်နှာတို့၌ တွေဝေ နေသူအား၊ **ဝါ**=မျက်စိလည် လမ်းမှားနေသူအား **မဂ္ဂ**=လမ်းမှန်ကို၊ **အာစိက္ခေယျ သေယျထာပိ ဝါ**=ပြောပြရာ သကဲ့သို့ လည်းကောင်း၊

“**စက္ခုမန္တော**=မျက်စိရှိသော သူတို့သည်၊ **ရူပါနိ**=အရောင်အဆင်းတို့ကို၊ **ဝါ**=မြင်စရာဟူသမျှတို့ကို၊ **ဒန္တိ** [OCR_UNCERTAIN]=မြင်ကြရကုန်လိမ့်မည်” **ဣတိ**=ဤသို့ ကြံစည်၍၊

**အန္ဓကာရေ**=အမိုက်မှောင်၌၊ (တောကြီးမြိုင်အုပ်, လဆုတ်ဆယ့်လေး, တိမ်မြှေးဖုံးကာ, သန်းခေါင်ခါဟု လေးဖြာစုံခိုက် အမိုက်တိုက်၌) **တေလပဇ္ဇောတံ**=ဆီမီးတန်ဆောင် အလင်း ရောင်ကို၊ **ဓာရေယျ သေယျထာပိ ဝါ**=ညှိထွန်းဆောင်ပြရာသကဲ့သို့လည်းကောင်း။

**ဧဝမေဝံ**=ဤအတူပင်၊ **ဘောတာ ဂေါတမေန**=အရှင်ဂေါတမသည်၊ **အနေကပရိယာယေန**=များစွာသော နည်းပရိယာယ်ဖြင့်၊ **ဓမ္မော**=တရားတော်ကို၊ **ပကာသိတော**=ထင်ရှားပြတော်မူအပ်ပါပြီ၊

**ဧသာဟံ (ဧသော အဟံ)**= ထို အကျွန်ုပ်သည်၊ **ဘဝန္တံ ဂေါတမံ**=အရှင်ဂေါတမကို၊ **သရဏံ**- ကိုးကွယ် အားထားရာ ဟူ၍၊ (ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍) **ဂစ္ဆာမိ**= ဆည်းကပ်ပါ၏၊ **ဝါ**-သဘောပေါက်သိမြင်ပါ၏။

**ဓမ္မဉ္စ**=ဆယ်ပါးသော တရား တော်ကိုလည်းကောင်း၊ **ဘိက္ခုသံဃဉ္စ**=ရှစ်ပါးသော အရိယာရဟန်းတော်အပေါင်း ကိုလည်းကောင်း၊ (**သရဏံ**=၍၊ **ဂစ္ဆာမိ**=၏)

**အဇ္ဇတဂ္ဂေ** ’ယနေ့ကို အစပြု၍၊

**၁။ အဇ္ဇတဂ္ဂေ၊ အစ္စတွေ။** ။ “**အဇ္ဇန္တိ အဣစ္စေဝ အတ္တော**”ဟု တာပစ္စည်း၏ အနက်ကို ဝေဖြင့် ပယ်မြစ်လျက် ဋီကာဖွင့်ထား၏။ ထို့ ကြောင့် အဋ္ဌကထာ၌ “**အစ္စတန္တိ အဇ္ဇဘဝံ**”ဟု (ဘ)၌ ရဿဖြင့်ရှိသော သီဟိုဠ်မူသာ ပါဌ်မှန် ဖြစ်သင့်၏။ **အဇ္ဇဘဝန္တိ အသိ အဟနိ ပဝတ္တံ ပသာဒါဒီဟိ** ဟူသော ဝိမတိဋီကာ၊ (ပ-၈၈)၌လည်း ဘဝ၏ ပရိယာယ် ပဝတ္တပုဒ်ဖြင့် ဖွင့် ၏။ ထိုအဖွင့်ဖြင့် “ယနေ့ကို အစပြု၍”ဟူရာ၌ “ယနေ့ ကြည်ညိုမှု ဖြစ်
## PAGE 147

[**အဇ္ဇတံ+အဂ္ဂေ**"ဟု ပုဒ်ဖြတ်၍ "အဇ္ဇတံ-ယနေ့ကို၊ ဝါ=ယနေ့၌ဖြစ်သော ကြည်ညိုမှု စသည်ကို၊ အဂ္ဂေ=အဦးအစကို ကတွာ=ပြု၍"ဟု ကတွာပုဒ်ထည့်ကာ သေချာစွာ အနက်ဆိုနိုင်၏] 

**ပါဏုပေတံ** = အသက်တို့ဖြင့် ဆည်းကပ်လျက်၊ ဝါ = အသက်ထက်ဆုံး ဆည်းကပ်လျက်၊ 

**သရဏံ** = ၍၊ 

**ဂတံ** = သဘောပေါက် သိမြင်သော ဥပါသကံ = သီတင်းသည် ဒါယကာဟူ၍၊ မံ = အကျွန်ုပ်ကို၊ **ဘဝံ ဂေါတမော** = အရှင်ဂေါတမသည်။ **ဓာရေတု** = အသိအမှတ် ပြုတော်မူပါ၊ ဣတိ = ဤသို့ (အဝေါစ = လျှောက်ပြီ)

**၁၇။** အထခေါ-၌၊ **ဇာဏုသောဏိ** = ဇာဏုသောဏိမည်သော၊ (ဇာဏုသောဏိပုရောဟိတ် ရာထူးရှိသော အမျိုး၌လည်း ပေါက်ဖွား၍ ဘုရင့်ထံမှ ဇာဏုသောဏိမည်သော ပုရောဟိတ်ရာထူးကိုလည်း ရရှိသည် အဖြစ်ကြောင့် ဇာဏုသောဏိမည်သော) **ဗြာဟ္မဏော**  = ပုဏ္ဏားသည်။ ပ။ 

**သော ပစ္စယော** = သည်၊ **ကော** = နည်း၊ ဣတိ (အဝေါစ = မေးလျှောက်ပြီ) 

**ဗြာဟ္မဏ** = ပုဏ္ဏား၊ **ကတတ္တာ စ** = ပြုလုပ်အပ်ခဲ့သည် အဖြစ်ကြောင့် လည်းကောင်း၊ 

**အကတတ္တာ စ** = မပြုလုပ် အပ်ခဲ့သည် အဖြစ်ကြောင့်လည်းကောင်း၊ ဧဝံ = ဤသို့၊ ဝါ = ဤသင် မေးလျှောက်သည်မှစ၍"ဟု အဓိပ္ပာယ် ယူစေလို၏။ ပါရာဇိကဏ် အဋ္ဌကထာ၌လည်း **ဝုတ္တံ ဟောတိ** ဟုပင် ပါသေး၏။ 

ထို့ကြောင့် "**အဇ္ဇဘဝံ**"ဟူသော အဋ္ဌကထာ အဖွင့်သည်လည်း တာပစ္စည်း၏ အနက်ဖွင့်မဟုတ်။ အဇ္ဇတံ၏ အဓိပ္ပာယ်ဖွင့် သက်သက်သာတည်း။ 

သီလက္ခန် ဋီကာသစ်၊ ဒု၊ ၁၉၁-၌ကား **အဇ္ဇဘာဝံ**ဟူသော ဒီဃဖြင့် ရှိသော ပါဌ်ကို အတည်ပြု၍ တာပစ္စည်း အနက်ရှိအောင် ကြံကာ "**အဇ္ဇတံ**-ယနေ့၏အဖြစ်ကို၊ ဝါ=ယနေ့ထင်ရှား ရှိသည်အဖြစ်ကို"ဟု အနက် ပေးရန် ဖွင့်ပြထား၏။

ထိုဋီကာသစ် မည်သို့ပင် ဖွင့်စေကာမူ တာပစ္စည်းအနက် မရှိကြောင်း အခိုင်လုံဆုံး သာဓကကား "**အန္ဓတာတိ အဇ္ဇာတိပဒဿ ဝဍ္ဎနမတ္တံ ဟေတ္ထ တာသဒ္ဓေါ၊ ယထာ ဒေဝတာတိ**--ဟူသော သံယုတ်ဋီကာ၊ ပ-၁၇၄-တည်း။

ဒအာဂုံဖြင့် **အဂ္ဂ**ဟူသော မူကွဲပါဠိကိုကား "**အဇ္ဇ**-ယနေ့ကို၊ **အဂ္ဂေ**=အဦးအစကို၊ ကတွာ=ပြု၍"ဟု အနက်ဆိုပါ။ အဂ္ဂေ၌ ဒုတိယာ အံဝိဘတ်ကို ဧပြု၊ တနည်းအားဖြင့် ဒုတိယာဧကဝုစ် အံဝိဘတ်ကို ဗဟုဝုစ်ယောဝိဘတ်သို့ ပြောင်းလဲကာ ထိုယောဝိဘတ်ကိုပင် ဧပြုခြင်းအားဖြင့် ဧကဝုစ်မှ ဗဟုဝုစ်သို့ ပြောင်းလဲမှု ဝစနဝိပလ္လာသဟု ကြံပါ။

