## PAGE 148

သည့်အတိုင်း ။ပ။ **ဥပပဇ္ဇန္တိ** = ကုန်၏၊ ဣတိ (အဝေါစ = မိန့်တော်မူပြီ)

**ဂေါတမ** = မ၊ **ပန** = ထိုမှတပါး၊ **ယေန (ဟေတုနာ)** = ကြောင့်။ ပ။ 

**သော ပစ္စယော** = သည်၊ **ကော** = နည်း၊ ဣတိ (အဝေါစ) 

**ဗြာဟ္မဏ**  = ပုဏ္ဏား၊ **ကတတ္တာ စ** = လည်းကောင်း 

**၈၀။** **ဥပပဇ္ဇန္တိ** = ၏၊ ဣတိ (အဝေါစ = မိန့်တော်မူပြီ) 

**ဘော ဂေါတမဿ** = အရှင်ဂေါတမ၏၊ ဝါ = သည်၊ **သံခိတ္တေန** = အကျဉ်းချုပ် အားဖြင့်၊ **ဘာသိတဿ** = ဟောပြအပ်ပြီး၍၊ **ဝိတ္ထာရေန** = အကျယ်တဝင့် အားဖြင့်၊ **အတ္ထံ** = အနက်အဓိပ္ပာယ်ကို၊ **အဝိဘတ္တဿ** = မခွဲဝေအပ်သော၊ ဣမဿ = ဤ တရားစကား၏၊ **ဝိတ္ထာရေန** = ဖြင့်၊ **အတ္ထံ** = ကို၊ **အဟံ** = အကျွန်ုပ်သည်၊ **န ခေါ ဇာနာမိ** = မသိနိုင်ပါ၊ သာဓု တောင်းပန်ပါ၏၊ **ယထာ** = အကြင် အခြင်းအရာ အားဖြင့်၊ (**ဒေသိယမာနေ** = ဟောပြအပ်လသော်) 

**ဘောတော ဂေါတမဿ** = ၏၊ ဝါ = သည်၊ **သံခိတ္တေန** ။ပ။ **အဟံ** - သည်၊ **အာဇာနေယျ** = သိနိုင်ရာ၏၊ **တထာ** = ထို (အကျွန်ုပ်သိနိုင်လောက်သော) အခြင်းအရာအားဖြင့်၊ **ဘဝံဂေါတမော** = အရှင်ဂေါတမသည်၊ **မေ** - အကျွန်ုပ်အား၊ **ဓမ္မံ** = တရားကို၊ **ဒေသေတု** = ဟော တော်မူပါ၊ ဣတိ = ဤသို့၊ (အဝေါစ = လျှောက်ပြီ)

**ဗြာဟ္မဏ** = ပုဏ္ဏား၊ **တေနဟိ** = (အကျယ်တဝင့် ဟောဖို့ရန်) - ထိုသို့ အသင်တောင်းပန်ခြင်းကြောင့်၊ (တနည်း) **တေနဟိ** = ငါတိုက်တွန်း၏၊ [ဥယျောဇနတ္ထနိပါတ်တည်း] (**တွံ** = သင်သည်၊ **ဣမံ ဓမ္မံ** = ဤတရားကို) **သာဓုကံ** = ကောင်းစွာ၊ [သုန္ဒရအနက်တည်း] ဝါ = စွဲစွဲမြဲမြဲ (မှတ်မှတ်သားသား) [ ဋီ">ဒဠှီကမ္မ အနက်တည်း] 

ဝါ = ငါ၏ စေခိုင်းတိုက်တွန်းခြင်းဖြင့် [အာဏတ္တိအနက်] **သုဏာဟိ** = နာယူလော၊ **မနသိ** = စိတ်နှလုံး၌၊ **ကရောဟိ** = သွင်းပိုက်ထားလော။ [သီလက္ခန် အဋ္ဌကထာ၌ ပါဌသေသ ထည့်စွက်၍ နောက်တနည်း အနက်ဖွင့်များ ရှိသေး၏။ ဤနေရာ၌မူ ဤသုတ်အဋ္ဌကထာ၌လည်း မဖွင့်၊ လိုအပ်သည်ဟုလည်း မထင်၍ ချန်ထားခဲ့တော့အံ့] 

**ဘာသိဿာမိ** = ငါဟောကြားအံ့၊ ဣတိ = ဤသို့ (အဝေါစ = မိန့်တော်မူပြီ) 

**ဘော** = အိုအရှင်၊ **ဧဝံ** = ကောင်းပါပြီ၊ **ဣတိခေါ** - ဤသို့လျှင် ပါ။ **ဘဂဝတော** = မြတ်စွာဘုရား၏။ (**ဝစနံ** = စကားတော်ကို) **ပစ္စာသိ** = ပြီ။ ဝါ = ပြီ။ ပ။ 

**ဗြာဟ္မဏ**  = ပုဏ္ဏား၊ **ဣဓ** = ဤလောက၌၊ **ဧကစ္စဿ** - သည်၊ [စာပိုဒ် ၃ နှင့် ၄ ကြည့်] ပ။ 

**ဗြာဟ္မဏ** = ပုဏ္ဏား၊ **ဧဝံခေါ** = ဤသို့ ငါဟောပြအပ်သည့် အတိုင်းပင်၊ **ကတတ္တာ စ** ။ပ၊ **ဗြာဟ္မဏ** = ပုဏ္ဏား၊ **ပန** = ထိုမှတပါး၊  ခံ">ဣဓ = ၌

## PAGE 149

**၁၈။** **အထခေါ** = ထိုအခါ၌၊ **အာယသ္မာ အာနန္ဒော** = အရှင်အာနန္ဒာသည် ။ပ။ **ဘဂဝန္တံ** = မြတ်စွာဘုရားကို။ **အဘိဝါဒေတွာ** - ရိုသေစွာ ရှိခိုးပြီး၍ ။ပ။ 

**နိသိန္န** = ထိုင်နေပြီးသော၊ အာယသ္မန္တံ အာနန္ဒ = အရှင်အာနန္ဒာကို၊ **ဘဂဝါ** = သည်၊ **ဧတံ** - ဤတရားစကားကို၊ **အဝေါစ** (**ကိန္တိ** = သို့၊ အဝေါစ = မူ) 

**အာနန္ဒ** = အာနန္ဒာ၊ **ကာယဒုစ္စရိတံ** = ကိုလည်းကောင်း ။ပ။ **မနောဒုစ္စရိတံ** = ကိုလည်းကောင်း၊ **ဧကံသေန** = တခုသော အဖို့အားဖြင့်။ ဝါ = ဧကန်စင်စစ်အားဖြင့် [ဧက+အံသ] **အကရဏီယံ** = မပြုသင့်ဟူ၍၊ **အဟံ** = ငါသည်၊ **ဝဒါမိ** = မိန့်ဆို၏၊ ဣတိ (အဝေါစ = မိန့်) 

**ဘန္တေ** = အရှင်ဘုရား၊ **ယမိဒံ (ယံ ဣဒံ) ကာယဒုစ္စရိတံ** = အကြင်ကာယ ဒုစ္စရိတ်အကုသိုလ်ကိုလည်းကောင်း၊ **ယမိဒံ ဝစီဒုစ္စရိတံ** = လည်းကောင်း၊ **ယမိဒံ မနောဒုစ္စရိတံ** = လည်းကောင်း၊ **ဧကံသေန** = ဖြင့်၊ **အကရဏီယံ** = ၍၊ **ဘဂဝတာ** = မြတ်စွာဘုရားသည်၊ **အက္ခာတံ** - ဟောကြားတော်မူအပ်ပါပြီ၊ 

**အကရဏီယေ** = မပြုသင့် မပြုထိုက်သော၊ တသ္မိံ = ထိုဒုစရိုက် အကုသိုလ်ကို၊ **ကယိရမာနေ** = ပြုအပ်လသော်၊ **ကော** = အဘယ်မည်သော၊ **အာဒီနဝေါ** - အပြစ်ကို၊ ဝါ = သည် ဋိ, thiếu င်္ခါ">ပါဋိကင်္ခါ - အလိုရှိအပ်ပါသနည်း၊ ဝါ = မလွဲမသွေ ဖြစ်ပါမည်နည်း၊ ဣတိ (အဝေါစ = လျှောက်ပြီ)

**အာနန္ဒ** = အာနန္ဒာ၊ **ယမိဒံ ကာယဒုစ္စရိတံ** = ကိုလည်းကောင်း **အကရဏီယံ** = ၍၊ **မယာ** = ငါသည်၊ **အက္ခာတံ** = ပြီ။ ပ။ 

**အယံ အာဒိနဝေါ** = ဤဆိုလတ္တံ့သော အပြစ်ကို၊ ဝါ = သည်၊ **ပါဋိကင်္ခါ** - အလိုရှိအပ်၏၊ ဝါ = မလွဲမသွေ ဖြစ်လိမ့်မည်၊ **အတ္တာပိ** = မိမိသည်လည်း၊ **အတ္တာနံ** = မိမိကိုယ်ကို၊ **ဥပဝဒတိ** = စွပ်စွဲ၏၊ 

**ဝိညူ** = ပညာရှိတို့သည်။ **အနုဝိစ္စ** = သိမြင်ကုန်၍၊ ဝါ = ဝင်ရောက်စွက်ဖက် ကုန်၍၊ **ဂရဟန္တိ** = ကဲ့ရဲ့ကုန်၏။ 

**ပါပကော** = ယုတ်ညံ့သော၊ **ကိတ္တိသဒ္ဓေါ** = ကဲ့ရဲ့ပြောဆိုအပ်သော သတင်းစကားသံသည်။ **အဗ္ဗုဂ္ဂစ္ဆတိ** = ကျော်လွှမ်းပျံ့နှံ့၍ တက်၏။ 

**သမ္မုဋ္ဌော** = တွေဝေလျက်၊ **ကာလံ** = သေခြင်းကို ကရောတိ - ပြု၏။ [သေခါနီး၍ အိပ်ရာထဲ လဲနေစဉ် ရာပေါင်းများစွာသော ဓားလှံတို့ဖြင့် ထိုး ခုတ်ခံနေရသလို ငရဲဂତିနိမိတ်တွေ ထင်လာခြင်းကြောင့် ကယ်ပါ ကယ်ပါဟု ကြောက်လန့်စွာ ကယောင်ကယမ်း အော်မြည်တမ်းလျက် သေရသည်ဟူလို]

**ဃ။** **အယံ အာဒီနဝေါ** = ဤဆိုအပ်ပြီးသော အပြစ်ကို၊ ဝါ = သည်၊ ပါဋိကင်္ခါ = ၏၊ ဣတိ (အဝေါစ = မိန့်) ။ပ။ 

**ကရဏီယံ** = ပြုသင့်ပြုထိုက်၏ဟု ။ပ။ 

**ကရဏီယေ** = ပြုသင့်ပြုထိုက်သော၊ တသ္မိံ = ထိုသုစရိုက် ကုသိုလ်ကို။ ပ။ **အာနိသံသော** = အကျိုးအာနိသင်ကို၊ ဝါ = သည်။ ပ။ **န ဥပဝဒတိ** = မစွပ်စွဲ။ ပ။ **ပသံသန္တိ** = ချီးမွမ်း
## PAGE 150

ကြကုန်၏၊ **ကလျာဏော** = ကောင်းသော၊ **ကိတ္တိသဒ္ဓေါ** = ချီးမွမ်းပြောဆိုအပ်သော သတင်းစကားသံသည်။ပ။ **အသမ္မုဋ္ဌော** = မတွေဝေဘဲ။ပ။

**၁၉။** **ဘိက္ခဝေ** = ရဟန်းတို့၊ **အကုသလံ** = အကုသိုလ်ကို၊ **ပဇဟထ** = ပယ်စွန့်ကြကုန်လော။ **ဘိက္ခဝေ** = ရဟန်းတို့၊ **အကုသလံ** = အကုသိုလ်ကို၊ ဝါ = အကုသိုလ်သည်။ **ပဇဟိတုံ** = ပယ်စွန့်ခြင်းငှာ၊ **သက္ကာ** = တတ်စွမ်းနိုင်၏။ [ပယ်စွန့်လျှင် ဖြစ်နိုင်သည်။ ပယ်စွန့်လို့ရသည်ဟူလို] **ဘိက္ခဝေ** = ရဟန်းတို့၊ **ဣဒံ အကုသလံ** = ဤအကုသိုလ်ကို၊ **ပဇဟိတုံ** = ပယ်စွန့်ခြင်းငှာ၊ **သက္ကာ** = တတ်စွမ်းနိုင်သည်။ 

**နော စ အဘဝိဿ** = အကယ်၍ မဖြစ်ငြားအံ့၊ **အကုသလံ ဘိက္ခဝေ ပဇဟထာတိ** = ရဟန်းတို့ အကုသိုလ်ကို ပယ်စွန့်ကြဟူ၍၊ **ဧဝံ** = ဤသို့၊ **အဟံ** = ငါသည်။ **န ဝဒေယျံ** = မဟောရာပါ၊ **ဘိက္ခဝေ** = ရဟန်းတို့၊ **ယသ္မာ** = အကြင့်ကြောင့်။ **စ** = ခေါ်အမှန်တကယ်ပင်၊ **အကုသလံ** = အကုသိုလ်ကို၊ **ပဇဟိတုံ** = ပယ်စွန့်ခြင်းငှာ၊ **သက္ကာ** = တတ်စွမ်းနိုင်၏။ 

**တသ္မာ** = ထို့ကြောင့်၊ **အကုသလံ ဘိက္ခဝေ ပဇဟထာတိ** = ရဟန်းတို့ အကုသိုလ်ကို ပယ်စွန့်ကြဟူ၍၊ **ဧဝံ** = ဤသို့၊ **အဟံ** = ငါသည်။ **ဝဒါမိ** = ဟောပါ၏။ 

**ဘိက္ခဝေ** = ရဟန်းတို့၊ **စ** = ထိုမျှမကသေး၊ **ဣဒံ အကုသလံ** = ဤအကုသိုလ်သည်၊ **ပဟိနံ** = ပယ်အပ်ပြီးသည်။ (**သမာနံ** = ဖြစ်လသော်) **အဟိတာယ** = စီးပွားမဲ့ အလို့ငှာလည်းကောင်း၊ **ဒုက္ခာယ** = ဆင်းရဲခြင်းငှာလည်းကောင်း၊ **သံဝတ္တေယျ** = ဖြစ်လေရာငြားအံ့။ပ။ **ဟိတာယ** = စီးပွားအလို့ငှာလည်းကောင်း၊ **သုခါယ** = ချမ်းသာခြင်းငှာလည်းကောင်း၊ **သံဝတ္တတိ** = ဖြစ်၏၊ **ဘာဝေထ** = ဖြစ်ပွားစေကုန်လော။ပ။ 

**ဘာဝေတုံ** = ဖြစ်ပွားစေခြင်းငှာ။ပ။ **ဣဒံ ကုသလံ** = ဤကုသိုလ်ကို၊ ဝါ = ဤကုသိုလ်သည်၊ **ဘာဝေတုံ** = ဖြစ်ပွားစေခြင်းငှာ၊ **သက္ကာ** = တတ်စွမ်းနိုင်သည်၊ **နော စ အဘဝိဿ** = အကယ်၍ မဖြစ်ငြားအံ့၊ **ကုသလံ ဘိက္ခဝေ ဘာဝေထာတိ** = ရဟန်းတို့ ကုသိုလ်ကို ဖြစ်ပွားစေကြဟူ၍၊ **ဧဝံ** = ဤသို့၊ **အဟံ** = ငါသည်၊ **န ဝဒေယျံ** = မဟောရာပါ။ပ။ 

**ဘိက္ခဝေ** = ရဟန်းတို့၊ **စ** = ထိုမျှမကသေး၊ **ဣဒံ ကုသလံ** = ဤကုသိုလ်သည်၊ **ဘာဝိတံ** = ဖြစ်ပွားစေအပ်ပြီးသည်၊ (**သမာနံ** = ဖြစ်လသော်)။ပ။

**၂ဝ။** **ဘိက္ခဝေ** = ရဟန်းတို့၊ **ဒွေ** = နှစ်မျိုးကုန်သော၊ **ဣမေ ဓမ္မာ** = ဤတရားသဘောတို့သည်။ **သဒ္ဓမ္မဿ** = သူတော်ကောင်းတရားဟူသော သာသနာတော်၏၊ **သမ္မောသာယ** = မေ့ပျောက်ပျက်စီးခြင်းငှာ၊ **အန္တရဓာနာယ** = ကွယ်ပခြင်းငှာ၊ **သံဝတ္တန္တိ** = ဖြစ်ကုန်၏၊ **ဒွေ** = နှစ်မျိုးတို့ဟူသည်၊ **ကတမေ** = အဘယ်နှစ်မျိုးတို့နည်း၊ **ဒုက္ခိက္ခိတ္တံ** = (ရှေ့နောက်အစဉ်လွဲမှား) မကောင်းသဖြင့် စိတ်၌မှတ်သားထားအပ်သော၊ **ပဒဗျဉ္ဇနံ စ** = ပုဒ်ဗျည်းဟူသောပါဠိလည်းကောင်း၊ ဝါ = အနက်ကို ထင်ရှား ဖော်ပြတတ်သော ပါဠိပုဒ်လည်းကောင်း၊ **ဒု** = မကောင်းသဖြင့် + **နိက္ခိတ္တ** = မှတ်သားထားအပ်သော + **ဗျဉ္ဇန** = အနက်ကို ထင်ရှားဖော်ပြတတ်သော + **ပဒ** = ပုဒ်၊ ပါဠိ

