## PAGE 151

**ဒုန္နီတော** = (ရှေ့နောက်အစဉ်လွဲမှား) မကောင်းသဖြင့် စိတ်၌ ဆောင်ကပ် မှတ်ထားအပ်သော၊ **အတ္ထော စ** = အနက် အဓိပ္ပါယ်လည်းကောင်းတည်း။ [အဋ္ဌကထာဟူသော အကျယ်ဖွင့်ပြချက် အနက် အဓိပ္ပါယ်လည်းကောင်းတည်း] 

**ဘိက္ခဝေ** = ရဟန်းတို့၊ **ဒုက္ခိက္ခိတ္တဿ** = မကောင်းသဖြင့် စိတ်၌မှတ်သားထားအပ်သော၊ **ပဒဗျဉ္ဇနဿ** = ပုဒ်ဗျည်းဟူသောပါဠိ၏။ **အတ္ထောပိ** = အနက်အဓိပ္ပါယ်သည်လည်း၊ ဝါ = အနက်အဓိပ္ပါယ်ကိုလည်း၊ **ဒုန္နယော** = ခက်ခဲစွာ ထုတ်ဆောင် ဖွင့်ဆိုအပ်သည်၊ ဝါ = ထုတ်ဆောင်၍ မဖွင့်ဆိုနိုင်တော့သည်၊ **ဟောတိ** = ဖြစ်၏၊ 

[ပါဠိတော်ပုဒ်များကို ရှေ့နောက်ပြောင်းပြန်ပြန်ကာ အစဉ်လွဲမှားစွာ နှုတ်တက်ကျက်မှတ်ထားသောကြောင့် ပါဠိတော်၏ ဆိုလိုရင်း အနက် အဓိပ္ပါယ် (အဋ္ဌကထာ) ကို ခက်ခဲစွာဖွင့်ဆိုရ၏၊ သို့မဟုတ် လုံးဝသော်လည်း မဖွင့်ဆိုနိုင်တော့ဟူလို။ ဤအဋ္ဌကထာ၊ နှာ-၂၄ နှင့် ၃၄၂ တို့နှင့်အညီ **ဒုန္နယ**၌ **နီ**ဓာတ်သည် **နီဟရဏ** အနက်ဟောတည်း၊ **ဒုက္ခေန နေတဗ္ဗော နိဟရိတွာ ကထေတဗ္ဗောတိ ဒုန္နယော**။ တနည်း - **နေတဗ္ဗော နီဟရိတွာ ကထေတုံ သတ္တုဏေယျောတိ နယော၊ န နယော ဒုန္နယော**-ဟု ဝိဂြိုဟ်ပြု။ ကစ္စည်းသဒ္ဒါကြီး၌ကား **နိ**ဓာတ်ကို သိခြင်းအနက် ဖွင့်ကြ၏] 

**ဘိက္ခဝေ** = ရဟန်းတို့၊ **ဒွေ** = နှစ်မျိုးကုန်သော၊ **ဣမေ ဓမ္မာ** = ဤတရားသဘောတို့သည်။ပ။

**၂၁။** **ဌိတိယာ** = တည်တံ့ခြင်းငှာ၊ **အသမ္မောသာယ** = မမေ့ပျောက်ခြင်းငှာ၊ **အနန္တရဓာနာယ** = မကွယ်ပခြင်းငှာ။ပ။ **သုနိက္ခိတ္တံ** = ကောင်းမွန်မှန်ကန်စွာ စိတ်၌မှတ်သားထားအပ်သော၊ **ပဒဗျဉ္ဇနံ စ** = ပုဒ်ဗျည်းဟူသောပါဠိလည်းကောင်း၊ **သုနီတော** = ကောင်းမွန်မှန်ကန်စွာ စိတ်၌ဆောင်ကပ် မှတ်ထားအပ်သော၊ **အတ္ထော စ** = လည်းကောင်းတည်း။ပ။ **သုနယော** = လွယ်ကူစွာ ထုတ်ဆောင်ဖွင့်ဆိုအပ်သည်၊ **ဟောတိ** = ၏။ပ။ 

#### ဒုတိယော အဓိကရဏဝဂ္ဂေါ
**ဒုတိယော** = နှစ်ခုမြောက်သော၊ **အဓိကရဏဝဂ္ဂေါ** = အဓိကရဏဝဂ်တည်း။

### ၃ ဗာလဝဂ်

**၂၂။** **ဘိက္ခဝေ** = ရဟန်းတို့၊ **ဗာလာ** = မိုက်သောသူတို့သည်၊ **ဣမေ ဒွေ** = ဤနှစ်ဦးတို့တည်း ။ပ။ 

**ယော** = အကြင်ပုဂ္ဂိုလ်သည်၊ **အစ္စယံ** = အပြစ်ကို၊ **အစ္စယတော** = အပြစ်ဟူ၍၊ **န ပဿတိ** = မမြင်၊ (သော စ = ထိုပုဂ္ဂိုလ်လည်းကောင်း) **ယော** = အကြင်ပုဂ္ဂိုလ်သည်၊ **အစ္စယံ** = ကို၊ **ဒေသေန္တဿ** = ဖွင့်ဟဝန်ခံ တောင်းပန်သောသူအား (ဖွင့်ဟဝန်ခံကာ ဒဏ်ထမ်းလျက် တောင်းပန်ကန်တော့သူအား) **ယထာဓမ္မံ** = ဟုတ်မှန်သော သဘောအားလျော်စွာ၊ **နပ္ပဋိဂ္ဂဏှာတိ** = လက်မခံ၊ ဝါ = သည်းမခံ ခွင့်မလွှတ်၊ (သော စ = ထိုပုဂ္ဂိုလ်လည်းကောင်းတည်း) **ဘိက္ခဝေ** 

## PAGE 152

= ရဟန်းတို့၊ **ဗာလာ** = မိုက်သောသူတို့သည်၊ **ဣမေ ဒွေ** = ဤနှစ်ဦးတို့တည်း။ **ဣတိ** = ဤသို့၊ (**အဝေါစ**) 

**ဘိက္ခဝေ** = ရဟန်းတို့၊ **ပဏ္ဍိတာ** = ပညာရှိ သူတော်ကောင်းတို့သည် ။ပ။ **ပဿတိ** = မြင်၏။ပ။ **ပဋိဂ္ဂဏှာတိ** = လက်ခံ၏။ ဝါ = သည်းခံခွင့်လွှတ်၏။ပ။

**၂၃။** **ဘိက္ခဝေ** = ရဟန်းတို့၊ **ဣမေ ဒွေ** = ဤနှစ်ဦးသော ပုဂ္ဂိုလ်တို့သည်။ **တထာဂတံ** = မြတ်စွာဘုရားကို၊ **အဗ္ဘာစိက္ခန္တိ** = လွှမ်းဖိ၍ ပြောဆိုကြကုန်၏။ ဝါ = မဟုတ်မမှန်ပြောဆိုကြကုန်၏။ပ။ 

**ဒုဋ္ဌော** = ဒေါသသည် ဖျက်ဆီးအပ်သော၊ **ဒေါသန္တရော** = စိတ်အတွင်း၌ သက်ရောက်ကိန်းအောင်းသော ဒေါသရှိသော၊ ဝါ = ဒေါသနှင့်ယှဉ်သော စိတ်ရှိသော၊ (**ပုဂ္ဂလော ဝါ** = ပုဂ္ဂိုလ်လည်းကောင်း) 

[**အန္တရေ အဗ္ဘန္တရေ ပတိတော ဒေါသော ယဿာတိ ဒေါသန္တရော၊ ဒေါသေန ဝါ သမ္ပယုတ္တံ အန္တရံ စိတ္တံ ယဿာတိ ဒေါသန္တရော**။ ရှေ့နည်း၌ **အန္တရ**သဒ္ဒါ **အန္တရ**အနက်ကိုလည်းကောင်း၊ နောက်နည်း၌ စိတ်အနက်ကိုလည်းကောင်း ဟော၏] 

**ဒုဂ္ဂဟိတေန** = မကောင်းသဖြင့် မှတ်ယူထားအပ်သော အယူအဆဖြင့်၊ **သဒ္ဓေါ** = (ဉာဏ်မပါဘဲ) လွန်ကဲသော ကြည်ညိုခြင်းရှိသော၊ (**ပုဂ္ဂလော ဝါ** = ပုဂ္ဂိုလ်လည်းကောင်းတည်း) 

[ဆံပင် မွေးညင်းတော်မှစ၍ မြတ်စွာဘုရား၏ ကိုယ်ခန္ဓာတခုလုံး လောကုတ္တရာချည်းသာဖြစ်၏။ မြတ်စွာဘုရား၏ မစင်ကျင်ကြီးသည် မွှေးကြိုင်လှ၏ (**ကထာဝတ္ထု၊ ၄ဝ၈**) စသည်ဖြင့် အချို့သောသူတို့သည် အသိဉာဏ်မပါဘဲ အလွန်အကဲကြည်ညိုမှုဖြင့် ယုတ္တိကင်းမဲ့စွာ ပြောကြကုန်၏]

**၂၄-၃ဝ။** **ယော** = အကြင်ပုဂ္ဂိုလ်သည်၊ **တထာဂတေန** = မြတ်စွာဘုရားသည်၊ **အဘာသိတံ** [ဧကကနိပါတ်စာပိုဒ်-၃၂-ကြည့်] **ဒီပေတိ** = ပြောပြ၏၊ (**သော စ** = ထိုပုဂ္ဂိုလ်လည်းကောင်း)။ပ။ **နာမ္ဘာစိက္ခန္တိ** = လွှမ်းဖိ၍ မပြောကုန်၊ ဝါ = မဟုတ်မမှန် မပြောကုန်။ပ။ 

**နေယျတ္တံ** = (အခြားပါဠိတော်မှ) ဆောင်ယူ၍ သိစေအပ်သော အနက်အဓိပ္ပါယ်ရှိသော၊ **သုတ္တံ** = သုတ္တန်ကို၊ **နီတတ္ထော** = တိုက်ရိုက်ပြဆိုအပ်သော အနက်အဓိပ္ပါယ်ရှိသော၊ **သုတ္တန္တောတိ** = သုတ္တန်ဟူ၍၊ **ဒီပေတိ** = ပြောပြ၏။ပ။ 

**ဘိက္ခဝေ** = ရဟန်းတို့၊ **ပဋိစ္ဆန္နကမ္မန္တဿ** = ဖုံးကွယ်ထားအပ်သော မကောင်းမှုရှိသောသူမှာ၊ [**ကမ္မမေဝ ကမ္မန္တော**၊ အန္တသဒ္ဒါအနက်မရှိ၊ **ပဋိစ္ဆန္နော ကမ္မန္တော ယေနာတိ ပဋိစ္ဆန္နကမ္မန္တော**] **နိရယော ဝါ** = ငရဲဘုံ, ငရဲသား ခန္ဓာလည်းကောင်း၊ **တိရစ္ဆာနယောနိ ဝါ** = တိရစ္ဆာန်ခန္ဓာလည်းကောင်း၊ [ဘုံဌာန မရှိ] **ဣတိ** = ဤသို့၊ **ဒွိန္နံ** = နှစ်မျိုးကုန်သော၊ **ဂတီနံ** = လားရောက်အပ်သော ဘုံခန္ဓာတို့တွင်၊ **အညတရာ** = တမျိုးမျိုးသော၊ **ဂတိ** = လားရောက်အပ်သော ဘုံခန္ဓာကို၊ **ပါဋိကင်္ခါ** = အလိုရှိအပ်၏။
## PAGE 153

**ဘိက္ခဝေ** = တို့၊ **အပ္ပဋိစ္ဆန္နကမ္မန္တဿ**-ဖုံးကွယ်ထားအပ်သော မကောင်းမှု မရှိသော သူမှာ၊ **ဒေဝါဝါ** = နတ်ဘုံ,နတ်ခန္ဓာလည်းကောင်း၊ **မနုဿာဝါ**-လူ့ဘုံ, လူ့ခန္ဓာလည်းကောင်း၊ ဒေဝါနံ အယံ(ဂတိ)ဒေဝါ၊ မနုဿာနံ အယံ မနုဿာ] **ဣတိ** = ဤသို့၊ ဒွိန္။ပ။ **ပါဋိကင်္ခါ** = ၏၊ **ဣတိ**(အဝေါစ=မိန့်)။ပ။

**မိစ္ဆာဒိဋ္ဌိကဿ** = မှားသောအယူရှိသောသူမှာ။ပ။ **သမ္မာဒိဋ္ဌိကဿ**- မှန်သော အယူရှိသောသူမှာ။ပ။ **ဒုဿီလဿ** = သီလမရှိသော သူ၏၊ **ဝါ** = ကို၊ ပဋိဂ္ဂါဟာ လက်သင့်ခံသော ဘုံခန္ဓာတို့သည်၊ **နိရယော ဝါ** = လည်းကောင်း၊ **တိရစ္ဆာနယောနိဝါ** = လည်းကောင်း၊ (ဣတိ=ဤသို့)**ဒွေ** = နှစ်မျိုးတို့တည်း ။ပ။

**သီလဝတော**-သီလရှိသောသူ၏၊ **ဝါ** = ကို။ပ။

**၃၁။** **ဘိက္ခဝေ** = တို့၊ [ဒွါဟံ=ဒွေ+အဟံ]**အဟံ** = ငါသည်၊ **ဒွေ** = နှစ်မျိုး ကုန်သော၊ **အတ္ထဝသေ**-အကြောင်းတို့ကို၊ [*မိမိနှင့်စပ်သော အကျိုးရှိသော အကြောင်းတို့ကို”ဟု ဋီကာဝိဂြိုဟ်နက် ဆိုနိုင်၏။ ဝသ(အမီန)=မိမိနှင့် ဆက်စပ်သော+အတ္ถ= အကျိုး(ရှိသောအကြောင်း)။ အတ္ထော (ဖလံ) ဝသော (တဒဓိနဝုတ္တိ) ယဿ ဟေတုဿာတိ အတ္ထဝသော။) စာပိုဒ်-၂ဝ၁-၌ လည်းကြည့်] **သမ္ပဿမာနော** = ကောင်းစွာ မြင်တော်မူသည်၊ (ဟုတွာ=ဖြစ်၍) **အရညဝနပတ္ထာနိ** = အရညကင် ဓုတင်ဖြစ်မြောက်, တောဆိုလောက်၍ လူသူ

၁။ **အရညဝနပတ္ထာနိ**။ ။ မြို့ rွာနှင့် ကုပ်လုပ်လေးတာ အပြန် ငါးရာဝေးသော တောကျောင်းသည် အရညကင် ဓုတင်ဆောင်လောက်သော တောဖြစ်သောကြောင့် အရညလည်း မည်၏။ မြို့ rွာနှင့် ဝေးကွာလှသဖြင့် ထွန်ယက်စိုက်ပျိုးဖို့အတွက် လူတို့သွားလာရာ မဟုတ်သောကြောင့် ဝနပတ္ထ လည်းမည်၏။

ပတိဋ္ဌဟန္တိ ဧတ္ထ ဝိဝေကကာမာတိ **ပတ္တံ** = (အလိုရှိအပ်သော တရား ထူးကို ရနိုင်ခြင်းကြောင့်) ဆိတ်ငြိမ်မှုကို လိုလားသော သူတော်ကောင်းတို့ တည်နေရာကျောင်း၊ **ဝနေသု ပတ္တံ ဝနပတ္တံ** = တောထဲကကျောင်း (တောကျောင်း)၊ တောထဲ၌ ဆောက်လုပ်ထားသော ကျောင်းသာမက တောအုပ်(ဝနသဏ္ဍ) တခုလုံးပင် နေထိုင်ရာကျောင်း(ဝနပတ္ထ)ဖြစ်နိုင်၏။

ဝနပတ္တိ ဝနသဏ္ဍာနမေတံ သေနာသနာနံ အဓိဝစနံ။ ဈာနှဝိဘင်း ပါဠိတော်၊ ၂၆ဝ၊ **အရညဝနပတ္ထာနီတိ** အရညလက္ခဏပွတ္တာနိ ဝနသဏ္ဍာနိ။ အင်္ဂုတ္တိုရ်ဋီကာ။ တ-၃၅၂။ မူလပဏ်ဋီကာ၊ ပ-၂၀၈။ ဤသုတ်ဋီကာ၌ကား ဝနသဏ္ဍာနိ-ဟု မရှိဘဲ **ဝနပဏ္ဏာနိ**-ဟု စာရှိနေလေ၏။

