## PAGE 154

အရောက်နည်းသော တောကျောင်းဖြစ်ကုန်သော၊ **ပန္တာနိ** = အလွန် ဝေးကွာခြား အစွန်အဖျား ဖြစ်ကုန်သော၊ **သေနာသနာနိ** = အိပ်ရာနေရာ ကျောင်းတို့ကို၊ **ပဋိသေဝါမိ** = မှီခိုသီတင်းသုံးတော်မူ၏။ **ကတမေ** = အဘယ်မည်ကုန်သော၊ **ဒွေ** “နှစ်ပါးကုန်သော၊ (**အတ္ထဝသေ** = တို့ကို၊ **သမ္မဿမာနော** = သည်၊ ဟုတွာ-၍၊ **အရညဝနပတ္ထာနိ** = ကုန်သော၊ **ပန္တာနိ** = ကုန်သော၊ **သေနာသနာနိ** = တို့ကို၊ **ပဋိသေဝါမိ** = မှီခိုနေထိုင်သနည်းဟူမူ) **အတ္တနော** = မိမိ၏၊ **ဒိဋ္ဌဓမ္မသုခဝိဟာရံ** = ယခု မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရကြောင်းဖြစ်သော လောကီ လောကုတ္တရာ အကျိုးကို၊ **ဝါ** = ယခုမျက်မှောက်ဘဝ၌ ဣရိယာပုထ် လေးဖြာ ချမ်းသာစွာ နေရခြင်းကို၊ **သမ္မဿမာနော စ** = ကောင်းစွာ မြင်တော်မူသည် လည်းကောင်း၊ **ပစ္ဆိမံ ဇနတံ** = နောက်၌ဖြစ်သော၊ လူရှင်ရဟန်းအပေါင်းကို၊ **အနုကမ္ပမာနော စ** = ငဲ့ညှာထောက်ထား သနားတော်မူသည်လည်းကောင်း၊ (ဟုတွာ=၍၊ **အရညဝနပတ္တာနိ** = ကုန်သော၊ **ပန္တာနိ** = ကုန်သော၊ **သေနာသနာနိ** = တို့ကို၊ **ပဋိသေဝါမိ** = ၏)

**၃၂။** **ဘိက္ခဝေ** = တို့၊ **ဝိဇ္ဇာဘာဂိယာ** = ဝိဇ္ဇာဉာဏ်အဖို့၌ ဖြစ်ကုန်သော၊ **ဝါ** = ဝိဇ္ဇာဉာဏ်သို့ချဉ်းကပ် ပါဝင်ကုန်သော၊ **ဓမ္မာ** = တရားတို့သည်၊ **ဣမေ ဒွေ**။ပ။ **သမထော စ** = သမာဓိလည်းကောင်း (ဆန့်ကျင်ဘက် ကိလေသာတို့ကို ချုပ်ငြိမ်းစေတတ်သော သမာဓိလည်းကောင်း) **ဝိပဿနာ စ** = ဝိပဿနာဉာဏ် လည်းကောင်းတည်း၊ (သင်္ခါရတရားတို့ကို မမြဲခြင်းစသော အထူးထူးသော အခြင်းအရာအားဖြင့် ရှုတတ်သောဉာဏ်လည်းကောင်းတည်း)

**ဘိက္ခဝေ** = တို့၊ **သမထော** = သမာဓိသည်၊ **ဘာဝိတော** = ဖြစ်ပွားစေအပ်သည်၊ (သမာနောဖြစ်လ သော်) **ကံ အတ္ထံ** = အဘယ်အကျိုးကို ၊ **အနုဘောတိ** = ပြီးစီးစေသနည်း၊ **စိတ္တံ** = မဂ်စိတ်ကို၊ **ဘာဝိယတိ** = ဖြစ်ပွားစေအပ်၏။ **စိတ္တံ** = မဂ်စိတ်သည်၊ **ဘာဝိတံ** = ဖြစ်ပွားစေအပ်သည်၊ (သမာနံ=သော်)။ပ။ **ယော ရာဂေါ** = အကြင်တပ်မက်ခြင်း သဘောသည်၊ (အတ္ထိ-ရှိ၏) **သော (ရာဂေါ)** = ထိုတပ်မက်ခြင်းသဘောကို၊ **ပဟီယတိ** = ပယ်အပ်၏။

**ဘိက္ခဝေ** = တို့၊ **ဝိပဿနာ** = သည်၊ **ဘာဝိတာ** = သည်၊ (သမာနာ=သော်) **ပညာ** = မဂ်ပညာကို။ပ။ **ယာ အဝိဇ္ဇာ** = အကြင်သစ္စာလေးပါးစသည်တို့ကို မသိတတ်သော မောဟသည်၊ (အတ္ထိ) [ဋီကာ၌ ဗုဒ္ဓါဒီသု အဋ္ဌသု-ဟု ပါဌ် ပျက်၏၊ ဝိစိကိစ္ဆာ၏ ယုံမှားရာဌာနမဟုတ်သောကြောင့် ဒုက္ခေ- အညာဏံ

## PAGE 155

စသော အဘိဓမ္မာပါဠိတော်များနှင့်အညီ “ဒုက္ခာဒီသု အဋ္ဌသု”ဟု ရှိရမည် သာ **(အဝိဇ္ဇာ)** = ကို၊ **ပဟီယတိ** = ၏၊ **ဘိက္ခဝေ** = တို့၊ **ရာဂူပက္ကိလိဋ္ဌံ** = ရာဂသည် နှိပ်စက်အပ်သည်၊ **ဝါ** = ရာဂ၏ နှိပ်စက်မှုကို ခံရသည်၊ (ဟုတွာဝါ=ဖြစ်၍ လည်း) **စိတ္တံ** = မဂ်စိတ်သည်၊ **န ဝိမုစ္စတိ** မလွတ်မြောက်၊ **ဝါ** = မဖြစ်ပေါ်လာ၊ **အဝိဇ္ဇူပက္ကိလိဋ္ဌာ** = အဝိဇ္ဇာသည် နှိပ်စက်အပ်သည်၊ (ဟုတွာဝါ) **ပညာ** = မဂ်ပညာကို၊ **ဘာဝိယတိ** = မဖြစ်ပွားစေအပ်။ပ။

**ဘိက္ခဝေ** = တို့၊ **ဣတိခေါ** = ဤသို့လျှင်၊ **ရာဂဝိရာဂါ** = ရာဂ၏ ကုန်ခန်းပျက်စီးခြင်းကြောင့်၊ **စေတောဝိမုတ္တိ** = ကိလေသာ တို့မှ လွတ်မြောက်သော အရဟတ္တဖိုလ် စိတ်သမာဓိသည် (ဟောတိ=ဖြစ်၏) **အဝိဇ္ဇာဝိရာဂါ** = အဝိဇ္ဇာ၏ ကုန်ခန်းပျက်စီးခြင်းကြောင့်၊ **ပညာဝိမုတ္တိ** = ကိလေသာ တို့မှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာသည်၊ (ဟောတိ) **ဣတိ** (အဝေါစ=မိန့်)

**၃၃။** **ဘိက္ခဝေ** = တို့၊ **ဝေါ** = သင်တို့အား၊ **အသပ္ပုရိသဘူမိဉ္စ** = သူယုတ်မာ တို့၏ တည်ရာဘုံဌာနကိုလည်းကောင်း၊ **ဝါ** = သူယုတ်မာတို့၏ ပင်ကိုယ်သဘော ကိုလည်းကောင်း၊ **သပ္ပုရိသဘူမိဉ္စ** = သူတော်ကောင်းတို့၏ တည်ရာဘုံဌာနကို လည်းကောင်း၊ **ဝါ** =လည်းကောင်း၊ (**အဟံ** = ငါသည်)**ဒေသေဿာမိ** = ဟောတော် မူအံ့၊ **တံ** = ထိုဘုံဌာနနှစ်ပါး အကြောင်းအရာ တရားတော်ကို၊ **သာဓုကံ** = ကောင်းစွာ၊ **သုဏာထ** = နာယူကြကုန်လော၊ **မနသိ ကရောထ** = စိတ်နှလုံး၌ သွင်းပိုက်ထားကြကုန်လော၊ **ဘာသိဿာမိ** = ဟောတော်မူအံ့၊ **ဣတိ** (အဝေါစ) **ဧဝံ ဘန္တေ** = ကောင်းပါပြီဘုရား၊ တနည်း’**ဘန္တေ** = အရှင်ဘုရား **ဧဝံ** = ကောင်းပါပြီ] **ဣတိ** = ဤသို့၊ **တေ ဘိက္ခု** = ထိုရဟန်းတို့သည်၊ **ဘဂဝတော** = ၏၊ (**ဝစနံ** = စကားတော်ကို) **ပစ္စဿုံ** = ကုန်ပြီ။ပ။

**ဘိက္ခဝေ** = တို့၊ **အသပ္ပုရိသဘူမိ** = ဌာနဟူသည်၊ **ကတမာ စ** = အဘယ် နည်း၊ **ဘိက္ခဝေ** = တို့၊ **အသပ္ပုရိသော** = သူယုတ်မာသည်၊ **အကတညူ** = သူတစ်ပါး ပြုအပ်ခဲ့ဖူးသော ကျေးဇူးကို မသိတတ်သည်၊ **အကတဝေဒီ** = သူတစ်ပါး ပြုအပ် ခဲ့ဖူးသော ကျေးဇူးကို ထင်ရှားဖော်ပြကာ မသိတတ်သည်၊ ဟောတိ-၏၊ [ကတ-သူတစ်ပါးက မိမိအတွက် ပြုခဲ့ဖူးသော ကျေးဇူးကို+ **နဝေဒီ** = ထင်ရှား ဖော်ပြကာ မသိတတ်၊ ပရိသတ်အလယ်၌ ထုတ်ဖော်မပြောတတ်, မပြောရက် နိုင်ဟူလို] **ဘိက္ခဝေ** = တို့၊ ယဒိဒံ (ယာအယံ) **အကတညုတာ** = အကြင်သူတစ်ပါး
## PAGE 156

ပြုအပ်ခဲ့ဖူးသော ကျေးဇူးကိုမသိတတ်သည် အဖြစ်သည်၊ **ယဒိဒံ** (**ယာအယံ**) **အကတဝေဒိတာ** = အကြင်သူတစ်ပါး ပြုအပ်ခဲ့ဖူးသော ကျေးဇူးကို ထင်ရှား ဖော်ပြကာ မသိတတ်သည်အဖြစ်သည်၊ (**အတ္ထိ** - ရှိ၏) **ဧတံ** = ဤသူတစ်ပါး ပြုခဲ့ဖူးသော ကျေးဇူးကိုမသိတတ်သည်အဖြစ်ကို၊ **အသဗ္ဘိ** = သူယုတ်မာတို့သည်၊ **ဥပညာတံ** = (ချီးမွမ်းခြင်း၏အစွမ်းဖြင့်) ကပ်ရောက်၍ သိအပ်ပြီ၊ **ဝါ** = ချီးမွမ်းအပ်ပြီ၊ **ဘိက္ခဝေ** = တို့၊ **ယဒိဒံ အကတညုတာ** = သည်၊ **ယဒိဒံ အကတဝေဒိတာ** = သည်၊ (**အတ္ထိ**) **ကေဝလာ** = အားလုံးစုံသော၊ **ဧသာ** = ဤသူတစ်ပါး ပြုအပ်ခဲ့ဖူးသော ကျေးဇူးကို မသိတတ်သည်အဖြစ်သည်၊ **အသပ္ပုရိသဘူမိ** - ဌာနမည်၏၊ **ဘိက္ခဝေ** = တို့၊ **သပ္ပုရိသော စ** = သူတော်ကောင်းသည်ကား၊ **ကတညူ** = ဇူးကိုသိတတ်သည်၊ **ကတဝေဒီ** = ဇူးကိုထင်ရှားဖော်ပြကာ သိတတ်သည်၊ **ဟောတိ** = ၏၊ **ဘိက္ခဝေ** = တို့၊ **ယဒိဒံ ကတညုတာ** = ဇူးကို သိတတ်သည်အဖြစ်သည်၊ **ယဒိဒံ ကတဝေဒိတာ** = ဇူးကိုထင်ရှားဖော်ပြကာ သိတတ်သည် အဖြစ်သည်၊ (**အတ္ထိ**) **ဧတံ** - ဤ သူတစ်ပါးပြုအပ်ခဲ့ဖူးသော ကျေးဇူးကို သိတတ်သည်အဖြစ်ကို၊ **သဗ္ဘိ** - သူတော် ကောင်းတို့သည်၊ **ဥပညာတံ** = ပြီ။ပ။ **ဣတိ** (**အဝေါစ** = မိန့်)

**၃၄။** **ဘိက္ခဝေ** = တို့၊ **ဒွိန္နံ** = နှစ်ဦးသောပုဂ္ဂိုလ်တို့ကို၊ **န သုပ္ပတိကာရံ** = လွယ်ကူစွာ အတုံ့ပြန်၍ ကျေးဇူးမပြုနိုင်ခြင်းကို၊ **ဝါ** = လွယ်ကူစွာ ကျေးဇူး မဆပ်နိုင်ဟူ၍၊ **အဟံ** = ငါသည်၊ **ဝဒါမိ** = ဟောတော်မူ၏၊ **ကတမေသံ ဒွိန္နံ** = အဘယ်နှစ်ဦးသော ပုဂ္ဂိုလ်တို့ကိုနည်းဟူမူ၊ **မာတု စ** = အမိကိုလည်းကောင်း၊ **ပိတု စ** = အဘကိုလည်းကောင်းတည်း၊ **ဘိက္ခဝေ** = တို့၊ (**ပုတ္တော** = သားသည်) **ဝဿသတာယုကော** = အနှစ်တစ်ရာ အသက်တမ်းရှိသည်၊ **ဝါ** = အနှစ်တစ်ရာ သက်တမ်းရှိရာအခါ၌ ဖွားမြင်သည် (**ဟုတွာ** = ဖြစ်၍) **ဝဿသတဇီဝီ** = အနှစ်တစ်ရာ ပတ်လုံး အသက်ရှည်ရှည် တည်နေလျက်၊ **ဧကေန** = တစ်ဖက်သော၊ **အံသေန** = လက်ယာပခုံး၌၊ **မာတရံ** = မိခင်ကို၊ (**ဌပေတွာ** = တင်ထား၍) **ပရိဟရေယျ** = ပြုစုစောင့်ရှောက်ငြားအံ့၊ **ဧကေန** = တစ်ခုသော၊ **အံသေန** = လက်ဝဲပခုံး၌၊ **ပိတရံ** = ဖခင်ကို၊ (**ဌပေတွာ**) **ပရိဟရေယျ** = အံ့၊ **စ** = ထိုမျှမကသေး၊ **သော** = ထိုသားသည်၊ **နေသံ** = (ပခုံးပေါ်မှာပင်ရှိသော) ထိုမိဘတို့ကို၊ **ဥစ္ဆာဒန ပရိမဒ္ဒန နှာပန သမ္မာဟနေန** = နံ့သာဖြင့် ပွတ်တိုက်လိမ်းကျံပေးခြင်း + လက်ခြေတို့ကို ဆုပ်နှယ် ပေးခြင်း + ရေအေး ရေနွေး ချိုးပေးခြင်း + လက်ခြေတို့ကို ဆွဲဆန့်ပေးခြင်းဖြင့်၊ (**ဥပဋ္ဌာနံ** = လုပ်ကျွေးပြုစုခြင်းကို၊ **ကရေယျ** = ပြုလုပ်ငြားအံ့) **စ** = ထိုမျှမကသေး၊ **တေ** - ထိုမိဘတို့သည်၊ **တစ္ဆေဝ** - ထိုသား၏ ပခုံးနှစ်ဖက်တို့၌ပင်၊ (**နိသိန္နာ** = ထိုင်ကုန်လျက်)

