## PAGE 157

**မုတ္တကရိသံ** = ကျင်ငယ် ကျင်ကြီးကို၊ **စဇေယျ** = စွန့်ကုန်ငြားအံ့၊ **ဘိက္ခဝေ** = တို့၊ (**ဧဝံပိ** = ဤမျှလောက် ပြုစုစောင့်ရှောက်ပါသော်လည်း) **မာတာပိတူနံ** = မိဘတို့အား၊ **ကတံ ဝါ** = ကျေးဇူးပြုအပ်ပြီးသည်လည်းကောင်း၊ **ပဋိကတံ ဝါ** = အတုံ့ပြန်၍ ကျေးဇူးပြုအပ်ပြီးသည်လည်းကောင်း၊ **ဝါ** = ကျေးဇူးဆပ် အပ်ပြီးသည်လည်းကောင်း၊ **နတွေဝ ဟောတိ** = မဖြစ်နိုင်သေးသည်သာ။

**ဘိက္ခဝေ** = တို့၊ **စ** = ဤမျှမကသေး၊ **ပဟူတရတ္တရတနာယ** = များသော တပ်မက်ဖွယ်ရတနာရှိသော၊ **ဣမိဿာ မဟာပထဝိယာ** = ဤမြေကြီး၏၊ **ဝါ** = ၌၊ **မာတာပိတရော** = အမိအဘတို့ကို၊ **ဣဿရာဓိပစ္စေ** - စိုးမိုးအုပ်ချုပ်သူဟူသော အကြီးအကဲအဖြစ်ရှိသော၊ **ဝါ** = စိုးမိုးအုပ်ချုပ် အကြီးအကဲပြုလုပ်ရခြင်းရှိသော၊ **ဣဿရာ စ တေ အဓိပတယော စာတိ ဣဿရာဓိပတယော**၊ **ဣဿရာဓိပတိနံ ဘာဝေါ ဣဿရာဓိပစ္စံ**၊ **တံ အဿ ရဇ္ဇဿ အတ္ထိတိ ဣဿရာဓိပတ္ထံ**။ [တိကနိပါတ် စာပိုဒ်-၇၁-ဥပေါသထသုတ်ကြည့်] **ရဇ္ဇေ** = စကြဝတေးမင်း အဖြစ်၌၊ **ဝါ** = စကြဝတေးမင်း၏ ရာထူး၌၊ **ပတိဋ္ဌာပေယျ** = တည်စေငြားအံ့၊ **ဘိက္ခဝေ** = တို့၊ (**ဧဝံပိ** = ဤသို့ပင် တည်စေပါသော်လည်း) **မာတာပိတူနံ** ။ပ။ **ဟောတိ** = သာ၊ **တံ** = ထိုသို့ မဖြစ်နိုင်ခြင်းသည်၊ **ကိဿ ဟေတု** = အဘယ် အကြောင်းကြောင့်နည်းဟူမူ၊ **ဘိက္ခဝေ** = တို့၊ **မာတာပိတရော** = မိဘတို့သည်၊ **ပုတ္တာနံ** - သားသမီးတို့အား၊ **ဗဟုကာရာ** = များသောကျေးဇူးရှိကုန်၏၊ (**ပုတ္တာနံ** = တို့ကို) **အာပါဒကာ** = ကြီးပြင်းခြင်းသို့ ရောက်စေကုန်၏၊ **ဝါ** = ကြီးပြင်းရွယ်ရောက် လူလားမြောက်အောင် စောင့်ရှောက် ကြကုန်၏၊ **ပေါသကာ** = နို့ချိုတိုက်ကျွေး မွေးမြူကြကုန်၏၊ **ဣမဿ လောကဿ** = ဤလောကကို၊ **ဝါ** = ဤလောကမှ အာရုံကောင်းဆိုး အမျိုးမျိုးကို၊ **ဒဿေတာရော** = ပြတတ်ကြကုန်၏၊ (**ဣတိ** = ကြောင့်ပေတည်း)

**ဘိက္ခဝေ** = တို့၊ **စ ခေါ** = ကျေပြွန်စွာ ကျေးဇူးဆပ်နိုင်မည့် နည်းလမ်းများကို ပြရလျှင်ကား၊ **ယော** = အကြင်သားသမီးသည်၊ **အဿဒ္ဓေ** = သဒ္ဓါတရား မရှိသေး ကုန်သော၊ **မာတာပိတရော** = မိဘတို့ကို၊ **သဒ္ဓါသမ္ပဒါယ** = သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၌၊ **သမာဒပေတိ** = ကောင်းစွာ နာယူစေအံ့၊ **နိဝေသေတိ** = သက်ဝင်စေအံ့၊ **ပတိဋ္ဌာပေတိ** = တည်မြဲစေအံ့၊ **ဒုဿီလေ** = သီလမရှိသေးကုန်သော၊ (**မာတာပိတရော** = တို့ကို) **သီလသမ္ပဒါယ** = သီလနှင့် ပြည့်စုံခြင်း၌ ။ပ။ **မစ္ဆရီ** = မပေးရက်လို သဝန်တိုခြင်းရှိကုန်သော၊ (**မာတာပိတရော** = တို့ကို) **စာဂသမ္ပဒါယ** = စွန့်ကြဲပေးကမ်းမှုနှင့် ပြည့်စုံခြင်း၌ ။ပ။ **ဒုပ္ပညေ** = ပညာမရှိကုန်သော၊

## PAGE 158

(**မာတာပိတရော** = တို့ကို) **ပညာသမ္ပဒါယ** = ပညာနှင့်ပြည့်စုံခြင်း၌ ။ပ။ **ဘိက္ခဝေ** = တို့၊ **ဧတ္တာဝတာ** = ဤမျှအတိုင်း အရှည်ရှိသော နာယူတည်မြဲစေခြင်းဖြင့်၊ (**တေန** = ထိုသားသမီးသည်) **မာတာပိတူနံ** = တို့အား၊ **ကတဉ္စ** = သည်လည်းကောင်း၊ **ပဋိကတဉ္စ** = လည်းကောင်း၊ **ဟောတိ** = ၏၊ **ဣတိ** (**အဝေါစ**)

**၃၅။** **ဘဝံ ဂေါတမော** = အရှင်ဂေါတမသည်၊ **ကိဝါဒီ** = အဘယ်သို့သော အယူဝါဒ ရှိပါသနည်း၊ **ကိမက္ခာယီ** = အဘယ်အကျင့်ကို ပြောဟောလေ့ ရှိပါ သနည်း၊ **ဣတိ** (**အဝေါစ** = မေးလျှောက်ပြီ) **ဗြာဟ္မဏ** = ပုဏ္ဏား၊ **အဟံ** = ငါသည်၊ **ကိရိယဝါဒီ စ** = ပြုသင့်ပြုထိုက်၏ဟူသော အယူဝါဒလည်းရှိ၏၊ **အကိရိယဝါဒီ စ** = မပြုသင့် မပြုထိုက်ဟူသော အယူဝါဒလည်း ရှိ၏၊ **ဣတိ** (**အဝေါစ** = မိန့်) **ဘဝံ ဂေါတမော** = သည်၊ **ကထံ** = အဘယ်အခြင်းအရာအားဖြင့်၊ **ဝါ** = အဘယ်နည်း အဘယ်ပုံအားဖြင့်၊ **ကိရိယဝါဒီ စ** = လည်း ရှိပါသနည်း။ **အကိရိယ ဝါဒီ စ** နည်း။

ထို့နောက် **ယထာ** ကို အနက်ပေးလိုလျှင် ဆက်လက်ဆိုရန်မှာ - “**ယထာ** = အကြင်အခြင်းအရာအားဖြင့်၊ **ဘဝံ** = အရှင်ဂေါတမသည်။ **ဒေသေန္တေ** = ဟောကြားလသော်၊ **မယာ** = အကျွန်ုပ်သည်၊ **တံ ဝစနံ** = ထိုအရှင်ဂေါတမ၏ စကား သည်၊ **ဝါ** = ကို။ **ဉာတုံ** = သိခြင်းငှာ။ **သက္ကာ** = စွမ်းနိုင်၏၊ **တထာ** = ထိုအကျွန်ုပ် သိစွမ်းနိုင်လောက်မည့် အခြင်းအရာအားဖြင့်၊ **မေ** = အကျွန်ုပ်အား၊ **ဒေသေတု** = ဟောတော်မူပါ။” ဤသို့အပိုထည့်ပါဌ်များစွာဖြင့် အနက်ပေးရမည်။ **ယထာ** ကို အနက်မရှိ နိပါတ်ကြံလျှင်ကား ထိုပါဌ်အနက်အားလုံး ဆိုဖွယ်မလို] **ဣတိ** (**အဝေါစ** - လျှောက်ပြီ)

**ဗြာဟ္မဏ** - ပုဏ္ဏား၊ **အဟံ** = ငါသည်၊ **ကာယဒုစ္စရိတဿ** = ကာယဒုစ္စရိတ် အကုသိုလ်၏လည်းကောင်း၊ **ဝါ** = ကိုလည်းကောင်း ။ပ။ **မနောဒုစ္စရိတဿ** = ၏ လည်းကောင်း၊ **ဝါ** = ကိုလည်းကောင်း၊ **အကိရိယံ** = မပြုသင့်သည် အဖြစ်ကို၊ **ဝဒါမိ** = ဟောတော်မူ၏၊ **အနေကဝိဟိတာနံ** = များသောအပြား ရှိကုန်သော၊ **ပါပကာနံ** = ယုတ်မာကုန်သော၊ **အကုသလာနံ** = အကုသိုလ်ဖြစ်ကုန်သော။ **ဓမ္မာနံ** = တရားတို့၏၊ **ဝါ** = တို့ကို။ **အကိရိယံ** = မပြုသင့်ကုန်သည် အဖြစ်ကို **ဝဒါမိ** = ဟောတော်မူ၏။ **ကာယဒုစ္စရိတဿ** စသော သမ္ဗန်နှင့် **အကိရိယံ** ဟူသော သမ္ဗန္နီတို့ ဝိဘတ်မတူဘဲလျက် အရကောက်အနက် တူနေ၏၊ ထို့ကြောင့် အရကောက်အနက် မတူအောင် **အကိရိယ** ပုဒ်ကို ဘာဝပ္ပဓာန်ကြံပါ **ဗြာဟ္မဏ** = ပုဏ္ဏား။ **စ ခေါ** = ထိုမှတစ်ပါး၊ **အဟံ** - သည်။ **ကာယသုစရိတဿ** = ကာယသုစရိတ် ကုသိုလ်၏လည်းကောင်း၊ **ဝါ** = ကိုလည်းကောင်း ။ပ။ **မနောသုစရိတဿ** =
## PAGE 159

၏လည်းကောင်း၊ ဝါ=ကိုလည်းကောင်း၊ **ကိရိယံ**=ပြုသင့်သည် အဖြစ်ကို။
**ဝဒါမိ**=၏။ပ။ **ကုသလာနံ**=ကုသိုလ်ဖြစ်ကုန်သော။ **ဓမ္မာနံ**=တို့၏။ ဝါ=တို့ကို။
**ကိရိယံ**=ပြုသင့်ကုန်သည် အဖြစ်ကို။ **ဝဒါမိ**-၏။ **ဗြာဟ္မဏ**=ပုဏ္ဏား။ **ဧဝံ**“ဤအခြင်းအရာအားဖြင့်။ ဝါ=ဤနည်း ဤပုံအားဖြင့်။ပ။ **အကိရိယ ဝါဒီ**စရှိ၏။ **ဣတိ**(**အဝေါစ**)

၃၆။ **အထ ခေါ**=၌၊ **အနာထပိဏ္ဍိကော**=အနာထပိဏ်မည်သော၊**ဂဟပတိ**=အိမ်ရှင်သူကြွယ်သည်။ပ။ **ဘန္တေ** =အရှင်ဘုရား၊ **လောကေ**-လောက၌၊**ဒက္خိဏေယျာ**=လှူဖွယ်ဝတ္ထုကို ခံယူထိုက်သော ပုဂ္ဂိုလ်တို့သည်၊ **ကတိ နုခေါ**=အဘယ်မျှ ရှိပါကုန်သနည်း၊ **စ**=ထို့အပြင်၊ ဝါ=ပြီးတော့၊ **ကတ္ထ**-အဘယ်ပုဂ္ဂိုလ်တို့၌၊ ဝါ=တို့အား၊ **ဒါနံ**=လှူဖွယ်ဝတ္ထုကို၊ **ဒါတဗ္ဗ**= ပေးလှူထိုက်ပါသနည်း၊**ဣတိ** (**အဝေါစ**=လျှောက်ပြီ) **ဂဟပတိ**=အိမ်ရှင်ဒါယကာ၊ **လောကေ**=၌၊**ဒက္ခိဏေယျာ**=တို့သည်၊ **သေခေါစ**-ခုနစ်ဦးသော **သေက္ခ**ပုဂ္ဂိုလ်လည်းကောင်း၊**အသေခေါစ**=အသေက္ခဖြစ်သော ရဟန္တာပုဂ္ဂိုလ်လည်းကောင်း၊ (**ဣတိ**= ဤသို့) **ဒွေ**=နှစ်ဦးတို့တည်း၊ **ဂဟပတိ**=ကာ၊ **လောကေ**=၌၊ **ဒက္ခိဏေယျာ**=တို့သည်၊**ဣမေ ဒွေ**=ဤနှစ်ဦးတို့တည်း၊ **စ**=ထို့အပြင်၊ ဝါ=ပြီးတော့၊ **ဧတ္ထ**=ဤနှစ်ဦးတို့၌၊ဝါ=တို့အား၊ **ဒါနံ**=ကို၊ **ဒါတဗ္ဗ**=ပေးလှူထိုက်၏၊ **ဣတိ**=ဤသို့၊ (**အဝေါစ**=မိန့်)**ဘဂဝါ**=ဘုန်းတော်ကြီးမား မြတ်စွာဘုရားသည်၊ **ဣဒံ**=ဤ**စုဏ္ဏိယ** စကားပြေတရားဒေသနာတော်ကို၊ **အဝေါစ**=ပြီး **သုဂတော**=ကောင်းသောစကားကိုမိန့်ဆိုတော်မူတတ်သော မြတ်စွာဘုရားသည်၊ **ဣဒံ**=ဤ**စုဏ္ဏိယ** စကားပြေတရားဒေသနာတော်ကို၊ **ဝတွာန**=မိန့်တော်မူပြီး၍၊ **အထ**=မိန့်တော်မူပြီးရာ ထိုအခါ၌၊**သတ္ထာ**=လူနတ်တို့၏ ဆရာ မြတ်စွာဘုရားသည်၊ **အပရံ**=အခြားတစ်မျိုးသော၊**ဧတံ**= ဤသီကုံးဖွဲ့စပ် ဂါထာမြတ်ကို၊ **အဝေါစ**= မိန့်တော်မူပြန်ပြီ၊ (**ကိန္တိ**=သို့၊**အဝေါစ**=နည်းဟူမူ)

**ဣမသ္မိံ လောကေ**=ဤသတ္တလောက၌၊ **သေခေါစ**=သည်လည်းကောင်း၊**အသေခေါ စ** =သည်လည်းကောင်း၊ **ယဇမာနာနံ**=ပေးလှူပူဇော်သူတို့၏၊**အာဟုနေယျာ**=အဝေးမှပင်ဆောင်ယူ၍ ပေးလှူအပ်သော ပစ္စည်းဝတ္ထုကို ခံယူထိုက်ကုန်သည်၊ [တိကနိပါတ်စာပိုဒ် ၇၁-သုတ်ကြည့်] **ဟောန္တိ**=ဖြစ်ကုန်၏၊**တေ**=ထိုသေက္ခ, အသေက္ခပုဂ္ဂိုလ်တို့သည်၊ **ကာယေန**=ကိုယ်အားဖြင့်လည်းကောင်း၊ **ဝါစာယ**=နှုတ်အားဖြင့်လည်းကောင်း၊ **ဥဒ**=ထိုမှတစ်ပါး၊ **စေတသာ**
=စိတ်အားဖြင့်လည်းကောင်း၊ **ဥဇူဘူတာ**=ဖြောင့်မတ်သော ပုဂ္ဂိုလ်ဖြစ်ကြကုန်၏၊

