## PAGE 160

**တံ**=ထိုသေက္ခ, အသေက္ခပုဂ္ဂိုလ်နှစ်ဦးသည်၊ **ယဇမာနာနံ**=တို့၏၊ **ခေတ္တံ**=ကုသိုလ်မျိုးစေ့၏ စည်ပင်ပေါက်ဖွားရာ လယ်မြေပေတည်း၊ **ဧတ္ထ**=ဤပုဂ္ဂိုလ်နှစ်ဦးတို့၌၊ **ဒိန္နံ**=ပေးလှူကြောင်း စေတနာသည်၊ **မဟပ္ဖလံ**=များသောအကျိုးရှိ၏။
**ဣတိ** (**အဝေါစ**)

၃၇။ {**ဘန္တေ**=အရှင်ဘုရား၊ **ဣဒံ**=ဤ**သမစိတ္တပဋိပဒါ**သုတ်ကို) **ဧဝံ**
=ဤသို့၊ **မေ**=တပည့်တော်သည်၊ **သုတံ**=ပြီးပြီ၊ (**ကထံ**=သို့၊ **သုတံ**=မူ)။ပ။
**တေန ခေါ ပန သမယေန**=ထိုအခါ၌၊ (ဇေတဝန်ကျောင်းတိုက်၌ မြတ်စွာဘုရားသီတင်းသုံးနေတော်မူရာ ထိုအခါ၌) **အာယသ္မာ သာရိပုတ္တော**=အရှင်သာရိပုတြာသည်၊ **သာဝတ္ထိယံ**=သာဝတ္ထိမြို့တော်အနီး၌၊ **ပုဗ္ဗာရာမေ**=မြို့၏ အရှေ့ဘက်အာရာမ်၌၊ ဝါ=ပုဗ္ဗာရုံကျောင်းတိုက်၌၊ **မိဂါရမာတုပါသာဒေ**=မိဂါရု၏မိခင်ဝိသာခါ၏ ပြာသာဒ်၌၊ [ဧကကနိပါတ်စာပိုဒ် ၂၅၉-၌ကြည့်] **ဝိဟရတိ**=သီတင်းသုံးနေတော်မူ၏၊ **တတြ**-ထိုပြာသာဒ်၌၊(**ဝိဟရန္တော**=နေတော်မူသော) **အာယသ္မာ****သာရိပုတ္တော**=သည်၊ **ဘိက္ခု**=ရဟန်းတို့ကို၊ "**အာဝုသော ဘိက္ခဝေ**=ငါ့ရှင်ရဟန်းတို့” **ဣတိ**-ဤသို့၊ **အာမန္တေသိ**=မိန့်ခေါ်တော်မူပြီ၊ “**အာဝုသော**=အရှင်ဘုရား” **ဣတိ**=ဤသို့၊ **တေ ဘိက္ခူ**=တို့သည်၊ **အာယသ္မတော သာရိပုတ္တဿ**
=အရှင်သာရိပုတြာ၏၊ (**အာမန္တနံ**= မိန့်ခေါ်တော်မူခြင်းကို၊ ဝါ=အမိန့်စကားကို)**ပစ္စဿာသုံ**=နာယူကြကုန်ပြီ။ပ။

**အာဝုသော**=ငါ့ရှင်တို့၊ **အဇ္ဈတ္တသံယောဇနံ**=အဇ္ဈတ္တသံယောဇဉ်ရှိသော၊ဝါ=မိမိရုပ်နာမ်ခန္ဓာဟူသော ကာမဘဝ၌ ချည်နှောင်တတ်သော ကာမရာဂသံယောဇဉ်နှောင်ကြိုးရှိသော၊ ဝါ=မိမိရုပ်နာမ် ခန္ဓာဟူသော ကာမဘဝ၌ချည်နှောင်ထားတတ်သော **သြရမ္ဘာဂိယ** သံယောဇဉ်နှောင်ကြိုး ငါးမျိုးရှိသော

၁။ **သြရမ္ဘာဂိယ**၊ **ဥဒ္ဓမ္ဘာဂိယသံယောဇဉ်** ။ ။ **သြရ**=အောက်ကာမဘဝသို့ + **ဘာဂိယ**(**ဘဇ**+**ဏု**)=ချဉ်းကပ်တတ်(ပဋိသန္ဓေတည်နေစေတတ်)သောသံယောဇဉ်။ **သြရံ ဘဇန္တိတိ သြရမ္ဘာဂိယာနု**။ (တစ်နည်း) **သြရ**=အောက်ကာမဘဝဟူသော+**ဘာဂ**-အဖို့ (အပိုင်း)၏+**ဣယ**=စီးပွားဖြစ်သော သံယောဇဉ်။
**သြရမ္ဘာဂဿ ဟိတာနိ**- **သြရမ္ဘာဂိယာနု**။ [**ကာမရာဂ**,**ပဋိဃ**နှင့် **သီလ**, **ဒိဋ္ဌိ**,**ဝိစိကိစ္ဆာ** ဤငါးတန် **သြရမ္ဘာဂိယ**] **ဥဒ္ဓံ**= အထက် ရူပ အရူပ ဘဝသို့+**ဘာဂိယ**=ချဉ်းကပ်တတ်သော သံယောဇဉ်။ (တစ်နည်း) **ဥဒ္ဓံ**-အထက် ရူပအရူပ ဘဝဟူသော+ **ဘာဂ**=အဖို့(အပိုင်း)၏ +**ဣယ**=အစီးအပွားဖြစ်သော**သံယောဇဉ်** [**ရူပရာဂ**,**အရူပရာဂ**နှင့် **မာန**, **ဥဒ္ဓစ္စ**, **အဝိဇ္ဇာ** **ဥဒ္ဓမ္ဘာဂိယ**]

## PAGE 161

**ပုဂ္ဂလဉ္စ**= ပုဂ္ဂိုလ်ကိုလည်းကောင်း၊ **ဗဟိဒ္ဓါသံယောဇနံ**=ဗဟိဒ္ဓါ သံယောဇဉ်ရှိသော၊ဝါ=အပြင်အပ ရုပ်နာမ်ခန္ဓာဟူသော ရူပ အရူပဘဝ၌ ချည်နှောင်ထားတတ်သော**ရူပရာဂ**, **အရူပရာဂ** သံယောဇဉ်နှောင်ကြိုးရှိသော၊ ဝါ-အပြင်အပ.....၌ချည်နှောင်ထားတတ်သော **ဥဒ္ဓမ္ဘာဂိယ** သံယောဇဉ်နှောင်ကြိုး ငါးမျိုးရှိသော၊**ပုဂ္ဂလဉ္စ**=ကိုလည်းကောင်း၊ (**အဟံ**-သည်) **ဒေသေဿာမိ**=ဟောကြားအံ့၊ **တံ**
=ထိုပုဂ္ဂိုလ်နှစ်မျိုးကို၊ **သာဓုကံ**=စွာ၊ **သုဏာထ**။ပ။ **ဘာသိဿာမိ**=အံ့၊ **ဣတိ**(**အဝေါစ**) **ဧဝံ အာဝုသော**=ကောင်းပါပြီ အရှင်ဘုရား၊ **ဣတိ**=သို့၊ **တေ****ဘိက္ခူ**=တို့သည်၊ **အာယသ္မတော သာရိပုတ္တဿ**=၏၊ (**ဝစနံ**=စကားကို)**ပစ္စာဿာသုံ**=နာယူကြကုန်ပြီ၊ **ဧတဒဝေါစ** ဟုရှိရာ၌ **ဝစနံ**’ဟုထည့်၍ **အာမန္တေသိ**ဟုရှိရာ၌ **အာမန္တနံ**ဟု ထည့်၏၊ နှစ်ဌาနလုံး **ဝစနံ**ချည်းလည်း ထည့်နိုင်ပါ၏။ပ။

**အာဝုသော**=ငါ့ရှင်တို့၊ **အဇ္ဈတ္တသံယောဇနော**=ရှိသော၊ **ပုဂ္ဂလော**=ပုဂ္ဂိုလ်ဟူသည်၊ **ကတမောစ**=အဘယ်နည်း၊ **အာဝုသော**=တို့၊ **ဣဓ**=ဤသာသနာတော်၌၊ **ဘိက္ခု**=ရဟန်းသည်၊ **သီလဝါ**=ပါတိမောက္ခသံဝရသီလရှိသည်၊ **ဟောတိ**
=၏၊ **ပါတိမောက္ခသံဝရသံဝုတော** =ပါတိမောက် သီလတည်းဟူသော အပိတ်အဆီးဖြင့် ကာယဒွါရ, ဝစီဒွါရတို့ကို ပိတ်ဆို့စောင့်စည်းလျက်၊ ဝါ=ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံလျက်၊ **အာစာရဂေါစရသမ္ပန္နော**=အကျင့်, ကျက်စားရာ

၁။ **ပါတိမောက္ခသံဝရသံဝုတော**။ ။**ပါတိ**=မိမိကို စောင့်ရှောက်သောသူကို+**မောက္ခ**-အပါယ်ဆင်းရဲ စသည်တို့မှ လွတ်မြောက်စေတတ်သော**သီလ**တည်းဟူသော+**သံဝရ**=အပိတ်အဆီးဖြင့်+**သံဝုတ**=ပိတ်ဆို့စောင့်စည်းသောရဟန်း (အာပတ်လွန်ကျူးမှု**ဝီတိက္ကမ** အကုသိုလ်မဝင်လာအောင် ကာယဒွါရဝစီဒွါရတို့ကို ပိတ်ဆို့စောင့်စည်းသော ရဟန်း)

၂။ **အာစာရဂေါစရသမ္ပန္နော**။ ။ ကာယဒွါရ ဝစီဒွါရတို့၌ ဖြစ်သောမလွန်ကျူးခြင်းတည်းဟူသော ကာယသုစရိတ်သုံးပါး, ဝစီသုစရိတ်လေးပါးတို့သည်လည်းကောင်း, ပစ္စည်းလာဘ်ကို မျှော်ကိုး၍ လူတို့အား သစ်သီးပေးခြင်း,ပန်းပေးခြင်းစသော မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းသည်လည်းကောင်း ရဟန်းတို့အားလျောက်ပတ်သော အကျင့် (**အာစာရ**)မည်၏။

**ဂါဝေါ စရန္တိ ဧတ္ထာတိ ဂေါစရော**=နွားတို့ကျက်စားရာ နွားစားကျက်မြက်ခင်း၊ **ဂေါစရော ဝိယာတိ ဂေါစရော**=နွားစားကျက်နှင့်တူသော သွားလာ

## PAGE 162

ဌာနနှင့် ပြည့်စုံလျက်၊ (ရဟန်းတို့အား လျောက်ပတ်သော အကျင့်နှင့် လည်းကောင်း, ဆွမ်းစသည်အတွက် သွားလာဝင်ထွက် ကျက်စားသင့်ရာ ဌာနနှင့်လည်းကောင်း ပြည့်စုံလျက်) **ဝိဟရတိ** = နေ၏၊ **အဏုမတ္တေသု** အဏုမြူအတိုင်း အရှည်ရှိကုန်သော၊ **ဝါ** = အဏုမြူသဖွယ် သေးငယ်ကုန်သော၊

**ဝဇ္ဇေသု** = အကုသိုလ် အပြစ်တို့၌၊ **ဘယဒဿာဝိ** = ကြောက်ဖွယ်ဘေးဟု ရှုလေ့ရှိလျက်၊ **သိက္ခာပဒေသု** = သိက္ခာပုဒ်တို့တွင်၊ (**တံ တံ သိက္ခာပဒံ** = ထိုထိုသိက္ခာပုဒ်ကို) **သမာဒါယ** = ကောင်းစွာခံယူ၍၊ **ဝါ** = ဆောက်တည်၍၊ **သိက္ခတိ** = ဖြည့်ကျင့်၏၊ [တနည်း-**သိက္ခာပဒေသု** = သီလသိက္ခာအဖို့တို့၌ (**သိက္ခိတဗ္ဗ** = ဖြည့်ကျင့်ဖွယ်ရာ သီလသိက္ခာအားလုံးကို) **သမာဒါယ** = ၍၊ **သိက္ခတိ** = ၏]။

**သော** = ထိုရဟန်းသည်။ပ။ **အညတရံ** - (ခြောက်မျိုးတို့တွင်) တမျိုးမျိုးသော၊ **ဒေဝနိကာယံ** = ကာမာဝစရနတ်အပေါင်းသို့၊ **ဥပပဇ္ဇတိ** = ကပ်ရောက်၏၊ **ဝါ** = လားရောက်၏၊ **သော** = ထိုပုဂ္ဂိုလ်သည်၊ **တတော** = ထိုကာမာဝစရနတ်အပေါင်းမှ၊ **စုတော** = စုတေသေလွန်ပြီးသည်၊ (**သမာနော** = ဖြစ်လသော်) **အာဂါမိ** = (ပဋိသန္ဓေနေသောအားဖြင့်) ပြန်လာလေ့ရှိသည်၊ **ဣတ္ထတ္တံ** = ဤလူ့ဘဝသို့၊

ဝင်ထွက် ဆက်ဆံရာဌာန။ [**ဂါဝေါ ဣန္ဒြိယာနိ စရန္တိ ဧတ္ထာတိ ဂေါစရော** = စက္ခုစသော ဣန္ဒြေတို့၏ ကျက်စားရာဌာန’ဟု ဒေါသဒ္ဒါကို ဣန္ဒြေအနက်ဟောကြံလျှင်ကား ဥပမာတဒ္ဓိတ် ဆင့်ဖွယ်မလို] အကျွမ်းတဝင် ရောနှော ဆက်ဆံရသော ပြည်တန်ဆာမ, မုဆိုးမစသော ဂေါစရတို့သည် ရဟန်းတို့အတွက် မသင့်လျော်သော ကျက်စားရာဌာန (**အဂေါစရ**) မည်၏။ ရတနာ သုံးပါး၌ ကြည်ညိုသော အကျိုးလိုလားသော ဒါယကာ ဒါယိကာမတို့ကား ဆွမ်းစသည်အတွက် ရဟန်းတို့ ဆက်ဆံသင့်သော ကျက်စားရာဌာန (**ဂေါစရ**) မည်၏၊ အကျယ်ကို ဈာနဝိဘင်းနှင့် ဝိသုဒ္ဓိမဂ်တို့၌ ကြည့်ပါ။

**၁။** **ဣတ္ထတ္တံ**ပုဒ် အရကောက်။ ။ **အယံ ပကာရော ဣတ္ထိ** = ဤလူ့ခန္ဓာငါးပါးအပြား (ဤလူ့ခန္ဓာ ငါးပါးအမျိုးအစား) **ဣတ္ထံ ဘာဝေါ ဣတ္ထတ္တံ** = ဤလူ့ခန္ဓာ ငါးပါးအပြား၏ ဖြစ်ကြောင်းဖြစ်သော လူ့ဘဝ။ ဤ၌ **ဣတ္ထိ** အရ “ဤမည်သော လူ့ခန္ဓာဟု အထူးညွန်ပြအပ်သော ขန္ဓာငါးပါး (**မာနုသကပဉ္စက္ခန္ဓဝိသေသ**)” ကို ယူရ၏၊ **ဣတ္ထတ္တံ** အရကား ထိုပဉ္စက္ခန္ဓဝိသေသ၏ ဖြစ်ကြောင်းဖြစ်သော အများဆိုင် လူ့ခန္ဓာငါးပါး (ထိုကဲ့သို့ အထူးမညွှန်ပြအပ်သဖြင့် လူအားလုံးနှင့် သက်ဆိုင်၍ သာမညဖြစ်သော

