## PAGE 163

**အာဂန္တာ** = (ပဋိသန္ဓေနေသောအားဖြင့်) ပြန်လာသည်၊ **ဟောတိ** = ၏၊ **အာဝုသော** = တို့၊ **အယံ** = ဤပုဂ္ဂိုလ်ကို။ (ဤသာသနာတော်၌ သိက္ခာပုဒ်ကို ဖြည့်ကျင့်သော ရဟန်းအဖြစ်ဖြင့် ကွယ်လွန်၍ ကာမာဝစရနတ်ဖြစ်ပြီးနောက် စုတေသောအခါ ဤလူ့ဘဝသို့ ပြန်လာသော ဤပုဂ္ဂိုလ်ကို) **အဇ္ဈတ္တသံယောဇိနော** = သော၊ **ပုဂ္ဂလော** = ပုဂ္ဂိုလ်ဟူ၍၊ **ဝုစ္စတိ** = ခေါ်ဆိုအပ်၏၊ (**အဟံ** = ဤပုဂ္ဂိုလ်သည်) **အာဂါမီ** = သည်၊ **ဣတ္ထတ္တံ** = သို့၊ **အာဂန္တာ** = သည်၊ **ဟောတိ** - ၏။ပ။

**သော** = ထိုရဟန်းသည်၊ **အညတရံ** = သမာပတ်ရှစ်ပါးတို့တွင် တပါးအပါအဝင်ဖြစ်သော၊ **သန္တ** = ငြိမ်သက်သော၊ (ဆန့်ကျင်ဘက်ကိလေသာတို့ ချုပ်ငြိမ်းပြီး၍ ငြိမ်သက်သော) **စေတောဝိမုတ္တိ** = ဆန့်ကျင်ဘက်ကိလေသာတို့မှ ယှဉ်ဘက်စိတ်၏ လွတ်မြောက်ကြောင်း စတုတ္ထဈာန်သမာပတ်သို့၊ **ဝါ** = ကို၊ **ဥပသမ္ပဇ္ဇ** = ရောက်၍၊ **ဝါ** - ရ၍၊ **ဝိဟရတိ** = နေ၏၊ **သော** = ထိုရဟန်းသည်။ပ။ **အညတရံ** = တမျိုးမျိုးသော၊ **ဒေဝနိကာယံ** = သုဒ္ဓါဝါသဗြဟ္မာအပေါင်းသို့။ပ။

**သော** = ထိုပုဂ္ဂိုလ်သည်၊ **တတော** = ထိုသုဒ္ဓါဝါသဗြဟ္မာအပေါင်းမှ၊ **စုတော** - သည်၊ (**သမာနော** = သော်) **အနာဂါမီ** = (ပဋိသန္ဓေနေသောအားဖြင့်) ပြန်လာလေ့မရှိသည်၊ **ဣတ္ထတ္တံ** = သို့၊ **အနာဂန္တာ** = (ပဋိသန္ဓေနေသောအားဖြင့်) ပြန်မလာတော့သည်၊ **ဟောတိ** = ၏၊ **အာဝုသော** = တို့၊ **အယံ** = ဤပုဂ္ဂိုလ်ကို၊ (သိက္ခာပုဒ်ကို ဖြည့်ကျင့်၍ **သန္တ စေတောဝိမုတ္တိ** ကိုရသော ရဟန်းအဖြစ်ဖြင့် ကွယ်လွန်၍ သုဒ္ဓါဝါသဗြဟ္မာ ဖြစ်ပြီးနောက် စုတေသောအခါ ဤလူ့ဘဝသို့ ပြန်မလာသော ဤပုဂ္ဂိုလ်ကို) **ဗဟိဒ္ဓါသံယောဇနော** = သော၊ **ပုဂ္ဂလော** = ၍၊ **ဝုစ္စတိ** = ၏၊ (**အယံ** = ဤပုဂ္ဂိုလ်သည်) **အနာဂါမီ** = သည်။

**၁။** **အာဝုသော** = တို့၊ **ပုနစပရံ** = နောက်ထပ်အခြားသော (**ဗဟိဒ္ဓါသံယောဇန**) လူ့ခန္ဓာဇာတ်, လူအမျိုးဇာတ်, လူ့ဘဝ) တည်းဟူသော သဒ္ဒပ္ပဝတ္တိနိမိတ် အနက်ကို ယူရ၏။

အဋ္ဌကထာ၌ **ဣတ္ထတ္တံ**ပုဒ်ကို **မာနုသကပဉ္စက္ခန္ဓဘာဝံ** - ဟု ဖွင့်၏၊ ထိုအဖွင့်သည် **ဣတ္ထိဘာဝံ မနုဿတ္တံ** (ဒီ,ပါထိကဝဂ် အဋ္ဌကထာ၊ ၄၉) **ဣမံ ပကာရတံ မနုဿဘာဝံ** (၎င်းဋီကာ၊ ၄၂) တို့နှင့် အတူတူပင်ဖြစ်၏၊ ထို့ကြောင့် **မနုဿတ္တံ** (လူ၏ဖြစ်ကြောင်းဖြစ်ရာ လူအမျိုးဇာတ်) ၌ ကဲ့သို့ပင် **ဣတ္ထတ္တံ** ၌ **တ္တ**ပစ္စည်းအရ လူအမျိုးဇာတ်ကို ကောက်ယူရသည်၊ စတုက္ကနိပါတ်စာပိုဒ်- ၁၇၁-သုတ်၌လည်း ကြည့်ပါ။

## PAGE 164

ပုဂ္ဂိုလ်တမျိုးကား၊ [တနည်း-**အာဝုသော** = တို့၊ **ပုနှစ** = နောက်ထပ်လည်း၊ **အပရံ** = အခြားသော (**ဗဟိဒ္ဓါသံယောဇန**) ပုဂ္ဂိုလ်တမျိုးကို၊ **အဟံ** = ငါသည်၊ **ဘာသိဿာမိ** = ဟောကြားဦးအံ့] **ဘိက္ခု** = သည်။ပ။ **သော** = ထိုရဟန်းသည်၊ [သောတာပန်,သကဒါဂါမ် နှစ်ပါးတည်း] **ကာမာန်ယေဝ** = ဝတ္ထုကိလေသာ နှစ်ဖြာသော ကာမတို့ကိုသာလျှင်၊ **နိဗ္ဗိဒါယ** = ငြီးငွေ့ခြင်းငှာ၊ **ဝိရာဂါယ** = မတပ်မက်ခြင်းငှာ၊ **ဝါ** - စက်ဆုပ်ခြင်းငှာ၊ **နိရောဓာယ** = ချုပ်ငြိမ်းစေခြင်းငှာ၊ **ပဋိပန္နော** = (အနာဂါမိမဂ်အတွက်) ဝိပဿနာအကျင့်ကို ကျင့်သည်၊ **ဟောတိ** - ၏၊

**သော** = ထိုရဟန်းသည်၊ [အနာဂါမ်ပုဂ္ဂိုလ်တည်း] **ဘဝါနံယေဝ** = (ကာမ,ရူပ, အရူပဟူသော) ဘဝသုံးပါးတို့ကိုသာလျှင်၊ **နိဗ္ဗိဒါယ** = ငှာ။ပ။ **ပဋိပန္နော** = (အရဟတ္တမဂ်အတွက်) ဝိပဿနာအကျင့်ကို ကျင့်သည်၊ **ဟောတိ** = ၏။

**သော** = ထိုရဟန်းသည်၊ [သောတာပန်, သကဒါဂါမ်တည်း] **တဏှာက္ခယာယ** = (ငါးပါုံ ကာမဂုဏ်၌တပ်မက်သော) တဏှာ၏ ကုန်ခန်းခြင်းငှာ၊ **ပဋိပန္နော** (အနာဂါမိမဂ်အတွက်) ဝိပဿနာအကျင့်ကို ကျင့်သည်၊ **ဟောတိ** = ၏၊ **သော** = ထိုရဟန်းသည်၊ [အနာဂါမ်တည်း] **လောဘက္ခယာယ** = (ဘဝ၌ တွယ်တာသော) လောဘ၏ကုန်ခန်းခြင်းငှာ၊ **ပဋိပန္နော** - (အရဟတ္တမဂ်အတွက်) ဝိပဿနာအကျင့်ကို ကျင့်သည်၊ **ဟောတိ** = ၏၊ **သော** = ထိုရဟန်းသည် ။ပ။ **ဒေဝနိကာယံ** = သုဒ္ဓါဝါသဗြဟ္မာအပေါင်းသို့ ပ။ **သော** = ထိုပုဂ္ဂိုလ်သည် ။ပ။ **အာဝုသော** = တို့၊ **အယံ** - ဤပုဂ္ဂိုလ်ကို၊ (သိက္ခာပုဒ်ကို ဖြည့်ကျင့်၍ **ကာမနိဗ္ဗိဒါ** စသည် အကျိုးငှာ ဝိပဿနာအကျင့်ကို ကျင့်သောရဟန်းအဖြစ်ဖြင့် ကွယ်လွန်၍ သုဒ္ဓါဝါသဗြဟ္မာ ဖြစ်ပြီးနောက် စုတေသောအခါ ဤလူ့ဘဝသို့ ပြန်မလာသော ဤပုဂ္ဂိုလ်ကို) ။ပ။

**အထခေါ** = ထိုအခါ၌၊ **သမ္ဗဟုလာ** - များစွာကုန်သော၊ **သမစိတ္တာ** = သမုစိတ္တမည်ကုန်သော၊ **ဒေဝတာ** = ဗြဟ္မာတို့သည်၊ **ယေန** = အကြင်အရပ်၌၊

#### ၁။ သမစိတ္တပုဒ်အနက်များ။

“**စိတ္တဿ သုခုမဘာဝသမတာယ သမစိတ္တာ**” စသော အဋ္ဌကထာအတိုင်း (၁) “**သမစိတ္တာ** = နူးညံ့သိမ်မွေ့သည် အဖြစ်အားဖြင့် ခန္ဓာကိုယ်နှင့်တူသော စိတ်ရှိကြကုန်သည် အဖြစ်ကြောင့် သမစိတ္တမည်ကုန်သော” ဟု နาမလာဘဟိတ်နှင့် တကွ အနက်ဆိုနိုင်၏၊ ထိုဗြဟ္မာတို့သည် ခန္ဓာကိုယ်ကို စိတ်ကဲ့သို့ နူးညံ့သိမ်မွေ့အောင် ဖန်ဆင်းထားကြ၏။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်နှင့်စိတ်သည် နူးညံ့ပုံချင်း တူကြ၏၊
## PAGE 165

**ဘဂဝါ**=သည်၊ **(အတ္ထိ)တေန**၌၊ ဝါသို့၊ **ဥပသင်္ကမိသု**=ရောက်လာကြကုန်၏၊ **ဥပသင်္ကမိတွာ**=ရောက်လာကြပြီး၍။ပ။ **အဋ္ဌသု**-ရပ်နေကြကုန်ပြီ၊ **ဧကမန္တံ**=၌၊ **ဌိတာ**=ရပ်နေကြကုန်ပြီးသော၊ **တာ ဒေဝတာ**=ထိုဗြဟ္မာတို့သည်၊ **ဘဂဝန္တံ**=မြတ်စွာ ဘုရားကို၊ **ဧတံ**=ဤစကားကို၊ **အဝေါစုံ**=လျှောက်ကြကုန်ပြီ၊ (**ကိန္တိ**=သို့၊ **အဝေါစုံ**=နည်း) **ဘန္တေ**=ဘုရား၊ **ဧသော အာယသ္မာ သာရိပုတ္တော**=ဤအရှင် သာရိပုတ္တရာသည်။ပ။ **ဘိက္ခူနံ**=ရဟန်းတို့အား၊ **အဇ္ဈတ္တသံယောဇနံ**=သော၊ **ပုဂ္ဂလံ စ**ကိုလည်းကောင်း၊ **ဗဟိဒ္ဓါသံယောဇနံ**=သော၊ **ပုဂ္ဂလံ စ**=လည်းကောင်း၊ **ဒေသေတိ**=ဟောကြားပါ၏၊ **ဘန္တေ**=ဘုရား၊ **ပရိသာ**=တရားနာပရိသတ်သည်၊ **ဟက္ကာ**နှစ်သက်အားရ သဘောကျပါ၏၊ **ဘန္တေ**=ဘုရား၊ **သာဓု**=တောင်းပန်ပါ ကုန်၏၊ **ဘဂဝါ**=သည်၊ **ယေန**=အကြင်အရပ်၌၊ **အာယသ္မာ သာရိပုတ္တော**သည် **(အတ္ထိ) တေန**=ထိုအရှင်သာရိပုတ္တရာရှိရာ အရပ်၌၊ **အနုကမ္မံ**=(ထို အရပ်၌ ရောက်နေကြသော နတ်လူတို့အား) သနားခြင်းကို၊ **ဥပါဒါယ**အကြောင်းပြု၍၊ **ဥပသင်္ကမတု**=ကြွသွားတော်မူပါ၊ **ဣတိ(အဝေါစုံ) ဘဂဝါ**=သည်၊ **တုဏှိဘာဝေန**=ဆိတ်ဆိတ် နေတော်မူသည် အဖြစ်ဖြင့်၊ **အဓိဝါသေသိ**=လက်ခံတော်မူပြီ။

**အထခေါ**=၌၊ **ဘဂဝါ**=သည်၊ **ဗလဝါ**=အားကောင်းသော၊ **ပုရိသော**=ယောက်ျားသည်၊ **သမိဉ္ဇိတံ**=ကွေးထားအပ်ပြီးသော၊ **ဗာဟံ**=လက်မောင်းကို၊ **ပသာရေယျ သေယျထာပိ နာမ ဝါ**=ဆန့်တန်းလိုက်ရာ သကဲ့သို့လည်းကောင်း၊

[**စိတ္တဿ သုခုမဘာဝေါ ဣဓ သုခုမတ္တဘာဝမာပန္နေန ဒဋ္ဌဗ္ဗာ။** ဋီကာ **အတ္တဘာဝေန သမံ စိတ္တံ ယာသံ ဒေဝတာနန္တိ သမစိတ္တာ**ဟူ၍ ဝစနတ္ထပြု။

(တနည်း) **သမစိတ္တာ**- (၂) မြတ်စွာဘုရားကို သမာပတ်၏ အစွမ်းကို ဟောစေလိုခြင်းအားဖြင့်— (၃) ဝါ=ပရိသတ်စုံလင်အောင် မြတ်စွာဘုရားကို ပင့်လိုခြင်းအားဖြင့်— (၄) ဝါ အရှင်သာရိပုတ္တရာ ဟောတော်မူအပ်သော သာဝကဘာသိတ တရားဒေသနာတော်ကို သဗ္ဗညုဘာသိတ ဖြစ်စေလိုခြင်းအားဖြင့်— အချင်းချင်းတူညီသော စိတ်ရှိကြသည်အဖြစ်ကြောင့် သမစိတ္တမည်ကုန်သော။

(တနည်း) **သမစိတ္တာ**- (၅) သမာပတ်တမျိုးကိုသာ ရခြင်းအားဖြင့်— (၆) ဝါ=သမာပတ်အာရုံတမျိုးကိုသာရခြင်းအားဖြင့်— အချင်းချင်းတူညီသော သမာပတ်နှင့်ယှဉ်သော စိတ်ရှိကြသည်အဖြစ်ကြောင့် သမစိတ္တမည်ကုန်သော။ [အနက်-၆-နက်]]

