## PAGE 166

**သေယျထာပိ ပသာရိတံ**=ဆန့်တန်းအပ်ပြီးသော၊ **ဗာဟံ**ကို၊ **သမိဉ္ဇေယျ နာမ ဝါ**=ကွေးလိုက်ရာသကဲ့သို့လည်းကောင်း၊ **ဧဝမေဝံ**=ဤနည်းအသွင် လျှင်မြန်စွာပင်၊ **ဇေတဝနေ**=ဇေတဝန်ကျောင်းတိုက်၌၊ **အန္တရဟိတော**=ကွယ်ပျောက်တော်မူပြီးသည် (ဟုတွာ=ဖြစ်၍)။ပ။ **အာယသ္မတော သာရိပုတ္တဿ**=အရှင်သာရိပုတ္တရာ၏၊ **သမ္မုခေ**ရှေ့မှောက်၌။ **ပါတုရဟောသိ**=ထင်ရှား ရောက်လာတော်မူပြီ၊ **ဘဂဝါ**=သည်၊ **ပညတ္တေ**ခင်းထားအပ်သော၊ **အာသနေ**နေရာ၌၊ **နိသီဒိ**=ထိုင်နေတော်မူပြီ၊ **အာယသ္မာပိ သာရိပုတ္တော**=သည်လည်း။ပ။ **အာယသ္မန္တံ သာရိပုတ္တံ**=အရှင်သာရိပုတ္တရာကို။ပ။

**သာရိပုတ္တ**=သာရိပုတ္တရာ၊ **ဣဓ**=ဤအရပ်၌။ပ။ **ယေန**=အကြင်အရပ်၌၊ **အဟံ**-ငါသည်။ **(အတ္ထိ)ကေန**=ထိုငါရှိရာအရပ်၌၊ ဝါ=သို့ပ။ **မီ**=ငါ့ကိုပ **သာရိပုတ္တ**=တြာ၊ **ဧကမန္တံ**=၌၊ **ဌိတာ**=ကုန်သော၊ **တာ ဒေဝတာ**=တို့သည်၊ **မံ**=ငါ့ကို။ပ။ **သာရိပုတ္တ**=တြာ၊ **တာ ဒေဝတာ**=တို့သည်။ **ဒသ**=ဆယ်ယောက်တို့သည်။ **ဟုတွာပိ**=ဖြစ်ကြ၍လည်းကောင်း၊ **ဝီသံ**=၂၀သည်၊ **ဟုတွာပိ**=လည်းကောင်း၊ **တိံသံ**=၃၀သည်၊ **ဟုတွာပိ**=လည်းကောင်း၊ **စတ္တာလီသံ**=၄၀သည် ။ပ။ **ပညာသံ**=၅၀သည်။ပ။ **သဋ္ဌိ**=၆၀သည်၊ **ဟုတွာပိ**=လည်းကောင်း၊ **အာရဂ္ဂကောဋိနိတုဒနမတ္တေပိ**=အပ်ဖျား ထိပ်ချွန်၏ ကျရောက်ထိစပ်နိုင်ရုံမျှသာရှိသော နေရာကလေး၌ပင်လည်း၊ **တိဋ္ဌန္တိ**=ရပ်တည် နေကြကုန်၏၊ [**အာရာ**=အပ်+ **အဂ္ဂ**-အဖျား+**ကောဋိ**-ထိပ်ချွန်+**နိတုဒန**=ကျရောက်ထိစပ်နိုင်ခြင်း (ထိစပ်နိုင်လောက်ရုံ)၊ **မတ္တ**=မျှသာရှိသောနေရာကလေး]။ မဟာပရိနိဗ္ဗာနသုတ်၌ကား “**ဝါလဂ္ဂကောဋိ**=သားမြီးဖျားချွန်”ဟု ရှိ၏] စ=ထိုမျှလောက် ကျဉ်းမြောင်းသောအရပ်၌ ရပ်တည်နေကြပါကုန်သော်လည်း၊ (**တာဒေဝတာ**=တို့သည်) **အညမညံ**=အချင်းချင်း၊ **နဗျာဗာဓေန္တိ**=မတိုးဝှေ့ မတိုက်ခိုက်မိကြကုန်။

**သာရိပုတ္တ**=သာရိပုတ္တရာ၊ **သိယာ**=တရံတခါ၌၊ ဝါ=မချွတ်ဧကန် အမှန်ပင်၊ **ကဿစိ**တစုံတယောက်သောသူဟူအံ့ ဤသို့တွေးတောခြင်းသည်၊

**၁။ သိယာနိပါတ်ပုဒ် အနက်နှစ်မျိုး။** ။ **သိယာတိ** “**သိယာ ခေါ ပန တေ ဗြာဟ္မဏ ဧဝမဿာ**တိ” အာဒီသု ဝိယ “**ကဒါစီ**တိ” ဣမိနာ သမာနတ္ထော နိပါတော။ ကင်္ခါဋီကာသစ်(၁၈၈) ထိုဋီကာသစ် ထုတ်ပြထားသော ဥဒါဟရုဏ်သည် ဤနေရာနှင့် စာသွားတူ၏၊ ထို့ကြောင့် ဤ၌လည်း **သိယာ**ကို ကဒါစိအနက်ဟော နိပါတ်ကြံပါ။ (တနည်း) **သိယာပိ တံ အဓိကရဏံ**

## PAGE 167

**အဿ**=ဖြစ်ရာ၏။ (**ကိန္တိ**=အဘယ်သို့ တွေးတောခြင်းသည်။ **အဿ**၊ ဖြစ်ရာသနည်းဟူမူ) **ယေန(စိတ္တေန)**=အကြင်သမာပတ်စိတ်ဖြင့်။ ဝါ=အကြင်သမာပတ်စိတ်ကြောင့်၊ **တာ ဒေဝတာ**=တို့သည်၊ **ဒသ**=တို့သည်။ပ။ **နဗျာဗာဓေန္တိ**=ကုန်၊ **တတ္ထ**=ထိုဗြဟ္မာဘဝ၌၊ **တာသံ ဒေဝတာနံ**=ထိုဗြဟ္မာတို့သည်၊ **တထာ**=ထိုအခြင်းအရာအားဖြင့်၊ ဝါ=ထိုမျှလောက်ကျဉ်းမြောင်းသောအရပ်၌ အချင်းချင်း မတိုးဝှေ့ရဘဲ ပေါင်းစုနေနိုင်လောက်အောင်သော အခြင်းအရာအားဖြင့်၊ **တံ စိတ္တံ**=ထိုသမာပတ်စိတ်ကို၊ (မတိုးဝှေ့ရဘဲ ပေါင်းစုနေနိုင်ကြောင်းဖြစ်သော ထိုသမာပတ်စိတ်ကို) **ဘာဝိတံ နူန**=ဖြစ်ပွားစေအပ်ခဲ့လေရာ၏၊ **ဣတိ**-ဤသို့ တွေးတောခြင်းသည်၊ **အဿ**=ဖြစ်ရာ၏၊ **သာရိပုတ္တ**=သာရိပုတ္တရာ၊ **ပန**=သို့သော်လည်း၊ ဝါ=ထိုသမာပတ်စိတ်ကို ဗြဟ္မာဘဝ၌ ဖြစ်ပွားစေခဲ့လေရာ၏ဟု တွေးတောမှ ဖြစ်နိုင်ရာသော်လည်း၊ **ဧတံ**=ဤသမာပတ်စိတ်ကို ဖြစ်ပွားစေခြင်းကို၊ **ဧဝံ**=ဤသို့ တွေးတောသည့်အတိုင်း၊ **န ခေါ ဒဋ္ဌဗ္ဗံ**=မမှတ်သင့်သည်သာ၊ **သာရိပုတ္တ**=သာရိပုတ္တရာ၊ **ခေါ**=အစစ်အမှန်ကား၊ **ယေန(စိတ္တေန)**=ဖြင့်၊ **တာ ဒေဝတာ**။ပ။ **န ဗျာဗာဓေန္တိ**=ကုန်၊ **ဣဓေဝ**=ဤသာသနာတော်နှင့် ဤလူ့လောက၌သာလျှင်၊ **တာသံ ဒေဝတာနံ**=တို့သည်၊ **တထာ**ဖြင့်၊ **တံ စိတ္တံ**=ကို၊ **ဘာဝိတံ**=ဖြစ်ပွားစေအပ်ခဲ့ပြီ၊ [ဗြဟ္မာဘဝရောက်မှ ထိုသမာပတ်ကို ဖြစ်ပွားစေသည်မဟုတ်၊ ဗြဟ္မာမဖြစ်မီ ဤသာသနာတော်၌သာ ဤလူ့ဘဝ၌သာ ဖြစ်ပွားစေခဲ့သည် ဟူလို]

**သာရိပုတ္တ**=သာရိပုတ္တရာ၊ **တသ္မာ**=ထို့ကြောင့်၊ (ထိုဗြဟ္မာတို့ ဤသာသနာ၊ ဤလူ့လောက၌သာလျှင် ငြိမ်သက်သော သမာပတ်ကို ဖြစ်စေပြီး၍ ငြိမ်သက်သော ဗြဟ္မာဘဝ၌ ဖြစ်ကြသည် အဖြစ်ကြောင့်) **ဣဟ**=ဤသာသနာတော်၌၊ (**ဝေါ**=သင်တို့သည်) **ဧဝံ**-ဤသို့နှလုံးသွင်း၍၊ **သိက္ခိတဗ္ဗံ**=ကျင့်ကြံအားထုတ်ရမည်၊ (**ကိန္တိ**=အဘယ်သို့ နှလုံးသွင်း၍၊ **သိက္ခိတဗ္ဗ**=နည်းဟူမူ၊ **မယံ**=ငါတို့သည်) **သန္တိန္ဒြိယာ**=ငြိမ်သက်သော ဣန္ဒြေငါးပါး ရှိကုန်သည်၊ **သန္တမာနသာ**=ငြိမ်သက်သော စိတ်ရှိကုန်သည်၊ **ဘဝိဿာမ**=ဖြစ်ကုန်အံ့၊ **ဣတိ**-ဤသို့နှလုံးသွင်း၍၊ (**သိက္ခိတဗ္ဗ**=ရမည်) **သာရိပုတ္တ**=သာရိပုတ္တရာ၊ **ဧဝံဟိ**=ဤသို့နှလုံးသွင်း၍သာလျှင်၊ **ဝေါ**=သင်တို့သည်၊ **သိက္ခိတဗ္ဗ**=ရမည်၊ **သာရိပုတ္တ**=သာရိပုတ္တရာ၊ **ဟိ**=ဣန္ဒြေနှင့် စိတ်ငြိမ်သက်ခြင်း၏ အကျိုးကျေးဇူးကား၊ **သန္တိန္ဒြိယာနံ**=ရှိကုန်သော၊ **သန္တမာနသာနံ** စသော စူဠဝါသမထက္ခန္ဓက ပါဠိတော်၌ “**သိယာတိ အဝဿံ**”ဟု ကင်္ခါ ဋီကာသစ်(၄၄၉)ဖွင့်၏၊ ဤ၌လည်း ထိုအနက်ဖြစ်သင့်သည်ပင်။
## PAGE 168

ထမ ရှိကုန်သော၊ **ဝေါ**=သင်တို့မှာ၊ **သန္တဧဝ**=ငြိမ်သက်သည်သာဖြစ်သော၊ **ကာယကမ္မံ**=ကာယကံသည်၊ **ဘဝိဿတိ**=ဖြစ်လတ္တံ့၊ **သန္တဧဝ**=သော၊ **ဝစီကမ္မံ**=ဝစီကံသည်၊ (**ဘဝိဿတိ**=တ္တ) **သန္တံ ဧဝ**=သော၊ **မနောကမ္မံ**=သည်၊ (**ဘဝိဿတိ**=တ္တံ့)

== (**တသ္မာ**=ထို့ကြောင့်၊ **မယံ**=ငါတို့သည်) **သဗြဟ္မစာရီသု**=သီတင်းသုံးဖော်တို့၌၊ (ဧကုဒ္ဒေသတာ အစရှိသော တူညီသော အကျင့်မြတ်ကို ကျင့်ကြသော ရဟန်းတို့အပေါ်၌) **ဥပဟာရံ**=ကိုယ်စိတ်တို့ဖြင့် ချဉ်းကပ်ကျင့်ဆောင်ခြင်းကို၊ **ဝါ**=ကိုယ်စိတ်တို့ဖြင့် ပြုကျင့်ဆောင်ရွက် ဆက်ဆံခြင်းကို၊ **သန္တယေဝ**=ငြိမ်သက်စွာသာလျှင်၊ ဝါဒလေးလေးစားစား အမြတ်ထား၍သာလျှင်၊ **ဥပဟရိဿာမ**=ချဉ်းကပ်ကျင့်ဆောင်ကုန်အံ့၊ **ဝါ**=ပြုကျင့်ဆောင်ရွက် ဆက်ဆံကုန်အံ့၊ **ဣတိ** - ဤသို့နှလုံးသွင်း၍၊ (**သိက္ခိတဗ္ဗ**=မည်) **ဥပ**=ချဉ်းကပ်၍+ **ဟာရ**=ကျင့်ဆောင်ခြင်း၊ ပြုကျင့် ဆောင်ရွက် ဆက်ဆံခြင်း။

ဤသုတ်အဋ္ဌကထာ၌ **ဥပဟာရံ** ကို **ကာယစိတ္တုပဟာရံ**’ဟုဖွင့်၏၊ စတုက္ကနိပါတ်စာပိုဒ်-၈၇’သုတ်၌ **ကာယိကစေတသိက ဥပဟာရံ** **ဥပဟရန္တိ ဥပနီယန္တိ** ဟု ဖွင့်၏] **သာရိပုတ္တ**’တြာ၊ **ဧဝံဟိ**=လျှင်၊ **ဝေါ**-တို့သည်၊ **သိက္ခိတဗ္ဗ**=မည်၊ **သာရိပုတ္တ**=တြာ၊ **ယေ**=အကြင် အညတိတ္ထိယ ပရိဗိုဇ်တို့သည်၊ **ဣမံ ဓမ္မပရိယာယံ**-ဤတရားဒေသနာတော်ကို၊ **န အဿာသုံ**= မနာယူကြကုန်၊ **အညတိတ္ထိယာ**=ဗုဒ္ဓသာသနာပ အယူဝါဒရှိကြကုန်သော (ဘုရားအဆုံးအမ အယူဝါဒမှ တပါးသောအယူရှိကြကုန်သော) **ပရိဗ္ဗာဇကာ**=ထိုပရိဗိုဇ်တို့သည်၊ **အနဿုံ**=ပျက်စီးရှာကြကုန်ပြီ၊ **ဣတိ** (**အဝေါစ**) [နသဓာတ်၊ ဒိဝါဒိ ယပစ္စည်း၊ အဇ္ဇတ္တနီ ဦဝိဘတ်၊ ဓာတ်၏ အစ၌ အလာ၍ အနဿုံဟု ဖြစ်၏]

**၃၈။** (**ဘန္တေ**=ရား၊ **ဣဒံ**=ဤအာရာမဒဏ္ဍသုတ်ကို) **ဧဝံ**=ဤသို့၊ **မေ**=သည်၊ **သုတံ**=ပြီ၊ (**ကထံ**=အဘယ်သို့၊ **သုတံ**=မူ) **ဧကံ**=တပါးသော၊ **သမယံ**=အခါ၌၊ **အာယသ္မာ မဟာကစ္စာနော**= အရှင်မဟာကစ္စာနသည်၊ **ဝရဏာယံ**= ဝရဏမည်သောမြို့၌၊ (ရေခံတက်ပင်အနီး၌ တည်ရှိသည်အဖြစ်ကြောင့် ရေခံတက်ပင်မည်သော မြို့၌) **ဘဒ္ဒသာရိတီရေ**၊ ဘဒ္ဒသာရိ မြစ်ကမ်းနား၌၊ **ဝိဟရတိ**=နေတော်မူ၏၊ **အထခေါ**=၌။

**အာရာမဒဏ္ဍော**= အာရာမဒဏ္ဍ မည်သော၊ **ဗြာဟ္မဏော**=ပုဏ္ဏားသည်၊ **ယေန**=၌၊ **အာယသ္မာ မဟာကစ္စာနော**။ **အာယသ္မတာ မဟာကစ္စာနေ** အရှင်မဟာကစ္စာနနှင့် ။ပ။ **ဘော ကစ္စာန** အိုအရှင်ကစ္စာန၊ **ယေန (ဟေတုနာ)**=အကြင်အကြောင်းဟိတ်ကြောင့်၊ **ယေန (ပစ္စယေန)**=အကြင်အကြောင်းပစ္စည်းကြောင့်၊ **ခတ္တိယာပိ**=မင်းတို့သည်လည်း၊

