## PAGE 169

**ခတ္တိယေဟိ**=မင်းတို့နှင့်တကွ၊ **ဝိဝဒန္တိ**=ငြင်းခုန်ကြကုန်၏၊ **ဗြာဟ္မဏာပိ**=ပုဏ္ဏားတို့သည်လည်း။ပ။ **ဂဟပတိကာပိ**=အိမ်ပိုင်ရှင် လူတန်းစားတို့သည်လည်း၊ **ဂဟပတိကေဟိ**=တကွ၊ **ဝိဝဒန္တိ**=ကုန်၏၊ **သော ဟေတု**=ထိုငြင်းခုန်ကြခြင်း၏ အကြောင်းဟိတ်သည်။ **ကော နုခေါ**-အဘယ်ပါနည်း၊ **သော ပစ္စယော**= ထိုငြင်းခုန်ကြခြင်း၏ အကြောင်းပစ္စည်းသည်၊ **ကော**=အဘယ်ပါနည်း၊ **ဣတိ** (**အဝေါစ**=မေးလျှောက်ပြီ)

.. **ဗြာဟ္မဏ**=ပုဏ္ဏား၊ **ကာမရာဂါဘိနိဝေသ** . . . **ဟေတု**=(ငါးပါးအာရုံ ကာမဂုဏ်တို့၌ တပ်မက်သော) ကာမရာဂ၏ လွန်ကဲစွာဝင်ရောက်ခြင်း, ကာမရာဂ၏ ဖွဲ့တုပ်ချည်နှောင်ခြင်း, ကာမရာဂညွန်တွင်း၌ ငြိကပ်နှစ်ဝင်နေခြင်း, ကာမရာဂ၏ ထကြွသောင်းကျန်းခြင်း, ကာမရာဂ၏ ဝါးမျိုချလိုက်သကဲ့သို့ အာရုံကို အပြီးသတ် ဖမ်းချုပ်ယူငင်ခြင်းဟူသော အကြောင်းကြောင့်၊ **ခတ္တိယာပိ** ။ပ။ **ဂဟပတိကေဟိ ဝိဝဒန္တိ**=ကုန်၏၊ **ဣတိ** (**အဝေါစ**=ဖြေကြားမိန့်ဆိုပြီ)

**ဘော ကစ္စာန**=အရှင်ကစ္စာန၊ **ပန**=ထို့အပြင်၊ **ဝါ**=ပြီးတော့၊ **ယေန (ဟေတုနာ)**။ပ။ **သမဏာပိ**=ရဟန်းတို့သည်လည်း၊ **သမဏေဟိ**=ရဟန်းတို့နှင့်တကွ၊ **ဝိဝဒန္တိ**=ကုန်၏၊ **သော ဟေတု**-သည်၊ **ကော**=အဘယ်ပါနည်း၊ **သော ပစ္စယော**-သည်၊ **ကော**=နည်း၊ **ဣတိ** (**အဝေါစ**-မေးလျှောက်ပြီ)

**ဗြာဟ္မဏ**=ဏ္ဏား၊ **ဒိဋ္ဌိရာဂါဘိနိဝေသ** ……. **ဟေတု**= (၆၂ ပါးသော မိစ္ဆာအယူတို့ကို မှီ၍တပ်မက်သော) ဒိဋ္ဌိရာဂ၏ လွန်ကဲစွာဝင်ရောက်ခြင်း, ဒိဋ္ဌိရာဂ၏ ဖွဲ့ တုပ်ချည်နှောင်ခြင်း, ဒိဋ္ဌိရာဂဟူသော ညွန်တွင်း၌ ငြိကပ်နှစ်ဝင်နေခြင်း, ဒိဋ္ဌိရာဂ၏ ထကြွသောင်းကျန်းခြင်း, ဒိဋ္ဌိရာဂ၏ ဝါးမျိုချလိုက်သကဲ့သို့...ကြောင့် ။ပ။ **ဝိဝဒန္တိ**=ကုန်၏၊ **ဣတိ** (**အဝေါစ**= ဖြေကြား မိန့်ဆိုပြီ)

**ဘော ကစ္စာန**=န၊ **ယော**=အကြင်ပုဂ္ဂိုလ်သည်၊ **ဣမံ စေဝ ကာမရာဂါဘိနိဝေသဝိနိဗန္ဓပလိဂေဓပရိယုဋ္ဌာနအဇ္ဈောသာနံ**=ဤကာမရာဂ၏ လွန်ကဲစွာ ဝင်ရောက်ခြင်း...ယူငင်ခြင်းသဘော

**၁။ ကာမရာဂါဘိနိဝေသဝိနိဗန္ဓပလိဂေဓပရိယုဋ္ဌာနအဇ္ဈောသာန**။ ။**ကာမ**=ရူပါရုံစသော ငါးပါးအာရုံ ကာမဂုဏ်တို့၌+**ရာဂ**=တပ်မက်မှု။ **အဘိ**=လွန်ကဲစွာ+**နိဝေသ**=ဝင်ရောက်ခြင်း (ပူးဝင်ခြင်း)။ **ဝိနိဗန္ဓ**=ချည်နှောင်ခြင်း။ **ပလိဂေဓ**=ငြိကပ်နစ်ဝင်ခြင်း၊ **ပရိယုဋ္ဌာန**=ထကြွ သောင်းကျန်းခြင်း။ **အဇ္ဈောသာန**=အာရုံကို ဝါးမျိုချလိုက် သကဲ့သို့ အပြီးသတ် ဖမ်းချုပ်ယူငယ်ခြင်း။ အဓိ+အဝ+သာဓာတ် ပြီးဆုံးခြင်း အနက်ဟော+ကာရိတ် ဏာပေပစ္စည်းကျေ+ယုပစ္စည်းဖြင့် **အဇ္ဈောသာန**ဟု ဖြစ်၏။

## PAGE 170

ကိုလည်း၊ **သမတိက္ကန္တော**=ကောင်းစွာကျော်လွန်ပေပြီ၊ **ဣမဉ္စ ဒိဋ္ဌိရာဂါဘိနိဝေသဝိနိဗန္ဓပလိဂေဓပရိယုဋ္ဌာနအဇ္ဈောသာနံ**=ဤဒိဋ္ဌိရာဂ၏ လွန်ကဲစွာဝင်ရောက်ခြင်း..ယူငင်ခြင်းသဘောကိုလည်း၊ **သမတိက္ကန္တော**=ပြီ၊ **ကောစိ**=တစုံတယောက်သော၊ (သော ထိုပုဂ္ဂိုလ်မျိုးသည်) **လောကသ္မိံ**=သတ္တလောက၌၊ **အတ္ထိ ပန**=ရှိပါသလော၊ **ဣတိ** (**အဝေါစ**)

**ဗြာဟ္မဏ**=ဏ္ဏား၊ **ယော**=အကြင်ပုဂ္ဂိုလ်သည်၊ **ဣမံ စေဝ**။ပ။ **သမတိက္ကန္တော**=ပြီ၊ (**သော**=ထိုပုဂ္ဂိုလ်သည်) **လောကသ္မိံ**=၌၊ **အတ္ထိ**=ရှိပါ၏၊ **ဣတိ** (**အဝေါစ**)

**ဘော ကစ္စာန**=န၊ **ယော**=သည်၊ **ဣမဉ္စ ဧဝ**။ပ။ **သမတိက္ကန္တော**=ပြီး **လောကသ္မိံ**=၌၊ **သော**=ထိုပုဂ္ဂိုလ်သည်၊ **ကော ပန**=အဘယ်ပုဂ္ဂိုလ်ပါနည်း၊ **ဣတိ** (**အဝေါစ**)

**ဗြာဟ္မဏ**= ဏ္ဏား၊ **ပုရတ္ထိမေသု**=အရှေ့ဘက်၌ ဖြစ်ကုန်သော၊ **ဇနပဒေသု**=ဇနပုဒ်တို့၌၊ **ဝါ**=တိုင်းနယ်ပယ်တို့၌၊ **သာဝတ္ထိနာမ**=သာဝတ္ထိမည်သော၊ **နဂရံ**=မြို့သည်၊ **အတ္ထိ**-ရှိ၏၊ **တတ္ထ**=ထိုသာဝတ္ထိမြို့၌၊ **အရဟံ**=ကိလေသာအားလုံးမှ ဝေးကွာတော်မူသော၊ **သမ္မာသမ္ဗုဒ္ဓေါ**=အမှားမပါ မှန်စွာပိုင်နိုင်, ကိုယ်တိုင်စတွင်, ကုန်စင်ခပင်း ကျန်ကြွင်းမရှိ သိမြင်တော်မူသော၊ **သော ဘဂဝါ**=ဘုန်းတော် ကြီးမား ထိုမြတ်စွာဘုရားသည်၊ **ဧတရဟိ**-ယခုအခါ၌၊ **ဝိဟရတိ**=သီတင်းသုံး နေတော်မူ၏၊ **ဗြာဟ္မဏ**=ဏ္ဏား၊ **ဟိ**=အမှန်တကယ်ပင်၊ **သော ဘဂဝါ** သည်။ပ။ **သမတိက္ကန္တော**=ပြီး **ဣတိ** (**အဝေါစ**)

**ဧဝံ**-ဤသို့၊ **ဝုတ္တေ**-(အရှင်ကစ္စာနက) မိန့်ဆိုအပ်လသော်။ပ။ **အာသနာ**=ထိုင်နေရာမှ၊ **ဥဋ္ဌာယ**=ထ၍၊ **ဧကံသံ** (**ဧကသ္မိံ အံသေ**)=တခုသော လက်ဝဲဘက် ပခုံးပေါ်၌၊ **ဥတ္တရာသင်္ဂံ**=အပေါ်ရုံ ခြုံထည်ကို၊ **ကရိတွာ**=တင်ထား၍၊ **ဒက္ခိဏံ**=လက်ျာဘက်ဖြစ်သော၊ **ဇာဏုမဏ္ဍလံ**=ပုဆစ်ဒူးဝန်းကို၊ **ပထဝိယံ**=မြေပေါ်၌၊ **နိဟန္တွာ**=ထောက်၍၊ **ယေန**=အကြင်အရပ်၌၊ **ဘဂဝါ**=သည်၊ (**အတ္ထိ**=ရှိတော်မူ၏) **တေန**=မြတ်စွာဘုရား ရှိတော်မူရာ ထိုအရပ်၌၊ **အဉ္ဇလိ**=လက်အုပ်ကို၊ **ပဏာမေတွာ**=ညွတ်စေ၍၊ **ဝါ**=ချီမြှောက်၍၊ **တိက္ခတ္တံ**- သုံးကြိမ်၊ **ဥဒါနံ**=ဥဒါန်းစကားကို၊ (ပီတိအဟုန်ကြွ, မြုံမရ၍, မြွက်ဟရွှင်လန်း, ဥဒါန်းစကားကို) **ဥဒါနေသိ**=ကျူးရင့်မြွက်ဆိုပြီး (**ကိန္တိ**=သို့၊ **ဥဒါနေသိ**=ဟူမူ)

**ဟိ**=အမှန်တကယ်ပင်၊ **ယော သော ဘဂဝါ**-အကြင်မြတ်စွာဘုရားသည်၊ **ဣမဉ္စ ဧဝ**။ပ။ **သမတိက္ကန္တော**=ပြီ၊ **အရဟတော**-လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ဝပ်စင်းဦးခိုက် အပူဇော်ခံတော်မူထိုက်သော၊ **သမ္မာသမ္ဗုဒ္ဓဿ**=အမှားမပါ.. မူသော၊ **တဿ ဘဂဝတော**=ဘုန်းတော်ကြီးမား ထိုမြတ်စွာဘုရားအား၊ **နမော** အကျွန်ုပ်၏ ရှိခိုးခြင်းသည်၊ (**အတ္ထု**=ဖြစ်ပါစေသတည်း) [ဤနည်းအတိုင်း
## PAGE 171

**နမော တဿ**ကို သုံးကြိမ်အနက်ဆို။ အဘိက္ကန္တ စသည်ကို စာပိုဒ် ၁၆ ကြည့်၊ နောက်အနက်ပေးနည်းများ၌ “**ဝစနံ**=အရှင်ကစ္စာန၏ တရားစကားတော်ကို၊ **ဝါ**=သည်၊”ဟူ၍ ပြင်ဆိုရုံမျှသာထူး၏]။ပ။

**ဘောတာ ကစ္စာနေန**= အရှင် ကစ္စာနသည်။ပ။ **တံ ဘဝန္တံ ဂေါတမံ**=ထိုအရှင်ဂေါတမကို။ပ။

**၃၉။ ဧကံ**=သော ပ။ **မဓုရာယံ**=ဥတ္တရမဓုရာမြို့အနီး၌၊ **ဂုန္ဒာဝရ**မည်သော တော၌၊ **ဝါ**=ညောင်ကြတ်ညိုပင်တော၌၊ **ဝါ**=ပိတ်ချင်းနက်တော၌၊ [ဋီကာအဖွင့် ကာဠပိပ္ပလိဝနေ၌ **ပိပ္ပလိ**သဒ္ဒါသည် ညောင်ကြတ်ပင်, ပိတ်ချင်းပင် ဟူသော အနက်နှစ်မျိုးလုံး၌ ဖြစ်နိုင်၏၊ သို့သော် မဇ္ဈိမပဏ်ဋီ ၁၅၁-၌မူ **သိပ္ပလိ**ဟု ပါဌ်ရှိ၏] **ဝိဟရတိ**=၏၊ **အထခေါ**=၌၊ **ကန္ဒရာယနော**=ကန္ဒရာယန မည်သော။ပ။

**ဘော ကစ္စာန**=န၊ **မေ**-အကျွန်ုပ်သည်၊ **ဧတံ**- ဤအကြောင်းကို၊ **သုတံ**=ကြားအပ်ဖူးပါပြီ၊ (**ကိန္တိ**=အဘယ်သို့၊ **သုတံ**=ဟူမူ)**သမဏော ကစ္စာနော** =ရဟန်းကစ္စာနောသည်၊ **ဇိဏ္ဏေ**=ရာစီးနင်း, အိုမင်းကုန်သော။ ဗျာဓိမပါ၊

**၁။ ဇိဏ္ဏေ ဝုဒ္ဓေ မဟလ္လကေ အဒ္ဓဂတေ** ။ ။ ဤသုတ်နှင့် တိကနိပါတ် စာပိုဒ် ၅၂-သုတ်, စတုက္ကနိပါတ် စာပိုဒ် ၂၂-သုတ်ဋ္ဌ, ဋီကာအဖွင့်အတိုင်း **ဇိဏ္ဏေ**စသော ငါးပုဒ်ကို တပုဒ်နှင့်တပုဒ် အနက်ချင်းထပ်တူ ဖြစ်မသွားအောင် အနက်ပြန်ဆိုရ၏၊ **မဟတ္တံ လန္တိ ဂဏှန္တိတိ မဟလ္လကာ** (**မဟတ္တ+လာက္မ**) **မဟတ္တ**(**မဟန္တ+တ္တ**)၌ **တ္တ**ကိုချေ။ **မဟန္တ** သဒ္ဒါသည် ပစုရ (အများ)အနက်ကို ဟော၏။

“**ဇာတိယာ မဟန္တတာယ စိရရတ္တတာယ** (**စိရရတ္တညုတာယ**) **မဟလ္လကာ၊ န ဘောဂပရိဝါရာဒီဟိ**”ဟူသော ဋီကာအဖွင့်အတိုင်း မွေးဖွားချိန် မှစ၍ ရေတွက်ခြင်းဖြင့် ညဉ့်ရက်များပြား ကာလရှည်လျား၍ အဘိုးကြီးအို ဖြစ်နေသူကို **မဟလ္လက**ဟု ခေါ်၏၊ ထို့ကြောင့် “**မဟလ္လကေ**=မွေးဖွားချိန်မှစ၍ ရေတွက် ညဉ့်ရက်တိုးပွား, များသည်အဖြစ်ကို ယူကုန်သော”ဟု ဝိဂြိုဟ်နက် ရွက်၍ အနက်ဆိုနိုင်၏။

တနည်း-**ဇိဏ္ဏေ**-ကာလကြာညောင်း ဆွေးဟောင်းမျိုးဟောင်း၌ ဖြစ်ကုန်သော၊ **ဝါ**=ရှေးအထက်ထက် ဆွေမျိုးကြီးအဆက်ဆက်မှ ဆင်းသက် လာကုန်သော [**အဇီရီတိ ဇိဏ္ဏ၊ ဇိဏ္ဏေ ပုရေ ဥစ္စကုလေ ဘဝါ ဇိဏ္ဏာ**] **ဝုဒ္ဓေ** =သီလစသော ဂုဏ်အားဖြင့် ကြီးမြင့်ကုန်သော၊ **မဟလ္လကေ**=စည်းစိမ်ဥစ္စာ ပေါများသည်အဖြစ်ကို ယူကုန်သော၊ **ဝါ**=ပေါများသော စည်းစိမ်ဥစ္စာရှိကုန်သော

