## PAGE 172

ဇရာသက်သက်, နှိပ်စက်ယိုယွင်း, အိုမင်းကုန်သော။ **ဇီရန္တိတိ ဇိဏ္ဏာ**=အိုမင်း ကြီးရင့်သူများ] **ဝုဒ္ဓေ**=အရွယ်အားဖြင့် ကြီးရင့်ကုန်သော၊ [သီလစသော ဂုဏ် အားဖြင့် ကြီးရင့်သည်မဟုတ်ဟူလို] **မဟလ္လကေ**=မွေးဖွားခဲ့ရာ, ကာလကြာပြီး, အဘိုးကြီးဖြစ်ကုန်သော၊ **အဒ္ဓဂတေ**= ရှည်လျားသော ကာလကို ကျော်လွန် ကုန်သော၊ **ဝါ**=ကာလရှည်လျား အရွယ်သုံးပါးကို ကျော်လွန်ကုန်သော၊

**ဝယောအနုပ္ပတ္တေ** (၆၇-နှစ် စလစ်ချိန်ထောက်) နောက်ဆုံးအရွယ်သို့ ရောက်ကုန် သော၊ **ဗြာဟ္မဏေ**= ပုဏ္ဏားတို့ကို၊ **န အဘိဝါဒေတိ ဝါ**=ရှိခိုးထိုက်၏ဟု မမှတ် ထင်၊ **ဝါ**=ရှိခိုးထိုက်၏ဟု မမှတ်ထင် မယူဆသည့်, ပင်ကိုယ်သဘာဝရှိ၏၊ (**ဒိသွာ**=တွေ့ မြင်၍။ **ဝါ**=တွေ့ မြင်လသော်) **န ပစ္စုဋ္ဌေတိ ဝါ**=နေရာမှ ထထိုက် ၏ဟု မမှတ်ထင်၊ **ဝါ**=နေရာမှထပေးထိုက်၏ဟု မမှတ်ထင် မယူဆသည့် ပင်ကို သဘာဝရှိ၏၊ **အာသနေန**=နေရာဖြင့်၊ **န နိမန္တေတိ ဝါ**= ဖိတ်မန်ထိုက်၏ဟု မမှတ်ထင်၊ **ဝါ**=ဖိတ်မန်ထိုက်၏ဟု မမှတ်ထင် မယူဆသည့်, ပင်ကိုသဘာဝရှိ၏၊

**ဣတိ**=ဤသို့၊ (**သုတံ**=ကြားအပ်ဖူးပါပြီ)**ဘော ကစ္စာန**၊ **တယိဒံ**(**တံဣဒံ**) =ထိုအကျွန်ုပ်ကြားဖူးသော အကြောင်းသည်၊ **တထေဝ**=ထိုကြားဖူးသည့်အတိုင်း ဟုတ်မှန်သည်သာတည်း၊ (**ကသ္မာ**=အဘယ့်ကြောင့်နည်းဟူမူ) **ဟိ** (**ယသ္မာ**)= ဤနည်း၌ **မဟဒ္ဓနာ မဟာဘောဂါ**ဟု ဖွင့်ဆိုသည့်အတိုင်း **ဝိဘဝမဟန္တ** (စည်းစိမ်ဥစ္စာ ပေါများသူ)ကို **မဟလ္လက**ဟုခေါ်သည်] **အဒ္ဓဂတေ**=ပုဏ္ဏား စည်းကမ်း ကျင့်စဉ်လမ်းသို့ ဖြောင့်တန်းမတ်မတ် ကျင့်သွားတတ်ကုန်သော၊ ဤနည်း၌ **အဒ္ဓ**သဒ္ဒါ ခရီးလမ်းကြောင်း အနက်ဟောတည်း၊ ယခင်ပဌမနည်း တုန်းကမူ **အဒ္ဓ**သဒ္ဒါ ဒီဃကာလ အနက်ဟောတည်း] **ဝယောအနုပ္ပတ္တေ**=၆၇နှစ် ကုန်သော၊ **ဗြာဟ္မဏေ**=တို့ကို”ဟု အနက်ဆိုပါ။

**ဒိသွာ**ဟူသော ပါဌသေသ။ ။ **ဒိသွာ**ပုဒ်မထည့်ဘဲ အနက်ပေးလျှင် “**ဗြာဟ္မဏေ န ပစ္စုဋ္ဌေတိ**=ပုဏ္ဏားတို့ကို နေရာမှ မထ"ဟု အဓိပ္ပါယ်ပျက်၏၊ **ဗြာဟ္မဏေ**ပုဒ်သည် **န ပစ္စုဋ္ဌေတိ**၌ မစပ်နိုင်၊ ထို့ကြောင့် “**ဗြာဟ္မဏေ ဒိသွာ န ပစ္စုဋ္ဌေတိ**=ပုဏ္ဏားတို့ကို မြင်၍ နေရာမှ မထ” ဟု **ဒိသွာ**ပုဒ် ထည့်ရသည်။

တနည်း-“**န ပစ္စုဋ္ဌေတိ ဝါ**=ထ၍ ခရီးဦးကြိုဆိုထိုက်၏ဟု မမှတ်ထင်၊ **ဝါ** =ထ၍ ခရီးဦးကြိုဆိုထိုက်၏ဟု မမှတ်ထင် မယူဆသည့်, ပင်ကိုသဘာဝရှိ၏” ဤသို့အနက်ပေးလျှင် **ဒိသွာ**ပုဒ် မထည့်ရ၊ “ပုဏ္ဏားတို့ကို ခရီးဦး မကြိုဆို”ဟု တိုက်ရိုက်စပ်နိုင်၏၊ **ဝါ**သဒ္ဒါ၏အနက်ကို အဋ္ဌကနိပါတ်ဝေရာသုတ်ကြည့်။

## PAGE 173

### ပဏ္ဏာသက

အကြင်ကြောင့်၊ **ဘဝံ ကစ္စာနော**=အရှင်ကစ္စာနသည်၊ **ဇိဏ္ဏေ**=ကုန်သော။ပ။ **ဝယောအနုပ္ပတ္တေ**=ကုန်သော၊ **ဗြာဟ္မဏေ**=တို့ကို၊ **န အဘိဝါဒေတိ ဝါ**=ရှိလည်းမခိုး၊ (**ဒိသွာ**=၍၊ **ဝါ**=သော်) **န ပစ္စုဋ္ဌေတိ ဝါ**= နေရာမှလည်းမထ၊ **ဝါ**=ထ၍ ခရီးဦး မကြိုဆို၊ **အာသနေန**=နေရာဖြင့်၊ **န နိမန္တေတိ ဝါ**=မဖိတ်မန်လည်း မဖိတ်မန်၊ (**တသ္မာ**=ထို့ကြောင့်ပါတည်း) **ဘော ကစ္စာန**၊ **တယိဒံ**=ထိုရှိခိုးမှု စသည်တို့ကို မပြုခြင်းသည်၊ **န သမ္ပန္နမေဝ**=မသင့်လျော်သည်သာတည်း၊ **ဣတိ** (**အဝေါစ**=ဆိုပြီ)။

**ဗြာဟ္မဏ**=ပုဏ္ဏား၊ **ဇာနတာ**=သိဖွယ်တရားအားလုံးကို သိတော်မူသော၊ **ပဿတာ**=(လက်ပေါ်တင်ထား သီးသျှိသျှားအသွင်) တရားအားလုံးကို မြင်တော် မူသော၊ **အရဟတာ**=ကိလေသာအားလုံးမှ ဝေးကွာတော်မူသော၊ **သမ္မာသမ္ဗုဒ္ဓေန** =အမှားမပါမူသော၊ **တေန ဘဂဝတာ**=ထိုမြတ်စွာဘုရားသည် **အက္ခာတာ** =ဟောကြားတော်မူအပ်သော၊ **ဗုဒ္ဓဘူမိ စ**=ကြီးသောသူ၏ ဖြစ်ရာအကြောင်းတရား သည်လည်းကောင်း၊ **ဒဟရဘူမိ စ**=ငယ်သောသူ၏ ဖြစ်ရာအကြောင်းတရား သည်လည်းကောင်း၊ **အတ္ထိ**=ရှိ၏။

**ဗြာဟ္မဏ**=ပုဏ္ဏား၊ **ဝုဒ္ဓေါ**=အသက်ကြီးသော သူသည်၊ **ဇာတိယာ**=အမိဝမ်းတွင်းမှ မွေးဖွားခြင်းအားဖြင့်၊ **အသီတိကော ဝါ**= နှစ်ပေါင်းရှစ်ဆယ် အသက်အရွယ်ရှိသည်သော်လည်းကောင်း၊ **နာဝုတိကော ဝါ**=နှစ်ပေါင်းကိုးဆယ်အသက်အရွယ်ရှိသည်သော်လည်းကောင်း၊ **ဝဿသတိကော ဝါ**=နှစ်ပေါင်းတရာ အသက်အရွယ်ရှိသည်သော်လည်းကောင်း၊ **စေပိ ဟောတိ** =အကယ်၍ကား ဖြစ်ပါပေ၏၊ **စ**=ထိုသို့ပင်ဖြစ်ပါသော်လည်း၊ **သော**=ထို အသက်ကြီးသောသူသည် **ကာမေ**=ဝတ္ถု, ကိလေသာနှစ်ဖြာသော ကာမတို့ကို၊ **ပရိဘုဉ္စတိ**=ခံစားငြားအံ့၊ **ကာမံ**=နှစ်ဖြာသော ကာမနေအိမ်၌၊ **အဇ္ဈာဝသတိ**=အိမ်ပိုင်ရှင်အလား အုပ်စီးနေထိုင်ငြားအံ့။

(**သော**=ထိုအသက်ကြီးသောသူကို) **ကာမပရိဠာဟေန**=ကိလေသာကာမ မီးပူသည်၊ **ပရိဍယှတိ**=လောင်အပ်ငြားအံ့၊ **ကာမဝိတက္ကေဟိ**=ကာမဝိတက် တို့သည်၊ **ဝါ**=ကိလေသာကာမနှင့်ယှဉ်သော ကြံစည်တွေးတောမှု အကုသိုလ် တို့သည်၊ ခန္ဓာကိုယ်ကို ကိုက်ဝါးခဲစားအပ်ငြားအံ့၊ (**သော**=ထိုအသက်ကြီးသောသူသည်) **ကာမပရိယေသနာယ**=နှစ်ဖြာသော ကာမတို့ကို ရှာမှီးခြင်းငှာ၊ **ဥဿုကော**= ကြိုးစားအားထုတ်နေငြားအံ့၊ **အထ**=ထိုသို့ဖြစ်နေလသော်၊ **သော**-ထိုအသက် ကြီးသောသူသည်၊ **ဗာလော** (**ဣတိ ဧဝ**)=ယုတ်နိမ့်ညံ့ဖျင်းသူဟူ၍သာလျှင်၊ **န ထေရော ဣတိ ဧဝ**=ထေရ်မဟုတ်ဟူ၍သာလျှင်၊ **ဝါ**=တည်တံ့ခိုင်မြဲသူ၏
## PAGE 174

ခင်္ဂုတ္တိုရ်ပါဠိတော်နိဿယ(ဒုက) ဖြစ်ကြောင်း အကျင့်ရှိသူ မဟုတ်ဟူ၍သာလျှင်၊ သင်္ချာထည့်သွင်းရေတွက် အပ်သည်အဖြစ်သို့၊ **ဂစ္ဆတိ**=ရောက်၏။ [**ထိရံ ထိရဘာဝေါ အဿ အတ္ထိတိ ထေရော**] **ဗြာဟ္မဏ**-ပုဏ္ဏား၊ **ဒဟရော**=အသက်ငယ်ရွယ်သူသည်၊ **ယုဝါ**=ပျိုမျစ်သည်၊ **သုသု**=နုနယ်သည်၊ **ကာဠကေသော**=ကောင်းစွာမည်းနက်သော ဆံပင်ရှိသည်၊ ဤသုတ်အဋ္ဌကထာ၌ **သုသု**ပုဒ်၏ အဖွင့်ဝါကျ မပါလာ၊ **သုသူတိ တရုဏော၊ ကာဠကေသောတိ သုဋ္ဌ ကာဠကေသော**။ သံယုတ်ဋ္ဌ၊ ပ-၄၀ **ဘဒြေန**=ကောင်းသော၊ **ယောဗ္ဗနေန**=နုပျိုသူ၏အဖြစ်နှင့်၊ **ယုဝ**ပုဒ်, **နဏ်**ပစ္စည်း၊ **ယုဝိနော ဘာဝေါ ယောဗ္ဗနံ**] **ပဌမေန**=ပဌမဖြစ်သော၊ ဝယသား (၃၃)နှစ် အရွယ်နှင့်၊ **သမန္နာဂတော**=ပြည့်စုံသည်၊ **စေပိ ဟောတိ**=အကယ်၍ကား ဖြစ်နေသေး၏။ **စ**=ထိုသို့ပင် ဖြစ်နေသေးသော်လည်း၊ **သော**=ထိုအသက်ငယ်ရွယ်သူသည်၊ **ကာမေ**-တို့ကို၊ **န ပရိဘုဉ္ဇတိ**=မခံစားငြားအံ့။ ပ။ **န ဥဿုက္ကော**=နု မကြိုးစား အားမထုတ်ငြားအံ၊ အထ=ထိုသို့ ဖြစ်လသော်၊ **သော**=ထိုအသက်ငယ်ရွယ်သူသည်၊ **ပဏ္ဍိတော** (**ဣတိ ဧဝ**)=ပညာရှိသူတော်ကောင်း ဟူ၍သာလျှင်၊ **ထေရောတွေဝ**=ထေရ်ဟူ၍သာလျှင်၊ **ဝါ**=တည်တံ့ခိုင်မြဲသူ၏ ဖြစ်ကြောင်း အကျင့်ကောင်းရှိသူဟူ၍သာလျှင် ပ။ **ဣတိ** (**အဝေါစ**) **ဧဝံ**=ဤသို့၊ **ဝုတ္တေ**=အရှင်ကစ္စာနက မိန့်ဆိုအပ်လသော်။ ပ။ **ဒဟရာနံ**=ငယ်ရွယ်ကုန်လျက်သာလျှင်၊ **သတံ** (**သန္တာနံ**) ဖြစ်နေသေးကုန်သော၊ **ဘိက္ခူနံ**=ရဟန်းတို့၏၊ **ပါဒေ** ခြေတို့ကို၊ **သိရသာ**-ဦးခေါင်းဖြင့်၊ **ဝန္ဒတိ**=ရှိခိုး၏၊ (**ကိန္တိ**=အဘယ်သို့ဆို၍၊ **ဝန္ဒတိ**=ရှိခိုးသနည်းဟူမူ) **ဘဝန္တော**=အရှင်တို့သည်၊ **ဗုဒ္ဓါ**=ကြီးပါပေကုန်၏။ **ဗုဒ္ဓဘူမိယံ**=ဘုရား၌၊ **ဌိတာ**=တည်ပါကုန်၏။ **မယံ**=အကျွန်ုပ်တို့သည်ကား၊ **ဒဟရာ**=ငယ်ပါကုန်၏၊ **ဒဟရဘူမိယံ**=၌၊ **ဌိတာ**=၏၊ **ဣတိ**=ဤသို့ဆို၍၊ (**ဝန္ဒတိ**-၏)။

၄၀။ **ဘိက္ခဝေ**=ရဟန်းတို့၊ **ယသ္မိံ သမယေ**=အကြင်အခါ၌၊ စောရား ဓားပြသူပုန်တို့သည် **ဗလဝန္တော**=အင်အားရှိကုန်သည်၊ (နောက်လိုက်ဘက်သား ဓနအားစသည် တောင့်တင်းကုန်သည်) **ဟောန္တိ**=ဖြစ်ကုန်အံ့၊ **တသ္မိံ သမယေ**=ထိုအခါ၌၊ **ရာဇာနော**=မင်းတို့သည်၊ **ဒုဗ္ဗလာ**=အင်အားနည်းကုန်သည်။ **ဟောန္တိ**=ဖြစ်ကုန်အံ့၊ **ဘိက္ခဝေ** တို့၊ **တသ္မိံ သမယေ**၌၊ **ရညော**=မင်းအား၊ **အတိယာတုံ ဝါ**=မြို့တွင်းသို့ ဝင်ရောက်ခြင်းငှာ လည်းကောင်း၊ **နိယျာတုံ ဝါ**=မြို့ပြင်သို့ ထွက်ခြင်းငှာ လည်းကောင်း၊ **ပစ္စန္တိမေ**=နိုင်ငံ၏ အစွန်အဖျား၌ဖြစ်သော၊ **ဇနပဒေ**-နယ်ပယ်ဇနပုဒ်၌၊ **အနုသံယာတုံ ဝါ**=လှည့်လည်သွားလာခြင်းငှာ

