## PAGE 175

လည်းကောင်း၊ [**အနု+သံ+ယာ+တုံ**] **ဖာသု**=ချမ်းသာလွယ်ကူသည် အဖြစ်သည်၊ **န ဟောတိ**=မဖြစ်၊ **တသ္မိံ သမယေ**=(ဓားပြသူပုန်တို့ အင်အားကောင်းရာ) ထိုအခါ၌၊ **ဗြာဟ္မဏဂဟပတိကာနမ္ပိ**=မြို့တွင်းနေ ပုဏ္ဏား၊ အိမ်ပိုင်ရှင် လူတန်းစားတို့အားလည်း၊ **အတိယာတုံ ဝါ** ပ။ **ဗာဟိရာနိ** မြို့အပြင်၌ ဖြစ်ကုန်သော၊ **ကန္တာနိ**-ခြံလယ်ယာလုပ်ငန်းတို့ကို၊ **ပဋိဝေက္ခိတုံ ဝါ**=ကြည့်ရှုစစ်ဆေးခြင်းငှာလည်းကောင်း၊ **ဖာသု**=သည်၊ **န ဟောတိ**=မဖြစ်။
**ဘိက္ခဝေ**=တို့၊ **ဧဝမေဝံ**-ဤအတူပင်၊ **ယသ္မိံ သမယေ**-၌၊ **ပါပဘိက္ခု**=ယုတ်မာသော ရဟန်းတို့သည်၊ **ဗလဝန္တော**=အင်အားရှိကုန်သည်၊ **ဟောန္တိ**=အံ့၊ **တသ္မိံ သမယေ**=(ယုတ်မာသော ရဟန်းတို့ အင်အားရှိရာ) ထိုအခါ၌၊ **ပေသလာ**=ချစ်အပ်သော သီလရှိကုန်သော၊ **ဝါ**=သီလကို ချစ်မြတ်နိုးကုန်သော၊ **ဘိက္ခူ**=တို့သည်၊ **ဒုဗ္ဗလာ**=ကုန်သည်၊ **ဟောန္တိ**=အံ့။ ပ။ **တုဏှိဘူတာ တုဏီဘူတာ ဝ**=တိတ်ဆိတ်စွာ ဖြစ်ကြရ, တိတ်ဆိတ်စွာ ဖြစ်ကြရကုန်လျက်သာလျှင်၊ **သံဃမဇ္ဈေ**=သံဃပရိသတ်အလယ်၌၊ **သင်္ကသာယန္တိ**=ထိုင်နေကြရကုန်၏။ [ဓာတွန်မကျေသော **သံကသေ**ဓာတ်တည်း]။ ပ။ **အစ္ဆန္တိ**=နေကြရကုန်၏။
**ဘိက္ခဝေ**-တို့၊ **တယိဒံ** (**တံ ဣဒံ**)=ထိုပေသလရဟန်းတို့ အင်အားနည်းပါးခြင်းသည်၊ **ဗဟုဇနာဟိတာယ**=များစွာသော သတ္တဝါအပေါင်း၏ စီးပွားမဲ့အလို့ငှာ [**ဗဟုဇန+အဟိတာယ**] **ဗဟုဇနာသုခါယ**=များစွာသော သတ္တဝါအပေါင်း၏ မချမ်းသာခြင်းငှာ၊ **ဗဟုနော**=များစွာသော၊ **ဇနဿ**-သတ္တဝါအပေါင်း၏၊ **အနတ္ထာယ**=မကြီးပွားခြင်းငှာ၊ **အဟိတာယ**=စီးပွားမဲ့အလို့ငှာ၊ **ဒေဝမနုဿာနံ**=နတ်လူတို့၏၊ **ဒုက္ခာယ**=ဆင်းရဲခြင်းငှာ၊ **ဟောတိ**=ဖြစ်၏ **ယေန ဒါ ပန တေန**=သွားလိုရာဒေသ တခုခုသို့သော်လည်း၊ **ပက္ကမန္တိ**=ထွက်ခွာသွားကြကုန်၏၊ တနည်း-**ယေန**=အကြင်အရုပ်၌၊ **ပက္ကမိတုံ**-ထွက်ခွာသွားခြင်းငှာ၊ **ဣစ္ဆန္တိ**=အလိုရှိကုန်၏၊ **တေန ဝါ ပန**=ထိုထွက်ခွာသွားလိုရာ အရပ်သို့သော်လည်း၊ **ပက္ကမန္တိ**-၏] **ဘိက္ခဝေ**=တို့၊ **တယိဒံ**=ထိုပါပဘိက္ခုတို့ အင်အားနည်းပါးခြင်းသည်၊ **ဗဟုဇနဟိတာယ**=ငှာ၊ [ဧကကနိပါတ် စာပိုဒ် ၁၄၀-ကြည့်] **ဗဟုဇနသုခါယ**။ ပ။ **ဒေဝမနုဿာနံ**=တို့၏၊ **သုခါယ**=ငှာ၊ **ဟောတိ**-၏၊ **ဣတိ** (**အဝေါစ**)။

၄၁။ **ဘိက္ခဝေ**=တို့၊ **ဂိဟိဿ ဝါ**=လူ၏လည်းကောင်း၊ **ပဗ္ဗဇိတဿ ဝါ**=ရဟန်း၏လည်းကောင်း၊ **ဒွိ**=ဤနှစ်ဦးသော ပုဂ္ဂိုလ်တို့၏၊ **မိစ္ဆာပဋိပတ္တိ**=မှားယွင်းသောအကျင့်ကို၊ **အဟံ**=ငါသည်၊ **န ဝဏ္ဏေမိ**=မချီးမွမ်း၊ **ဘိက္ခဝေ**=တို့၊

## PAGE 176

**ဂိဟိ ဝါ**=လူသည်လည်းကောင်း၊ လူပဲဖြစ်ဖြစ်၊ **ပဗ္ဗဇ္ဇိတော ဝါ**=ရဟန်းသည်လည်းကောင်း၊ ရဟန်းပဲဖြစ်ဖြစ်၊ **မိစ္ဆာပဋိပန္နော**=မှားယွင်းစွာကျင့်သည်၊ (**သမာနော**=ဖြစ်လသော်) **မိစ္ဆာပဋိပတ္တာဓိကရဏဟေတု**=မှားယွင်းသော အကျင့်ကို ပြုကျင့်ခြင်းဟူသော အကြောင်းကြောင့်၊ **မိစ္ဆာပဋိပတ္တိ+အဓိကရဏ**=ပြုကျင့်ခြင်း၊ အဓိအနက်မရှိ **ဉာယံ**=ထိုးထွင်းသိမြင်ခြင်း၏ အစွမ်းအားဖြင့် နိဗ္ဗာန်သို့ သွားတတ်သော၊ [**ဉာယတိ ပဋိဝိဇ္ဈနဝသေန နိဗ္ဗာနံ ဂစ္ဆတီတိ ဉာယော**] **ကုသလံ**=ကုသိုလ်ဖြစ်သော၊ **ဓမ္မံ**=ဝိပဿနာနှင့် တကွသော မဂ်တရားကို၊ **န အာရာဓကော**=မပြီးစီးစေနိုင်သည်၊ **ဟောတိ**=၏။
**သမ္မာပဋိပတ္တိ** =မှန်ကန်သော အကျင့်ကို။ ပ။ **သမ္မာပဋိပန္နော**=မှန်ကန်စွာ ကျင့်သည်၊ (**သမာနော**) **သမ္မာပဋိပတ္တာဓိကရဏဟေတု**=မှန်ကန်သော အကျင့်ကို ပြုကျင့်ခြင်းဟူသော အကြောင်းကြောင့် ပ။

၄၂။ **ဘိက္ခဝေ**=တို့၊ **ယေ တေ ဘိက္ခူ**=အကြင်ရဟန်းတို့သည်၊ **ဒုဂ္ဂဟိတေဟိ**=(အနက်, သဒ္ဒါ၊ နှစ်ဖြာအားဖြင့်) မကောင်းသဖြင့် သင်ယူမှတ်သားထားအပ်ကုန်သော၊ ဝါ=ယုတ်လျော့ခြင်း, ပိုလွန်ခြင်း, လွဲမှားခြင်း, ပုဒ်ရှေ့နောက်ပြန်ခြင်း စသည်ဖြင့် မလျော်ကန်အောင် သင်ယူမှတ်သားထားအပ်ကုန်သော၊ **ဗျဉ္ဇနပတိရူပကေဟိ**=သဒ္ဒါအားဖြင့် အတုအပ ဖြစ်ကုန်သော၊ ဝါ=(ဓာတ်, ပစ္စည်း, ဝိဘတ် ခွဲဝေခြင်းစသည်ဖြင့်) အက္ခရာပုဒ်ပါဌ် ကြံစည်ကာ မှတ်သား ထားအပ်ကုန်သော၊ **သုတ္တန္တေဟိ**=သုတ္တန်တို့ဖြင့်၊ နှုတ်မှထွက်သော အသံသည် **ဗျဉ္ဇန** (**သဒ္ဒါ**) အစစ်တည်း၊ ထိုအစစ်ကို - ဓာတ်ပစ္စည်းစသည် ကြံစည်ပြုလုပ်အပ်သော ပုဒ်ပါဌ်တို့ကား (ဆင်အစစ်၏ ပုံတူရုပ်တုကဲ့သို့) **ဗျဉ္ဇနပတိရူပက** (**သဒ္ဒါအတု**)များ ဖြစ်၏။ ထိုကဲ့သို့ အတုအပ ကြံစည်ပြုလုပ် မှတ်သားထားအပ်သော သုတ္တန်တို့ဖြင့်] (**သုဂ္ဂဟိတသုတ္တန္တာနံ**=ကောင်းမွန် မှန်ကန်စွာ သင်ယူမှတ်သားထားအပ်သော သုတ္တန်တို့၏) **အတ္ထံ**-အနက်အဓိပ္ပာယ်ကိုလည်းကောင်း၊ **ဓမ္မံ** (**ပါဠိ**) ကိုလည်းကောင်း၊ **ပဋိဗာဟန္တိ**=ဟန့်တား ပယ်ဖျက်ကုန်အံ့၊ **သုဂ္ဂဟိတ သုတ္တန်**တို့၏ **အတ္ထဓမ္မ**ကို ပယ်ဖျက်၍ မိမိတို့ **ဒုဂ္ဂဟိတသုတ္တန်**တို့၏ **အတ္ထဓမ္မ**ကိုသာ အသာပေး အမွှမ်းတင်ကာ ဟောပြောပို့ချကုန်အံ့ဟူလို] **ဘိက္ခဝေ**=တို့၊ **တေ ဘိက္ခူ**=တို့သည်။ ပ။ [ဧကကနိပါတ် စာပိုဒ် ၁၃၀ ကြည့်] **သုဂ္ဂဟိတေဟိ**=ကောင်းမွန် မှန်ကန်စွာ သင်ယူမှတ်သားထား အပ်ကုန်သော၊ **ဗျဉ္ဇနပတိရူပကေဟိ**=ကုန်သော၊ **သုတ္တန္တေဟိ**=တို့ဖြင့်၊ **အတ္ထံ**=ကိုလည်းကောင်း၊ **ဓမ္မံ**=လည်းကောင်း၊ **အနုလောမေန္တိ**=သင့်လျော်စေကုန်အုံး
## PAGE 177

[ထို့နောက် ဧကကနိပါတ် စာပိုဒ် ၁၄၀ သုတ်ကြည့်] ။ပ။ **စတုတ္ထော**=သော၊ **သမစိတ္တဝဂ္ဂေါ**တည်း။

**၄၃။ ဘိက္ခဝေ**=ရဟန်းတို့၊ **ပရိသာ**=ပရိသတ်တို့သည်၊ **ဣမာ ဒွေ**=ဤနှစ်မျိုးတို့တည်း၊ **ဒွေ**=နှစ်မျိုးတို့ဟူသည်၊ **ကတမာ**=အဘယ်တို့နည်း၊ **ဥတ္တာနာ**=ပေါ်လွင်သော၊ **ပရိသာစ**=ပရိသတ်လည်းကောင်း၊ **ဂမ္ဘီရာ**=လျှို့ဝှက်နက်ရှိုင်းသော၊ **ပရိသာစ**=ပရိသတ်လည်းကောင်းတည်း၊ **ဘိက္ခဝေ**=တို့၊ **ဥတ္တာနာ**=သော၊ **ပရိသာ**=ပရိသတ်ဟူသည်၊ **ကတမာစ**=အဘယ်နည်း၊ **ဘိက္ခဝေ**=တို့၊ **ဣဓ**=ဤသာသနာတော်၌၊ **ယဿံ ပရိသာယံ**=အကြင်ပရိသတ်၌၊ **ဘိက္ခု**=ရဟန်းတို့သည်၊ **ဥဒ္ဓတာ**=ပျံ့လွင့်ကုန်သည်၊ **ဝါ**=(အပ်မအပ်, အပြစ် ကင်းမကင်း၊ တွေဝေခြင်းဖြင့်) ပျံ့လွင့်လှုပ်ကြွ ဥဒ္ဓစ္စရှိကုန်သည်၊ **ဥဒ္ဓတာ**=(အနှစ်မပါ အချည်းနှီးသာဖြစ်လျက်) မြင့်တက်လွင့်လူ, ကျူရိုးနှင့်တူသော မာနရှိကုန်သည်၊ [**နဠော ဝိယာတိ နဠော**=ရိုးနှင့်တူသော အချည်းနှီးသော မာန၊ **ဥဂ္ဂတော နော ယေသံ ဘိက္ခုနန္တိ ဥန္နဠာ**] **စပလာ**=လျှပ်ပေါ်လော်လီကုန်သည်၊ (သပိတ်, သင်္ကန်းကို အလှပြင်ခြင်းစသည်ဖြင့် လျှပ်ပေါ်လော်လီကုန်သည်) **မုခရာ**=ရိုင်းစိုင်းကြမ်းကြုတ်သော နှုတ်ခွန်းစကားရှိကုန်သည်၊ **ဝါ**=နှုတ်ခွန်းစကားအားဖြင့် ကြမ်းကြုတ်ကုန်သည်၊ [**မုခ**အရ နှုတ်ခံတွင်းကို သာမက ၎င်းမှ ထွက်လာသော စကားတိုင်အောင် ဌာနူပစာရအားဖြင့် ယူပါ၊ **မုခံ ခရံ ယေသန္တိ မုခခရာ**၊ **မုခေန ဝါ ခရာ ဖရုသာ မုခခရာ**၊ ထို့နောက် **ခ** တလုံးချေ၊ သမာသ်ပုဒ်တည်း။ **မန္ဓာဒိတောရော** သုတ်အလို “**မုခရ**”ဟု တဒ္ဓိတ်ပုဒ်] **ဝိကိဏ္ဏဝါစာ**=ဖရိုဖရဲ ဖွာကြဲသော စကားရှိကုန်သည်၊ (နှုတ် စောင့်စည်းမှု မရှိဘဲ ဟောင်ဖွာ ဟောင်ဖွာ ပြောချင်ရာ ပြောနေကြကုန်သည်) **မုဋ္ဌဿတိ**=လွတ်ကင်းသော သတိရှိကုန်သည်၊ **အသမ္ပဇာနာ**=ကောင်းစွာဆင်ခြင် မသိမြင်ကုန်သည်၊ **အသမာဟိတာ**=တခုတည်းသော အာရုံ၌ စိတ်ကို ကောင်းမွန်တည်တံ့စွာ မထားနိုင်ကုန်သည်၊ **ဝါ**=မတည်ကြည်ကုန်သည်၊ [**ဧကသ္မိံ အာရမ္မဏေ စိတ္တံ သမ္မာ အာဒဟန္တိ ဌပေန္တိတိ သမာဟိတာ**၊ **န သမာဟိတာ အသမာဟိတာ**] **ဝိဗ္ဘန္တစိတ္တာ**=အာရုံအများ လှည့်လည်သွားနေသော စိတ်ရှိကုန်သည်၊ **ပါကတိန္ဒြိယာ**=လူ၏သွင်ပြင် ပေါ်လွင်သော ဣန္ဒြေရှိကုန်သည်၊ **ဟောန္တိ**=ဖြစ်ကုန်၏၊ **ဘိက္ခဝေ**=တို့၊ **အယံ**=ဤသို့သော ပရိသတ်ကို၊ (ဤဥဒ္ဓတရဟန်းတို့ရှိရာ ပရိသတ်ကို)

