## PAGE 181

* **အာရဘန္တိ**=အားမထုတ်ကုန်၊ **တေသံ**-ထိုထေရ်ဖြစ်သော ဆရာရဟန်းတို့၏၊ **ပစ္ဆိမာ**=နောက်၌ ဖြစ်သော၊ **ဇနတာ**=တပည့်အပေါင်းသည်၊ **ဒိဋ္ဌာနုဂတိ**=မိမိတို့ တွေ့မြင်ထားအပ်သော ဆရာ့အကျင့် အပြုအမူကို အတုလိုက်ခြင်းသို့၊ **အာပဇ္ဇတိ**=ရောက်၏၊ **သာပိ (ဇနတာ)**=ထိုနောင်လာနောက်သား တပည့်အပေါင်းသည် လည်း၊ **ဗာဟုလိကာ**=ပစ္စည်း ပရိက္ခရာကို များပြားစွာ ခံယူသည်။ [ဧကဝုစ်အနက် ပြောင်းဆို]။ **နိက္ခိတ္တဓုရာ**=ရှိသည်၊ **ဟောတိ**-၏။ ပ။ **န အာရဘတိ**-အားမထုတ်။ ပ။ **န ဗာဟုလိကာ**=ပစ္စည်း ပရိက္ခရာကို များပြားစွာ ခံယူသူ မဟုတ်ကုန်သည်၊ **န သာထလိကာ**=သိက္ခာသုံးဖြာ သာသနာကို မခိုင်မမြဲ လျော့ရဲစွာ ဆွဲကိုင်ဖြည့်ကျင့်သူ မဟုတ်ကုန်သည်။ ပ။ **ပုဗ္ဗင်္ဂမာ**=ထားကုန်သည် ပ။ **အာရဘန္တိ**=အားထုတ်ကုန်၏။ ပ။ **သာပိ (ဇနတာ)**=လည်း၊ **န ဗာဟုလိကာ**=မဟုတ်သည်။ ပ။ **နိက္ခိတ္တဓုရာ**=ရှိသည်။ ပ။ **ပုဗ္ဗင်္ဂမာ**=ထားသည်၊ **ဟောတိ**-၏။ ပ။

**၄၆။** **အနရိယာ**=အရိယာမဟုတ် ပုထုဇဉ်ဖြစ်သော၊ **ပရိသာ စ**=လည်းကောင်း၊ **အရိယာ**=အရိယသာဝကဖြစ်သော၊ **ပရိသာ စ**=လည်းကောင်းတည်း။ ပ။ **ဘိက္ခု**=တို့သည်၊ **ဣဒံ**=ဤတဏှာမှတပါးသော တေဘူမက ခန္ဓာ ငါးပါးသည်သာ၊ **ဒုက္ခ**-ဒုက္ခသစ္စာမည်၏၊ **ဣတိ**-ဤသို့၊ (**ဒုက္ခသစ္စံ** ဒုက္ခသစ္စာအားလုံးကို) **ယထာဘူတံ**=ဟုတ်မှန်စွာ၊ **နပ္ပဇာနန္တိ**=ထိုးထွင်း၍မသိကုန်၊ **အယံ**-ဤတဏှာသည်သာ၊ **ဒုက္ခသမုဒယော**=ဒုက္خဖြစ်ကြောင်း သမုဒယသစ္စာမည်၏၊ **ဣတိ**=သို့၊ (**တဏှာ**=ဒုက္ခကို ဖြစ်စေတတ်သော တဏှာကို) **ယထာဘူတံ**=စွာ၊ **နပ္ပဇာနန္တိ**=ကုန်၊ **အဟံ**=ဤနိဗ္ဗာန်သည်သာ၊ **ဒုက္ခနိရောဓော**=ဒုက္ခ၏ ချုပ်ကြောင်း နိရောဓသစ္စာမည်၏၊ ဝါ=ဒုက္ခ၏ ချုပ်ရာ နိရောဓသစ္စာမည်၏၊ **ဣတိ**=သို့၊ (**နိဗ္ဗာနံ**=ဒုက္ခနှင့် သမုဒယတို့ မဖြစ်ကြောင်း နိဗ္ဗာန်ကို)။ ပ။ **အယံ**=ဤမဂ္ဂင်ရှစ်ပါးသည်သာ၊ **ဒုက္ခနိရောဓဂါမိနီ**=ဒုက္ခ၏ချုပ်ကြောင်း နိဗ္ဗာန်သို့ သွားရောက်ကြောင်းဖြစ်သော၊ **ပဋိပဒါ**=အကျင့်ဖြစ်သော မဂ္ဂသစ္စာမည်၏။ **ဣတိ**=သို့ (**အရိယမဂ္ဂ**=နိဗ္ဗာန်ရောက်ကြောင်း အရိယမဂ်ကို) **ယထာဘူတံ**=စွာ၊ **နပ္ပဇာနန္တိ**=ကုန်၊ **ဘိက္ခဝေ**=တို့၊ **အယံ**=ဤပရိသတ်ကို၊ (ဤသစ္စာလေးပါးကို ထိုးထွင်းမသိသော ပရိသတ်ကို)။ ပ။ **ယထာဘူတံ**=စွာ၊ **ပဇာနန္တိ**-ထိုးထွင်း၍ သိကုန်၏။ (သဘောလက္ခဏာကို မတွေမဝေ ထိုးထွင်း၍ သိခြင်းဖြင့် သိကုန်၏) [**ပဇာနန္တိ**ပုဒ်တို့ကို ဤသို့ချည်းဆို]

**၄၇။** **ပရိသာကသဋ္ဌော စ**=(အဆီအနှစ်မပါ) အမှိုက်သရိုက်သာ ဖြစ်သော ပရိသတ်လည်းကောင်း။ [**ကသဋ**-အမှိုက်သရိုက်] **ပရိသာမဏ္ဍာ စ**=(အဆီအနှစ်

## PAGE 182

ပြည့်တင်း) ကြည်လင်သန့်ရှင်းသော ပရိသတ်လည်းကောင်းတည်း။ ပ။ **ဆန္ဒာ**=ချစ်ခင်ခြင်းကြောင့်၊ **အဂတိ**=မလိုက်ပါထိုက်သော အရာသို့၊ ဝါ=မပြုလုပ်ထိုက်သောအရာကို၊ **ဂစ္ဆန္တိ**=လိုက်ပါကုန်၏။ ဝါ=ပြုလုပ်ကုန်၏၊ [**ဆန္ဒာ+အဂတိ**။ ဤသုတ်နှင့် စတုက္ကနိပါတ်စာပိုဒ် ၁၇-သုတ် ဋ္ဌ, ငိုတို့အဖွင့်နှင့်အညီ **ဆန္ဒာ**၌ ပဉ္စမီဝိဘတ်သည် ဟိတ်အနက်ကိုလည်းကောင်း, **အဂတိံ**၌ တိပစ္စည်းသည် ကံအနက်ကိုလည်းကောင်း ဟော၏။ ထို့ကြောင့် ဤနေရာမျိုး၌ **ဆန္ဒာဂတိ**ပုဒ်သည် သမာသ်မဟုတ်၊ ဝါကျသာတည်း၊ **ဆန္ဒာ**ကို **ဂစ္ဆန္တိ**၌ စပ်ပါ] **ဒေါသာ**=စိတ်ဆိုးမုန်းတီးခြင်းကြောင့်၊ **အဂတိ**=သို့၊ ဝါ=ကို၊ **ဂစ္ဆန္တိ**=၏၊ **မောဟာ**=မသိနားမလည်ခြင်းကြောင့်။ ပ။ **ဘယာ**=ကြောက်ခြင်းကြောင့်။ ပ။ **အယံ**=ဤပရိသတ်ကို၊ (ဤအဂတိလိုက်စားသော ရဟန်းပရိသတ်ကို) **ပရိသာကသရော**=ဟူ၍၊ **ဝုစ္စတိ**။ ပ။ **နဂစ္ဆန္တိ**=မလိုက်ပါကုန်၊ ဝါ=မပြုလုပ်ကုန်။ ပ။ **အယံ**=ဤ (အဂတိမလိုက်စားသော) ပရိသတ်ကို၊ **ပရိသာမဏ္ဍော**-၍၊ **ဝုစ္စတိ**=၏၊ **ဘိက္ခဝေ**=တို့၊ **ဒွိန္နံ**=ကုန်သော၊ **ဣမာသံ ပရိသာနံ**=တို့တွင်၊ **ယဒိဒံ (ယော အယံ) ပရိသာမဏ္ဍော**-အကြင် (အဆီအနှစ်ပြည့်တင်း) ကြည်လင်သန့်ရှင်းသော ပရိသတ်သည်၊ (**အတ္ထိ**) **ဧတံ (ဧသော ပရိသာမဏ္ဍော)**-သည်၊ **အင်္ဂ (အဂ္ဂေါ)**=တည်း၊ **ဣတိ (အဝေါစ)**

**၄၈။** **ဩက္ကာစိတဝိနီတာ**=ခက်ခဲသဖြင့် ဆုံးမဟောပြောအပ်သော၊ **နောပရိပုစ္ဆာဝိနီတာ**=မမေးမြန်းမူ၍ ဆုံးမဟောပြောအပ်သော၊ **ပရိသာ**=ပရိသတ်

၁။ **ဩက္ကာစိတဝိနီတာ**။ ။ **သမ္မောဟဝိနောဒနီ**၊ အဋ္ဌကထာ (၄၆၄) စသည်၌ “**ဥ+ကစ**ဓာတ်”ဖြင့် **ဥက္ခိပိတွာ ကာစနာ ဥက္ကာစနာ**=မြှောက်ပင့် ပြောဆိုခြင်းဟု ဖွင့်၏။ ဤ၌ကား **ဩက္ကာစိတ**ပုဒ်ကို “**အ+ကစ= ဒိတ္တိယံ+ စုရာဒိဏေ+တ**”ဟု ဓာတ်ပစ္စည်းခွဲ၊ အဝဥပသာရ ဓာတ္ဝတ္ထဗာဓက၊ ၎င်းကို **ဩပြု**၊ တိကနိပါတ်စာပိုဒ်-၁၃၅--သုတ်၌မူ “**ဥက္ကာစိတ**”ဟု ရှိ၏။ အဝကို ဩ၏ဝိပရိတ် ဥပြုပါ။ **ဩက္ကာစိတာ**=ဉာဏ်မပွင့်လင်းစေအပ်ဘဲ၊ **ဝိနီတာ**=ဆုံးမအပ်သော ပရိသတ် (ဉာဏ်ပွင့်လင်းအောင် ဟောပြောဆုံးမခြင်းငှာ မလွယ်ကူသော ပရိသတ်)ဟု သဒ္ဒတ္ထ ကြံရာ၏။ သို့သော် ထိုသဒ္ဒတ္ထမှာ အဓိပ္ပာယ် ကောက်ကွေ့၍ အကျိုးမများလှသဖြင့် ဋ္ဌ, ဋီကာတို့၌ “**ဩက္ကာစိတဝိနီတာတိ ဒုဗ္ဗိနီတာ**” ဟုလည်းကောင်း၊ **ဒုက္ခေန ဝိနီတပရိသာ**၊ ဟုလည်းကောင်း အဓိပ္ပာယ်သက်သက်သာ ဖွင့်ပြသည် ဖြစ်ရာ၏။ သို့မဟုတ် **ဩက္ကာစိတ**ပုဒ်သည်
## PAGE 183

[ပလ္လာသက]
လည်းကောင်း၊ **ပဋိပုစ္ဆာဝိနီတာ**=မေးမြန်း၍ ဆုံးမဟောပြောအပ်သော၊ နော **သြက္ကာစိတဝိနီတာ**=ခက်ခဲသဖြင့် ဆုံးမဟောပြောအပ်သည် မဟုတ်သော၊ ပရိသာ=လည်းကောင်းတည်း၊ ဘိက္ခဝေ=တို့၊ **သြက္ကာစိတဝိနီတာ**=သော၊ နော **ပဋိပုစ္ဆာဝိနီတာ**=သော၊ ပရိသာ=ပရိသတ်ဟူသည်၊ ကတမာစ=အဘယ်နည်း။ပ။ 

ဘိက္ခု=တို့သည်၊ [န **သုသန္တိ** စသည်၌စပ်] **တထာဂတဘာသိတာ**=မြတ်စွာဘုရား ဟောကြားတော်မူအပ်ကုန်သော၊ **ဂမ္ဘီရာ**=(သလ္လသုတ်ကဲ့သို့) ပါဠိအားဖြင့် ခက်ခဲ နက်နဲကုန်သော၊ **ဂမ္ဘီရတ္ထာ**=(မဟာဝေဒလ္လသုတ်ကဲ့သို့) ခက်ခဲနက်နဲသော အနက်အဓိပ္ပာယ် ရှိကုန်သော၊ **လောကုတ္တရာ**=လောကကို လွန်မြောက်သော **မဂ်ဖိုလ်နိဗ္ဗာန်တရား** ပါရှိကုန်သော၊ ဝါ=**လောကုတ္တရာ** တရားကိုးပါးကို ဖော်ပြကုန်သော၊ **သုညတာပဋိသံယုတ္တာ**=သတ္တဝါကောင်, အတ္တကောင်မှ ဆိတ်သုဉ်းသော ခန္ဓာအာယတနစသော တရားသဘောသက်သက် နှင့်သာ စပ်ဆိုင်ကုန်သော၊ ယေ တေ သုတ္တန္တာ=အကြင် သုတ္တန်တရားတော် တို့သည်၊ (သန္တိ=ရှိကုန်၏) တေသု=ထိုဘုရားဟော သုတ္တန်တရားတော်တို့ကို၊ ဘညမာနေသု=ဟောကြားအပ်ကုန်လသော်၊ န **သုသူသန္တိ**=မနာယူလိုကြကုန်၊ သောတံ=နားကို၊ န **သြဒဟန္တိ**=စိုက်၍မထောင်ကြကုန်၊ အညာ(အညာယ)=သိခြင်းငှာ၊ စိတ္တံ=စိတ်ကို၊ န **ဥပဋ္ဌပေန္တိ**-(တရား အာရုံ၌) စွဲကပ်မတည်နေ စေကြကုန်၊ စ=ဤမျှမကသေး၊ တေ ဓမ္မေ=ထိုဘုရားဟောတရားတော်တို့ကို၊ **ဥဂ္ဂဟေတဗ္ဗ** (**ဥဂ္ဂဟေတဗ္ဗေ**)=သင်ယူထိုက်ကုန်၏ဟူ၍၊ **ပရိယာပုဏိတဗ္ဗ** (**ပရိယာပုဏိတဗ္ဗေ**) =ရွတ်အံမှတ်သား နှုတ်တက် ဆောင်ထားထိုက်ကုန်၏ဟူ၍ န မညန္တိ=မမှတ်ထင်ကြကုန်၊ တေ ဓမ္မေနှင့် အရတူသောကြောင့် **ဥဂ္ဂဟေတဗ္ဗေ** စသည်ဖြင့် ပုလ္လိင်ဗဟုဝုစ်ဖြင့် ဆိုသင့်လျက် **လိင်္ဂဝစနဝိပလ္လာသ** နည်းအားဖြင့် နပုလ္လိင်ဧကဝုစ်သို့ ပြောင်း၍ **ဥဂ္ဂဟေတဗ္ဗ** စသည်ဖြင့် ဆိုသည်

ဒုသဒ္ဒါ, ဒုက္ခသဒ္ဒါတို့နှင့် အနက်တူ **အနိပ္ပပါဋိပဒိကပုဒ်**သော်လည်း ဖြစ်ရာ၏။ သို့ဖြစ်လျှင် **သြက္ကာစိတေန** ဒုက္ခေန ဝိနီတာ ဟုဝစနတ္ထပြုပါ။

၁။ **လောကုတ္တရာ** ။ ။ လောကံ ဥတ္တရတိတိ **လောကုတ္တရော**=လောကကို ကျော်လွှားလွန်မြောက်သော **မဂ်ဖိုလ်နိဗ္ဗာန်တရား**။ **လောကုတ္တရော** ဧတေသံ အတ္တတိ **လောကုတ္တရာ**=ထို**မဂ်ဖိုလ်နိဗ္ဗာန်တရား**ဟူသော အနက်အဓိပ္ပာယ် ပါရှိသော သုတ္တန်တရားများ။

