## PAGE 184

ပန=ထိုရဟန်းတို့ နာယူသင်ကြားလိုသော သုတ္တန်များကား၊ **ကဝိတာ** ဧကဗျာပညာရှိ၏ အမှုလုပ်ငန်း လက်စွမ်းဖြစ်ကုန်သော၊ ဝါ=ကဗျာပညာရှိတို့ ဖွဲ့ကုံးစီရင်အပ်ကုန်သော။ [**ကဝိနော** ကမ္မံ **ကဝိတာ**။ ကမ္မအနက်၌ တာ ပစ္စည်းသက်] **ကာဝေယျာ** ကဗျာပညာရှိတို့ ဖွဲ့ဆိုအပ်ကုန်သော၊ [ **ကဝိ**+**ဏေယျ**။ **ကဝီဟိ** ဝုတ္တာ **ကာဝေယျာ**] **စိတ္တက္ခရာ**=ဆန်းကြယ်သော အက္ခရာရှိကုန်သော၊ **စိတ္တဗျာနာ**=ဆန်းကြယ်သော ဗျည်းရှိကုန်သော၊ **ဗာဟိရကာ**=သာသနာတော်မှ အပြင်အပ၌ ဖြစ်ကုန်သော၊ **သာဝကဘာသိတာ**=(မြတ်စွာဘုရားမှ တစ်ခြားသော) ထိုထိုဆရာသမားတို့၏ တပည့်များ ဟောကြားအပ်ကုန်သော၊ ယေ တေ သုတ္တန္တာ=အကြင်သုတ္တန်တို့သည်၊ (သန္တိ-ရှိကုန်၏) တေသု=ထိုသုတ္တန်တို့ကို၊ ဘညမာနေသု=သော်၊ **သုသူသန္တိ**=နာယူလိုကြကုန်၏ ။ပ။ **ဥပဋ္ဌပေန္တိ**=(တရားအာရုံ၌) စွဲကပ်တည်နေစေကြကုန်၏၊ တေ ဓမ္မံ=(**သာဝကဘာသိတ** ဖြစ်သော) ထိုသုတ္တန် တရားတို့ကို ပ။ မညန္တိ-မှတ်ထင်ကုန်၏၊ စ=ထိုသို့ မှတ်ထင်ကြကုန်သော်လည်း၊ တေ=ထိုရဟန်းတို့သည်၊ တံ ဓမ္မံ=(**သာဝကဘာသိတ** ဖြစ်သော) ထိုသုတ္တန် တရားကို၊ **ပရိယာပုဏိတွာ**=ရွတ်အံမှတ်သားကြပြီး၍၊ အညမညံအချင်းချင်း၊ (ဟောပြောသူ နာယူသူအချင်းချင်း) နစေဝ **ပဋိပုစ္ဆန္တိ**=မေးလည်းမမေးကြကုန်။

၁။ န စေဝ **ပဋိပုစ္ဆိ** ။ ။ **ပဋိပုစ္ဆန္တိ**၏ ကံပုဒ်ကို (အဋ္ဌကထာမှယူ၍) ထည့်ပေးလိုလျှင် “အညမညံ=ချင်း၊ တဿ ဓမ္မဿ ထိုသုတ္တန်တရား၏ [တံ ဓမ္မံကိုပင် ဝိဘတ်ပြင်၍ တဖန်ထပ် အနက်ဆိုသည်] အတ္ထံ ဝါ=အနက် အဓိပ္ပာယ်ကိုလည်းကောင်း၊ **အနုသန္တိ** ဝါ စပ်လျဉ်းလာပုံကိုလည်းကောင်း၊ မည်သည့်အကြောင်းနှင့် စပ်လျဉ်း၍ ဤတရားကို ဟောပါသနည်း၊ တစ်ဦးဦးက မေးမြန်း၍လော၊ သို့မဟုတ် တရားနာသူ တစ်ဦးဦး၏ အတွင်းခံစိတ်သဘော အဇ္ဈာသယကြောင့်လော စသည်ဖြင့် တရားဒေသနာ စပ်လျဉ်းလာပုံတည်း] ဝါ=ရှေ့နောက် အဓိပ္ပာယ်နှစ်ရပ် အဆက်အစပ်ကိုလည်းကောင်း၊ **ပုဗ္ဗာပရိ** ဝါ=ရှေ့နောက် စကားနှစ်ရပ် နှီးနှောတိုက်ဆိုင်ပုံကိုလည်းကောင်း၊ နဝ **ပဋိပုစ္ဆန္တိ**=ကုန်”ဟု အနက်ဆိုပါ။ **ပုရိမဿ အတ္ထဿ ပစ္ဆိမေန အတ္ထန အနုသန္ဓာနံ အနုသန္တိ** ။ပ။ **တံတံဒေသနာနံ ပန ပုဗ္ဗာပရသံသန္နံ ပုဗ္ဗာပရိ**။ **မူလပဏ္ဏာသဋီကာ**၊ ဒု-နှာ ၈၈။

## PAGE 185

ဣဒံ=ဤသဒ္ဒါကို။ ကထံ=အဘယ်နည်း အဘယ်ပုံအားဖြင့်၊ ဝါ=အဘယ်သို့သော အနက်ဖြင့်၊ (**ရောပေတဗ္ဗ** စိတ်နှလုံးသို့ ရောက်စေရပါမည်နည်း၊ ဝါ=စိတ်၌မှတ်သားထားရပါမည်နည်း) ဣမဿ ဤဟောပြောအပ်သော တရား၏၊ ဝါ-ဤဟောပြောအပ်သော သဒ္ဒါ၏၊ အတ္တော=အနက်အဓိပ္ပာယ်ကား၊ ဝါ=အနက်အဓိပ္ပာယ်, **အနုသန္ဓေ**, **ပုဗ္ဗာပရ**ကား။ ကော=အဘယ်ပါနည်း၊ ဣတိ=ဤသို့ မေးမြန်းခြင်းငှာ၊ န စ **ပဋိဝိစရန္တိ**=(နားလည်သူရှိရာ) အရပ်တစ်ပါးသို့လည်း မသွားကြကုန်၊ တေ=ထိုရဟန်းတို့သည်၊ **အဝိဝဋဝ**=အကျယ်တစ်ဝင့် မဖွင့်အပ်သေးသော တရားကိုလည်း၊ ဝါ=ကွယ်ဝှက်သော အနက် အဓိပ္ပာယ်ကိုလည်း၊ န **ဝိဝရန္တိ**=အကျယ်တစ်ဝင့် မဖွင့်ပြကုန်၊ **အနုတ္တာနိကတဉ္စ**=(ပုဒ်အက္ခရာအနေအားဖြင့်) ပေါ်လွင်အောင် မပြုအပ်သေးသော တရားကို လည်း၊ န **ဥတ္တာနီကရောန္တိ**=ပေါ်လွင်အောင်မပြုကုန်။ **အနေကဝိဟိတေသု**=များသောအပြားရှိကုန်သော၊ **ကင်္ခါဌာနိယေသု**=ယုံမှားတွေဝေခြင်း၏ တည်ရာ

၁။ **ဣဒံ ကထံ** ။ ။ “**ဣဒံ ကထန္တိ ဣဒံ ဗုဒ္ဓနံ ကထံ ရောပေတဗ္ဗ**” ဟူသော အဋ္ဌကထာကို “**ကေန ပကာရေန နိက္ခိတဗ္ဗ**”ဟု ဋီကာဖွင့်၏။ စာပိုဒ် ၁၂၂ သုတ်၌ **နိက္ခိပတီတိ နိဒဟတိ**ဟူသော အဋ္ဌကထာနှင့် တိုက်ဆိုင်၍ “**ရောပေတဗ္ဗ**”၌ ရောပနဟူသည် **နိဒ္ဓိပန**, **နိဒဟန** (မည်သည့်အနက်ကို ဟောသောသဒ္ဒါဖြစ်သည်ဟု စိတ်နှလုံး၌ သိမ်းဆည်းမှတ်သားထားခြင်း)ကို ဆိုလိုသည်ဟု စဉ်းစားမိ၏။ ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ဋီကာ စာပိုဒ် (၁၇) ဂေါပါလကသုတ်အဖွင့် (နှာ ၃၆၇)၌ကား- (**ဣဒံ ဘန္တေ**) **ဗျဉ္ဇနံ ကထံ ရောပေတဗ္ဗန္တိ ဘန္တေ ဣဒံ ဗျဉ္ဇနံ အယံ သဒ္ဓေါ ကထံ ဣမသ္မိံ** အနက် **ရောပေတဗ္ဗော**, **ကေန ပကာရေနု ဣမဿ အတ္ထဿ ဝါစကော ဇာတော** ဟူ၍ ပေါ်လွင်စွာ ဖွင့်ထား၏။ ထိုအဖွင့်အလို “ဣဒံ=ဤသဒ္ဓါကို၊ ကထံ=အဘယ်နည်း အဘယ်ပုံအားဖြင့်၊ **ရောပေတဗ္ဗ**-ဤအနက်၌ တက်ရောက်စေရပါသနည်း၊ ဝါ=ဤ အနက်ကို ဟောစေရပါသနည်း”ဟု သော်လည်းကောင်း (သို့မဟုတ် **ရောပေတဗ္ဗ** ဟူသော ပါဌသေသမထည့်ဘဲ) ဣဒံ=ဤသဒ္ဓါသည်၊ ကထံ=အဘယ် သို့ပါနည်း၊ ဝါ=အဘယ်နည်း အဘယ်ပုံအားဖြင့် ဤအနက်ကို ဟောရပါ သနည်း”ဟု သော်လည်းကောင်း အနက်ပြန်ဆိုရာ၏။

၂။ **ကင်္ခါဌာနိယေသု ဓမ္မေသု** ။ ။ **ကင်္ခါဌာနိယေသု ဓမ္မေသု သံသယုပ္ပတ္တိယာ ဟေတူသု ဂဏ္ဌိဋ္ဌာနဘူတေသု** ပါဠိပဒေသု။ ဆက္ကနိပါတ် စာပိုဒ် (၅၁) အာနန္ဒသုတ်အဖွင့် ဋီကာ (နှာ-၁၁၆)။
## PAGE 186

အကြောင်းဖြစ်ကုန်သော၊ **ဓမ္မေသုစ** = ခက်ဆစ်ခက်ရာပါဠိပုဒ်တို့၌လည်း၊ **ကင်္ခါ** အယုံမှားတွေဝေခြင်းကို၊ **နပ္ပဋိဝိနောဒေန္တိ** = မပယ်ဖျောက်နိုင်ကုန်၊ **ဘိက္ခဝေ** = တို့၊ **အယံ** = ဤပရိသတ်ကို၊ (ခက်ခဲနက်နဲခြင်း စသောဂုဏ်နှင့်ပြည့်စုံသော ဘုရား တရားတော်ကို မနာယူဘဲ ဗာဟိရက၊ သာဝကဘာသိတ တရားကိုသာ နာယူသော ဤရဟန်းပရိသတ်ကို) **ဩက္ကာစိတဝိနီတာ** = သော၊ **နော ပဋိပုစ္ဆာ ဝိနီတာ** = သော၊ **ပရိသာ** = ပရိသတ်ဟူ၍၊ **ဝုစ္စတိ** = ၏ ပ။ **ပဋိပုစ္ဆာဝိနီတာ** = သော၊ **နော ဩက္ကာစိတဝိနီတာ** = သော၊ **ယဒိဒံ ပရိသာ** = သည် (အတ္ထိ) **ဧတံ (သော ပရိသာ)** = ဤပရိသတ်သည် ။ပ။

**၄၉။** **အာမိသဂရု** = (ဆွမ်း၊ သင်္ကန်းစသော) ပစ္စည်းအာမိသဟူသော အလေးဂရုပြုထိုက်သော အရာရှိသော၊ ဝါ = ပစ္စည်းအာမိသကို အလေးပြု ဂရု စိုက်သော၊ **နော သဒ္ဓမ္မဂရု** = လောကုတ္တရာကိုးပါး သူတော်ကောင်းတရားဟူသော အလေးဂရုပြုထိုက်သော အရာရှိသည် မဟုတ်လော၊ ဝါ = လောကုတ္တရာကိုးပါး သူတော်ကောင်းတရားကို အလေးမပြု ဂရုမစိုက်သော၊ **ပရိသာ** = ပရိသတ် လည်းကောင်း ။ပ။ ဘိက္ခူတို့သည်၊ **သြဒါတဝသနာနံ** = အဖြူရောင်အဝတ် ကို ဝတ်ဆင်ခြင်း ရှိကုန်သော၊ **ဂိဟီနံ**၊ လူတို့၏၊ **သမ္မုခါ** = ရှေ့မှောက်၌၊ **အညမညဿ** = အချင်းချင်း၏၊ **ဝဏ္ဏ** = ဂုဏ်ကို၊ **ဘာသန္တိ** = ပြောဆိုကြကုန်၏၊ (ကိန္တိ = အဘယ်သို့၊ ဘာသန္တိ = နည်းဟူမူ) **အသုကော ဘိက္ခု** = ထိုရဟန်းသည်၊ **ဥဘတောဘာဂဝਿမုတ္တော** = ဥဘတောဘာဂ ဝိမုတ္တရဟန္တာတည်း၊ ဝါ = အရူပ

**၁။** **ဥဘတောဘာဂဝိမုတ္တော** # “**ဥဘတောဘာဂဝိမုတ္တော** = နှစ်ပါးသော အဖို့တို့ဖြင့် နှစ်ပါးသောအဖို့တို့မှ လွတ်မြောက်သော ရဟန္တာ”ဟု ဥဘတောဘာဂပုဒ်ကို အာဝုတ္တိနည်းအားဖြင့် နှစ်ကြိမ်ထပ်၍ အနက်ဆိုသည်။ အရူပသမာပတ်ဖြင့် ရုပ်၌တပ်မက်သော တဏှာကို ပယ်ခွာခြင်းအားဖြင့် ရူပကာယမှ လွတ်မြောက်၏။ အရဟတ္တမဂ်ဖြင့် ကิလေသာ အားလုံးကို အမြစ်ပြတ် ပယ်သတ်လိုက်ခြင်းဖြင့် ကိလေသာဟူသော နာမကာယ (နာမ်တရား အပေါင်း)မှ လွတ်မြောက်၏ဟု ဆိုလို၏။

ထိုဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ် အရေအတွက်မှာ-
(က) အရူပသမာပတ်လေးမျိုးတို့တွင် တမျိုးမျိုး ဝင်စားရာမှထ၍ သင်္ခါရတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တဟူ၍ ရှုဆင်ခြင်သဖြင့် ရဟန္တာအဖြစ်သို့ ရောက်သော ပုဂ္ဂိုလ်လေးဦးနှင့် (ခ) နိရောဓသမာပတ် ဝင်စားရာမှထ၍ ထို့

