## PAGE 187

သမာပတ်နှင့် အရဟတ္တမဂ်တည်းဟူသော နှစ်ပါးသော အဖို့တို့ဖြင့် ရူပကာယ, နာမကာယ ဟူသော နှစ်ပါးသောအဖို့တို့မှ လွတ်မြောက်သော ရဟန္တာပါတည်း၊ **အသုကော** = ထိုရဟန်းသည်၊ **ပညာဝိမုတ္တော** = ပညာဝိမုတ္တ ရဟန္တာပါတည်း၊ ဝါ = အရူပ သမာပတ်မပါ, အရဟတ္တမဂ်ပညာဖြင့်သာ ကိလေသာဟူသော နာမကာယ အားလုံးမှ လွတ်မြောက်သော ရဟန္တာပါတည်း။

= **အသုကော** = သည်၊ **ကာယသက္ခိ** = နာမကာယဖြင့် နိဗ္ဗာန်ကို မျက်မှောက် ပြုသော သေက္ခပုဂ္ဂိုလ်ပါတည်း၊ (အရူပါဝစရဈာန်ဖဿကို တွေ့ထိရရှိပြီးနောက် ကာလမခြားဘဲပင် အလယ်မဂ်ဖိုလ် ခြောက်ပါးဟူသော နာမကာယဖြင့် နိဗ္ဗာန် ကို မျက်မှောက်ပြုသော သေက္ခပုဂ္ဂိုလ်ပါတည်း) ။ပ။ **ဒိဋ္ဌိပ္ပတ္တော** = သောတာ ပတ္တိမဂ်ဉာဏ်အမြင်၏ အခြားမဲ့၌ အလယ်မဂ်ဖိုလ် ခြောက်ပါးသို့ရောက်သော အတူ ရှုဆင်ခြင်သဖြင့် အနာဂါမ်ပုဂ္ဂိုလ်အဖြစ်မှ ရဟန္တာအဖြစ်သို့ ရောက်သော ပုဂ္ဂိုလ်တဦးဟု (သမာပတ်ငါးမျိုးရှိသည့် အလျောက်) ဥဘတောဘာဂဝိမုတ္တ ရဟန္တာပုဂ္ဂိုလ် ငါးဦး ရှိသည်။

ပညာဝိမုတ္တရဟန္တာပုဂ္ဂိုလ်လည်း (က) သုက္ခ ဝိပဿက ရဟန္တာတဦးနှင့် (ခ) ရူပဈာန်လေးပါးတို့တွင် တပါးပါး ဝင်စား ရာမှထ၍ အနိစ္စစသည် ရှုကာ ရဟန္တာဖြစ်သော ပုဂ္ဂိုလ်လေးဦးအားဖြင့် ငါးဦးပင် ရှိသည်။ ဤဥဘတောဘာဂ ဝိမုတ္တနှင့် စပ်၍ နောက်ထပ်ရေးသင့်သမျှ အားလုံးကို သတ္တကနိပါတ်စာပိုဒ် (၁၄) ပုဂ္ဂလသုတ်နှင့် နဝကနိပါတ်စာပိုဒ် (၄၅) ဥဘတောဘာဂဝိမုတ္တသုတ်တို့၌ ကျယ်ဝန်းစွာ ရေးသားထားပါသည်။

**၁။** **ကာယသက္ခိ** ။ ။ **ကာယ** = နာမကာယဖြင့် + **သက္ခိ** = မျက်မှောက်ပြုသူ။ သောတာပတ္တိဖိုလ် ပုဂ္ဂိုလ်မှစ၍ အရဟတ္တမဂ်ပုဂ္ဂိုလ်တိုင်အောင် ကာယသက္ခိပုဂ္ဂိုလ် ခြောက်ယောက်ဖြစ်၏။ ထို့ပြင် ဥဘတောဘာဂဝိမုတ္တ၌ကဲ့သို့ အရူပသမာပတ် တမျိုးမျိုးမှလည်းကောင်း၊ နိရောဓသမာပတ်မှလည်းကောင်း ထ၍ သေက္ခ ပုဂ္ဂိုလ်အဖြစ်သို့ ရောက်သည့်အနေဖြင့် ရေတွက်လျှင်ကား ကာယသက္ခိပုဂ္ဂိုလ် ငါးယောက်ဖြစ်၏။ သတ္တကနိပါတ်စာပိုဒ် ၁၄-သုတ်၌လည်းကြည့်။

**၂။** **ဒိဋ္ဌိပ္ပတ္တော**။ ။ **ဒိဋ္ဌဿ အန္တော အနန္တရော** = **ဒိဋ္ဌန္တော**၊ **ဒိဋ္ဌန္တ ပတ္တောတိ** = **ဒိဋ္ဌိပ္ပတ္တော**။ အန္တ ပုဒ်ကျေ၏။ ဋ္ဌ မှ အကို ဣပြု၊ သို့သော် သီဟိုဠ်မူ အတိုင်း ဋ္ဌ၌ အသရဖြင့် **ဒိဋ္ဌပ္ပတ္တော** ဟုလည်း ရှိနိုင်သည်ပင်။ **ဒိဋ္ဌန္တံ** = သောတာပတ္တိမဂ်ဉာဏ်အမြင်၏ အဆုံး (အခြားမဲ့) ကာလ၌၊ **ပတ္တော** = အလယ်မဂ်ဖိုလ် ခြောက်ပါးသို့ ရောက်သောသူ။

## PAGE 188

သေက္ခပုဂ္ဂိုလ်ပါတည်း၊ ဝါ-သောတာပတ္တိမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကိုမြင်ပြီးသည် အဖြစ်ကြောင့် အလယ်မဂ်ဖိုလ် ခြောက်ပါးဖြင့် နိဗ္ဗာန်သို့ ရောက်သော သေက္ခပုဂ္ဂိုလ်ပါတည်း။

။ပ။ **သဒ္ဓါဝိမုတ္တော** = (အားလုံးစုံ အကုန်အစင် လွတ် (တနည်း) **ဒိဋ္ဌတ္တာ ပတ္တော** = **ဒိဋ္ဌိပ္ပတ္တော**၊ အလယ်၌ တ္တပစ္စည်းကျေ၏။ **ဒိဋ္ဌဿိတ္တံ ပတ္တော**-ဟူသော သဒ္ဒနီတိ (၁၁၇၅) သုတ်၌ကား **ဒိဋ္ဌာ** (မြင်ပြီး၍)ဟု **ဒိသွာ** ကဲ့သို့ တွာပစ္စယန္တ ပုဒ်ကြံ၍ ဋ္ဌာမှ အာကို ဣပြုသည်။ **ဒိဋ္ဌတ္တာ** = သောတာ ပတ္တိမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မြင်ပြီးသည် အဖြစ်ကြောင့်၊ **ပတ္တော** = အလယ်မဂ်ဖိုလ် ခြောက်ပါးဖြင့် နိဗ္ဗာန် ရောက်သောသူ။ ပုဂ္ဂလပညတ် မူလဋီကာ (၃၆)၌ ပါဠိမူကွဲတမျိုးပြ၍ ဖွင့်ထားသည့်အလျောက် ဤသုတ်ဋီကာ၌ ထိုမူကွဲအပါအဝင် ဝစနတ္ထနှစ်မျိုး ဖွင့်ပြ၏။

ဒီပါထိကဝဂ်ဋီကာ (၇၃)စသော များစွာသော ဋီကာတို့၌ **ဒိဋ္ဌတ္တာ ပတ္တောတိပိ ပါဌော**ဟု တညီတညွတ်တည်း ရှိကြသော်လည်း ဝိသုဒ္ဓိမဂ်ဋီကာ၊ ဒု(၄၆၇)၌ကား “**ဒိဋ္ဌိယာ ပတ္တော**”တိ ဝါ **ပါဌော**ဟု ရှိ၏။ ထိုသို့ပင် စာမူ မတူသော်လည်း “**စတုသစ္စဒဿနသင်္ခါတာယ ဒိဋ္ဌိယာ နိရောဓံ ပတ္တောတိ အတ္ထော** (**နိရောဓဿ ပတ္တတံ ဒဿတိ**)” ဟု အနက်ဖွင့်ပုံကား တူညီကြပေ၏။ ဝိသုဒ္ဓိမဂ်ဋီကာ အတိုင်း မူရင်းပါဌ် ဖြစ်ဟန် ရှိ၏။ သို့သော် ဤပါဠိတော် ၌ကား ဤသုတ်ဋီကာ အဖွင့်နှင့် “**ဒိဋ္ဌတ္တာ ပတ္တောတိ ဒိဋ္ဌိပ္ပတ္တောတိ သောတာပတ္တိမဂ္ဂက္ခဏေ သမ္ပယုတ္တေန ပညိန္ဒြိယေန ပဌမံ နိဗ္ဗာနဿ ဒိဋ္ဌတ္တာ ပစ္ဆာ သောတာပတ္တိဖလာဒိဝသေန နိဗ္ဗာနံ ပတ္တောတိ ဒိဋ္ဌိပ္ပတ္တော**”ဟူသော ပဋိသမ္ဘိဒါမဂ်ဋ္ဌ၊ ဒု၊ ၁၆၂-အဖွင့်သို့လိုက်၍ အနက်ပြန်ဆိုထားပါသည်။

**ကာယသက္ခိနှင့် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်အရေအတွက်** ။ ။ ကာယသက္ခိပုဂ္ဂိုလ် ကဲ့သို့ပင် ဤဒိဋ္ဌိပ္ပတ္တနှင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် အရေအတွက်မှာ သောတာပတ္ติဖိုလ် ပုဂ္ဂိုလ်မှ အရဟတ္တမဂ်ပုဂ္ဂိုလ်အထိ ခြောက်ယောက်စီပင်တည်း၊ ကာယသက္ခိ ပုဂ္ဂိုလ်သည် သမာပတ်ရှစ်ပါးလုံးရ၏။ ဤပုဂ္ဂိုလ်တို့ကား အရူပသမာပတ်ကို မရကြ ထို့ကြောင့် (က) သုက္خဝိပဿကပုဂ္ဂိုလ်နှင့် (ခ) ရူပဈာန်လေးမျိုးတို့တွင် တမျိုးမျိုးမှ ထ၍ အလယ်သေက္ခ (၆)ဦးအဖြစ်သို့ ရောက်သော ပုဂ္ဂိုလ်လေးဦးဟု ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်နှင့် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်တို့ နောက်ထပ်ငါးမျိုးစီရှိကြောင်းကိုလည်း သိပါ၊ ဤနေရာ၌ အင်္ဂုတ္တိုရ်ဋီကာ၊ တ၊ ၁၅၂-၌ **စတူဟိ အရူပဇ္ဈာနေဟိ** ဟု “အ”ပိုလျက် ပါဌ်ပျက်၏။ ဤသုတ်ဋ္ဌနှင့် ပုဂ္ဂလပညတ်ဋ္ဌ (၄၄)စသည်တို့ ပုဂ္ဂိုလ်ခွဲခြားပုံနှင့် မဇ္ဈိမပဏ်ဋီ (၈၇)တို့ကို တိုက်ဆိုင်ကြည့်လျှင် သိသာပါသည်။
## PAGE 189

မြောက်သည် မဟုတ်သေးဘဲ) သဒ္ဓါတရားသက်သက်ဖြင့်သာ ကိလေသာတို့မှ လွတ်မြောက်သော သေက္ခပုဂ္ဂိုလ်တည်း **သဒ္ဓါယ သဒ္ဓါမတ္တေန ကိလေသေဟိ ဝိမုတ္တော သဒ္ဓါဝိမုတ္တော**] ဝါ=သဒ္ဓါတရားဖြင့် နိဗ္ဗာန်၌ ကောင်းစွာ သက်ဝင်သော သေက္ခပုဂ္ဂိုလ်ပါတည်း၊ **သဒ္ဓါယ ဝိမုတ္တော အဓိမုတ္တော သဒ္ဓါဝိမုတ္တော**] ။ပ။ **ဓမ္မာနုသာရီ**=(ရှေ့ဆောင်ရှေ့သွား ပဓာနအနေအားဖြင့်ဖြစ်သော) ပဌမမဂ်ပညာတရားသို့ အစဉ်လိုက်သော သောတာပတ္တိမဂ်ပုဂ္ဂိုလ်ပါတည်း၊

[**ပဌမမဂ္ဂပညာသင်္ခါတံ ဓမ္မံ အနုဿရတိ အနုဂစ္ဆတီတိ ဓမ္မာနုသာရီ**] ဝါ= ပညာကို ရှေ့ဆောင်ရှေ့သွား ပဓာနထားလျက် အရိယမဂ်ကို ဖြစ်ပေါ်လာစေသော သောတာပတ္တိမဂ်ပုဂ္ဂိုလ်ပါတည်း ။ပ။ **သဒ္ဓါနုသာရီ**= (ရှေ့ဆောင်ရှေ့သွား ပဓာနအနေအားဖြင့် ဖြစ်သော) သဒ္ဓါသို့ အစဉ်လိုက်သော သောတာပတ္တိမဂ် ပုဂ္ဂိုလ်ပါတည်း၊ ဝါ-သဒ္ဓါကို ရှေ့ဆောင်ရှေ့သွား ပဓာနထားလျက် အရိယမဂ်ကို ဖြစ်ပေါ်လာစေသော သောတာပတ္တိမဂ် ပုဂ္ဂိုလ်ပါတည်း။

**အသုကော**= ထို ရဟန်းသည်၊ **သီလဝါ**=သီလရှိ၏၊ **ကလျာဏဓမ္မော**=ကောင်းသော သဘောရှိ၏၊ အသုကာသည်၊ **ဒုဿီလော**=သီလမရှိ၊ **ပါပဓမ္မော**=ယုတ်မာသော သဘောရှိ၏။ **ဣတိ**=ဤသို့ (**ဘာသန္တိ**=ကုန်၏) တေ=ထိုရဟန်းတို့သည်၊ တေန=ထိုသို့ ပြောဆိုခြင်းကြောင့်၊ **လာဘံ**=ပစ္စည်းလာဘ်ကို၊ **လဘန္တိ**=ရကြကုန်၏။

တေ=ထိုရဟန်းတို့သည်၊ **တံ လာဘံ**=ထိုပစ္စည်းလာဘ်ကို၊ **လဘိတွာ** =ရကြ၍၊ **ဂဏိတာ**=တဏှာသည် ချုပ်နှောင်အပ်ကုန်လျက်။ ဝါ=တဏှာ၏ ချုပ်နှောင်မှုကို ခံကြရကုန်လျက်၊ **မုစ္ဆိတာ**=တဏှာဖြင့် တွေဝေမေ့မြောနေကြကုန် လျက်၊ **အဇ္ဈောပန္နာ** = တဏှာသည် အလွန်အကဲ ဖိစီးလွှမ်းမိုးအပ်ကုန်လျက်၊

**၁။ အဇ္ဈောပန္နော။** ။ **အာပန္န**=အဓိ+ဩပ။ **အဓိ** (အဓိဘဝိတွာ) =လွန်ကဲစွာဖြစ်၍ + **ဩပန္န** (အဝ+ပဒ+တ)=ဖိစီးလွှမ်းမိုးခံရသူ။ တိကနိပါတ် စာပိုဒ် (၁၂၄) နှင့် စတုက္ကနိပါတ်စာပိုဒ် (၂၈) သုတ်တို့၌လည်းဖွင့်၏။ မဇ္ဈိမပဏ္ဏာသ၊ နှာ၊ ၃၅ ၌ “အဇ္ဈာပန္န(အဓိအာပန္န)”ဟုလည်း တွေ့ရ၏။ သာဓာတ် (သောဓာတ်) ဖြင့် **အဇ္ဈောသာန** (**အဇ္ဈောသိတ**) ဟူသောပါဌ်သည် **အဇ္ဈောသာယ ဂိလိတွာ ပရိနိဋ္ဌာပေတွာ ဌိတာ**-ဟူသော အဖွင့်နှင့် လျော်၏။ တဖန် “အဓိ+ အဝ + သဒ + တ”ဖြင့် **အဇ္ဈောသနာ** ဟုလည်း တွေ့ရသေး၏။ သီလက္ခန်ဋ္ဌ၊ ၃၃၅ မှ “ဩဂါဋ္ဌာ"ဟူသော အဖွင့်သည် ထိုသဒဓာတ်နှင့် ကိုက်ညီ၏။ စာမူ အမျိုးမျိုးရှိနေရကား အသင့်လျော်ဆုံးမူကို ရွေးချယ်ကြပါကုန်။

