## PAGE 190

• ဝါ=တဏှာဖြင့် မျိုချ၍ အညွန့်တုံး အဆုံးသတ်ကြကုန်လျက်၊ ပစ္စည်းလာဘ်လာဘရ၍ ကုသိုလ်တရား, မဖြစ်ပွားနိုင်တော့ဘဲ ဂွတ်ကနဲမျိုချလိုက်သကဲ့သို့ တဏှာဖြင့်သာ အဆုံးသတ်ကုန်လျက်ဟူလို] **အနာဒိနဝဒဿာဝိနော**- (ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ စားသုံးခြင်း၌) အပြစ်ကို မမြင်ကြကုန်ဘဲ၊ **အနိဿရဏပညာ**=(ပစ္စည်းလေးပါး၌ တပ်မက်သော)ဆန္ဒရာဂမှ ထွက်မြောက် ကြောင်း ပညာမရှိကုန်ဘဲ၊ **ပရိဘုဉ္ဇန္တိ**=စားသုံးကြကုန်၏။ပ။

**ဝဏ္ဏ**=ကို၊ **န ဘာသန္တိ**= မပြောဆိုကုန်၊ (**ကိန္တိ**=သို့၊ **န ဘာသန္တိ**=ဟူမူ) ။ပ။ **ပါပဓမ္မော**=၏၊ **ဣတိ**= ဤသို့၊ (**န ဘာသန္တိ**=ကုန်) တေ=ထိုရဟန်းတို့သည်။ တေန=ထိုသို့ မပြောဆိုကြခြင်းကြောင့်၊ လာဘံ ။ပ။ **အဂထိတာ**=တဏှာသည် မချုပ်နှောင် အပ်ကုန်ဘဲ၊ **အမုစ္ဆိတာ**=တဏှာဖြင့် တွေဝေမေ့မြော မနေကုန်ဘဲ၊ **အနဇ္ဈာပန္နာ**= တဏှာသည်အလွန်အကဲမဖိစီးမလွှမ်းမိုးအပ်ကုန်ဘဲ၊ ဝါ=ဘဲ၊ **အာဒီနဝဒဿာဝိနော** (ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ စားသုံးခြင်း၌) အပြစ်ကို မြင်ကြကုန်လျက်၊ **နိဿရဏပညာ**=... ပညာရှိကုန်လျက်၊ **ပရိဘုဉ္ဇန္တိ** ။ပ။

=== 

### ၅၀-၅၁။ 

**ဝိသမာ**=မညီညာ မပြေပြစ်သော၊ ဝါ=ကာယကံ စသည် မပြေညီသဖြင့် သွေဖီမှားယွင်း ချွတ်ချော်ခြင်း ရှိသော၊ **ပရိသာစ**=လည်းကောင်း၊ **သမာ**=ညီညာပြေပြစ်သော၊ **ပရိသာစ**=လည်းကောင်းတည်း ။ပ။

**အဓမ္မကမ္မာနိ** =တရားကင်းမဲ့သော အမှုတို့သည်၊ ဝါ=တရားဒေသနာဖြင့် မပြုအပ်သော အမှုတို့သည်၊ **ပဝတ္တန္တိ**=ဖြစ်ကုန်၏။ **ဓမ္မကမ္မာနိ**=တရားရှိသော အမှုတို့သည်၊ ဝါ=တရားဒေသနာတော်ဖြင့် ပြုအပ်သော အမှုတို့သည်၊ **နပ္ပဝတ္တန္တိ**= မဖြစ်ကုန်၊ **အဝိနယကမ္မာနိ**= ဝိနည်းတရားကင်းမဲ့သော အမှုတို့သည်၊ ဝါ=ဝိနည်းတရားဖြင့် မပြုအပ်သော အမှုတို့သည် ။ပ။ **ဝိနယကမ္မာနိ**=ဝိနည်းတရားရှိသော အမှု တို့သည်၊ ဝါ=ဝိနည်းတရားဖြင့် ပြုအပ်သော အမှုတို့သည် ။ပ။ ဒိဋ္ဌိ-

**၁။ အဓမ္မကမ္မာနိ, ဓမ္မကမ္မာနိ။** ။ နတ္ထိ ဓမ္မော ဧတေသံ ကမ္မာနန္တ အဓမ္မာနိ၊ အဓမ္မာနိ ကမ္မာနိ အဓမ္မကမ္မာနိ။ (တနည်း)ဓမ္မေန ကတာနိ ကမ္မာနိ ဓမ္မကမ္မာနိ၊ န ဓမ္မကမ္မာနိ အဓမ္မကမ္မာနိ။ ဓမ္မော ဧတေသံ ကမ္မာနံ အတ္ထိတိ ဓမ္မာနိ၊ ဓမ္မာနိ ကမ္မာနိ စသည်ဆို။ ဓမ္မောတိ ပါဠိယာ အဓိဝစနံ၊ တသ္မာ ယထာဝုတ္တာယ ပါဠိယာ န ကရီယတိ၊ တံ အဓမ္မကန္တိ ဝေဒိတဗ္ဗ။ ဝိနည်းမဟာဝါအဋ္ဌ၊ ၄၂၆။ ဓမ္မဝါဒီ၌ ဓမ္မသဒ္ဒါကိုကား သစ္စ၏ ပရိယာယ်ဟု ကင်္ခါဝိတရဏီသစ်၊ ၄၄၇-၌ မိန့်၏။ ဤ၌ ဓမ္မနှင့် ဝိနယအထူးမရှိ၊ ပရိယာယ်သာ။

## PAGE 191

တောက်ပြောင် ထင်ရှားကုန်၏။ပ။ **အဓမ္မိကာ**=တရားဒေသနာ၌ မယှဉ်သော၊ **ပရိသာစ**=လည်းကောင်း၊ **ဓမ္မိကာ**=တရားဒေသနာ၌ ယှဉ်သော။ပ။

### ၅၂။ 

**အဓမ္မဝါဒိနီ**=ဟုတ်မှန်သော တရားသဘောကို ပြောဆိုလေ့ မရှိသော၊ **ပရိသာ စ**=လည်းကောင်း၊ **ဓမ္မဝါဒိနီ**=ဟုတ်မှန်သောတရား သဘောကို ပြောဆိုလေ့ရှိသော။ပ။ **ဘိက္ခု**=တို့သည်၊ **ဓမ္မိကံ ဝါ**= ဟုတ်မှန်သော တရားသဘော၌ ယှဉ်သည်သော်လည်း ဖြစ်သော၊ **အဓမ္မိကံ ဝါ** =ဟုတ်မှန်သော တရားသဘော၌ မယှဉ်သည်သော်လည်း ဖြစ်သော၊ **အဓိကရဏံ** =(ဝိဝါဒါဓိကရုဏ်း စသော လေးမျိုးသော) အဓိကရုဏ်းကို၊ **အာဒိယန္တိ**= ဆွဲကိုင်ကြကုန်၏၊ ဝါ=ဖြစ်ပေါ်လာစေကြကုန်၏၊ တေ-ထိုရဟန်းတို့သည်၊ **တံ အဓိကရဏံ** = ထိုအဓိကရုဏ်းကို၊ **အာဒိယိတွာ**=ဆွဲကိုင်ကြပြီး၍၊ ဝါ= ဖြစ်ပေါ်လာစေကြပြီး၍၊ **အညမညံ**=အချင်းချင်း၊ န စေဝ **သညာပေန္တိ**= ကောင်းစွာလည်း မသိမြင်စေကြကုန်၊ (အခြေအမြစ်မှစ၍ အဓိကရုဏ်း ငြိမ်းပျောက်အောင် သဘောပေါက် နားဝင် မသိမြင်စေကြကုန်) **သညတ္တိ**= ကောင်းစွာ သဘောပေါက် သိမြင်စေခြင်းငှာ၊ **န ဥပဂစ္ဆန္တိ** =ချဉ်းကပ် စုဝေးကြသည်လည်း မဟုတ်ကုန် (**တံ အဓိကရဏံ**=ကို၊ **အညမညံ**=ချင်း) န စ **နိဇ္ဈာပေန္တိ**=(အခြေအမြစ်မှစ၍) ကြည့်ရှု စစ်ဆေးစေကြသည်လည်း မဟုတ်ကုန်၊ **နိဇ္ဈတ္တိ**=(အချင်းချင်း) ကြည့်ရှု စစ်ဆေးစေခြင်းငှာ၊ န စ **ဥပဂစ္ဆန္တိ**-ကုန်။

တေ-ထိုရဟန်းတို့သည်၊ **အသညတ္တိဗလာ**=ကောင်းစွာ သဘော မပေါက်စေခြင်းဟူသော စွမ်းအားရှိကြကုန်လျက်၊ ဝါ=ကောင်းစွာ သဘော ပေါက်အောင် မပြောပြ မဆွေးနွေးခြင်း၌ စိတ်အား ထက်သန်နေကြကုန်လျက်၊ **အနိဇ္ဈတ္တိဗလာ**=မကြည့်ရှု မစစ်ဆေးစေခြင်းဟူသော စွမ်းအားရှိကြကုန်လျက်၊ ဝါ= (အခြေအမြစ်မှစ၍ အဓိကရုဏ်းကို) မစစ်ဆေးစေခြင်း၌ စိတ်အားထက်သန် နေကြကုန်လျက်၊ **အပ္ပဋိနိဿဂ္ဂမန္တိနော**=အဓမ္မိက အဓိကရုဏ်းကို စွန့်လွှတ်ခြင်း ငှာ မတိုင်ပင်ကြကုန်ဘဲ၊ **တမေဝ အဓိကရဏံ**=ထိုအဓိကရုဏ်းကိုပင်၊ **ထာမသာ** မိမိ အယူအဆ ခွန်အားဖြင့်၊ **ပရာမာသာ**=မိမိအယူအဆဖြင့် လွဲမှားစွာ သုံးသပ်ခြင်းဖြင့်၊ **အဘိနိဝိဿ** အလွန်အကဲစွဲလန်း နှစ်ဝင်ကြကုန်၍၊ “**ဣဒမေဝ** =ဤငါ့စကားသည်သာ၊ **သစ္စံ**=အမှန်တည်း၊ **အညံ**=အခြားသူ၏ စကားသည်၊ **မောဃံ**=အချည်းနှီးအလကားတည်း”၊ **ဣတိ**=ဤသို့၊ **ဝေါဟရန္တိ**=ပြောဆိုကြ ကုန်၏။ပ။ **သညာပေန္တိ စေဝ**=ကောင်းစွာလည်း သဘောပေါက် သိမြင်စေ
## PAGE 192

ကြကုန်၏။ **သညတ္တိ** = ငြိမ်းအေးခြင်းငှာ၊ **ဥပဂစ္ဆန္တိ စ** = ချဉ်းကပ်စုဝေးကြကုန်၏။ **နိဇ္ဈာပေန္တိ စ** = ကြည့်ရှုစစ်ဆေးစေကြကုန်၏။ **နိဿတ္တိ** = ထွက်မြောက်ခြင်းငှာ၊ **ဥပဂစ္ဆန္တိ စ** = ချဉ်းကပ်စုဝေးကြကုန်၏။

**တေ** = ထိုရဟန်းတို့သည်၊ **သညတ္တိဗလာ** = ကောင်းစွာ သဘောပေါက်စေခြင်း ဟူသော စွမ်းအားရှိကြကုန်လျက်၊ ဝါ = သဘောပေါက်စေနိုင်သော အားရှိသည်ဖြစ်၍။ပ။ **ပဋိနိဿဂ္ဂမန္တိနော** = အဓမ္မိက အဓိကရုဏ်းကို စွန့်လွှတ်ခြင်းငှာ တိုင်ပင်ကြကုန်လျက်၊ တမေဝ ။ပ။ **ဝေါဟရန္တိ** = မပြောကြကုန် ။ပ။

**ပဌမော** = ရှေးဦးစွာသော၊ ပဏ္ဏာသကော = သုတ်ငါးဆယ်အပေါင်းသည်၊ **သမတ္တော** = ပြီးပြီ။ [၅၂ သုတ် ရှိနေ၏။ သို့သော် အပ္ပကံ ဦနံ ဝါ အဓိကံ ဝါ ဂဏနူပဂံ န ဟောတိ]

