## PAGE 193

#### ၁-ပုဂ္ဂလဝဂ်

**၅၃-၆၀။** **ဘိက္ခဝေ** = ရဟန်းတို့၊ **ဒွေ** = နှစ်ဦးကုန်သော၊ **ဣမေ ပုဂ္ဂလာ** = ဤပုဂ္ဂိုလ်တို့သည်၊ **လောကေ** = လောက၌၊ **ဥပ္ပဇ္ဇမာနာ** = ဖြစ်ပေါ်လာကုန်လတ်သော်၊ ဝါ = ဖြစ်ပေါ်လာနိုင်ကုန်လတ်သော်။ပ။ [ဧကကနိပါတ် စာပိုဒ် (၁၇၀) စသည်ကြည့်] **သုခါယ** = ချမ်းသာခြင်းငှာ၊ **ဥပ္ပဇ္ဇန္တိ** = ဖြစ်ပေါ်လာကုန်၏။

**ဒွေ** = နှစ်ဦးသော ပုဂ္ဂိုလ်တို့ဟူသည်၊ အဘယ်တို့နည်းဟူမူ၊ **အရဟံ** = ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊ **သမ္မာသမ္ဗုဒ္ဓေါ** = တရားအားလုံးကို ကိုယ်တိုင် မှန်ကန်စွာ သိတော်မူသော၊ **တထာဂတော စ** = မြတ်စွာဘုရားလည်းကောင်း၊ **စက္ကဝတ္တိ** = စကြာရတနာကို လည်စေတတ်သော၊ ဝါ = စကြဝတေးမင်းဖြစ်သော၊ **ရာဇာ စ** = ဘုရင်မင်းမြတ်လည်းကောင်းတည်း။ပ။ **အစ္ဆရိယမနုဿာ** = အံ့ဖွယ်သော လူသားတို့သည်၊ (ဟုတွာ = ဖြစ်ကြကုန်၍) **ဥပ္ပဇ္ဇန္တိ** = ဖြစ်ပေါ်လာကုန်၏။ပ။

**ဘိက္ခဝေ** = ရဟန်းတို့၊ **ဒွိန္နံ** = နှစ်ဦးကုန်သော၊ **ပုဂ္ဂလာနံ** = ပုဂ္ဂိုလ်တို့၏၊ **ကာလကိရိယာ** = သေခြင်းသည် (ထင်ရှား၏)။ပ။ **ကတမေသံ ဒွိန္နံ** = အဘယ်ပုဂ္ဂိုလ်နှစ်ဦးတို့၏နည်း၊ **အရဟတော** = ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊ **သမ္မာသမ္ဗုဒ္ဓဿ** = တရားအားလုံးကို ကိုယ်တိုင် မှန်ကန်စွာ သိတော်မူသော၊ **တထာဂတဿ စ** = မြတ်စွာဘုရား၏ လည်းကောင်း၊ **စက္ကဝတ္တိဿ** = စကြဝတေးမင်းဖြစ်သော၊ **ရညော စ** = ဘုရင်မင်း၏ လည်းကောင်းတည်း။ [ဧကက နိပါတ်တုန်းက အတိုင်း ကာလကိရိယာ စသော နောက်ပုဒ်များကို လိုက်ပေးလိုက လိုက်ပေးပါ]

**ဘိက္ခဝေ** = ရဟန်းတို့၊ **ဒွိန္နံ** = နှစ်ဦးကုန်သော၊ **ဣမေသံ ပုဂ္ဂလာနံ** = ဤပုဂ္ဂိုလ်တို့၏။ပ။

**၇-၈။** **ဘိက္ခဝေ** = ရဟန်းတို့၊ **ထူပါရဟာ** = စေတီတည်ထား ကိုးကွယ်ထိုက်သော ပုဂ္ဂိုလ်တို့သည်၊ **ဣမေ ဒွေ** = ဤနှစ်ဦးတို့တည်း။ **ဗုဒ္ဓါ** = သစ္စာလေးပါးတို့ကို ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် သိမြင်နိုင်သော ပုဂ္ဂိုလ်တို့သည်၊ **ဣမေ ဒွေ** = ဤနှစ်ဦးတို့တည်း။ပ။ **ပစ္စေကဗုဒ္ဓေါ** = သစ္စာလေးပါး မြတ်တရားကို သီးခြားကိုယ်တိုင် သိမြင်နိုင်သော ဒုတိယအဆင့် ဘုရားရှင်လည်းကောင်းတည်း။ပ။

**ဘိက္ခဝေ** = ရဟန်းတို့၊ **ဣမေ ဒွေ** = ဤနှစ်ဦးတို့သည်၊ **အသနိယာ** = မိုးကြိုးသည်၊ **ဖလန္တိယာ** = ထစ်ချုန်းလတ်သော်၊ **န သန္တသန္တိ** = မထိတ်လန့်ကုန်။ပ။ **ခီဏာသဝေါ** = ကုန်ခန်းပြီးသော အာသဝတရားရှိသော၊ **ဘိက္ခု စ** = ရဟန်းလည်းကောင်း၊ **ဟတ္ထာဇာနိယော စ** = ဆင်အာဇာနည်လည်းကောင်းတည်း။ပ။ **အဿာဇာနီယော စ** = မြင်းအာဇာနည်လည်းကောင်းတည်း။ **မိဂရာဇာ** = သားကောင်တို့၏ ဘုရင်ဖြစ်သော **သီဟော စ** = ခြင်္သေ့လည်းကောင်းတည်း။ပ။

## PAGE 194

**၆၁-၆၂။** **ဘိက္ခဝေ** = ရဟန်းတို့၊ **ဒွေ** = နှစ်မျိုးကုန်သော၊ **အတ္ထဝသေ** = အကြောင်းတို့ကို၊ [စာပိုဒ်-၃၁ နှင့် ၂ဝ၁-ကြည့်] **သမ္ပဿမာနာ** = ကောင်းစွာ မြင်ကြကုန်သည်၊ (ဟုတွာ = ဖြစ်ကြ၍) **ကိမ္ပုရိသာ** = ကိန္နရာတို့သည်၊ **မာနုသိံ** = လူတို့ဥစ္စာဘာသာဖြစ်သော၊ **ဝါစံ** = စကားကို၊ **န ဘာသန္တိ** = မပြောကြကုန်။

**ကတမေ ဒွေ** = အဘယ်နှစ်မျိုးသော အကြောင်းတို့ကိုနည်း၊ [တနည်း - **ကတမေ** = အဘယ်မည်ကုန်သော၊ **ဒွေ** = နှစ်မျိုးကုန်သော၊ **အတ္ထဝသေ** = တို့ကို၊ **သမ္ပဿမာနာ**။ပ။ **န ဘာသန္တိ** = ဘယ်အကြောင်းကြောင့် မပြောကြသနည်း]

(မယံ = ငါတို့သည်) **မူသာ** = လွဲမှားသော စကားကို၊ **မာ စ ဘဏိမှာ** = မပြောလည်း မပြောမိကြပါစေကုန်သတည်း၊ **ပရံ** = သူတစ်ပါးကို၊ **အဘူတေန** = မဟုတ်မမှန်သော အကြောင်းအရာဖြင့်၊ **မာ စ အဗ္ဘာစိက္ခိမှာ** = မစွပ်စွဲလည်း မစွပ်စွဲမိပါစေကုန်သတည်း။ **ဣတိ** = ဤအကြောင်း နှစ်မျိုးတို့ပေတည်း။

**ဘိက္ခဝေ** = ရဟန်းတို့၊ **ဒွေ** = နှစ်မျိုးကုန်သော၊ **ဣမေ အတ္ထဝသေ** = ဤအကြောင်းအရာတို့ကို။ပ။

**ဘိက္ခဝေ** = ရဟန်းတို့၊ **ဒွိန္နံ** = နှစ်မျိုးကုန်သော၊ **ဓမ္မာနံ** = တရားသဘောတို့ကို၊ **အတိတ္တော** = အားရကျေနပ်ခြင်း မရှိဘဲ၊ **အပ္ပဋိဝါနော** = တွန့်ဆုတ်ပျင်းရိခြင်း မရှိဘဲ၊ ဝါ = မငြီးငွေ့ဘဲ၊ (ဟုတွာ = ဖြစ်၍) **မာတုဂါမော** = မိန်းမသည်၊ **ကာလံ** = သေခြင်းကို၊ **ကရောတိ** = ပြု၏။

**ကတမေသံ ဒွိန္နံ** = အဘယ်နှစ်မျိုးသော တရားသဘောတို့ကိုနည်း၊ **မေထုနသမာပတ္တိယာ စ** = မေထုန်အကျင့်သို့ ရောက်ခြင်းကို လည်းကောင်း၊ **ဝိဇာယနဿ စ** = သားသမီး မွေးဖွားခြင်းကို လည်းကောင်းတည်း။

**ဘိက္ခဝေ** = ရဟန်းတို့၊ **ဒွိန္နံ** = နှစ်မျိုးကုန်သော၊ **ဣမေသံ ဓမ္မာနံ** = ဤတရားသဘောတို့ကို။ပ။

**၆၃။** **ဘိက္ခဝေ** = ရဟန်းတို့၊ **ဝေါ** = သင်တို့အား၊ **အသန္တသန္နိဝါသ** = သူယုတ်မာတို့၏ အတူတကွ နေထိုင်ကြပုံကိုလည်းကောင်း၊ **သန္တသန္နိဝါသ** = သူတော်ကောင်းတို့၏ အတူတကွ နေထိုင်ကြပုံကိုလည်းကောင်း၊ **ဒေသေဿာမိ** = ငါ ဟောကြားအံ့။ **တံ** = ထိုသန္နိဝါသနှစ်မျိုးကို၊ **သာဓုကံ** = ကောင်းစွာ၊ **သုဏာထ** [စာပိုဒ်-၃၃-ကြည့်]။ပ။

**ဘိက္ခဝေ** = ရဟန်းတို့။ **ကထံ** = အဘယ်သို့သော အခြင်းအရာအားဖြင့်၊ **အသန္တသန္နိဝါသော** = သူယုတ်မာတို့ အတူနေထိုင်ပုံသည်၊ **ဟောတိ** = ဖြစ်သနည်း၊ **ကထဉ္စ** = အဘယ်သို့လျှင်၊ **အသန္တော** = သူယုတ်မာတို့သည်၊ **သန္နိဝသန္တိ** = အတူတကွ နေထိုင်ကြသနည်း။

**ဘိက္ခဝေ** = ရဟန်းတို့၊ **ဣဓ** = ဤသာသနာတော်၌၊ **ထေရဿ** = ထေရ်ဖြစ်သော၊ (ဆယ်ဝါပြည့်ပြီးမှ ထေရ်ဖြစ်သော) ဝါ = သီတင်းကြီး ရဟန်းဖြစ်သော၊ **ဘိက္ခုနော** = ရဟန်း၏၊ ဝါ = သန္တာန်မှာ၊ **ဧဝံ** = ဤသို့သော အကြံအစည်သည်၊ **ဟောတိ** = ဖြစ်၏။ (ကိန္တိ = အဘယ်အကြံအစည် ဖြစ်သနည်း) **ထေရောပိ** = သီတင်းကြီး ထေရ်သည်လည်း၊ **မံ** = ငါ့ကို၊ **န ဝဒေယျ** = မဆိုဆုံးမစေလို၊ **မဇ္ဈိမောပိ** = (ငါးဝါစပျိုး ကိုးဝါတိုင်မှတ်)
## PAGE 195

#### ၁-**ပုဂ္ဂလဝဂ်**

သီတင်းလတ်သည်လည်း၊ **မံ**=ငါ့ကို၊ **န ဝဒေယျ**=စေလို၊ **နဝေါပိ**=(ငါးဝါမကြွယ်) သီတင်းငယ်သည်လည်း ။ပ။ **အဟံ**=ငါသည်၊ **ထေရမ္ပိ**=ထေရ်ကိုလည်း၊ **န ဝဒေယျ**=မဆိုဆုံးမလို၊ **အဟံ**=ငါသည်၊ **မဇ္ဈိမမ္ပိ**=သီတင်းလတ်ကိုလည်း၊ **န ဝဒေယျ**=မဆိုဆုံးမလို၊ **အဟံ**=ငါသည်၊ **နဝမ္ပိ**=သီတင်းငယ်ကိုလည်း ။ပ။ **ထေရော**=သည်၊ **မံ**=ငါ့ကို၊ **သစေပိ ဝဒေယျ**= အကယ်၍မူလည်း ဆုံးမငြားအံ့၊ (**ဧဝံ သတိ**=ဤသို့ ဆုံးမသည် ရှိသော်) **အဟိတာနုကမ္ပီ**=အကျိုးစီးပွားမဲ့ကို လိုလား၍၊ **မံ**=ငါ့ကို၊ **ဝဒေယျ**=ဆိုဆုံးမရာ၏။ **ဟိတာနုကမ္ပီ**=အကျိုးစီးပွားကို လိုလား၍၊ **နော ဝဒေယျ**=မဆိုဆုံးမရာ။

(**တသ္မာ**=ကြောင့်) **နောတိ**=နောဟူ၍၊ ဝါ=အရှင်ဘုရား၏ စကားကို မနာယူနိုင်ဟူ၍၊ **နံ**=ထိုထေရ်ကို၊ **ဝဒေယျံ**=ငါပြောအံ့၊ **ဝိဟေဌေယျံ**=(စကားကို မနာယူခြင်းဖြင့်) ညှဉ်းဆဲအံ့၊ **ပဿမ္ပိ** (**ပဿန္တောပိ**)=(မနာယူလျှင် မသင့်လျော်ဟု) သိမြင်သော်လည်း၊ ဝါ=မိမိအပြစ်ကို သိမြင်သော်လည်း၊ **အဿ**=ထိုထေရ်၏၊ (**ဝစနံ**=စကားကို) **နပ္ပဋိကရေယျံ**=မနာယူအံ၊ **မဇ္ဈိမော**=သီတင်းလတ်သည် မူပ။ **နဝေါ**=သီတင်းငယ်သည် ။ပ။ **နောတိ**=၍၊ **နံ**=ထိုသီတင်းငယ်ကို ။ပ။ **အဿ**=ထိုသီတင်းငယ်၏၊ (**ဝစနံ**=ကို) **နပ္ပဋိကရေယျံ**=အံ့၊ (**ဣတိ**=ဤသို့သော အကြံအစည်သည်၊ **ဟောတိ**=၏) [ပြန်စပ်သည်] **မဇ္ဈိမဿ**=သော၊ **ဘိက္ခုနောပိ**=ရဟန်းမှာလည်း၊ **ဧဝံ**=ဤသို့သော အကြံအစည်သည်၊ **ဟောတိ**=၏ ။ပ။ **နပ္ပဋိကရေယျံ**=အံ့၊ (**ဣတိ**=ဤသို့သော အကြံအစည်သည်၊ **ဟောတိ**)

**ဘိက္ခဝေ**=တို့၊ **ဧဝံ**=ဤသို့သော အခြင်းအရာအားဖြင့်၊ **အသန္တသံဝါသော**=သည်၊ **ဟောတိ**=၏၊ **ဧဝံ**=ဤသို့သော အခြင်းအရာအားဖြင့်လည်း၊ **အသန္တော**=တို့သည်၊ **သန္နိဝသန္တိ**=၏ ။ပ။ **ထေရောပိ**=လည်း၊ **မံ**=ငါ့ကို၊ **ဝဒေယျ**=ဆိုဆုံးမစေလိုပါ၏ ။ပ။ **ထေရမ္ပိ**=လည်း၊ **အဟံ**=သည်၊ **ဝဒေယျံ**=ဆိုဆုံးမလို၏ ။ပ။ **သာဓုတိ**=ကောင်းပါပြီဟူ၍၊ **နံ**=ထိုထေရ်ကို၊ **ဝဒေယျံ**=(နှစ်သက် ဝမ်းမြောက်စွာ) လျှောက်အံ့၊ **နံ**=ထိုထေရ်ကို၊ **န ဝိဟေဋ္ဌေယျံ**=မညှဉ်းဆဲအံ့၊ **ပဿမ္ပိ** (**ပဿန္တောပိ**) = (မနာယူလျှင် မသင့်လျော်ဟု) သိမြင်သည် အဖြစ်ကြောင့်လည်း၊ **အဿ**=ထိုထေရ်၏။ (**ဝစနံ**=ကို) **ပဋိကရေယျံ**=နာယူအံ့ ။

**၆၄။** **ဘိက္ခဝေ**=တို့၊ **ယသ္မိံ အဓိကရဏေ**= အကြင် အဓိကရုဏ်း၌၊ **ဥဘတော** ငြင်းခုံနေကြသော ရဟန်းနှစ်ဖက်တို့၌၊ **ဝစီသံသာရော**=အချင်းချင်း ဆဲရေးခြင်းအားဖြင့် ဖြစ်ပွားနေသော စကားသည်လည်းကောင်း၊ [**သံသာရ**=ဖြစ်ပွားနေသော၊ **ဝစီ**=စကား။ **သံသရတိ ပဝတ္တတိတိ သံသာရော**၊ **ဝစီ စ သာ သံသာရော စာတိ ဝစီသံသာရော**]

