## PAGE 196

**ဒိဋ္ဌိပဠာသော**=အယူဒိဋ္ဌိဟူသော မှီရာရှိသော တန်းတူယှဉ်တု ဂုဏ်ပြိုင်မှုသည်လည်းကောင်း၊ [**ပဠာသ**=ဂုဏ်တုဂုဏ်ပြိုင် ပြုခြင်း၊ တန်းတူထားခြင်း၊ အသာမပေးခြင်း။ "**ဒိဋ္ဌိသန္နိဿယပဠာသ**" ဟု ဆိုလိုလျက် သန္နိဿယပုဒ်ကို ချေ] ဝါ=အယူဒိဋ္ဌိကို မှီ၍ ကိုယ့်ထက်သာသူ တန်းတူယှဉ်တု ဂုဏ်ပြိုင်မှုသည်လည်းကောင်း၊ **စေတသော**=စိတ်၏၊ ဝါ=ကို၊ **အာဃာတော**= ပြင်းထန်စွာ နှိပ်စက်တတ်သော ဒေါသသည်လည်းကောင်း၊ **အပ္ပစ္စယော**=မနှစ်သက်ခြင်း ဒေါမနဿသည်လည်းကောင်း၊ [**န + ပဋိ + ဣဓာ + အ**၊ **န ပစ္စတိ ပီတိသောမနဿံ ဧတေနာတိ အပ္ပစ္စယော**=ပီတိသောမနဿ မဖြစ်နိုင်ကြောင်း ဖြစ်သော မနှစ်သက်မှု ဒေါမနဿသည် လည်းကောင်း'ဟု ဝိဂြိုဟ်နက်ဆို] **အနဘိရဒ္ဓိ**=မိမိသူတပါး၏ အကျိုးစီးပွားကို မပြီးစီးစေတတ်သော ဒေါသသည်လည်းကောင်း၊ **အဇ္ဈတ္တံ**=(**နိယကဇ္ဈတ္တ** ဖြစ်သော) မိမိစိတ်နှင့် မိမိပရိသတ်၏ စိတ်၌၊ **အပူပသန္တံ**=မငြိမ်းအေးသည်၊ **ဟောတိ**=ဖြစ်၏။

**ဘိက္ခဝေ**=တို့၊ **တသ္မိံ အဓိကရဏေ**=၌။ ။ပ။ စာပိုဒ် ၁၅-အတိုင်းဆို] **သုပသန္တံ**=ကောင်းစွာ ငြိမ်းအေးသည် ။ပ။

#### ၂-**သုခဝဂ်**

**၆၅-၆၉။** **ဘိက္ခဝေ**=တို့၊ **သုခါနိ**=သုခတို့သည်၊ **ဣမာနိ ဒွေ**= ဤနှစ်မျိုးတို့တည်း ။ပ။ **ဂိဟိသုခဉ္စ**=လူတို့၏ သုခလည်းကောင်း၊ ဝါ=လူတို့၏ အလိုရှိသမျှ အားလုံး ပြီးစီးခြင်းကြောင့် ဖြစ်သော သုခလည်းကောင်း၊ **ပဗ္ဗဇိတသုခဉ္စ**=ရဟန်းတို့၏ သုခလည်းကောင်းတည်း၊ ဝါ=ရဟန်းတို့အတွက် ရဟန်းအကျင့်သိက္ခာကြောင့် ဖြစ်သော ကိုယ်စိတ်ငြိမ်းချမ်းမှု သုခလည်းကောင်းတည်း၊ **ဘိက္ခဝေ**=တို့၊ **သုခါနိ**=တို့သည်၊ **ဣမာနိ ဒွေ**=တည်း၊ **ဘိက္ခဝေ**=တို့၊ **ဒွိန္နံ**=နှစ်မျိုးကုန်သော၊ **ဣမေသံ သုခါနံ**=ဤသုခတို့တွင်၊ **ယဒိဒံ ပဗ္ဗဇိတသုခံ**=အကြင်ရဟန်းသုခသည်၊ (**အတ္ထိ**=ရှိ၏) **တံ**=ဤရဟန်းသုခသည်၊ **အဂ္ဂံ**=အမြတ်ဆုံး သုခပေတည်း ။ပ။ **ကာမသုခဉ္စ**=ကာမဂုဏ်ငါးပါးတို့ကို အာရုံပြု၍ ဖြစ်သော သုခလည်းကောင်း၊ ဝါ=တဏှာဖြင့် လိုလားအပ်သမျှ တေဘူမက တရားအားလုံးကို အာရုံပြု၍ ဖြစ်သော သုခလည်းကောင်း၊ **နေက္ခမ္မသုခဉ္စ**=အိမ်အနှောင်အဖွဲ့မှ ထွက်မြောက်သော ရဟန်းအဖြစ်ကို အာရုံပြု၍ ဖြစ်သော သုခလည်းကောင်းတည်း။ ဝါ=ဝဋ်ဒုက္ခမှ ထွက်မြောက်သော နิဗ္ဗာန်ကို အာရုံပြု၍ ဖြစ်သော သုခလည်းကောင်းတည်း ။ပ။

## PAGE 197

#### ၂-**သုခဝဂ်**

**ဥပဓိသုခဉ္စ** =ဥပါဒါနက္ခန္ဓာ ငါးပါးဟူသော ဥပဓိ၌မှီတည်နေသော တေဘူမက သုခလည်းကောင်း၊ **နိရုပဓိသုခဉ္စ**=ဥပဓိသုခ၏ ဆန့်ကျင်ဘက် လောကုတ္တရာ သုခလည်းကောင်းတည်း ။ပ။ **သာသဝသုခဉ္စ**=မိမိကို အာရုံပြုသော အာသဝတို့နှင့် တကွဖြစ်သော ဝဋ္ဋသုခလည်းကောင်း၊ ဝါ=အာသဝတို့၏ အာရုံအကြောင်း ဖြစ်သော ဝဋ္ဋသုခလည်းကောင်း၊ [ဝဋ်ဆင်းရဲ၌ ပါဝင်သော သုခသည် ဝဋ္ဋသုခမည်၏] **အနာသဝသုခဉ္စ**=မိမိကို အာရုံပြုသော အာသဝ မရှိသော ဝိဝဋ္ဋသုခ လည်းကောင်းတည်း၊ ဝါ=အာသဝတို့၏ အာရုံ အကြောင်း မဟုတ်သော **ဝိဝဋ္ဋသုခ**လည်းကောင်းတည်း၊ [**ဝိဝဋ္ဋသုခ**=ဝဋ်ဒုက္ခမှ ကင်းလွတ်သော နိဗ္ဗာန်ကို အာရုံပြုသော သုခ] ။ပ။ **သာမိသံ**=ကိလေသာ အာမိသနှင့် တကွဖြစ်သော၊ **သုခဉ္စ**=ဝဋ္ဋဂါမိ သုခလည်းကောင်း၊ ဝါ=ဝဋ်ဆင်းရဲသို့ လားရောက်စေတတ်သော သုခလည်းကောင်း၊ **နိရာမိသံ**=ကိလေသာ အာမိသ မရှိသော၊ **သုခဉ္စ**=မဂ်ဖိုလ်နှင့် ယှဉ်သော သုခလည်းကောင်းတည်း ။ပ။

**၇၀-၇၇။** **အရိယသုခဉ္စ**=အရိယာတို့၏ သုခလည်းကောင်း၊ ဝါ=ဖြူစင်မြင့်မြတ်သော သုခလည်းကောင်း၊ **အနရိယသုခဉ္စ**= အရိယာမဟုတ်သူ ပုထုဇဉ်တို့၏ သုခလည်းကောင်းတည်း၊ ဝါ=မည်းညစ် ယုတ်နိမ့်သော သုခလည်းကောင်းတည်း ။ပ။ **ကာယိကံ**=ကိုယ်၌ဖြစ်သော၊ **သုခဉ္စ**=(ကာယဝိညာဉ်စိတ်နှင့် ယှဉ်သော) သုခလည်းကောင်း၊ **စေတသိကံ**=စိတ်၌ဖြစ်သော၊ **သုခဉ္စ**=(လောကီလောကုတ္တရာ) သုခလည်းကောင်းတည်း ။ပ။ **သပ္ပီတိကံ**=ပီတိနှင့် တကွဖြစ်သော၊ **သုခဉ္စ**=ပထမဈာန်၊ ဒုတိယဈာန်သုခလည်းကောင်း၊ **နိပ္ပီတိကံ**=ပီတိမရှိသော၊ **သုခဉ္စ**=တတိယဈာန်, စတုတ္ထဈာန် သုခလည်းကောင်းတည်း ။ပ။ **သာတသုခဉ္စ** = (အောက်ဈာန်သုံးပါး၌ ရှိသော) ချိုသာ ကောင်းမြတ်သော သုခလည်းကောင်း၊ **ဥပေက္ခာသုခဉ္စ**=ဥပေက္ခာဝေဒနာ ဟူသော စတုတ္ထဈာန် သုခလည်းကောင်းတည်း ။ပ။ **သမာဓိသုခဉ္စ**=ဥပစာရသမာဓိ, အပ္ပနာ သမာဓိနှင့် ယှဉ်သော သုခလည်းကောင်း၊ **အသမာဓိသုခဉ္စ**=ဥပစာရ သမာဓိ, အပ္ပနာ သမာဓိနှင့် မယှဉ်သော သုခလည်းကောင်းတည်း ။ပ။

**သပ္ပီတိကာရမ္မဏံ**=ပီတိနှင့်တကွ ဖြစ်သော အောက်ဈာန် နှစ်ပါးဟူသော အာရုံရှိသော၊ **သုခဉ္စ**=သုခလည်းကောင်း။ [ထိုဈာန်နှစ်ပါးကို အာရုံပြု ဆင်ခြင်စဉ်အခါ ဖြစ်ပေါ်လာသော သုခတည်း] **နိပ္ပီတိကာရမ္မဏံ**=ပီတိမရှိသော အထက်ဈာန်နှစ်ပါးဟူသော အာုံရှိသော၊ **သုခဉ္စ**=သုခလည်းကောင်းတည်း ။ပ။ **သာတာရမ္မဏံ**=ချိုသာကောင်းမြတ်သော အောက်ဈာန်သုံးပါးဟူသော အာရုံရှိသော၊ **သုခဉ္စ**=သုခလည်းကောင်းတည်း ။ပ။
## PAGE 198

အာရုံရှိသော၊ **သုခဉ္စ** = လည်းကောင်း၊ **ဥပေက္ခာရမ္မဏံ** = ဥပေက္ခာဝေဒနာ ရှိသော စတုတ္ထဈာန်ဟူသော အာရုံရှိသော၊ **သုခဉ္စ** = လည်းကောင်းတည်း ။ပ။

**ရူပါရမ္မဏံ** = ရူပါဝစရ စတုတ္ထဈာန်ဟူသော အာရုံရှိသော၊ ဝါ = ဖောက်ပြန်တတ်သော ရုပ်အားလုံးဟူသော အာရုံရှိသော၊ **သုခဉ္စ** = လည်းကောင်း။

[**ရူပ** (ရူပဇ္ဈာန) = ရူပါဝစရ စတုတ္ထဈာန်ဟူသော၊ (တနည်း) **ရူပ** = ရုပ်တရားဟူသော + **အာရမ္မဏ** = အာရုံ (ရှိသော)]

**အရူပါရမ္မဏံ** = အရူပါဝစရ ဈာန်ဟူသော အာရုံရှိသော။ ဝါ = နာမ်တရားဟူသော အာရုံရှိသော၊ **သုခဉ္စ** = လည်းကောင်းတည်း ။

#### ၃-သနိမိတ္တဝဂ်

**၇၈၊ ၈၇။** **ဘိက္ခဝေ** = တို့၊ **ပါပကာ** = ယုတ်ညံ့ကုန်သော၊ **အကုသလာ** = အကုသိုလ်ဖြစ်ကုန်သော၊ **ဓမ္မာ** = တရားတို့သည်၊ **သနိမိတ္တာ** = အကြောင်း နိမိတ်နှင့်တကွ ဖြစ်ကုန်၍သာလျှင်၊ ဝါ = အကြောင်းနိမိတ် ရှိကုန်၍သာလျှင်၊ **ဥပ္ပဇ္ဇန္တိ** = ဖြစ်ကုန်၏၊ **အနိမိတ္တာ** = အကြောင်းနိမိတ် မရှိကုန်ဘဲ၊ **နော ဥပ္ပဇ္ဇန္တိ** = မဖြစ်ကုန်၊ **တဿေဝ နိမိတ္တဿ** = ထိုအကြောင်း နိမိတ်ကိုသာလျှင်၊ **ပဟာနာ** = ပယ်ခြင်းကြောင့်၊ **ဧဝံ** = ဤသို့၊ **ပါပကာ** = ကုန်သော၊ **အကုသလာ** = ကုန်သော၊ **တေ ဓမ္မာ** = ထိုတရားသည်၊ **န ဟောန္တိ** = မဖြစ်နိုင်တော့ကုန်၊ **ဣတိ** - ဤသို့၊ (အဝေါစမိန့်တော်မူပြီ)

**ဘိက္ခဝေ** = တို့၊ **ပါပကာ** ပေ။ **သနိဒါနာ** = အကြောင်းနိဒါန်းနှင့် တကွ ဖြစ်ကုန်၍သာလျှင်၊ ဝါ = အကြောင်းနိဒါန်း ရှိကုန်၍သာလျှင် ။ပ။ **အနိဒါနာ** = အကြောင်းနိဒါန်း မရှိကုန်ဘဲ ။ပ။ **တဿေဝ နိဒါနဿ** = ထိုအကြောင်း နိဒါန်းကိုသာလျှင် ။ပ။

**သဟေတုကာ** = အကြောင်းဟိတ်နှင့်တကွ ဖြစ်ကုန်၍သာလျှင်၊ ဝါ = ရှိကုန်၍သာလျှင် ။ပ။ **အဟေတုကာ** = အကြောင်းဟိတ် မရှိကုန်ဘဲ။ ပ။ **တဿေဝ ဟေတုဿ** = ထိုအကြောင်းဟိတ်ကိုသာလျှင် ။ပ။

**သသင်္ခါရာ** = အကျိုးတရားကို စီမံပြုလုပ်တတ်သော အကြောင်းနှင့်တကွ ဖြစ်ကုန်၍သာလျှင်၊ ဝါ = လျှင် ။ပ။ **တေသံယေဝ သင်္ခါရာနံ** = ထိုအကျိုးတရားကို စီမံပြုလုပ်တတ်သော အကြောင်းတို့ကိုသာလျှင် ။ပ။

**သပ္ပစ္စယာ** = အကြောင်း ပစ္စည်းနှင့်တကွ ဖြစ်ကုန်၍သာလျှင် ။ပ။ **သရူပါ** = အကျိုးတရားကို ဖော်ပြတတ်သော အကြောင်းနှင့်တကွ ဖြစ်ကုန်၍သာလျှင် ။ပ။ **တဿေဝ ရူပဿ** = ထိုအကျိုးတရားကို ဖော်ပြတတ်သော အကြောင်းကိုသာလျှင် ။ပ။

[နိမိတ္တမှစ၍ ရူပတိုင်အောင် (၆)ပုဒ်တို့သည် အကြောင်းဟူသော အနက်ကိုဟောသောပရိယာယ်ပုဒ်ချည်းတည်း၊ ထိုတွင် ရူပနှင့် သင်္ခါရ နှစ်ပုဒ်

