## PAGE 199

#### ၄-ဓမ္မဝဂ်

ကိုသာ ဝိဂြိုဟ်နက် ရေး၏။ စာသင်သားတို့ နားရှုပ်မည်စိုး၍ နိမိတ္တစသော ပုဒ်တို့ကို ဝိဂြိုဟ်နက် မရေးခဲ့]

**သဝေဒနာ** = ယှဉ်ဘက် အကြောင်းဝေဒနာနှင့်တကွ ဖြစ်ကုန်၍သာလျှင် ။ပ။ **တဿာယေဝ ဝေဒနာယ** = ထိုယှဉ်ဘက် အကြောင်း ဝေဒနာကိုသာလျှင်၊ [နောက်သုတ်များ၌ “ယှဉ်ဘက်အကြောင်း သညာ, ယှဉ်ဘက်အကြောင်း ဝိညာဏ်”ဟု လဲလှယ်ဆိုပါ] ။ပ။

**သင်္ခတာရမ္မဏာ** = သင်္ခတ တရားဟူသော အာရုံရှိကုန်လျက်သာလျှင်၊ ဝါ = သင်္ခတ တရားကို အာရုံပြုကုန်လျက်သာလျှင် ။ပ။ **အသင်္ခတာရမ္မဏာ** = အသင်္ခတ နိဗ္ဗာန်ဟူသော အာရုံရှိကုန်လျက်၊ ဝါ = အသင်္ခတနိဗ္ဗာန်ကို အာရုံပြုကုန်လျက် ။ပ။ **တဿေဝ သင်္ခတဿ** = ထိုသင်္ခတ တရားကိုသာလျှင် (ထိုအကြောင်းတရားတို့သည် ပေါင်းဆုံဆိုက်ရောက်၍ စီမံပြုလုပ်အပ်သော စိတ် စေတသိတ် ရုပ်တရားကိုသာလျှင်)

**သင်္ဂမ္မ သမာဂမ္မ ပစ္စယေဟိ ကတောတိ သင်္ခတော**၊ ဤဝစနတ္ထ၌ **သင်္ဂမ္မ** ပုဒ်၏ အနက်ကို ဝိသုဒ္ဓိမဂ်ဋီကာ၊ ပ–၃၄၇၌ “**သင်္ဂမ္မာ**တိ ပစ္စယသမောဓာနလက္ခဏေန သင်္ဂမေနု သန္နိပတိတွာ၊ **သမာဂမ္မာ**တိ တဿေဝ ဝေဝစနံ”ဟု ဖွင့်၏]

#### ၄-ဓမ္မဝဂ်

**၈၈၊ ၉၄။** **ဘိက္ခဝေ** = တို့၊ **ဓမ္မာ** = တရားသဘောတို့သည်၊ **ဣမေ ဒွေ** = ဤနှစ်ပါးတို့တည်း ။ပ။

**စေတောဝိမုတ္တိ** စ = ကိလေသာတို့မှ လွတ်မြောက်သော လေးပါးသော ဖိုလ်စိတ် သမာဓိလည်းကောင်း၊ [ဖိုလ်လေးပါးတို့၌ ပါဝင်သော သမာဓိဟုဆိုလို၏၊ **ပညာဝိမုတ္တိ** လည်း ထို့အတူပင်တည်း]

**ပညာဝိမုတ္တိ** စ = ကိလေသာတို့မှ လွတ်မြောက်သော လေးပါးသော ဖိုလ်ပညာ လည်းကောင်းတည်း ။ပ။

**ပဂ္ဂါဟော** စ = ယှဉ်ဘက်တရားတို့ကို မြှောက်ပင့်အားပေးတတ်သော ဝီရိယလည်းကောင်း၊ **အဝိက္ခေပေါ** စ = မပျံ့လွင့်တတ်သော သမာဓိလည်းကောင်း၊ ဝါ = စိတ်ကို အာရုံအမျိုးမျိုးတို့၌ မပစ်လွှင့်တတ်သော သမာဓိလည်းကောင်း၊ ဝါ = ပျံ့လွင့်သော **ဥဒ္ဓစ္စ** ၏ ဆန့်ကျင်ဘက် သမာဓိလည်းကောင်းတည်း

**နာမဉ္စ** = အာရုံသို့ ညွတ်တတ်သော နာမ်ခန္ဓာလေးပါးလည်းကောင်း၊ **ရူပဉ္စ** = ဖော်ပြန်တတ်သော ရုပ်ခန္ဓာလည်းကောင်းတည်း ။ပ။

**ဝိဇ္ဇာ** စ = နိဗ္ဗာန်ကို သိမြင်တတ်သော ဖိုလ်ဉာဏ်လည်းကောင်း၊ **ဝိမုတ္တိ** စ = ဖိုလ်ဉာဏ်နှင့် ယှဉ်ဘက်ဖြစ်သော လွတ်မြောက်သော တရားအပေါင်းလည်းကောင်းတည်း ။ပ။ **ဘဝ**

## PAGE 200

**ဒိဋ္ဌိ** စ (အသက်ရှင် အတ္တကောင်နှင့် လောကသည်) မပြတ်မစဲ အမြဲတည်ရှိ၏ဟု ယူဆသော **သဿတဒိဋ္ဌိ** လည်းကောင်း၊ [ခန္ဓာငါးပါးကိုပင် **အတ္တ** ဟုလည်းကောင်း, လောကဟုလည်းကောင်း ယူဆကြသည်။ **ဘဝတိ အတ္ထိ သဗ္ဗကာလံ တိဋ္ဌတီတိ ဘဝေါ**၊ **ဘဝေါ** တိ ပဝတ္တာ **ဒိဋ္ဌိ ဘဝဒိဋ္ဌိ**]

**ဝိဘဝဒိဋ္ဌိ** စ = (အသက်ရှင် အတ္တကောင်နှင့် လောကသည်) အတည်မမြဲ ပြတ်စဲ၏ဟု ယူဆသော **ဥစ္ဆေဒဒိဋ္ဌိ** လည်းကောင်းတည်း၊ [**ဝိဘဝတိ ဝိနဿတိ ဥစ္ဆိဇ္ဇတီတိ ဝိဘဝေါ** - စသည်ပြု အဟိရိကစသည်ကို စာပိုဒ် ၇ နှင့် ၈ ကြည့်]။ ။ပ။

**၉၅-၈။** **ဒေါဝစဿတာ** စ = ဆိုဆုံးမခက်သူ လူရိုင်းစိုင်း၏ မလေးစားမှု အပြုအမူ စေတနာရှိသည်၏ အဖြစ်လည်းကောင်း၊ **ပါပမိတ္တတာ** စ = (သဒ္ဓါတရား မရှိသူစသော) ယုတ်မာသော မိတ်ဆွေရှိသူ၏ အဖြစ်လည်းကောင်းတည်း ။ပ။

**သောဝစဿတာ** စ = ဆိုဆုံးမလွယ်ကူသူ လူလိမ္မာ၏ ယဉ်ကျေးလေးစားမှု အပြုအမူ စေတနာရှိသည်အဖြစ်လည်းကောင်း၊ **ကလျာဏမိတ္တတာ** စ = (သဒ္ဓါတရားရှိသူစသော) ကောင်းသော မိတ်ဆွေရှိသူ၏ အဖြစ်လည်းကောင်းတည်း ။ပ။

**ဓာတုကုသလတာ** စ = ဓာတ် ၁၈-ပါးတို့၌ ခွဲခြားသိမြင် ကျွမ်းကျင်သူ၏ အဖြစ်လည်းကောင်း၊ **မနသိကာရကုသလတာ** စ = (လက္ခဏ, ရသ စသည်, အနိစ္စစသည်အားဖြင့်) ဓာတ် ၁၈–ပါးတို့ကို နှလုံးသွင်းမှု၌ ကျွမ်းကျင်သူ၏ အဖြစ်လည်းကောင်းတည်း ။ပ။

**အာပတ္တိကုသလတာ** စ = (အာပတ်သင့်ခြင်း၏ အကြောင်းရင်းဝတ္ถုနှင့်တကွ) အာပတ်(၅)မျိုး (၇)မျိုးတို့၌ ခွဲခြားသိမြင် =

**၁။ ဒေါဝစဿတာ။** ။ **ဒုက္ခံ ၀စော ဧတသ္မိံ ပုဂ္ဂလေတိ ဒုဗ္ဗစော** - ခက်ခဲသော ဆိုဆုံးမ စကားရှိသူ (ဆန့်ကျင်ဘက် ကန့်လန့်ပြောတတ်သူ၊ ရိုင်းစိုင်းကြမ်းကြုတ်သူ)

**ဒုဗ္ဗစဿ ကမ္မံ** (မလေးစားမှု ရိုင်းစိုင်းမှု အပြုအမူ စေတနာ) **ဒေါဝစဿံ**၊ **တဿ ဘာဝေါ** (**အတ္ထိဘာဝေါ**) **ဒေါဝစဿတာ**။ တာပစ္စည်း ဆင့်ထားသော်လည်း တရားကိုယ်အားဖြင့် **ဒေါဝစဿ** ၏ အရ ဖြစ်သော ယခင်စေတနာကိုပင် ရယူ၏။ ထို့ကြောင့် ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ဋီကာ (တ၊ နှာ၊ ၁၀ဝ)၌ တာပစ္စည်းအနက် မရှိနည်းကိုလည်း ပြထားသည်။

ဤဋ္ဌ ဋီတို့၏ **ဝစနတ္ထ** ၌ နပုလ္လိင် မနောဂိုဏ်း **ဝစော** သဒ္ဓါနှင့် လျော်ညီစွာ နပုလ္လိင်ဖြင့်ပင် ရှိသော **ဒုက္ခံ** ဟူသော ပဌမန္တပုဒ်သည် ကြိယာဝိသေသန မဖြစ်နိုင်၊ **ဝစော** ၏ နာမဝိသေသနသာ ဖြစ်နိုင်၏။ **သုန္ဒရံ မနော သုမနော** နှင့် နှိုင်းယှဉ်ကြည့်ပါ။
## PAGE 201

#### ၅-ဗာလဝဂ်

**၂၀၁။** ကျွမ်းကျင်သူ၏ အဖြစ်လည်းကောင်း၊ ပါရာဇိက၊ သံဃာဒိသေသ်၊ ပါစိတ်၊ ပါဋိဒေသနီယ၊ ဒုက္ကဋ်ဟု အာပတ်ငါးမျိုး၊ ထုလ္လစ္စယနှင့် ဒုဗ္ဘာသိတထည့်၍ ခုနစ်မျိုးတည်း] **အာပတ္တိဝုဋ္ဌာနကုသလတာ စ** = အာပတ်မှ ထမြောက်မှု၌ ခွဲခြားသိမြင် ကျွမ်းကျင်သူ၏ အဖြစ်လည်းကောင်းတည်း၊ (အာပတ်မှ ထမြောက်စင်ကြယ်ခြင်း၏ အကြောင်းရင်းဖြစ်သော ဒေသနာပြောကြားခြင်းကိစ္စ၊ အတ္တာနကမ္မဝါစာ၊ တိဏဝတ္ထာရကကမ္မဝါစာတို့နှင့်တကွ အာပတ်မှ ထမြောက်ခြင်းကိစ္စ၌ ခွဲခြားသိမြင် ကျွမ်းကျင်သူ၏ အဖြစ်လည်းကောင်းတည်း)။

#### ၅-ဗာလဝဂ်

**၉၉၊ ၁၀၇။** **ဘိက္ခဝေ** = ရဟန်းတို့၊ **ဗာလာ** = နားမလည်သူ လူဖျင်းတို့သည်။ **ယော** = အကြင်ပုဂ္ဂိုလ်သည်၊ **အနာဂတံ** = မိမိထံသို့ မရောက်လာသေးသော၊ ဝါ = မိမိမဆောင်ရွက်သင့်သော၊ **ဘာရံ** = တာဝန်ကို၊ **ဝဟတိ** = ဆောင်ရွက်၏။ (သော စ = ထိုပုဂ္ဂိုလ်လည်းကောင်း) **ယော** = အကြင်ပုဂ္ဂိုလ်သည်၊ **အာဂတံ** = မိမိထံသို့ ရောက်လာသော၊ ဝါ = မိမိဆောင်ရွက်သင့်သော၊ **ဘာရံ** = ကို န ဝဟတိ = မဆောင်ရွက်၊ (သော စ = ထိုပုဂ္ဂိုလ်လည်းကောင်းတည်း)။

**ပဏ္ဍိတာ** = ပညာရှိတို့သည်။ **အကပ္ပိယေ** = မအပ်စပ်သော ခြင်္သေ့အသားစသည်၌၊ **ကပ္ပိယသည်** = အပ်စပ်၏ဟု အမှတ်ရှိ၏၊ (သော စ = လည်းကောင်း)။

**ကပ္ပိယေ** = အပ်စပ်သော မိကျောင်းသား စသည်၌၊ **အကပ္ပိယသည်** = မအပ်စပ်ဟု အမှတ်ရှိ၏။

**အနာပတ္တိယာ** = အာပတ်မဟုတ်သည်၌၊ **အာပတ္တိသည်** = အာပတ်ဟု အမှတ်ရှိ၏။

**အာပတ္တိယာ** = အာပတ်၌၊ **အနာပတ္တိသညီ** = အာပတ်မဟုတ်ဟု အမှတ်ရှိ၏။

**အဓမ္မ** = ကုသိုလ်တရား၏ ဆန့်ကျင်ဘက် အကုသိုလ်တရား၌၊ **ဓမ္မသညီ** = ကုသိုလ်တရားဟု အမှတ်ရှိ၏။

**ဓမ္မေ** = ကုသိုလ်တရား၌၊ **အဓမ္မသည်** = ကုသိုလ်တရား၏ ဆန့်ကျင်ဘက် အကုသိုလ်တရားဟု အမှတ်ရှိ၏။

**အဝိနယေ** = ရာဂစသည်ကို ပယ်ရှားကြောင်း မဟုတ်သော အကုသိုလ်တရား၌၊ **ဝိနယသည်** = ရာဂစသည်ကို ပယ်ရှားကြောင်း ကုသိုလ်တရားဟု အမှတ်ရှိ၏။

**ဝိနယေ** = ရာဂစသည်ကို ပယ်ရှားကြောင်း ကုသိုလ်တရား၌၊ **အဝိနယသည်** = ရာဂစသည်ကို ပယ်ရှားကြောင်း မဟုတ်သော အကုသိုလ်တရားဟု အမှတ်ရှိ၏။

