## PAGE 202

**၁၀၉၊ ၁၁၀။** **ဘိက္ခဝေ** = ရဟန်းတို့၊ **ဒွိန္နံ** = နှစ်ဦးသော ပုဂ္ဂိုလ်တို့မှာ၊ **အာသဝါ** = ကိလေသာ အာသဝတို့သည်၊ **ဝဍ္ဎန္တိ** = တိုးပွားနေကုန်၏။ **ကတမေသံ ဒွိန္နံ** = အဘယ်နှစ်ဦးသော ပုဂ္ဂိုလ်တို့မှာ၊ (အာသဝါ = တို့သည်၊ သန္တိ = နည်း) **ယော** = အကြင်ပုဂ္ဂိုလ်သည်၊ **နကုက္ကုစ္စာယိတဗ္ဗ** = ယုံမှားတွေးတော ကုက္ကုစ္စ မပြုသင့်သည်ကို၊ ဝါ = ယုံမှားသံသယ မဖြစ်နိုင်လောက်သော ဝက်သားစသည်ကို၊ **ကုက္ကုစ္စာယတိ** = ယုံမှားတွေးတောမှု ကုက္ကုစ္စပြု၏။ ဝါ = ဝံသားလေလော စသည်ဖြင့် တွေးတောကာ မစားဘဲနေ၏။ (တဿ စ = ထိုပုဂ္ဂိုလ်မှာလည်းကောင်း) **ယော** = သည်၊ **ကုက္ကုစ္စာယိတဗ္ဗ** = ယုံမှားတွေးတောမှ ကုက္ကုစ္စပြုသင့်သည်ကို၊ ဝါ = ယုံမှား သံသယ ဖြစ်သင့်သော ဝံသား ဆင်သား စသည်ကို၊ **နကုက္ကုစ္စာယတိ** = ယုံမှား တွေးတောမှု ကုက္ကုစ္စမပြု၊ ဝါ = ဝက်သားလေလော... စသည်ဖြင့် မတွေးတောဘဲ စားလိုက်၏။ [ဝက်သားဘဲဖြစ်ဖြစ်၊ ဝံသားဘဲ ဖြစ်ဖြစ်၊ ဖြစ်ချင်ရာဖြစ်ဟု ဆိုကာ စားချလိုက်၏ဟူလို] (တဿ စ = မှာလည်းကောင်း၊ **အာသဝါ** = တို့သည်၊ **ဝဍ္ဎန္တိ** = ၏) **ဘိက္ခဝေ** = တို့၊ **ဣမေသံ ဒွိန္နံ** = ဤနှစ်ဦးသော ပုဂ္ဂိုလ်တို့မှာ၊ **အာသဝါ ဝဍ္ဎန္တိ**။

**န ကုက္ကုစ္စာယိတဗ္ဗ** = ယုံမှားတွေးတောမှု ကုက္ကုစ္စ မပြုသင့်သည်ကို၊ **န ကုက္ကုစ္စာယတိ** = ယုံမှားတွေးတောမှ ကုက္ကုစ္စမပြု။

### ဒုတိယပဏ္ဏာသက

**ဒုတိယော** = နှစ်ခုမြောက်သော၊ **ပဏ္ဏာသကော** = သုတ်ငါးဆယ် အပေါင်းသည်၊ **သမတ္တော** = ပြီးပြီ။

**၁။** **နကုက္ကုစ္စာယိတဗ္ဗ ကုက္ကုစ္စာယတိ**။ ။ ပုဂ္ဂလပညတ်ဋ္ဌ (၅၅) နှင့် ဤသုတ်ဋီကာ အဖွင့်ကို ထည့်သွင်း၍ အနက်ပေးသည်။

(တနည်း) **နကုက္ကုစ္စာယိတဗ္ဗ** = ကုက္ကုစ္စ မပြုသင့်သော သံဃာပိုင် လယ်ယာစသည် မစီမံခြင်းကို၊ [မစီမံကောင်း၍ မစီမံခြင်းကို] **ကုက္ကုစ္စာယတိ** = ကုက္ကုစ္စပြု၏။ **ကုက္ကုစ္စာယိတဗ္ဗ** = ကုက္ကုစ္စပြုသင့်သော သံဃာပိုင် လယ်ယာစသည် စီမံခြင်းကို၊ **နကုက္ကုစ္စာယတိ** = ကုက္ကုစ္စမပြု။

ပစ္စည်းလေးပါးသုံးစွဲဖို့အတွက် အပ်စပ်သော နည်းဖြင့် သံဃာအား လှူဒါန်းထားသော လယ်ယာ၊ တဖက်ဆည်ကန်စသည်နှင့် ထိုလယ်ယာထွက်ပစ္စည်းမှ ရရှိသော ရွှေငွေ စသည်တို့၌ “ဤရေကန်ထဲမှ ရေကို ဤလယ်ထဲသွင်းပြီး ထွန်ကြ၊ စပါးစိုက်ကြ၊ အဲဒီရွှေငွေဖြင့် သင်္ကန်းဝယ်ခဲ့” စသည်ဖြင့် သံဃာပိုင် ပစ္စည်းများကို ရဟန်းများ မစီမံကောင်း၊ ထိုကိစ္စမှာ **ကုက္ကုစ္စာယိတဗ္ဗ**တည်း။

## PAGE 203

#### ၁-အာသာဒုပ္ပဇဟဝဂ်

**၁၁၉၊ ၁၂၁။** **ဘိက္ခဝေ** = ရဟန်းတို့၊ **ဒုပ္ပဇဟာ** = ခက်ခဲသဖြင့် ပယ်စွန့်အပ်ကုန်သော၊ ဝါ = ပယ်စွန့်နိုင်ခဲကုန်သော၊ **အာသာ** = ခင်တွယ်တပ်မက် ငဲ့ကွက်တတ်သော တဏှာတို့သည်၊ **ဣမာ ဒွေ** = ဤနှစ်မျိုးတို့တည်း၊ **ဒွေ** = နှစ်မျိုးတို့ဟူသည်၊ **ကတမာ** = အဘယ်တို့နည်း၊ **လာဘာသာစ** = ပစ္စည်းလာဘ်၌ ခင်တွယ်သော တဏှာလည်းကောင်း၊ **ဇီဝိတာသာစ** = အသက်၌ ခင်တွယ်သော တဏှာလည်းကောင်းတည်း၊ **ဘိက္ခဝေ** = တို့၊ **ဒုပ္ပဇဟာ** ကုန်သော၊ **အာသာ** = တို့သည်၊ **ဣမာ ဒွေ** = တည်း၊ **ဣတိ** = ဤသို့ (**အဝေါစ** = မိန့်တော်မူပြီ)။

**ဘိက္ခဝေ** = တို့၊ **လောကသ္မိံ** = သတ္တလောက၌၊ **ဒုလ္လဘာ** = ခက်ခဲသဖြင့် ရအပ်ကုန်သော၊ ဝါ = ရနိုင်ခဲကုန်သော၊ **ပုဂ္ဂလာ** = ပုဂ္ဂိုလ်တို့သည်။ **ယော** = အကြင်ပုဂ္ဂိုလ်သည်၊ **ပုဗ္ဗကာရီ** = ရှေးဦးစွာ ကျေးဇူးပြုတတ်၏၊ (သော စ = ထိုပုဂ္ဂိုလ်လည်းကောင်း) **ယော** = သည် **ကတညူး** = သူတပါးပြုခဲ့ဖူးသော ကျေးဇူးကို သိတတ်၏။ **ကတဝေဒီ** = သူတပါးပြုခဲ့ဖူးသော ကျေးဇူးကို ထင်ရှားပြုတတ် ဆပ်ပေးတတ်၏။ (သော စ = လည်းကောင်းတည်း)။

**တိတ္တော စ** = လောကုတ္တရာ တရားကိုးပါးတို့ဖြင့် “ရောင့်ရဲကုံလုံပြည့်စုံသော ပုဂ္ဂိုလ်လည်းကောင်း။ [ပစ္စေကဗုဒ္ဓါနှင့် မြတ်စွာဘုရား၏ တပည့်ရဟန္တာ ပုဂ္ဂိုလ်တို့တည်း] **တပ္ပေတာ စ** = လောကုတ္တရာ တရားကိုးပါးတို့ဖြင့် သူတပါးကို ရောင့်ရဲကုံလုံ ပြည့်စုံစေသော ပုဂ္ဂိုလ်လည်းကောင်းတည်း၊ မြတ်စွာဘုရားတည်း]

**၁၂၂၊ ၁၃၀။** **ဒုတ္တပ္ပယာ** = (ဒါယကာတို့က) ခက်ခဲသဖြင့် ကျေနပ်နှစ်သိမ့်စေအပ်ကုန်သော၊ ဝါ = ကျေနပ်နှစ်သိမ့်စေခြင်းငှာ မလွယ်ကူကုန်သော၊ **ပုဂ္ဂလာ**။

**ယော** = အကြင်ပုဂ္ဂိုလ်သည်၊ **လဒ္ဓံ လဒ္ဓံ** = ရအပ်တိုင်း ရအပ်တိုင်းသော ပစ္စည်းကို၊ **နိက္ခိပတိ** = မသုံးစွဲဘဲ... သိမ်းဆည်းထား၏၊ (သော စ = ထိုပုဂ္ဂိုလ်လည်းကောင်း) **ယော** = သည်၊ **လဒ္ဓံ လဒ္ဓံ** = ကို၊ **ဝိဿဇ္ဇေတိ** = သူတပါးတို့အား အကုန်လုံး ပေးစွန့်လိုက်၏၊ (သော စ = လည်းကောင်းတည်း)။

**သုတပ္ပယာ** = လွယ်ကူသဖြင့် ကျေနပ်နှစ်သိမ့် စေအပ်ကုန်သော။

**ရာဂဿ** = ရာဂ၏၊ **ဥပ္ပါဒါယ** = ဖြစ်ခြင်းငှာ၊ **ပစ္စယာ** = အကြောင်းတို့သည်၊ **ဣမေ ဒွေ**။ **သုဘနိမိတ္တဉ္စ** = ရာဂ၏ အကြောင်းဖြစ်သော တင့်တယ်သော အာရုံလည်းကောင်း၊ ဧကက
## PAGE 204

[စာပိုဒ်-၁၁-ကြည့်] **အယောနိသော** = ကုသိုလ်ဖြစ်ခြင်း၏ အကြောင်း မဟုတ်သောအားဖြင့်၊ **မနသိကာရောစ** = နှလုံးသွင်းခြင်း လည်းကောင်းတည်း။ပ။ **ပဋိဃနိမိတ္တဉ္စ** = ဒေါသ၏ အကြောင်းဖြစ်သော အနိဋ္ဌာရုံ လည်းကောင်း ။ပ။ **မိစ္ဆာဒိဋ္ဌိယာ** = မှားယွင်းသော အယူ၏ ။ပ။ **ပရတော** = မိစ္ဆာအယူရှိသူ အခြားသူထံမှ **ဃောသောစ** = သူယုတ်မာတရားသံ နာခံရခြင်း လည်းကောင်း ။ပ။ **သမ္မာဒိဋ္ဌိယာ** = မှန်ကန်သော အယူ၏ ။ပ။ **ပရတော**၊ သမ္မာအယူရှိသူ အခြားသူထံမှ၊ **ဃောသောစ** = သူတော်ကောင်း တရားသံ နာခံရခြင်း လည်းကောင်း ။

**အာပတ္တိယော** = အာပတ်တို့သည် ။ပ။ **လဟုကာ** = အပေါ့စား အသေးစားဖြစ်သော၊ **အာပတ္တိစ** = အာပတ် လည်းကောင်း၊ **ဂရုကာ** = ကြီးလေးသော၊ **အာပတ္တိစ** = လည်းကောင်းတည်း။ [ဧကကစာပိုဒ် ၁၆၂ ကြည့်] ။ပ။ **ဒုဋ္ဌလ္လာ** - ရုန့်ရင်းကြမ်းတမ်းသော ။ပ။ **သာဝသေသာ** = သီလသိက္ခာ အကြွင်းအကျန်ရှိသော။ပ။ **အနဝသေသာ** = သီလ သိက္ခာ အကြွင်းအကျန် မရှိတော့သော ပ။

#### (၁၂) ၂-အာယာစနဝဂ်

**၁၃၁။** **ဘိက္ခဝေ** = တို့၊ **သဒ္ဓေါ** = သဒ္ဓါတရားရှိသော၊ **ဘိက္ခု** = ရဟန်းသည်၊ **အာယာစမာနော** [**အာယာစေယျ**၌စပ်] “**သာရိပုတ္တ မောဂ္ဂလ္လာနာ** = ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလ္လာန်တို့သည်၊ **ယာဒိသာ** = အကြင်ကဲ့သို့ တွေ့မြင်အပ်ကုန်၏၊ (ပညာနှင့် တန်ခိုးအရာတွင် အကြင်ကဲ့သို့ တွေ့ မြင်အပ်ကုန်၏) **အဟမ္ပိ** = ငါ သည်လည်း၊ **တာဒိသော** = ထိုကဲ့သို့ တွေ့ မြင်အပ်သူသည်၊ **ဝါ** = ထိုအရှင်မြတ် နှစ်ပါးကဲ့သို့ ပညာတန်ခိုးကြီးမားသူသည်၊ **ဟောမိ** = ဖြစ်ရပါလို၏” **ဣတိ ဧဝံ** = ဤသို့၊ **အာယာစမာနော** = တောင့်တသော်သာ၊ **ဝါ** = တောင့်တမှသာ၊ **သမ္မာ** = ဟုတ်မှန်စွာ၊ **အာယာစေယျ** တောင့်တသည် မည်နိုင်၏၊ အဋ္ဌကထာ၌ “**အဟမ္ပိ တာဒိသော ဟောမိတိ ဧဝံ အာယာစန္တော**”ဟု ဖွင့်သဖြင့် “**တာဒိသော** ။ပ။ **မောဂ္ဂလ္လာနာတိ**”ဟူသော ပါဠိတော် အာကာရဝါကျသည် **အာယာစမာနော**၏ အာကာရဝါကျဟု ဆိုလို၏။ **သမ္မာ ပဏ္ဏေယျ နာမ**-ဟု ဖွင့်သဖြင့် ပါဠိတော်၌ **သမ္မာ**ကို **အာယာစေယျ**၌ စပ်စေလို၏ **ဘိက္ခဝေ** = တို့၊ **မမ** = ငါ၏၊ **သာဝကာနံ** = တပည့်ဖြစ်ကုန်သော၊ **ဘိက္ခုနီ** = ရဟန်းတို့တွင်၊ **ယဒိဒံ** (ယေ ဣမေ) **သာရိပုတ္တ မောဂ္ဂလ္လာနာ** အကြင်သာရိပုတ္တရာ မောဂ္ဂလ္လာန်တို့သည်၊ (သန္တိ = ရှိကုန်၏) **ဧသာ** = ဤသာရိပုတ္တရာနှင့် မောဂ္ဂလ္လာန်သည်၊ **တုလာ** = ချိန်ခွင်ပမာ နှိုင်းချိန်စရာပေတည်း၊ **ဧတံ** = ဤသာရိပုတ္တရာနှင့် မောဂ္ဂလ္လာန်သည်၊

