## PAGE 208

လည်းကောင်း၊ **ဓမ္မယာဂေါ** စ = နိဗ္ဗာန်ရောက်ကြောင်း မှန်ကန်သော အကျင့်တရားဟူသော ပူဇော်ဖွယ် အမျိုးအစားလည်းကောင်းတည်း။ ပ ။ **ဒွိန္နံ**-ကုန်သော **ဣမေသံ ယာဂါနံ** = ဤပူဇော်ဖွယ် အမျိုးအစားတို့တွင်။ ပ ။ **စာဂါ** = စွန့်ကြဲခြင်းတို့သည် ။ ပ ။ **အာမိသစာဂေါ** စ = ပစ္စည်းအာမိသကို စွန့်ကြဲခြင်းလည်းကောင်း၊ **ဓမ္မစာဂေါ** စ = တရားကို စွန့်ကြဲခြင်းလည်းကောင်းတည်း ဝါ = တရားဟောခြင်းလည်းကောင်းတည်း။ ပ ။ **ပရိစ္စာဂါ** = စွန့်ကြဲခြင်းတို့သည်၊ စာဂနှင့် အားလုံးတူ၏]

ပ ။ **ဘောဂါ** = သုံးဆောင်ခြင်းတို့သည်။ ပ ။ **အာမိသဘောဂေါ** စ = အာမိသကို သုံးဆောင်ခြင်းလည်းကောင်း၊ **ဓမ္မဘောဂေါ** စ = တရားကို သုံးဆောင်ခြင်းလည်းကောင်းတည်း။ ပ ။ **သမ္ဘောဂါ** သုံးဆောင်ခြင်းတို့သည်။ ပ ။ **သံဝိဘာဂါ** = ခွဲခြမ်းဝေဖန်ခြင်းတို့သည်။ ပ ။ **သင်္ဂဟာ** = ချီးမြှောက်ထောက်ပင့်ခြင်းတို့သည် ပ ။ **အာမိသသင်္ဂဟော** စ = အာမိသဖြင့် ချီးမြှောက်ထောက်ပင့်ခြင်း လည်းကောင်း၊ **ဓမ္မသင်္ဂဟော** စ = တရားဖြင့် ချီးမြှောက်ထောက်ပင့်ခြင်း လည်းကောင်းတည်း ယထာ အနုဂ္ဂဟာ၌လည်း သင်္ဂဟာအတိုင်း ဆိုပါ]။ ပ ။ **အနုကမ္ပာ** = ငဲ့ညှာထောက်ထား သနားခြင်းတို့သည် ။ ပ ။ **အာမိသာနုကမ္ပာ** စ = အာမိသဖြင့် ငဲ့ညှာထောက်ထား သနားခြင်းလည်းကောင်း။ ပ ။

(၁၄) ၄-သန္တာရဝဂ်

**၁၅၂-၁၅၆။** **သန္ထာရာ** = လောကတံထွာ, ပျူငှာဝတ်ပြု, ချီးမြှောက်မှုတို့သည်၊ ဝါ = အာမိသ ဓမ္မ, မရကြရာ, သူငါအကြား, ခြားနားပေါက်ဖျက်, ကွာဟချက်များ, မထင်ရှားအောင်, တသားတည်းကပ်, ဆက်စပ်ဖုံးကာ, ပျူငှာဝတ်ပြု ချီးမြှောက်မှုတို့သည်၊ [ဋီကာအဖွင့်အားလုံး ငုံမိအောင် အနက်ပြန်ထားသည်၊ သံပုဗ္ဗ ထရဓာတ်၏ မူရင်းသဒ္ဒတ္ထမှာ ပိဒဟန (ဖုံးအုပ်ခြင်း) အနက်တည်း။ **သင်္ဂဏှန** (ချီးမြှောက်ခြင်း) အနက်ကား အဓိပ္ပာယတ္ထတည်း]။ ပ ။ **အာမိသသန္ထာရော** စ = ပစ္စည်းအာမိသဖြင့် လောကတံထွာ ပျူငှာဝတ်ပြု ချီးမြှောက်မှု လည်းကောင်း၊

[မိမိထံ ရောက်လာသော အာဂန္တုက ရဟန်းစသည်တို့အား ခရီးဦးကြိုဆိုခြင်းမှစ၍ တတ်စွမ်းသမျှ ကျွေးမွေးဧည့်ခံခြင်းတည်း] **ဓမ္မသန္ထာရော** စ = တရားဖြင့် လောကတံထွာ ပျူငှာဝတ်ပြု ချီးမြှောက်မှုလည်းကောင်းတည်း တပည့်တို့အား စာပေကျမ်းဂန် ပို့ချခြင်း, ကမ္မဋ္ဌာန်းပေးခြင်း၊ ရှင်ရဟန်းပြုပေးခြင်း စသည်တည်း၊ ပုံဝတ္ထုနှင့်တکွ အဓိပ္ပာယ်အကျယ်ကို အဋ္ဌသာလိနီ ၄၂၆-၌ကြည့်ပါ] **ပဋိသန္ထာရ** ပုဒ်သည် ဤသန္ထာရပုဒ်နှင့် အနက်တူ၏။ ပ ။ **ဧသနာ** =

## PAGE 209

(၁၅) ၅-သမာပတ္တိဝဂ်

ရှာမှီးခြင်းတို့သည်။ ပ ။ **အာမိသေသနာ** စ = ပစ္စည်းအာမိသကို ရှာမှီးခြင်းလည်းကောင်း၊ **ဓမ္မေသနာ** စ = တရားကို ရှာမှီးခြင်း လည်းကောင်းတည်း။

[**ပရိယေသနာ** ကိုလည်း ဧသနာအတိုင်းဆို]။ ပ ။ **ပရိယေဋ္ဌိယော** = ထိပ်ဆုံးသို့ ရောက်သော ရှာမှီးခြင်းတို့သည်။ ပ ။ **အာမိသပရိယေဋ္ဌိ** စ = ထိပ်ဆုံးသို့ ရောက်အောင် အာမိသကို ရှာမှီးခြင်းလည်းကောင်း၊ **ဓမ္မပရိယေဋ္ဌိ** စ = ထိပ်ဆုံးသို့ ရောက်အောင် တရားရှာမှီးခြင်း လည်းကောင်းတည်း။

000

**၁၅၇-၁၆၃။** **ပူဇာ** = ပူဇော်ခြင်းတို့သည်။ ပ ။ **အာမိသပူဇာ** စ = အာမိသဖြင့် ပူဇော်ခြင်းလည်းကောင်း၊ **ဓမ္မပူဇာ** စ = တရားဖြင့် ပူဇော်ခြင်းလည်းကောင်းတည်း။

**အာကိဏေယျာနိ** = ဧည့်သည်တို့အား ပေးကမ်းဖွယ် လက်ဆောင်တို့သည်။ ပ ။ **အာမိသာတိထေယျဉ္စ** = အာမိသဟူသော ဧည့်သည်လက်ဆောင်လည်းကောင်း၊ **ဓမ္မာတိထေယျဉ္စ** = တရားဟူသော ဧည့်သည် လက်ဆောင် လည်းကောင်းတည်း။ ပ ။ **ဣဒ္ဓိယော** = ပြီးစီးအောင်မြင်ကြောင်းတို့သည်။ ပ ။ **အာမိသိဒ္ဓိ** စ = အာမိသဟူသော ပြီးစီးအောင်မြင်ကြောင်း လည်းကောင်း၊ **ဓမ္မိဒ္ဓိ** စ = တရားဟူသော ပြီးစီးအောင်မြင်ကြောင်း လည်းကောင်းတည်း။ ပ ။ **ဝုဒ္ဓိယော** = ကြီးပွားတိုးတက်ခြင်းတို့သည် ။ ပ ။ **အာမိသဝုဒ္ဓိ** စ = အာမိသကြောင့် ကြီးပွားတိုးတက်ခြင်းလည်းကောင်း၊ **ဓမ္မဝုဒ္ဓိ** စ = တရားကြောင့် ကြီးပွားတိုးတက်ခြင်း လည်းကောင်းတည်း။ ပ ။ **ရတနာနိ** = ရတနာတို့သည်၊ ဝါ-နှစ်သက်မှုကို ဖြစ်စေတတ်သော အဖိုးတန်ပစ္စည်းတို့သည်။ ပ ။ **အာမိသရတနဉ္စ** = အာမိသ ဟူသော ရတနာလည်းကောင်း၊ ဝါ--အာမိသဟူသော နှစ်သက်မှုကို ဖြစ်စေတတ်သော အဖိုးတန်ပစ္စည်းလည်းကောင်း၊ **ဓမ္မရတနဉ္စ** = တရားဟူသောရတနာလည်းကောင်းတည်း၊ ဝါ = တည်း။ ပ ။ **သန္နိစယာ** = ဆည်းပူးစုဆောင်းခြင်းတို့သည်။ ပ ။ **အာမိသသန္နိစယော** စ = အာမိသကို ဆည်းပူးစုဆောင်းခြင်းလည်းကောင်း၊ **ဓမ္မသန္နိစယော** စ = တရားကို ဆည်းပူးစုဆောင်းခြင်းလည်းကောင်းတည်း။ ပ ။ **ဝေပုလ္လာနိ** = ပြန့်ပွားသည်အဖြစ်တို့သည်။ ပ ။ **အာမိသဝေပုလ္လ** စ = အာမိသ၏ ပြန့်ပွားသည်အဖြစ်လည်းကောင်း၊ **ဓမ္မဝေပုလ္လ** စ = တရား၏ ပြန့်ပွားသည် အဖြစ်လည်းကောင်းတည်း။ ပ ။

(၁၅) ၅-သမာပတ္တိဝဂ်

**၁၆၄-၁၇၃။** **သမာပတ္တိကုသလတာ** စ = သမာပတ် ဝင်စားခြင်း၌ ကျွမ်းကျင်သူ၏ အဖြစ်လည်းကောင်း၊ ရှေ့ပိုင်း၌ ပရိကမ္မဘာဝနာ ဖြစ်၏။
## PAGE 210

တည်းနောက်ပိုင်း၌ **တစ်ဝင်**ဖြစ်၏။, အလယ်၌ သမာပတ်ဖြစ်၏ဟု ပရိကမ္မဘာဝနာနှင့်တကွ အပ္ပနာဈာန် သမာပတ်ကို ခွဲခြားသိမြင်သော ပညာတည်း]

**သမာပတ္တိဝုဋ္ဌာနကုသလတာ** စ=(သတ်မှတ်ထားသည့် အချိန်နာရီအတွင်း)သမာပတ်မှ ထခြင်း၌ ကျွမ်းကျင်သူ၏အဖြစ်လည်းကောင်းတည်း။ပ။ 

**အဇ္ဇဝဉ္စ** =ဖြောင့်မတ်သူ၏ အဖြစ်လည်းကောင်း၊ **မဒ္ဒဝဉ္စ**=နူးညံ့သူ၏အဖြစ်လည်းကောင်း**ခန္တိစ**=သည်းခံခြင်းလည်းကောင်း၊ **သောရစ္စဉ္စ**=တင့်တယ်သောသုစရိတ်အမှု၌ မွေ့လျော်သူ၏ အဖြစ်လည်းကောင်းတည်း၊ [ရမတီတိ ရတော၊သောဘနေ ရတော သူရတော၊ [ “သူ”ဟု ဦဒီဃဖြင့် ရှိသင့်ပုံကို ဆက္ကနိပါတ် စာပိုဒ်(၅၂) ခတ္တိယသုတ်၌ ရေးထားပြီ] သူရတဿ ဘာဝေါ**သောရစ္စ**] ဝါ=မကောင်းမှုမှ ကောင်းစွာ ရှောင်ကြဉ်သူ၏ အဖြစ်လည်းကောင်းတည်း၊ ပါပတော **သြရမတိ** ဝိရမတီတိ **သြရတော**။ အဝ+မု+တ+။ **သြရတော** **သောရတော**၊ **သောရတဿ** ဘာဝေါ သောရမ္မံ] ။ပ။

**သာခလျာ့**=နူးညံ့သိမ်မွေ့ သော စကားရှိသူ၏အဖြစ်လည်းကောင်း၊**ပဋိသန္တာရော စ**=**အာမိသ**, **ဓမ္မ**, နှစ်ဌာနဖြင့်, လောကဝတ်ပြု ချီးမြှောက်မှုလည်းကောင်းတည်း၊ (**အာမိသ** **ဓမ္မ**, ဤနှစ်ဖြာဖြင့်, သူငါနှစ်ပါး, ခြားနားပေါက်ပျက်, ကွာဟချက်ကို, ဆက်စပ်ဖုံးကာ, ပျူငှာဝတ်ပြု ချီးမြှောက်မှုလည်းကောင်းတည်း) ။ပ။ 

**အဝိဟိံသာစ**=သတ္တဝါတို့ကို မညှဉ်းဆဲကြောင်းကရုဏာလည်းကောင်း၊ (၁) အပ္ပနာသို့ ရောက်သော ကရုဏာ (၂) ၎င်း၏ရှေ့အဖို့၌ဖြစ်သော ကရုဏာ၊ ဤနှစ်မျိုးလုံး ဋီကာ၌ ယူ၏၊အဋ္ဌကထာ၌ကား(၂) ကိုသာ ပြထား၏] **သောစေယျာ**=သီလစင်ကြယ်သူ၏ အဖြစ်လည်းကောင်း၊ [သီလပင်တည်း]ဝါ=စင်ကြယ်သူ၏ ဖြစ်ကြောင်း မေတ္တာလည်းကောင်းတည်း၊ဋီကာ၌ **သောစေယျ**ဟု ပါဌ်ရှိ၏] ။ပ။

**ဣန္ဒြိယေသု** =ဣန္ဒြေခြောက်ပါးတို့၌၊ **အဂုတ္တဒွါရတာစ**=မပိတ်ဆီးအပ်သော ဒွါရရှိသူ၏အဖြစ်လည်းကောင်း၊ ဘောဇနေ=ဘောဇဉ်၌၊ **အမတ္တညုတာ၁**။ **ဣန္ဒြိယေသု** **အဂုတ္တဒွါရတာ**။ ။ **အဂုတ္တဒွါရတာတိ** ဝုတ္တေကေသု ဒွါရေသူတိ န ပညာယတိတိ “**ဣန္ဒြိယေသူ**” တိ ဝုတ္တံ။ ဓမ္မသင်္ဂဏီမူလဋီကာ (၅၇)။ **အဝုတ္တဒွါရ**=မပိတ်ဆီးအပ်သော ဒွါရဟု ဆိုရုံမျှဖြင့် မည်သည့် ဒွါရ (အပေါက်) တို့၌ မပိတ်ဆီးသည်ဟု မသိသာ မထင်ရှားသောကြောင့် “**ဣန္ဒြိယေသု**”ဟု ဟောတော်မူ၏။ စက္ခုန္ဒြေ အစရှိသော ဒွါရ

