## PAGE 211

(၁၅) ၅-**သမာပတ္တိဝဂ်စ**=(ခံယူခြင်း, သုံးဆောင်ခြင်းနှင့် စပ်၍) အတိုင်းအတာကို မသိသူ၏အဖြစ်လည်းကောင်း ပ။ **ဝုတ္တဒွါရတာ စ**=ပိတ်ဆီးအပ်သော ဒွါရရှိသူ၏အဖြစ်လည်းကောင်း ။ပ။ **မတ္တညုတာ စ**အတိုင်းအတာကို သိသူ၏ အဖြစ် လည်းကောင်းတည်း ။ပ။ **ပဋိသင်္ခါနဗလဉ္စ**=စဉ်းစားဆင်ခြင် သိမြင်သော ဉာဏ်ပညာဟူသော (မလှုပ်မယိုင် ခိုင်မြဲသော) စွမ်းအားလည်းကောင်း၊ **ဘာဝနာဗလဉ္စ**=ကုသိုလ်တရားတို့ကို ဖြစ်ပွားစေခြင်းဟူသော စွမ်းအားလည်းကောင်း၊(**ဝီရိယတရား** အကြီးအကဲထား၍ **ဗောဓိပက္ခိယ** တရား, **ဗောဇ္ဈင်တရား**တို့ကိုဖြစ်ပွားစေခြင်းဟူသော ခိုင်မြဲသော စွမ်းအားလည်းကောင်း၊ ဝါ=**ဝီရိယ**တရားအကြီးအကဲ ထား၍ ဖြစ်ပွားစေအပ်သော **ဗောဓိပက္ခိတရား**, **ဗောဇ္ဈင်တရား**ဟူသော ခိုင်မြဲသော စွမ်းအားလည်းကောင်း) ။ပ။ သမထဒုက်ကို ဤဒုကနိပါတ်စာပိုဒ် ၃၂သုတ်, သတိဗလံကို ဧကကနိပါတ် စာပိုဒ် ၄၀၇၌ကြည့်]

၁၇၄၊ ၁၈၀။ **သီလဝိပတ္တိစ**သီလပျက်စီးခြင်းလည်းကောင်း၊ **ဒိဋ္ဌိဝိပတ္တိစ**=အယူပျက်စီးခြင်းလည်းကောင်း၊ ဝါ=**သမ္မာဒိဋ္ဌိ**ကို ဖျက်ဆီးတတ်သောဖောက်ပြန်ပျက်စီးသော **မိစ္ဆာအယူ**လည်းကောင်းတည်း ။ပ။ **သီလသမ္ပဒါစ**=သီလပြည့်စုံခြင်းလည်းကောင်း၊ **ဒိဋ္ဌိသမ္ပဒါစ**=အမြင်မှန် ဉာဏ်ပညာ၏ ပြည့်စုံခြင်းလည်းကောင်းတည်း၊ ဝါ =ပြည့်စုံသော အမြင်မှန် ဉာဏ်ပညာလည်းကောင်းတည်း ၎င်းပညာငါးမျိုးကို အဋ္ဌကထာ၌ကြည့် ။။ 

**သီလဝိသုဒ္ဓိစ** = သီလစင်ကြယ်ခြင်းလည်းကောင်း၊ (**စိတ္တဝိသုဒ္ဓိ** စသော အထက်**ဝိသုဒ္ဓိ**သို့ ရောက်စေနိုင်လောက်အောင် သီလစင်ကြယ်ခြင်း လည်းကောင်း) **ဒိဋ္ဌိဝိသုဒ္ဓိစ**=ဉာဏ်အမြင်စင်ကြယ်ခြင်း ·လည်းကောင်းတည်း၊ (**ဉာဏဒဿနဝိသုဒ္ဓိ**နှင့် **ပရမတ္ထဝိသုဒ္ဓိ**ခြောက်ပေါက်တို့၌ မပိတ်ဆီးဟူလို၊ ဤစကားဖြင့် “**အဂုတ္တဒွါရတာ**”မှ ဒွါရနှင့် **ဣန္ဒြိယေသု**ပုဒ်တို့အရ **စက္ခုနြေ** (**စက္ခုပသာဒ**) အစရှိသော ဒွါရခြောက်ပါးကိုချည်း ယူရကြောင်း သိသာ၏။ **ဝိသုဒ္ဓိမဂ်** (ပ-၂၁) **အဋ္ဌသာလိနီ** (၄၂၈။ ၄၂၉) တို့၌ အဓိပ္ပာယ်အကျယ် ဖွင့်ပုံကို ကြည့်လျှင်လည်း ထိုဒွါရနှင့် **ဣန္ဒြိယပုဒ်**တို့ အနက်တူကြောင်း သိသာ၏။

မူလပဏ္ဏာသဋ္ဌကထာ(ပ-၁၅၇) နှင့် ထို၏ ဋီကာ (ပ-၂၅၃) တို့၌ကားဒွါရအရ စက္ခုဒွါရ စသော ထိုဒွါရခြောက်ပါးကို မယူဘဲ **ကမ္မဒွါရ** (**ကာယကမ္မဒွါရ** စသည်)ကို ယူပြီးလျှင် **ဣန္ဒြိယေသု**ပုဒ်၌လည်း သတ္တမီဝိဘတ်ကိုအာဓာရအနက်ကိုသာမက နိမိတ်အနက် ဟောကြောင်းကိုပါ ဖွင့်ထား၏။

## PAGE 212

ဖြစ်သော **နိဗ္ဗာန်**သို့ ရောက်စေနိုင်သော **ကမ္မဿကတာသမ္မာဒိဋ္ဌိ**စသောဉာဏ်အမြင်ငါးမျိုးစင်ကြယ်ခြင်း လည်းကောင်းတည်း၊ ဝါ=**ပရမတ္ထ** **ဝိသုဒ္ဓိနိဗ္ဗာန်**သို့ ရောက်စေနိုင်သော လေးပါးသော **မဂ်ဉာဏ်အမြင်** စင်ကြယ်ခြင်းလည်းကောင်းတည်း) [ဤသုတ်ဋီကာစာမူ မသန့်ရှင်း၊ ဒီ၊ ပါထိကဝဂ်ဋီကာ၊၁၈၂-သန့်ရှင်း၏] ။

**ဒိဋ္ဌိဝိသုဒ္ဓိ** စလည်းကောင်း၊ **ယထာဒိဋ္ဌိဿ**=ဝီရိယအား သင့်လျော်သောကောင်းသော ဉာဏ်အမြင်ရှိသော ပုဂ္ဂိုလ်၏၊ **ယထာ အနုရူပါ ဒိဋ္ဌိ ယဿာတိ ယထာဒိဋ္ဌိ**] ဝါ=ဖြစ်စေအပ်ပြီးသော အပြားရှိသော ဉာဏ်အမြင်ရှိသူ၏၊ဝါ=ဖြစ်စေထိုက်သော ဝီရိယအား လျော်သော ဉာဏ်အမြင်ရှိသူ၏၊ ဝါ=ဉာဏ်အမြင်အားလျော်စွာဖြစ်သော ပြုလုပ်အားထုတ်ခြင်းရှိသူ၏ ။ ဤ နောက်အနက်များမှာ **နိက္ခေပကဏ္ဍ မူလဋီကာ** (၅၇) မှ ယူထားသော ဤသုတ်ဋီကာ အဖွင့်များတည်း]

**ပဓာနံ စ**=**သောတာပတ္တိမဂ်**နှင့်ယှဉ်သော **ဝီရိယ**လည်းကောင်းတည်း။ပ။ **ကုသလေသု**=ကုသိုလ်ဖြစ်ကုန်သော၊ **ဓမ္မေသု**=တရားတို့၌၊ **အသန္တုဋ္ဌိတာစ**=(**အရဟတ္တမဂ်**သို့ မရောက်မချင်း) အပြည့်အစုံ ရောင့်ရဲကျေနပ်မှု မရှိသူ၏အဖြစ်လည်းကောင်း၊ **ပဓာနသ္မိံ**=ကုသိုလ်တရားပွားများ အားထုတ်ခြင်း၌၊**အပ္ပဋိဝါနိတာစ**=(**အရဟတ္တမဂ်** မရောက်မချင်း) နောက်တွန့်ဆုတ်ခြင်း မရှိသူ၏အဖြစ်လည်းကောင်းတည်း ။ပ။ **မုဋ္ဌဿစ္စဉ္စ**=ကင်းလွတ်ပျောက်ပျက်သော**သတိ**ရှိသူ၏အဖြစ်လည်းကောင်း၊ **အသမ္ပဇညဉ္စ**=ကောင်းစွာမသိ ဉာဏ်မရှိသူ၏အဖြစ်လည်းကောင်းတည်း ။ပ။ **သတိစ**=ကုသိုလ်တရား၌ အမှတ်ရသော**သဘော**လည်းကောင်း၊ **သမ္ပဇညဉ္စ**=ကောင်းစွာ သိသူ၏ အဖြစ်လည်းကောင်းတည်း ။ပ။ **ပဉ္စမော**=ငါးခုမြောက်သော၊ **သမာပတ္တိဝဂ္ဂေါ**=ဝဂ်တည်း။

**တတိယော**=သုံးခုမြောက်သော၊ **ပဏ္ဏာသကော** သုတ်ငါးဆယ်အပေါင်းအစုသည်၊ **သမတ္တော**=ပြီးပြီ။

၁-**ကောဓပေယျာလ**၁၈၁-၆။ [**ကောဓ**ကို စာပိုဒ် ၁၄၀-၌ကြည့်] **မက္ခောစ**=**သူတစ်ပါး**ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း သဘောလည်းကောင်း [ဒေါမနဿသဟဂုတ်စိတ္တုပ္ပါဒ်တည်း။ ဣတိဝုတ်၊ဋ္ဌ ၄၇] **ပဠာသောစ**=ကိုယ့်ထက်သာသူ တန်းတူယှဉ်တု ဂုဏ်ပြိုင်မှုလည်းကောင်း၊ ဝါ-**သူတစ်ပါး**ဂုဏ်တို့ကို ကိုက်ဖြတ်၍ မိမိဂုဏ်နှင့် ညီမျှအောင် ပြုတတ်သော သဘောလည်းကောင်း-ဟု **ဝိဂြိုဟ်နက်**
## PAGE 213

**၂-အကုသလပေယျာလ**
ဆိုပါ၊ တရားကိုယ်မှာ ဒေါသမူစိတ္တုပ္ပါဒ်တည်း] ။ပ။ **ဣဿာစ**=ငြူစူတတ်သော တရားလည်းကောင်း၊ **မစ္ဆရိယဉ္စ**= ဝန်တိုလျှို့ဝှက်သူ၏ အဖြစ်လည်းကောင်း၊ **မာယာစ**=မိမိ၏ မကောင်းမှုအပြစ်ကို ဖုံးဖိလှည့်စားခြင်း လည်းကောင်း၊ **သာဌေယျဉ်**=စဉ်းလဲ ကောက်ကျစ်သူ၏ အဖြစ်လည်းကောင်း၊ ဝါ=မိမိ၌ မရှိသော ဂုဏ်ကို အရှိလုပ်ကာ လွဲမှားစွာ ပြောဆိုတတ်သူ၏ အဖြစ်လည်းကောင်း၊ လောဘမူစိတ္တုပ္ပါဒ်ချည်းတည်း၊ **သဌယတိ န သမ္မာ ဘာသတိတိ သဌော**= မှန်ကန်စွာ မပြောတတ်သူ၊ **သဌဿ ဘာဝေါ သာဌေယျံ** ( အင်္ဂတ္တိုရ်ဋီကာ၊ တ၊ ၁၀၇) အဟိရိကပုဒ်ကို စာပိုဒ် (၇၊ ၈) သုတ်ကြည့်]
**အက္ကောဓောစ**=အမျက်မထွက်ခြင်း လည်းကောင်း၊ **အနုပနာဟောစ** ရန်ငြိုးမဖွဲ့ခြင်းလည်းကောင်း ။ပ။ **ဒွိဟိ**=နှစ်မျိုးကုန်သော၊ **ဓမ္မေဟိ**=တရားတို့နှင့်၊ **သမန္နာဂတော**=ပြည့်စုံသောသူသည်၊ **ဒုက္ခ**-ဆင်းရဲစွာ၊ **ဝိဟရတိ**=နေရ၏။
**ကတမေဟိ ဒွိဟိ**=အဘယ်နှစ်မျိုးသော တရားတို့နှင့်နည်း၊ **ကောဓေနစ**=စိတ် ဆိုးခြင်းနှင့်လည်းကောင်း **ဥပနာဟေနစ**=နှင့်လည်းကောင်း ။ပ။ **အဟိရိကေနစ** =နှင့်လည်းကောင်း၊ **အနောတ္တပွေနစ**=နှင့်လည်းကောင်း။ပ။ **သုခံ**= ချမ်းသာစွာ ။ပ။ **ဘိက္ခဝေ**=တို့၊ **ဒွေ**=နှစ်မျိုးကုန်သော၊ **ဣမေ ဓမ္မာ**=ဤတရား တို့သည်၊ **သေခဿ**=ခုနစ်ဦးသော သေက္ခဖြစ်သော၊ **ဘိက္ခုနော**=ရဟန်း၏၊ **ပရိဟာနာယ** =အထက်အထက်ဂုဏ်တို့မှ ဆုတ်ယုတ်ခြင်းငှာ၊ **သံဝတ္တန္တိ**-ဖြစ်ကုန်၏ ။ပ။
**အပရိဟာနာယံ**=အထက်အထက် ဂုဏ်တို့မှ မဆုတ်ယုတ်ခြင်းငှာ ၁၈၇-၉။ **ဘိက္ခဝေ**=တို့၊ **ဒွိဟိ**=ကုန်သော၊ **ဓမ္မေဟိ**=တို့နှင့်၊ **သမန္နာဂတော** =ပြည့်စုံသူကို၊ **အာဘတံ**=တနေရာရာသို့ ဆောင်ယူ၍၊ **နိက္ခိတ္တော ယထာ**= ချထားအပ်သကဲ့သို့၊ **ဧဝံ**=ဤအတူ(**အတ္တနော**=မိမိ၏၊ **ကမ္မုနာ**= အကုသိုလ် ကံသည်) **နိရယေ**=ငရဲ၌၊ **နိက္ခိတ္တော**=ချထားအပ်သည်သာ ။ပ။ **ဧဝံ** =တူ၊ (**အတ္တနော**=၏၊ **ကမ္မုနာ**=ကုသိုလ်ကံသည်)**သဂ္ဂ**=နတ်ပြည်၌၊ **နိက္ခိတ္တော**။ပ။
**သမန္နာဂတော**=ပြည့်စုံသော၊ **ဣဓ**=ဤလောက၌၊ **ဧကာ** အချို့သောသူသည်၊ **ကာယဿ**=၏ဧကကနိပါတ် စာပိုဒ် ၄၃၊၄၄-ကြည့်] ။ပ။ **ဥပပဇ္ဇတိ**= လား ရောက်၏။ပ။ **ကောဓပေယျာလံ**=ကောဓပုဒ်၏ မြှုပ်ကွက်သည်၊ **နိဋ္ဌိတံ**=ပြီးပြီ။
**၂-အကုသလပေယျာလ**
၁၉၁၊ ၂၀ဝ။ **ဘိက္ခဝေ**=တို့၊ **အကုသလာ** အကုသိုလ်ဖြစ်ကုန်သော၊ **ဓမ္မာ** တရားတို့သည်၊ **ဣမေ ဒွေ** တည်း၊ [**ကတမေ ဒွေ? ကောဓော စ**

