## PAGE 214

**ဥပနာဟောစ။ ဣမေ ခေါ ဘိက္ခဝေ ဒွေ ဓမ္မာ အကုသလာတိ။ ဒွေမေ ဘိက္ခဝေ ဓမ္မာ အကုသလာ၊ ကတမေ ဒွေ? မက္ခော စ ပဠာသော စ။ ဣမေ ခေါ ဘိက္ခဝေ ဒွေ ဓမ္မာ အကုသလာတီ**။ စသည်ဖြင့် ဖော်ဆိုပါ] ။ပ။ **သာဝဇ္ဇာ** =အပြစ်ရှိကုန်သော၊ **ဓမ္မော** ။ပ။ **အနဝဇ္ဇာ**= အပြစ်မရှိကုန်သော ။ပ။ **ဒုက္ခဒြယာ** =ဒုက္ခ၏ တိုးပွားခြင်းရှိကုန်သော၊ ဥပုဗ္ဗ,ဣဓာတ် အပစ္စည်းဖြင့် ဥဒယ၊ ဒကို ဒြပြု၍ ဥဒြယ။ **ဒုက္ခဿ ဥဒြယော** ဝကို **ဧတေသံ ဓမ္မာနန္တိ ဒုက္ခဒြယာ**] ။ပf **ဒုက္ခဝိပါကာ**=ဒုက္ခ ဖြစ်သော အကျိုးရှိကုန်သော၊ ဝါ=အခံရခက်သော အကျိုး ရှိကုန်သော ။ပ။ **သုခဝိပါကာ**-ချမ်းသာ ကောင်းမြတ်သော အကျိုးရှိကုန်သော ။ပ။ **သဗျာဗဇ္ဈာ** အမျိုးမျိုးနှိပ်စက်တတ်သော ဒုက္ခနှင့်တကွ ဖြစ်ကုန်သော၊ တိကနိပါတ် စာပိုဒ် ၂၃ သုတ် ဋีကာ၌ ပုဒ်ပြီးပုံပြလတ္တံ့ ။ပ။ **အဗျာဗဇ္ဈာ** =အမျိုးမျိုးနှိပ်စက်တတ်သော ဒုက္ခမရှိကုန်သော ။ပ။ **အကုသလပေယျာလံ**=အကုသလပုဒ်၏ မြှုပ်ကွက်သည်၊ **နိဋ္ဌိတံ**=ပြီ။

**၃-ဝိနယပေယျာလ**
၂၀၁။ **ဘိက္ခဝေ**=တို့၊ **ဒွေ**=နှစ်မျိုးကုန်သော၊ **ဣမေ အတ္ထဝသေ**= ဤအကြောင်းတို့ကို၊ **အတ္ထာယေဝ အတ္ထဝသော**။ **အတ္ထ** သဒ္ဒါ အကြောင်းဟော၊ **ဝသ** သဒ္ဒါ အနက်ထူးမရှိ] ဝါ=(သိက္ခာပုဒ် ပညတ်ခြင်း၏ အကြောင်းဖြစ်သော) ကြီးပွားမှု အကျိုးအာနိသင် အထူးတို့ကို၊ [**အတ္ထ(ဝုဒ္ဓိ)**=ကြီးပွားမှု+**ဝသ**= အထူး။ စာပိုဒ်-၃၁-လည်းကြည့်] **ပဋိစ္စ**= ရည်ရွယ်တော်မူ၍၊ **တထာဂတေန**= မြတ်စွာဘုရားသည်၊ **သာဝကာနံ**=တပည့်ရဟန်းတို့အား၊ **သိက္ခာပဒံ**= သိက္ခာ ပုဒ်သီလကို၊ ဝါ=သိက္ခာပုဒ်သီလကို ဖော်ပြသော “**ယော ပန ဘိက္ခု**” အစ
၁။ သိက္ခာပဒပုဒ်၏ဝစနတ္ထ။ ။ **သိက္ခာပဒံ**ကို နိဿယခန်း၌ လွယ် ကူအောင် အကျဉ်းချုပ် သာမညမျှ အနက်ပြန်ဆိုထားသည်၊ **သိက္ခိတဗ္ဗာတိ သိက္ခာ**=ဖြည့်ကျင့်ထိုက်သော တရား၊ (သီလ, ဝိပဿနာ, ဈာန်, မဂ် ဟူသော ကုသိုလ်တရားများတည်း) **ပဇ္ဇတေ ဣမိနာတိ ပဒံ** = ရကြောင်း (ရခြင်း၏ အကြောင်း) ဖြစ်သော တရား၊ ဝါ = တည်ရာမှီရာ တရား၊ [မေထုန ဝိရတိ အစရှိသော ဝိရတိစေတသိက်တည်း၊ သို့မဟုတ် (၁) ဝိရတိစေတသိတ် (၂) စေတနာ (၃) စေတနာနှင့် ယှဉ်ဘက်ကုသိုလ်တရားများတည်း] **ပဒ** သဒ္ဒါ၏ တည်ရာမှီရာဟူသော အနက်ကိုလည်း ဖွင့်၏။

## PAGE 215

**၃-ဝိနယပေယျာလ**
ရှိသော သိက္ခာပုဒ်ပါဠိတော်ကို၊ **ပညတ္တံ**=ဟောဖော်သတ်မှတ် ပညတ်တော်မူ အပ်ပြီ၊ **ကတမေ**=အဘယ်မည်ကုန်သော၊ **ဒွေ**=ကုန်သော၊ (**အတ္ထဝသေ**-တို့ကို၊ **ပဋိစ္စ**=၍ ။ပ။ **ပညတ္တံ**=ဟောဖော်သတ်မှတ် ပညတ်တော်မူအပ်သနည်းဟူမူ) **သံဃသုဋ္ဌုတာယ**=သံဃာတော်၏ ကောင်းပါပြီဟု လက်ခံကျင့်သုံးသည်အဖြစ် ငှာလည်းကောင်း၊ **သံဃဖာသုတာယ**=သံဃာတော်၏ ချမ်းသာစွာ နေထိုင်ရသည် အဖြစ်ငှာလည်းကောင်း၊ (**တထာဂတေန** သည်။ **သာဝကာနံ**=တို့အား၊ **သိက္ခာပဒံ** = **သိက္ခာယ ပဒံ သိက္ခာပဒံ**=သိက္ခာ၏ ရကြောင်းတရား၊ ဝါ =သိက္ခာ၏ တည်ရာမှီရာတရား၊ ဤဝစနတ္ထနှင့်အညီ အနက်ပြန်ဆိုလျှင် “**သိက္ခာပဒံ**=သီလဝိပဿနာ ဈာန်မဂ်ဟူသော သိက္ခာရရှိကြောင်း ဖြစ်သော (ဝါ = သိက္ခာ ၏ တည်ရာ မှီရာဖြစ်သော) ဝိရတိသီလကို၊ ဝါ=သီလဝိပဿနာ ဈာန်မဂ်ဟူသော သိက္ခာ၏ တည်ရာမှီရာ ဖြစ်သော ဝိရတိသီလကို ဖော်ပြသော “**ယော ပန ဘိက္ခု**” အစရှိသော သိက္ခာပုဒ်ပါဠိတော်ကို၊ **ပညတ္တံ** = အပ်ပြီ”ဟု အနက်ဆို။
= (တနည်း) **ပဒ** သဒ္ဒါကို **ကောဋ္ဌာသ** အနက်ဟောကြံ၍ “**သိက္ခာပဒံ**=သီလ ဝိပဿနာဈာန်မဂ်ဟူသော သိက္ခာ၏ တဖို့တစိတ်ဖြစ်သော ဝိရတိ, စေတနာ, စေတနာ သမ္ပယုတ်ကုသိုလ်တရားအပေါင်းကို၊ ဝါ = သီလဝိပဿနာ ဈာန်မဂ်ဟူသော သိက္ခာ၏ တဖို့တစိတ်ဖြစ်သော ဝိရတိ, စေတနာ, စေတနာ သမ္ပယုတ် ကုသိုလ်တရားအပေါင်းကို ဖော်ပြသော “**ယော ပန ဘိက္ခု**” အစ ရှိသော သိက္ခာပုဒ်ပါဠိတော်ကို”ဟု အနက်ဆို [ပါရာဇိကဏ် ဋ္ဌ၊ ပ-၁၈၇]
**သိက္ခာပဒါနီတိ သိက္ခိတဗ္ဗပဒါနိ သိက္ခာကောဋ္ဌာသာတိ အတ္ထော**၊ **အပိစ ဥပရိ အာဂတာ သဗ္ဗေပိ ကုသလာ ဓမ္မာ သိက္ခိတဗ္ဗတော သိက္ခာ**၊ **ပဉ္စသု ပန သီလင်္ဂေသု ယံကိဉ္စိ အင်္ဂံ တာသံ သိက္ခာနံ ပတိဋ္ဌာနဋ္ဌေန ပဒန္တိ သိက္ခာနံ ပဒတ္တာ သိက္ခာပဒါနိ** (ဝိဘင်္ဂဋ္ဌ၊ ၃၆၅)ကို နည်းမှီး၍--
“**သိက္ခာပဒံ** = ဖြည့်ကျင့်ထိုက်သော ဝိရတိ, စေတနာ, စေတနာ သမ္ပယုတ်ဟူသော ကုသိုလ်တရားအစုကို၊ ဝါ = စေတနာ, စေတနာသမ္ပယုတ် ကုသိုလ်တရားဟူသော သိက္ခာတို့၏ တည်ရာမှီရာ ဖြစ်သော ဝိရတိသီလကို" ဟုလည်း အနက်ဆိုနိုင်၏။ ထိုတွင် မဟာကုသိုလ်ဝိရတိ စေတသိက်ကိုသာ (ပရိယာယ်မဟုတ် မုချအစစ်အားဖြင့်) **သိက္ခာပဒ** ဟုခေါ်၍ မဟာကုသိုလ်စေတနာ နှင့် စေတနာသမ္ပယုတ် ကုသိုလ်တရားတို့ကိုကား ပရိယာယ် (အတု)အားဖြင့် **သိက္ခာပဒ** ခေါ်သည်ဟု ဖွင့်ပြထားသည်။

## PAGE 216

**ပဒံ**=ကို၊ (**ပညတ္တံ**=ဟောဖော်သတ်မှတ် ပညတ်တော်မူအပ်ပြီ) **ဒုမ္မက္ကူနံ**=သီလမရှိကုန်သော၊ ဝါ=ခက်ခဲသဖြင့် အရှိန်အဝါ မရှိသူ၏ အဖြစ်သို့ ရောက်စေအပ်သော ဒုဿီလ ဖြစ်ကုန်သော၊ **ပုဂ္ဂလာနံ**=ပုဂ္ဂိုလ်တို့ကို၊ **နိဂ္ဂဟာယ**=နှိပ်ကွပ်ခြင်းငှာ လည်းကောင်း၊ **ပေသလာနံ**=ချစ်အပ်သော သီလရှိကုန်သော၊ ဝါ=သီလကို ချစ်ကုန်သော၊ **ဘိက္ခူနံ**=ရဟန်းတို့၏၊ **ဖာသုဝိဟာရာယ**=ချမ်းသာစွာ နေထိုင်ရခြင်းငှာ လည်းကောင်း၊ (**တထာဂတေန**=သည်၊ **သာဝကာနံ**=တို့အား၊ **သိက္ခာပဒံ**=ကို၊ **ပညတ္တံ**=ပြီ)။

**ဒိဋ္ဌဓမ္မိကာနံ**=ယခုတွေ့ကြုံနေရသော မျက်မှောက်ဘဝ အတ္တဘော၌ ဖြစ်ကုန်သော၊ ဝါ=ယခုဘဝ၌ ဖြစ်ကုန်သော အာသဝါနံ ဒုက္ခဘေးရန်တို့ကို၊ (ပြစ်မှုလွန်ကျူးခြင်းကြောင့် နှိပ်စက်သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးချုပ်နှောင်ခံရခြင်း စသော ဒုက္ခဘေးရန် အမျိုးမျိုးတို့ကို) **သံဝရာယ**=ပိတ်ပင်ခြင်းငှာ လည်းကောင်း၊ **သမ္ပရာယိကာနံ**=နောက်ထပ်လားရောက်ရမည့် အနာဂတ်ဘဝ

**၁။** **ဒုမ္မက္ကူ** ပုဂ္ဂလာနံ၊ ။ “ဒုမ္မနာမ ဒုဿီလပုဂ္ဂလာ၊ ယေမကုတံ (နိတ္တေဇတံ) အာပါဒိယမာနာပိ ဒုက္ခေန အာပ” ဟူ၍ အဋ္ဌကထာ ဋီကာတို့ ဖွင့်ပြတော်မူကြ၏။ ထိုအဖွင့်၌ မကုသဒ္ဒါ၏ ဓာတ်နက်၊ ပစ္စည်းနက် (အနက်) ကို မပြဘဲ “နိတ္တေဇတံ” ဟုသာ ပြထားသောကြောင့် **မကုသဒ္ဒါ**သည် အရှိန်အဝါ မရှိသူ (နိတ္တေဇ) အနက်ကို ဟောသော ရုဠီအနိပ္ပန္နပါဋိပဒိကဟု ဆိုရတော့မည် ဖြစ်၏။ သို့သော် ဤနေရာ၌မူ မကုသဒ္ဒါကို ဘာဝပ္ပဓာနကြံပြီးလျှင် အရှိန်အဝါ မရှိသူ၏အဖြစ်၊ အရှိန်အဝါမရှိခြင်း (နိတ္တေဇော) ကို “မကုတံ” ဟူ၍ အနက်ယူကာ ထိုမကုသဒ္ဒါနောင် ဥပစ္စည်းသက်၍ (မူရင်းဥကာရန္တနှင့် လျော်သော တဒ္ဓိတ်ဥပစ္စည်းသက်၍) **မကုတံ၊ နိတ္တေဇံ အာပါဒီယန္တီတိ မကူ** (တန်ခိုးအရှိန်အဝါ မရှိသူအဖြစ်သို့ ရောက်စေအပ်သောသူများ) ဟူ၍ အာပါဒီယန္တီတိ ဝစနတ္ထ ပြုသင့်၏။ ထို့နောက် ဒုက္ခေန မက္ကိ ဒုက္ခကို (ခက်ခဲသဖြင့် အရှိန်အဝါ မရှိသည်အဖြစ်သို့ ရောက်စေအပ်သော ဒုဿီလများ) ဟူ၍ ၎င်းအဖွင့်အတိုင်း အကျင့်ပျက် ဒုဿီလများကို ဒုက္ခံ ဟူ၍ အဘိဓေယျတ္ထ ဖော်ဆိုအပ်၏။ ပါရာဇိကဏ်ဘာသာဋီကာ၊ ဒု၊ နှာ-၂၉၁၊ ၂၉၂-၌မူ မကုပုဒ်ကို ဂတိအနက်ဟော မကုဓာတ်၊ ဥပစ္စည်းခွဲ၍ “မကီယန္တိ နိတ္တေဇတံ အာပါဒီယန္တီတိ မကူ” ဟူ၍ ဝစနတ္ထ ကြံတော်မူ၏။ **ပေသလပုဒ်**၏ ရူပသိဒ္ဓိကို ဒသကနိပါတ်စာပိုဒ် (၈၉) ကောကာလိကသုတ်၌ ရေးထားပြီ။

