## PAGE 217

### ၃-ဝိနယပေယျာလ

အတ္တဘော၌ ဖြစ်ကုန်သော၊ ဝါ=တမလွန်ဘဝ၌ ဖြစ်ကုန်သော၊ **အာသဝါနံ**=(အပါယ်ဆင်းရဲစသော) ဒုက္ခဘေးရန် တို့ကို၊ **ပဋိဃာတာယ**=ပယ်ရှားတားမြစ်ခြင်းငှာ လည်းကောင်း၊ (**တထာဂတေန**=သည်၊ **သာဝကာနံ**=တို့အား၊ **သိက္ခာပဒံ**=ကို၊ **ပညတ္တံ**=ပြီ)။

။ပ။ **ဝေရာနံ**=အကုသိုလ်ရန်၊ ပုဂ္ဂိုလ်ရန်တို့ကို၊ [ထိုရန်နှစ်မျိုးကို နဝကနိပါတ်စာပိုဒ် (၂၇) ပဌမဝေရသုတ်၌ ရေးထားသည်] **သံဝရာယ**=ငှာ လည်းကောင်း ။ပ။ **ပဋိဃာတာယ**=ငှာ လည်းကောင်း၊ (**တထာဂတေန** ။ပ။ **ပညတ္တံ**)။

။ပ။ **ဝဇ္ဇာနံ**=အပြစ်ဒေါသတို့ကို၊ ဝါ=ရှောင်ရှားအပ်သော ဒုက္ခဘေးရန်တို့ကို၊ (ပြခဲ့သော အာသဝတို့ပင်တည်း] **သံဝရာယ**=ငှာ လည်းကောင်း ။ပ။ **ပဋိဃာတာယ**=ငှာ လည်းကောင်း၊ (**တထာဂတေန** ။ပ။ **ပညတ္တံ**)။

။ပ။ **ဘယာနံ**=စိတ်ထိတ်လန့် ကြောက်ရွံ့ခြင်းတို့ကို၊ ဝါ=ကြောက်ဖွယ်ဘေးဆိုး ဒုက္ခအမျိုးမျိုးတို့ကို ။ပ။

**အကုသလာနံ**=အကုသိုလ် ဖြစ်ကုန်သော၊ ဝါ=မအေးမချမ်း ဘေးဘျမ်းဖြစ်ကုန်သော၊ [ကုသလံ ခေမံ သောတ္ထိဘာဝေါ ဟူသော သံဃဘေဒကသိက္ခာပုဒ် အဋ္ဌကထာအဖွင့်ကို ထောက်၍ အကုသလမဋ္ဌေန ဟူသော အဋ္ဌကထာ (သီ၊ သာမူ) အတိုင်း အနက်ပေးသည်] **ဓမ္မာနံ**=ဒုက္ခတရားတို့ကို ။ပ။ **ဂိဟီနံ**=လူတို့ကို၊ **အနုကမ္ပာယ**=ငဲ့ညှာထောက်ထားသနားခြင်းငှာ လည်းကောင်း၊

**ပါပိစ္ဆာနံ**=ယုတ်မာသော အလိုဆိုးရှိကုန်သော၊ **ဘိက္ခူနံ**=တို့၏၊ **ပက္ခပစ္ဆေဒါယ**=အသင်းအဖွဲ့ကို ဖြိုဖျက်ခြင်းငှာ လည်းကောင်း၊ (**တထာဂတေန** ။ပ။ **ပညတ္တံ**)

**အပ္ပသန္နာနံ**=မကြည်ညိုသေးသော သူတို့၏၊ **ပသာဒါယ**=ကြည်ညိုခြင်းငှာ လည်းကောင်း၊ **ပသန္နာနံ**=ကြည်ညိုပြီးသော သူတို့၏၊ **ဘိယျောဘာဝါယ**=တိုးတက်များပြား ကြည်ညိုမှု ဖြစ်ပွားခြင်းငှာ လည်းကောင်း၊ (**တထာဂတေန** ။ပ။ **ပညတ္တံ**)

**သဒ္ဓမ္မဋ္ဌိတိယာ**=သူတော်ကောင်းတရား၏ ကြာရှည်တည်တံ့ခြင်းငှာ လည်းကောင်း၊ **ဝိနယာနုဂ္ဂဟာယ**=(တဒင်္ဂဝိနည်းစသော ငါးပါးသော) ဝိနည်းကို ချီးမြှောက်ခြင်းငှာ လည်းကောင်း၊ (**တထာဂတေန** ။ပ။ **ပညတ္တံ**)

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဒွေ**=ကုန်သော၊ **ဣမေ အတ္ထဝသေ**။ပ။ **ပညတ္တံ**=ပြီ၊ **ဣတိ** (အဝေါစ)။

၂၀၂၊ ၂၃၀။ **ဘိက္ခဝေ** ။ပ။ **ပါတိမောက္ခ**=ဘိက္ခု ဘိက္ခုနီ နှစ်လီသော ပါတိမောက်ကို၊ **ပညတ္တံ**=ပြီ၊ **ကတမေ ဒွေ?** **သံဃသုဋ္ဌတာယ**၊ **သံဃဖာသုတာယ**။ (ဒုမ္မက္ကူနံ စသည် ဖော်ဆိုပါ] ။ပ။ **ပါတိမောက္ခုဒ္ဒေသော**=ကိုးမျိုးသော ပါတိမောက္ခုဒ္ဒေသကို၊ ဝါ=ကိုးမျိုးသော ရွတ်ပြအပ်သော ပါတိမောက်ကို၊ **ပညတ္တော**=ပြီ။

။ပ။ **ပါတိမောက္ခဋ္ဌပနံ**=(အာပတ်သင့်နေသော ရဟန်းအတွက်)

## PAGE 218

ပါတိမောက်ကြားနာခွင့် ရပ်ဆိုင်းဟန့်တားထားခြင်းကို ။ပ။ **ပဝါရဏာ**=ပဝါရဏာကို၊ ဝါ=ပြောဆိုဆုံးမဖို့ ဖိတ်မန်ခြင်းကို ။ပ။ **ပဝါရဏဋ္ဌပနံ**=(အာပတ်သင့်နေသော ရဟန်းအတွက်) ပဝါရဏာ ပြုခွင့်ရပ်ဆိုင်း ဟန့်တားထားခြင်းကို။

။ပ။ **တဇ္ဇနီယကမ္မံ**=တဇ္ဇနီယကံကို၊ ဝါ=ခိုက်ရန်များပြား အငြင်းပွားသော ရဟန်းကို ခြိမ်းခြောက်ကြောင်းဖြစ်သော နိဂ္ဂဟကံကို ။ပ။ **နိယဿကမ္မံ**=နိယဿကံကို၊ ဝါ=အမြဲမပြတ် အာပတ်သင့်နေသော ဗာလအဗျတ္တရဟန်းကို ဆရာ့ထံ မှီခိုနေစေကြောင်း ဖြစ်သော နိဂ္ဂဟကံကို၊ နိ+ယသု+ကျ။ **နိယဿတိ ဘဇာပေတိ ဗာလံ အနေန ကမ္မုနာတိ နိယဿံ**၊ **တမေဝ ကမ္မံ** ။ပ။

**ပဗ္ဗာဇနီယကမ္မံ**=ကို၊ ဝါ=ကုလဒူသကရဟန်းကို သူ၏ နေထိုင်ရာ ရွာနှင့် ကျောင်းမှ နှင်ထုတ်ကြောင်း နိဂ္ဂဟကံကို ။ပ။ **ပဋိသာရဏီယကမ္မံ**=ကို၊ ဝါ=လူဒါယကာကို ဆဲရေးသော ရဟန်းကို ဒါယကာထံ တစ်ဖန် ပြန်သွားခိုင်းကာ တောင်းပန်စေကြောင်း ဖြစ်သော နိဂ္ဂဟကံကို၊ **ပဋိသာရေတိ ပုန ဂမာပေတိ ဂန္တွာ ခမာပေတိ ဧတေနာတိ ပဋိသာရဏီယံ**]။

။ပ။ **ဥက္ခေပနီယကမ္မံ**=ကို၊ ဝါ=(ယုတ်မာသော အယူကို မစွန့်ခြင်း၊ အာပတ်ကို မရှုခြင်း၊ မကုစားခြင်းကြောင့်) အပေါင်းအသင်း မလုပ် ကြဉ်ဖယ်ထုတ်ကြောင်း နိဂ္ဂဟကံကို ။ပ။

**ပရိဝါသဒါနံ**=(ဖွင့်ဖော်မပြောကြားဘဲ ဖုံးကွယ်ထားအပ်သော သံဃာဒိသေသ်အာပတ်အတွက်) ပရိဝါသ်ပေးခြင်းကิစ္စကို ။ပ။ **မူလာယ**=အရင်းအစ ပရိဝါသ်ကျင့်သုံးခြင်းသို့၊ **ပဋိကဿနံ**=တစ်ဖန်ပြန်၍ ဆွဲငင်ခြင်းကို ။ပ။ **မာနတ္တဒါနံ**=မာနတ်ပေးခြင်းကို ။ပ။ **အဗ္ဗာနံ**=အဗ္ဘာန်ကို၊ ဝါ=မာနတ်ကျင့်ပြီးသော ရဟန်းကို သံဃာ့ဘောင်သို့ ခေါ်ဆောင်သွတ်သွင်းခြင်းကို ။ပ။ **ဩသာရဏီယံ**=(ကျင့်ဝတ်ကို ကောင်းစွာ လိုက်နာပြုကျင့်သော ရဟန်းကို) သံဃာ့ဘောင်တွင်း ခေါ်ဆောင်သွင်းခြင်းကို ။ပ။ **နိဿာရဏီယံ**=(ကျင့်ဝတ်ကို ကောင်းစွာ မကျင့်သော ရဟန်းကို) သံဃာ့ဘောင်မှ နှင်ထုတ်ခြင်းကို ။ပ။ **ဥပသမ္ပဒါ**=မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ခြင်းကို ။ပ။

**ဉတ္တိကမ္မံ**=ဉတ္တိကံကို၊ ဝါ=သံဃာတော်ကို အသိပေးခြင်းဖြင့် ပြုလုပ်အပ်သော လုပ်ငန်းကိစ္စကို၊ [ဥပုသ်ပြုခြင်း၊ ပဝါရဏာပြုခြင်း စသော ကိစ္စများတည်း။ **ဉတ္တိယာ ဉာပနေန ကတ္တဗ္ဗ ကမ္မံ ဉတ္တိကမ္မံ**] ။ပ။ **ဉတ္တိဒုတိယကမ္မံ**=ဉတ္တိဒုတိယကံကို၊ ဝါ=ရုတ်ဟူသော နှစ်ကြိမ်မြောက်ရှိသော ကမ္မဝါစာဖြင့် ပြုလုပ်ဆောင်ရွက်အပ်သော လုပ်ငန်းကိစ္စကို၊ ဉတ်တစ်ကြိမ်၊ ကမ္မဝါစာတစ်ကြိမ်ဟု နှစ်ကြိမ်တိတိ ရွတ်ဖတ်ကြားသိစေလျက် ဆောင်ရွက်
## PAGE 219

### ၃-ဝိနယပေယျာလ

အပ်သော ကိစ္စဟူလို၊ သိမ်သမုတ်ခြင်း သိမ်နုတ်ခြင်း၊ ကထိန်သင်္ကန်းပေးခြင်း စသည်တည်း၊ **ဥတ္တိ ဒုတိယာ ဧတိဿာ အနုဿာဝနာယာတိ ဥတ္တိဒုတိယာ**၊ **တာယ ကတ္တဗ္ဗ ကမ္မံ ဉတ္တိဒုတိယကမ္မံ**၊ **ဉတ္တိစတုတ္ထကမ္မံ**=ကို၊ ဝါ=ဉာတ်ဟူသော လေးကြိမ်မြောက်ရှိသော ကမ္မဝါစာဖြင့် ပြုလုပ်အပ်သော လုပ်ငန်းကိစ္စကို၊ [ပရိဝါရပါဠိ, ဋ္ဌ, ဋီ ကမ္မဝဂ်၌ကြည့်] ။ပ။

**အပညတ္တေ** (**အပညတ္တံ**)=မပညတ်အပ်သေးသော သိက္ခာပုဒ်ကို၊ **ပညတ္တံ**=(မူလပညတ်အဖြစ်ဖြင့်) ရှေးဦးအစ ပညတ်အပ်ပြီ။ပ။ **ပညတ္တိ** (**ပညတ္တံ**)=ပညတ်အပ်ပြီးသော သိက္ခာပုဒ်ကို **အနုပညတ္တံ**-(အနုပညတ်အဖြစ်ဖြင့်) နောက်ထပ်ပညတ်အပ်ပြီ။ပ။ တနည်း-(**သိက္ခာပဒေ**=သိက္ခာပုဒ်ကို) **အပညတ္တေ**= မပညတ်အပ်သေးလသော်၊ **ပညတ္တံ**=(မူလပညတ် အဖြစ်ဖြင့် ရှေးဦးအစ ပညတ်အပ်ပြီ။ (**သိက္ခာပဒေ**=ကို၊ **ပညတ္တေ**=ပညတ်အပ်ပြီးလသော်၊ **အနုပညတ္တံ** (အနုပညတ်အဖြစ်ဖြင့်) နောက်ထပ် ပညတ်အပ်ပြီ] ။ပ။

**သမ္မုခါဝိနယော**=သမ္မုခါဝိနည်းကို၊ ဝါ=သံဃ, ဓမ္မ ဝိနယ, ပုဂ္ဂလတို့၏ မျက်မှောက်၌ အဓိကရုဏ်းလေးပါး ပယ်ရှားခြင်းကို၊ **ပညတ္တော**=ပညတ်တော်မူအပ်ပြီ။ပ။ **သတိဝိနယော**=သတိဝိနည်းကိုး ဝါ=ပြန့်ပွားများပြားသော သတိရှိသော ရဟန္တာအား ပေးထိုက်သော စွပ်စွဲမှုပယ်ရှားကြောင်း ဝိနည်းကံကို၊ [**သတိဝိပုလဿ ခီဏာသဝဿ ဒါတဗ္ဗော ဝိနယော** (စွပ်စွဲမှု ပယ်ရှားကြောင်း ဝိနည်းကံသည်) **သတိဝိနယော**] ။ပ။

**အမူဠှဝိနယော**=(ရှေးက ရူးသွပ်ဖူး၍ ယခု) မရူးသွပ် မတွေဝေခိုက်ဖြစ်သော ရဟန်းအား ပေးထိုက်သော စွပ်စွဲမှု ပယ်ရှားကြောင်း ဝိနည်းကံကို ပ။ **ပဋိညာတကရဏံ**=အာပတ်ကို ဝန်ခံအပ်ပြီးလသော် စောင့်စည်းခိုင်းမှု, ပရိဝါသ်ပေးမှု စသည်ကိုပြုခြင်းကို ပ။

**ယေဘုယျသိကာ**=ယေဘုယျသိကာသမထကို၊ ဝါ=ဓမ္မဝါဒီရဟန်း အရေအတွက်များသည် အဖြစ်ကို ပြီးစီးစေတတ်သော မဲဆန္ဒယူစေခြင်းကို၊ ဝါ=မဲဆန္ဒယူစေခြင်းဖြင့် ဓမ္မဝါဒီရဟန်း အရေအတွက်များပြားမှုကို အမှီပြု၍ ဝိဝါဒါဓိကရုဏ်း ငြิမ်းစေခြင်းကို၊ [**ယေဘုယျ-သ-ဣက**၊ သအာဂုံ၊ **ဓမ္မဝါဒီနံ ယေဘုယျဘာဝံ သမ္ပာဒိကာ ကိရိယာ ယေဘုယျသိကာ**] ။ပ။

**တဿပါပိယသိကာ**=တဿပါပိယသိကာကံကို၊ ဝါ=(ဥပဝါဠရဟန်းကဲ့သို့) ထိုယုတ်မာသော ရဟန်းအတွက် ဖြူထိုက်သော နှိပ်ကွပ်မှုကို၊ [**တဿ ပါပိယဿ ကတ္တဗ္ဗာ တဿပါပိယသိကာ**ဟု အလုတ္တသမာသ်တွဲ] ။ပ။ **တိဏဝတ္ထာရကော**=တိဏဝတ္ထာရကကံကို၊ ဝါ=မစင်ကို ဖုံးအုပ်ကြောင်း မြက်နှင့် အလားတူ အာပတ္တာဓိကရုဏ်း ဖုံးအုပ်ထားကြောင်း

