## PAGE 220

ဝိနည်းကံကို၊ [**ဂူထံ အဝတ္ထရတိ ဧတေန တိဏေနာတိ အဝတ္ထာရကံ**၊ **တိဏဉ္စ တံ အ၀တ္ထာရကဉ္ဇာတိ တိဏဝတ္ထာရကံ**၊ **တံ ၀ိယာတိ တိဏဝတ္ထာရကော သမထော**]

#### ၄-ရာဂပေယျာလ

**၂၃၁။** **ဘိက္ခဝေ**=တို့၊ **ရာဂဿ**=ငါးပါးအာရုံ ကာမဂုဏ်၌ တပ်မက်သော ရာဂကို၊ **အဘိညာယ**-အထူးသိမြင်ခြင်းငှာ၊ **ဒွေ**=နှစ်မျိုးကုန်သော၊ **ဓမ္မာ**=တရားတို့ကို၊ **ဘာဝေတဗ္ဗာ** ဖြစ်ပွားစေထိုက်ကုန်၏ ။ပ။ စာပိုဒ်(၃၂) သုတ်လည်းကြည့်]

**ဘိက္ခဝေ**=တို့၊ **ရာဂဿ**=ကို၊ **ပရိညာယ**=ပိုင်းခြားသိခြင်းငှာ၊ **ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ** ဤသို့ စသည်ဖြင့် ပြည့်စုံအောင် ဆိုပါ] ။ပ။ **ဘိက္ခဝေ**တို့၊ **ရာဂဿ**-၏၊ **ပရိက္ခယာယ**=ကုန်ခန်းခြင်းငှာ ။ပ။ **ရာဂဿ**=ကို၊ **ပဟာနာယ**=ပယ်စွန့်ခြင်းငှာ ။ပ။ **ရာဂဿ**-၏၊ **ခယာယ**=ကုန်ခန်းခြင်းငှာ ။ပ။ **ဝယာယ**=ပျက်စီးခြင်းငှာ ။ပ။ **ဝိရာဂါယ**=ကင်းကွာပျောက်ပျက်ခြင်းငှာ ။ပ။ **နိရောဓာယ**=ချုပ်ငြိမ်းခြင်းငှာ ။ပ။ **စာဂါယ**=စွန့်လွှတ်ခြင်းငှာ ။ပ။ **ပဋိနိဿဂ္ဂါယ**=တဖန်စွန့်လွှတ်ခြင်းငှာ ။ပ။

**ဘိက္ခဝေ**=တို့၊ **ဒေါသဿ**=ဒေါသကို ။ပ။ **မောဟဿ**=မောဟကို ။ပ။ **ကောဓဿ**-စိတ်ဆိုးခြင်းကို ပ။ **ဥပနာဟဿ**=ရန်ငြိုးဖွဲ့ခြင်းကို ။ပ။ [ စာပိုဒ် (181)လည်းကြည့်] **ထမ္ဘဿ**=ကောဓမာနအစွမ်းဖြင့် ကြမ်းတမ်းခက်ထန်ခြင်းကို ။ပ။ **သာရမ္ဘဿ**-သူတပါးထက် နှစ်ဆသုံးဆ စသည်တိုးပွားသာလွန်အောင် ကြိုးစားခြင်း ဟူသော မာနကို ။ပ။ **မာနဿ**= (ကိုးမျိုးသော) မာနကို ။ပ။ **အတိမာနဿ**=ပိုလွန်၍ မိမိကိုယ်ကို အထင်ကြီးသော မာနကို ။ပ။ **မဒဿ**=မာန်ယစ်ခြင်းကို ။ပ။ **ပမာဒဿ**-မေ့လျော့ခြင်းကို၊ **အဘိညာယ ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ**၊ **ကတမေ ဒွေ**။ **ဣဒမဝေါစ** စသည်ကို ဧကကနိပါတ် အဆုံး၌ကြည့်]

**ရာဂပေယျာလံ**=ရာဂပုဒ်၏ မြှုပ်ကွက်သည်၊ နိဋ္ဌိတံ-ပြီးပြီ၊ **ဒုကနိပါတပါဠိ**၊ ဒုကနိပါတ်ပါဠိတော်သည်၊ ဝါ=တရားနှစ်မျိုး နှစ်မျိုးတို့၏ အပေါင်းအစုကို ထည့်သွင်းဖော်ပြရာ အခန်း ပါဠိတော်သည်၊ **နိဋ္ဌိတာ**=ပြီးပြီ။

## PAGE 221

## တိကနိပါတ်

**၁။** (**ဘန္တေ**=အရှင်ဘုရား၊ **ဣဒံ**=ဤဘယသုတ်ကို) **ဧဝံ**=ဤသို့၊ **မေ**-တပည့်တော်သည်၊ **သုတံ**=ကြားရပြီ၊ ဧကကနိပါတ် စာပိုဒ် ၁-သုတ်ကြည့်]

**ဘိက္ခဝေ**=ရဟန်းတို့၊ **ယာနိ ကာနိစိ**=အမှတ်မထား တပါးပါးကုန်သော၊ **ဘယာနိ**- ကြောက်ရွံ့ထိတ်လန့်ခြင်းတို့သည်၊ **ဥပ္ပဇ္ဇန္တိ**=ဖြစ်လာကုန်၏။ **သဗ္ဗာနိ တာနိ** (**ဘယာနိ**)=ထိုအားလုံးသော ကြောက်ရွံ့ ထိတ်လန့်ခြင်းတို့သည်၊ **ဗာလတော**-လူမိုက်ကြောင့်၊ **ဥပ္ပဇ္ဇန္တိ**=ဖြစ်ရကုန်၏။ **ပဏ္ဍိတတော**=ပညာရှိကြောင့်=

၁။ **ဘယ**၊ **ဥပဒ္ဒဝ**၊ **ဥပသဂ္ဂ**။ ။ **ဘယန္တိ စိတ္တုတြာသော** = စိတ်ကြောက်ရွံ့ထိတ်လန့်ခြင်းသည် ဘယမည်၏။ **ဥပဒ္ဒဝေါတိ အနေကဂ္ဂတာကာရော** စိတ်မတည်ကြည် မငြိမ်သက်ခြင်း (တုန်လှုပ်ချောက်ချားခြင်း) သဘောသည် **ဥပဒ္ဒဝ** မည်၏။ **ဥပသဂ္ဂေါတိ ဥပသဋ္ဌာကာရော**၊ **တတ္ထ တတ္ထ လဂ္ဂနာကာရော** ထိုထိုအရပ်၌ ခိုကပ်နေထိုင်ရခြင်းသည် **ဥပသဂ္ဂ** မည်၏။ အဋ္ဌကထာ၌ **ဘယ**၊ **ဥပဒ္ဒဝ**၊ **ဥပသဂ္ဂ** ဟူသော သုံးမျိုးတို့ကို ဤအတိုင်း အကျဉ်းချုပ် ဖွင့်ပြပြီးနောက် ထိုသုံးမျိုးတို့၏ ထူးခြားဟန်ကို ဆက်လက် ဖွင့်ပြထားသည်မှာ--

=သင်တို့ရွာကို ဘယ်နေ့ဘယ်ရက်မှာ ငါတို့လာပြီး လုယက်တိုက်ခိုက်မည်ဟု ရွာသားများထံသို့ ခိုးသားဓားပြတို့က သတင်းပေး အကြောင်းကြားလိုက်ခြင်းကြောင့် ထိုသတင်းကို ကြားရသည်မှစ၍ ရွာသားများ ကြောက်ရွံ့ထိတ်လန့်ခြင်းသည် **စိတ္တုတြာသဘယ** မည်၏။

ထိုရွာသားတို့သည် လက်ဖြင့် သယ်ယူနိုင်သမျှ အဖိုးတန် ပစ္စည်းဥစ္စာများကို ယူဆောင်ကာ ကျွဲ၊ နွားစသော အိမ်မွေးတိရစ္ဆာန်များနှင့်တကွ လွတ်ရာကျွတ်ရာ တောထဲသို့ ဝင်ရောက်ပုန်းအောင်း၍ မြေကြီးပေါ်၌ အိပ်ရခြင်း၊ ခြင်မှက် အကိုက်ခံရခြင်း၊ ဆူးငြောင့်ခလုတ် နင်းမိတိုက်မိခြင်းတို့ကြောင့် မငြိမ်မသက် စိတ်စက်ထွေပြား တုန်လှုပ်ချောက်ချားမှုဖြစ်ကြရ၏။ ယင်းသို့ဖြစ်ရခြင်းသည် **အနေကဂ္ဂတာကာရ** (**ဥပဒ္ဒဝ**) မည်၏။
## PAGE 222

သူတော်ကောင်းကြောင့်၊ **နော ဥပ္ပတ္တိ** ဖြစ်ရသည် မဟုတ်ကုန်။ **ယေ ကေစိ** = အမှတ်မထား တပါးပါးကုန်သော၊ **ဥပဒ္ဒဝါ** = ဘေးဥပဒ်အန္တရာယ်တို့သည်၊ (မငြိမ်မသက် စိတ်စက်ထွေပြား ချောက်ချားကြောင်း ဘေးအန္တရာယ်တို့သည်)

ထို့နောက် ယင်းသို့ သတင်းပေးအကြောင်းကြားထားသော်လည်း ထိုနေ့၌ သူခိုးဓားပြတို့ မလာကြသဖြင့် ရွာသားတို့သည် ပစ္စည်းဥစ္စာများနှင့်တကွ မိမိတို့ ရွာသို့ ပြန်လာကြ၏။ ထိုအချိန်ကျမှ ဓားပြများရောက်လာကြပြီး ရွာကို ဝိုင်းရံပိတ်ဆို့ကာ မီးရှို့လူသတ်ပြီး ရှိသမျှပစ္စည်းဥစ္စာများကို လုယက်ယူဆောင်သွားကြ၏။ အသက်မသေဘဲ ကျန်နေရစ်ခဲ့သော ရွာသားများသည် မီးကို ငြိမ်းသတ်ပြီး ကျီ(ဂိုဒေါင်)၏ အရိပ်၊ နံရံအရိပ် စသည်တို့၌ ခိုကပ်နေထိုင်ကာ ဆုံးရှုံးသမျှကို တွေးတောပူဆွေးဝမ်းနည်းနေကြ၏။ ယင်းသို့ ဖြစ်ရခြင်းသည် **ဥပသဋ္ဌာကာရ လဂ္ဂနာကာရ** (**ဥပသဂ္ဂ**) မည်၏။ (ဤကား အဋ္ဌကထာအဖွင့်)။

**ဋီကာအဖွင့်။** ။ **ဥပဒ္ဒဝေါတိ အန္တရာယော၊ တဿ ပန ဝိက္ခေပကာရဏတ္တာ ဝုတ္တံ “အနေကဂ္ဂတာကာရော”တိ** = ဥပဒ္ဒဝသဒ္ဒါသည် ဘေးအန္တရာယ်ဟူသော အနက်ဟောတည်း၊ ထိုအန္တရာယ်သည် စိတ်ဓာတ် မငြိမ်သက်ခြင်း (တုန်လှုပ်ချောက်ချားခြင်း)၏ အကြောင်းဖြစ်သောကြောင့် “အနေကဂ္ဂတာကာရော” ဟု အဋ္ဌကထာမိန့်ဆိုခြင်း ဖြစ်သည်။ ဤသို့ ဋီကာ ဖွင့်၏။ ထိုအဖွင့်အတိုင်း နိဿယခန်း၌ အနက်ပြန်ဆိုထားသည်၊ **ဥပသဂ္ဂပုဒ်**ကို ဖွင့်ဆိုရာ၌ကား-

**ဥပသဂ္ဂေါတိ ဥပသဇ္ဇနံ၊ ဒေဝတူပပီဠာဒိနာ အပ္ပဋိကာရ ဝိဃာတာပတ္တိ** = တွယ်ကပ်ခြင်း၊ နတ်ပူးကပ်နှိပ်စက်ခြင်း စသည်ကြောင့် ကုသ၍မရနိုင်လောက်အောင် ဆင်းရဲပင်ပန်းခြင်းသို့ ရောက်ခြင်းသည် **ဥပသဂ္ဂ** မည်၏။ ဤသို့ စသည်ဖြင့် တွေ့ရ၏။

အခြားနေရာများ၌ **ဥပသဂ္ဂေါတိ ဥပဒ္ဒဝေါ** (သာရတ္ထဋီကာ၊ တ-၂၀၈) ဟူ၍ **ဥပသဂ္ဂပုဒ်**ကို **ဥပဒ္ဒဝပုဒ်**နှင့် အနက်တူဖွင့်ထားသည်ကို တွေ့ရသည်သာမက ဤသုတ်ဋီကာအဖွင့်နှင့် အလားတူပင်ဖြစ်သော-

**ဒေဝတူပသဂ္ဂေါ ဝိယ** (ထေရီအဋ္ဌကထာ၊ ၂၅၀)၊ **ဥပသဂ္ဂေါတိ ဒေဝတူပသံဟာရဝသေန ပဝတ္တော ဗျာဓိအာဒိအနတ္ထော** (ဝိသုဒ္ဓိမဂ် မဟာဋီကာ၊ ဒု-၃၉၆)-ဟူသော အဖွင့်များကိုလည်း တွေ့ရ၏။ ဆရာတော် အရှင်

