## PAGE 223

**ဥပ္ပဇ္ဇန္တိ** = ဖြစ်လာကုန်၏။ **သဗ္ဗေ** = အားလုံးကုန်သော၊ **တေ(ဥပဒ္ဒဝါ)** = ထိုဘေးဥပဒ်အန္တရာယ်တို့သည် ။ပ။ **ဥပသဂ္ဂါ** - ထိုထိုအရပ် ခိုကပ်မှီတင်း ကြေကွဲဖွယ်နေရခြင်းတို့သည်၊ ဝါ-စုန်းဘီလူးနတ် ပူးကပ်ညှဉ်းဆဲသဖြင့် ဆင်းရဲညှိုးနွမ်းပင်ပန်းခြင်းတို့သည်။ပ။

**ဘိက္ခဝေ** = တို့၊ **နဠာဂါရာ ဝါ** = ကျူမိုးကျူကာ အိမ်မှလည်းကောင်း၊ **တိဏာဂါရာ ဝါ** = မြက်မိုးမြက်ကာ အိမ်မှလည်းကောင်း၊ **မုတ္တော** = လွတ်ထွက်လွင့်စင်လာသော၊ **အင်္ဂ** = မီးသည်၊ **ဥလိတ္တာဝလိတ္တာနိ** = အတွင်းအပြင် - လိမ်းကျံထားအပ်ကုန်သော၊ **နိဝါတာနိ** = လေမရှိကုန်သော။ ဝါ-လေလုံကုန်သော၊ **ဖုသိတဂ္ဂလ္လာနိ** = ထိမိစေ့စပ်သော တံခါးရွက် ရှိကုန်သော၊ [ဖုသိတ+အဂ္ဂဠ] **ပိဟိတဝါတပါနာနိ** = ပိတ်အပ်ပြီးသော လေသာပြူတင်း ရှိကုန်သော၊ **ကူဋာဂါရာနိပိ** = အထွတ်တပ်ဆင်ထားအပ်သော အိမ်တို့ကိုပင်လည်း၊ **ဍဟတိ သေယျထာပိ** = လောင်နိုင်သကဲ့သို့၊ **ဘိက္ခဝေ** = တို့၊ **ဧဝမေဝံ** - ဤအတူပင်

**ဘိက္ခဝေ** = တို့၊ **ဣတိ ခေါ** = ဤသို့ ဆိုခဲ့ပြီးသည့်အတိုင်းပင်။ **ဗာလော** = လူမိုက်သည်၊ **သပ္ပဋိဘယော** = ကြောက်ရွံ့ထိတ်လန့်ခြင်းနှင့်တကွ ဖြစ်၏၊ ဝါ-ကြောက်ရွံ့ထိတ်လန့်ခြင်းကို ဖြစ်စေတတ်၏ ၊ **ပဏ္ဍိတော** = ပညာရှိ သူတော်ကောင်းသည်။ **အပ္ပဋိဘယော** = ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိ၊ ဝါ-ကြောက်ရွံ့ထိတ်လန့်ခြင်းကို မဖြစ်စေတတ်၊ **ဗာလော**-သည်၊ **သဥပဒ္ဒဝေါ** = ဘေးဥပဒ်နှင့်တကွဖြစ်၏။ ဝါ-ဘေးဥပဒ်ကို ဖြစ်စေတတ်၏။ **ပဏ္ဍိတော**-သည်၊ **အနုပဒ္ဒဝေါ** - ဘေးဥပဒ်မရှိ၊ ဝါ-ဘေးဥပဒ်ကို မဖြစ်စေတတ်၊ **ဗာလော**-သည်၊ **သဥပသဂ္ဂေါ** = ထိုထိုအရပ် .......ခြင်းနှင့်တကွ ဖြစ်၏။ ဝါ-ထိုထိုအရပ်......ခြင်းကိုဖြစ်စေတတ်၏။ **ပဏ္ဍိတော** = သည်၊ **အနုပသဂ္ဂေါ** = ထိုထိုအရပ်.....ခြင်း မရှိ၊ ဝါ-ခြင်းကို မဖြစ်စေတတ်၊ **ဘိက္ခဝေ** = တို့၊ **ပဏ္ဍိတတော** = ပညာရှိကြောင့်၊

မြတ်များကား ထိုအဖွင့်များအတိုင်း **ဥပသဂ္ဂပုဒ်**ကို အစွဲ (စုန်းနတ်ပယောဂ)။ ကပ်ငြိတတ်သော အနှောင့်အယှက်။ ပူးကပ်တတ်သော အမှောင့်ပယောဂ။ ဤသို့ မြန်မာပြန်ဆိုတော် မူကြ၏။ THE PRACTICAL မည်သော သက္ကတအင်္ဂလိပ်အဘိဓာန်၌လည်း possession by an evil spirit (စုန်းဘီလူးနတ်ပူးကပ်ခြင်း) ဟု ဖွင့်ဆိုထားသည်ကို တွေ့ရ၏။ ထိုတွေ့ရသမျှ အဖွင့်များသည် ပြခဲ့သော ဤသုတ်အဋ္ဌကထာ အဖွင့်နှင့် မည်သို့မည်ပုံ ဆက်စပ်သည်ကို စဉ်းစားကြပါလေ။

## PAGE 224

**ဘယံ** = ကြောက်ရွံ့ထိတ်လန့်ခြင်းသည်၊ **နတ္ထိ** = မရှိ၊ **ပဏ္ဍိတတော** = ကြောင့် **ဥပဒ္ဒဝေါ** = ဘေးဥပဒ်သည်၊ **နတ္ထိ** = မရှိ ။ပ။ **ဥပသဂ္ဂေါ** = ထိုထိုအရပ်ခြင်းသည်၊ **နတ္ထိ** = မရှိ။

**ဘိက္ခဝေ** = တို့၊ **တသ္မာ** = ထို့ကြောင့် (ထိုသို့ လူမိုက်သည် ဘေးဥပဒ်ကိုဖြစ်စေ၍ ပညာရှိသည် ဘေးဥပဒ်ကို မဖြစ်စေတတ်သည် အဖြစ်ကြောင့်) ဤ၌၊ (**ဝေါ** = တို့သည်) **ဧဝံ** = ၍၊ [ဧကကနိပါတ် စာပိုဒ် ၇၇ ကြည့်] **သိက္ခိတဗ္ဗံ** = မည်၊ (**ကိန္တိ** ၍၊ **သိက္ခိတဗ္ဗံ** = ဟူမူ) **တီဟိ** = သုံးမျိုးကုန်သော၊ **ယေဟိ ဓမ္မေဟိ** = အကြင်တရားတို့နှင့်၊ **သမန္နာဂတော** = ပြည့်စုံသောသူကို၊ **ဗာလော** = လူမိုက်ဟူ၍၊ **ဝေဒိတဗ္ဗော** = သိနိုင်၏။ (**မယံ** - ငါတို့သည်) **တယော** = သုံးမျိုးကုန်သော၊ **တေ ဓမ္မ** = ထိုတရားတို့ကို၊ **အဘိနိဝဇ္ဇေတွာ** = ရှောင်ကြဉ်၍၊ [နောက်သုတ်များ၌ ထိုတရားသုံးမျိုးတွေ့လတ္တံ့] ။ပ။ **ပဏ္ဍိတော** - ဟူ၍၊ **ဝေဒိတဗ္ဗော** ၏ ။ပ။ **သမာဒါယ** = ကောင်းစွာခံယူ၍၊ **ဝတ္တိဿာမ** = ဖြစ်စေကုန်အံ့၊ ဝါ-ကျင့်သုံးကုန်အံ့၊” **ဣတိ** = ဤသို့ နှလုံးသွင်း၍၊ (**သိက္ခိတဗ္ဗံ** = မည်) **ဘိက္ခဝေ** = တို့၊ **ဧဝံဟိ** = လျှင်၊ **ဝေါ** = သင်တို့သည်၊ **သိက္ခိတဗ္ဗံ** = မည်၊ **ဣတိ** - ဤသို့၊ **အဝေါစ** - မိန့်တော်မူပြီး **ပဌမံ** = ပဋ္ဌမသုတ်တည်း။

#### ၂-လက္ခဏသုတ်

**၂။ ဘိက္ခဝေ** = တို့၊ **ဗာလော** = သည်၊ **ကမ္မလက္ခဏော** (မိမိ ပြုလုပ်အပ်သော) ကာယကံစသော သိကြောင်းအမှတ်အသား ရှိ၏။ **ပဏ္ဍိတော** = သည်၊ **ကမ္မလက္ခဏော** = ၏၊ **ပညာ** = ပညာသည်၊ **အပဒါနသောဘနီ** = သတ္တဝါတို့၏ အမှန်အမှား နှစ်မျိုးကွဲပြားသော အားထုတ်လုပ်ဆောင်မှုဖြင့် ထင်ရှား၏၊” [ဣတိသဒ္ဒါ မလို] **ဘိက္ခဝေ** = တို့၊ **တီဟိ** ။ပ။ **ဝေဒိတဗ္ဗော** ၏၊ **ကတမေဟိ** အဘယ်မည်ကုန်သော၊ **တီဟိ** = ကုန်သော၊ (**ဓမ္မေဟိ** = တို့နှင့်၊ **သမန္နာဂတော** = ကို၊

၁။ **အပဒါနသောဘနီ**။ အပဒါနပုဒ်၏ အဘိဓေယျတ္ထမှာ အားထုတ်လုပ်ဆောင်မှု အကျင့်စရိုက် ပယောဂတည်း၊ ဒါ-ဓာတ်သည် ဤနေရာ၌ ရက္ခဏအနက်၊ ဆေဒနအနက်တို့ကို ဟော၏။ **အပဒိယန္တိ ဒေါသာ ဧတေန ရက္ခိယန္တိတိ အပဒါနံ** = အပြစ်ဒေါသတို့ကို ထိန်းသိမ်းကြောင်း ဖြစ်သော မှားယွင်းသော အားထုတ်လုပ်ဆောင်မှု (မိစ္ဆာပဝတ္တပ္ပယောဂ)။ **အပဒီယန္တိ လူယန္တိ ဆိန္တိ ဒေါသာ ဧတေနာတိ အပဒါနံ** = အပြစ်ဒေါသတို့ကို ပယ်...
## PAGE 225

ဗာလော=၍၊ ဝေဒိတဗ္ဗော=သိအပ်၏) **ကာယဒုစ္စရိတေန**=ကာယဒုစ္စရိတ် အကုသိုလ်နှင့်လည်းကောင်း၊ [ဧကကစာပိုဒ်-၂၈၄-စသည်ကြည့်] ။ပ။ **မနောဒုစ္စရိတေန**=နှင့်လည်းကောင်း၊ (သမန္နာဂတော=ကို၊ ဗာလော=၍၊ ဝေဒိတဗ္ဗော=၏) ဘိက္ခဝေ=တို့၊ **တီဟိ**=သုံးပါးကုန်သော၊ **ဣမေဟိ ဓမ္မေဟိ**=ဤတရားတို့နှင့် သမန္နာဂတော=ပြည့်စုံသော၊ **ဗာလော**=လူမိုက်ကို၊ **ဝေဒိတဗ္ဗော**=သိအပ်၏။ တသ္မာ=ထို့ကြောင့် (ထိုသို့ ဒုစ္စရိတ်သုံးပါးနှင့် ပြည့်စုံသူကို ဗာလဟု သိနိုင်၍ သုစရိတ်သုံးပါးနှင့် ပြည့်စုံသူကို **ပဏ္ဍိတ**ဟု သိနိုင်သည် အဖြစ်ကြောင့်) ။ပ။

### ၃-စိန္တိတသုတ်

၃။ ဘိက္ခဝေ=တို့၊ **ဗာလဿ**=လူမိုက်၏၊ **ဗာလလက္ခဏာနိ**=လူမိုက် အမှတ်လက္ခဏာတို့သည်၊ (လူမိုက်ဟု သိနိုင်ကြောင်း အမှတ်အသားတို့သည်) **ဗာလနိမိတ္တာနိ**=လူမိုက်အမှတ်တံဆိပ်တို့သည်။ **ဗာလာပဒါနာနိ**=လူမိုက်၏ ထင်ရှားသော အားထုတ်လုပ်ဆောင်မှုတို့သည်၊ **ဣမာနိ တီဏိ**=ဤသုံးမျိုးတို့တည်း၊ **တီဏိ**=သုံးမျိုးတို့ဟူသည်။ **ကတမာနိ**=အဘယ်တို့နည်း။ ဘိက္ခဝေ=တို့၊ ဣဓ=ဤလောက၌၊ **ဗာလော**=လူမိုက်သည်၊ **ဒုစိန္တိတစိန္တိစ**=အဘိဇ္ဈာ စသည်တို့သည် ဖျက်ဆီးအပ်သော အကြံဆိုးကိုသာ ကြံစည်တတ်သည်လည်းကောင်း၊ [ဒု (ဒုဋ္ဌ)=ဖျက်ဆီးအပ်သော + စိန္တိတ=ကြံစည်အပ်သော အကြံဆိုးကို စိန္တိ=ကြံစည်တတ်သူ] **ဒုဗ္ဘာသိတဘာသီစ**=လောဘစသည်တို့သည် ဖျက်ဆီးအပ်သော မုသာဝါဒစသော ပြောဖွယ်စကားကို ပြောဆိုတတ်သည်လည်းကောင်း၊ [ဘာသိတ=ပြောဆိုဖွယ်စကား] **ဒုက္ကတကမ္မကာရီစ**=မကောင်းသဖြင့် ပြုလုပ်အပ်သော ပါဏာတိပါတစသော အလုပ်ကိုသာ ပြုလုပ်တတ်သည် လည်းကောင်း၊ **ဟောတိ**=ဖြစ်၏။ [ဒု=မကောင်းသဖြင့် + ကတ=ပြုလုပ်အပ်သော + ကမ္မ=(ပါဏာတိပါတ စသော) အလုပ်]

ဘိက္ခဝေ=တို့၊ **ဗာလော**=လူမိုက်သည်၊ ဒုဗ္ဘိန္တိတစိန္တိစ=ဖျက်ဆီးအပ်သော အကြံစသည်နှင့်လည်းကောင်း၊ [စေ+ဣဒံ။ ဣဒံ=ဤ] **နော စေ အဘဝိဿ**=အကယ်၍ မဖြစ်ငြားအံ့။ (ဧဝံ သတိ=ဤသို့ မဖြစ်သည်ရှိသော်) **ကေန**=အဘယ်ကြောင့်၊ နံ=ထိုလူမိုက်ကို၊ "အယံ ဘဝံ=ဤသူကား၊ **ဗာလော**=လူမိုက်တည်း၊ **အသပ္ပုရိသော**=သူတော်ကောင်း မဟုတ်၊" **ဣတိ**=ဤသို့၊ **ပဏ္ဍိတာ**=ပညာရှိတို့သည်၊ **ဇာနေယျ**=သိနိုင်ပါကုန်မည်နည်း၊ ဘိက္ခဝေ=တို့၊ **စ စေ**=ထိုသို့မဟုတ်မူ၍၊ **ယသ္မာ**=အကြောင်းကြောင့် ။ပ။ **တသ္မာ**=ထို့ကြောင့်၊ နံ=ထိုလူမိုက်ကို ။ပ။ **အသပ္ပုရိသော**=ဟုတ်၊ **ဣတိ**=ဤသို့၊ **ပဏ္ဍိတာ**=တို့သည်၊ **ဇာနန္တိ**=သိကြကုန်၏၊ ဘိက္ခဝေ=တို့၊ **ဗာလဿ**=လူမိုက်၏ ။ပ။ **ဗာလာပဒါနာနိ**=တို့သည်၊ **ဣမာနိ တီဏိ**=တည်း။

**ပဏ္ဍိတဿ**=ပညာရှိ၏။ **ပဏ္ဍိတလက္ခဏာနိ**=ပညာရှိ အမှတ်လက္ခဏာ တို့သည် ။ပ။ **သုစိန္တိတစိန္တိစ**=(အနဘိဇ္ဈာစသော မနောသုစရိတ် အစွမ်းဖြင့်) ကောင်းသောအကြံအစည်ကိုသာ ကြံစည်တတ်သည်လည်းကောင်း၊ **သုဘာသိတဘာသီစ**=(အလောဘစသည်တို့၏ အစွမ်းဖြင့်) ကောင်းသော ပြောဆိုဖွယ်စကားကိုသာ ပြောဆိုတတ်သည်လည်းကောင်း၊ **သုကတကမ္မကာရီစ**=ကောင်းစွာ ပြုလုပ်အပ်သော ကာယသုစရိတ် အလုပ်ကိုသာ ပြုလုပ်တတ်သည်လည်းကောင်း၊ **ဟောတိ** ။ပ။ **ကေန**=အဘယ်ကြောင့်၊ နံ=ထိုပညာရှိကို၊ "အယံ ဘဝံ=ဤသူကား၊ **ပဏ္ဍိတော**=ပညာရှိတည်း၊ **သပ္ပုရိသော**=သူတော်ကောင်းတည်း" **ဣတိ**=ဤသို့၊ **ပဏ္ဍိတာ**=တို့သည်၊ **ဇာနန္တိ**=သိကြကုန်၏၊ ဘိက္ခဝေ=တို့၊ **ပဏ္ဍိတဿ**=ပညာရှိ၏ ။ပ။ **ပဏ္ဍိတလက္ခဏာနိ**=တို့သည် ။ပ။ **သုစိန္တိတစိန္တိစ**=လည်းကောင်း၊ **သုဘာသိတဘာသီစ**=လည်းကောင်း၊ **သုကတကမ္မကာရီစ**=လည်းကောင်း၊ **ဟောတိ** ဖြစ်၏ ။ပ။ **ကေန**=အဘယ့်ကြောင့်၊ နံ=ထိုပညာရှိကို၊ "အယံ ဘဝံ=ဤသူကား၊ **ပဏ္ဍိတော**=ပညာရှိတည်း၊ **သပ္ပုရိသော**=သူတော်ကောင်းတည်း" **ဣတိ**=ဤသို့၊ **ပဏ္ဍိတာ**=တို့သည်၊ **ဇာနေယျ**=သိနိုင်နည်း ။ပ။

### ၄-အစ္စယသုတ်

၄။ **အစ္စယံ**=မိမိအပြစ်ကို၊ အစ္စယတော=အပြစ်အနေအားဖြင့်၊ ဝါ=အပြစ်ဟူ၍၊ **န ပဿတိ**=မမြင် ။ပ။ **ဒိသွာ**=မြင်ပြီး၍လည်း၊ ယထာဓမ္မံ=တရားသဘောအတိုင်း၊ **နပ္ပဋိကရောတိ**=မပြုပြင် ။ပ။ **ပဋိကရောတိ**=ဒဏ်ထမ်း၍ ဝန်ခံတောင်းပန်မှု ပြု၏၊ ပန=ထို့အပြင်၊ **အစ္စယံ**=ကို၊ **ဒေသန္တဿ**=ဖွင့်ဟဝန်ခံ တောင်းပန်သော၊ (ဖွင့်ဟဝန်ခံကာ ဒဏ်ထမ်းလျက် တောင်းပန်ကန်တော့သော) **ပရဿ**=သူတစ်ပါးအား၊ ယထာဓမ္မံ=တရားသဘောအတိုင်း၊ **နုပ္ပဋိဂ္ဂဏှာတိ**=လက်မခံ၊ ဝါ=သည်းမခံ ခွင့်မလွှတ် ။ပ။ **ပဋိကရောတိ**=ပြုပြင်၏၊ ဝါ=ဒဏ်ထမ်း၍ ဝန်ခံ တောင်းပန်မှုပြု၏၊ **ပဋိဂ္ဂဏှာတိ**=လက်ခံ၏၊ ဝါ=သည်းခံ ခွင့်လွှတ်၏။

### ၅-အယောနိသောသုတ်

၅။ **အယောနိသော**=သင့်လျော်သော အကြောင်းမဟုတ်သောအားဖြင့်၊ **ပဉ္ဠာ**=အမေးပုစ္ဆာပြဿနာကို၊ **ကတ္တာ**=ကြံစည်ပြုလုပ် တတ်သည်၊ **ဟောတိ**=ဖြစ်၏ ။ပ။ **ဝိဿဇ္ဇေတာ**=ဖြေဆိုတတ်သည်၊ **ဟောတိ**=ဖြစ်၏၊ ပန=ထိုမှတစ်ပါး၊ **ပရဿ**=သူတစ်ပါးသည်၊ ဝါ=၏၊ **ယောနိသော**=သင့်လျော်သော အကြောင်းအားဖြင့်၊

