## PAGE 229

နာယူကျင့်သုံးစေ၏ ။ပ။ **ဝစီကမ္မ**= ဝစီကံ၌၊ (မုသာဝါဒစသော ဝစီဒုစ္စရိတ်လေးပါးဟူသော ဝစီကံ၌၊ ဝါ= မိမိပစ္စည်းကို မပေးလို၍ “မရှိဘူး”ဟု လှည့်ပတ် ပြောဆိုမှု ဝစီကံ၌) ။ပ။ **အနနုလောမိကေသု**= သာသနာတော်အား မလျော်ကန်ကုန်သော၊ ဝါ= သာသနာတော်ကို မသင့်လျော်စေကုန်သော။ **ဓမ္မေသု**= မနောကံ တရားတို့၌။ (အဘိဇ္ဈာစသော မနောဒုစ္စရိတ် သုံးပါးဟူသော မနောကံတရားတို့၌၊ ဝါ= မိမိ၏ လွဲမှားစွာ ဟောကြားပြသအပ်သော ကမ္မဋ္ဌာန်းဟူသော မနောကံတရားတို့၌) ။ပ။ **ဗဟုဇနဟိတာယ**= ငှာ၊ [ဧကကနိပါတ် စာပိုဒ် (၁၄ဝ) ကြည့်] ။ပ။ **အနုလောမိကေ**= သာသနာတော်အား လျော်သော၊ ဝါ= သာသနာတော်ကို သင့်လျော်စေသော၊ **ကာယကမ္မ**= ကာယကံ၌၊ (ကာယဒွါရ၌ဖြစ်သော ပါဏာတိပါတာ ဝေရမဏိ စသော ကာယသုစရိတ် သုံးပါး၌) ။ပ။ **ဝစီကမ္မ**= ၌၊ (ဝစီဒွါရ၌ဖြစ်သော မုသာဝါဒါ ဝေရမဏိစသော ဝစီသုစရိတ်လေးပါး၌) ။ပ။ **ဓမ္မေသု**= မနောကံ တရားတို့၌၊ (မနောဒွါရ၌ဖြစ်သော အနဘိဇ္ဈာစသော မနောသုစရိတ်သုံးပါးနှင့် မှန်ကန်သော ကမ္မဋ္ဌာန်းတရားတို့၌)

#### ၂-သာရဏီယသုတ်

**၁၂။ ဘိက္ခဝေ**= တို့၊ **ခတ္တိယဿ**= အမျိုးအားဖြင့် မင်းဖြစ်သော၊ **မုဒ္ဓါဝသိတ္တဿ**= (မင်းတို့၏ အဘိသိက်ရေစင်ဖြင့်) ဦးထိပ်၌ သွန်းဖျန်းအပ်ပြီးသော၊ ဝါ= ဦးထိပ်၌ အဘိသိက်သွန်း၍ မင်းမြှောက်အပ်ပြီးသော၊ **ရညော**= မင်း၏၊ **ယာဝဇီဝံ**= အသက်ထက်ဆုံး၊ **သာရဏီယာနိ**= မမေ့ပျောက်အပ်၊ အမှတ်တရ အရပ်တို့သည်၊ **ဣမာနိ တီဏိ**= ဤသုံးမျိုးတို့သည်၊ **ဘဝန္တိ**= ဖြစ်ကုန်၏။ **ကတမာနိ တီဏိ**= အဘယ်သုံးမျိုးတို့သည်၊ (**ဘဝန္တိ**= ဖြစ်ကုန်သနည်း) **ဘိက္ခဝေ**= တို့၊ **ယသ္မိံ ဒေသေ**= အကြင်အရပ်၌၊ **ခတ္တိယော**= သော၊ **မုဒ္ဓါဝသိတ္တော**= သော၊ **ရာဇာ**= ဘုရင်မင်းသည်၊ **ဇာတော**= မွေးဖွားသည်၊ **ဟောတိ**= ၏။

**ဘိက္ခဝေ**= တို့၊ **ဣဒံ**= ဤမွေးဖွားရာအရပ်သည်၊ **ခတ္တိယဿ**= သော၊ **မုဒ္ဓါဝသိတ္တဿ**= သော၊ **ရညော**= ၏၊ **ပဌမံ**= ရှေးဦးစွာသော၊ **ယာဝဇီဝံ**= ဆုံး၊ **သာရဏီယံ**= မမေ့ပျောက်အပ်၊ အမှတ်တရ အရပ်သည်၊ **ဟောတိ**= ဖြစ်၏။

**ဘိက္ခဝေ**= တို့၊ **ပုန စ ပရံ**= နောက်ထပ်အခြားသော သာရဏီယ တစ်မျိုးကား၊ **ယသ္မိံ ပဒေသေ**= ၌၊ **ခတ္တိယော**= သော၊ **ရာဇာ**= သည်၊ **မုဒ္ဓါဝသိတ္တော**= (အဘိသိက်သွန်း) အပ်သည်၊ ဝါ= အပ်သည်၊ **ဟောတိ**= ၏၊ **ဘိက္ခဝေ**= တို့၊ **ဣဒံ**= ဤအဘိသိက်သွန်း၍ မင်းမြှောက်ရာ

## PAGE 230

အရပ်သည် ။ပ။ **ဒုတိယံ**= နှစ်ခုမြောက်သော၊ **ယာဝဇီဝံ**= ဆုံး၊ **သာရဏီယံ**= သည်၊ **ဟောတိ**= ၏ ။ပ။ **မုဒ္ဓါဝသိတ္တော**= သော၊ **ရာဇာ**= သည်၊ **သင်္ဂါမံ**= စစ်ပွဲကို၊ **အဘိဝိဇိနိတွာ**= အောင်မြင်၍၊ **ဝိဇိတသင်္ဂါမော**= အောင်မြင်အပ်ပြီးသော စစ်ပွဲရှိသည်၊ (ဟုတွာ= ဖြစ်၍) **တမေဝ သင်္ဂါမသီသံ**= ထိုတိုက်ပွဲ၏ စစ်မြေပြင်စခန်းကိုပင်၊ **အဇ္ဈာဝသတိ**= လွှမ်းမိုးသိမ်းပိုက်၍ နေ၏။ **ဘိက္ခဝေ**= တို့၊ **ဣဒံ**= ဤစစ်မြေပြင်စခန်းကို သိမ်းပိုက်ရာအရပ်သည်၊ ဝါ= ဤတိုက်ပွဲအောင်ရာ အရပ်သည် ။

**ဘိက္ခဝေ**= တို့၊ **ဧဝမေဝ**= ဤအတူပင်၊ **ဘိက္ခုဿ**= ရဟန်း၏၊ **ယာဝဇီဝံ**= ဆုံး၊ **သာရဏီယာနိ**= တို့သည်၊ **ဣမာနိ တီဏိ ဘဝန္တိ** ။ပ။

**ဘိက္ခု**= ရဟန်းသည်၊ **ကေသမဿုံ**= ဆံပင်မုတ်ဆိတ်ကို၊ **ဩဟာရေတွာ**= ရိတ်ပယ်၍၊ **ကာသာယာနိ**= ဖန်ရည်ဖြင့် ဆိုးအပ်ကုန်သော၊ ဝါ= ဖန်ရည်ကို သောက်တတ်ကုန်သော၊ **ဝတ္ထာနိ**= အဝတ်သင်္ကန်းတို့ကို၊ **အစ္ဆာဒေတွာ**= ဝတ်ရုံ၍၊ **အဂါရသ္မာ**= အိမ်မှ၊ ဝါ= အိမ်ရာတည်ထောင် လူ့ဘောင်မှ၊ (**နိက္ခမိတွာ**= ထွက်ခွာ၍) **အနဂါရိယံ**= ရဟန်းအဖြစ်သို့၊ (အိမ်၌နေထိုင်မှု လူ့အဆင့်အတန်း မြင့်မားကြီးပွားရေးကို ဆောင်နိုင်သော လယ်လုပ်နွားမွေး ကုန်သွယ်ရေးမရှိရာ ရဟန်းအဖြစ်သို့) **ပဗ္ဗဇိတော**= ဝင်ရောက်သည်၊ [ဒုကနိပါတ် စာပိုဒ် ၂-သုတ်လည်း ကြည့်] **ဟောတိ**= ၏။

**ဘိက္ခဝေ**= တို့၊ **ဣဒံ**= ဤရဟန်းဖြစ်ရာအရပ်သည်၊ **ဘိက္ခုဿ**= ၏၊ **ပဌမံ**= သော ။ပ။

**ဘိက္ခု**= သည်၊ [**ပဇာနာတိ**၌ စပ်] **ဣဒံ**= သည်သာ၊ **ဒုက္ခံ**= ၏၊ [ဒုကနိပါတ် စာပိုဒ် (၄၆) ၌ ကြည့်] **ဣတိ**= ဤသို့၊ (**ဒုက္ခသစ္စံ**= ကို) **ယထာဘူတံ**= စွာ၊ **ပဇာနာတိ**= ထိုးထွင်း၍ သိ၏။ (သဘောလက္ခဏာကို မတွေမဝေ ထိုးထွင်း၍ သိခြင်းဖြင့် သိ၏၊) **အယံ**= သာ၊ **ဒုက္ခသမုဒယော**= ၏၊ **ဣတိ**= သို့၊ (**တဏှာ**= ကို) **ယထာဘူတံ**= စွာ၊ **ပဇာနာတိ**= ၏၊ (သဘော.....၏) နောက် ပဇာနာတိ နှစ်ပုဒ်ကိုလည်း ဤအတိုင်းချည်းဆို] ။ပ။

**ဘိက္ခဝေ**= တို့၊ **ဣဒံ**= ဤသစ္စာလေးပါးကို သိရာ (သောတာပန်ဖြစ်ရာ) အရပ်သည်၊ **ဘိက္ခုဿ**= ၏၊ **ဒုတိယံ**= သော ။ပ။

**ဘိက္ခု**= သည်၊ **အာသဝါနံ**= အာသဝတရားတို့၏၊ **ခယာ**= ကုန်ခန်းခြင်းကြောင့်၊ **အနာသဝံ**= အာသဝမရှိသော၊ **စေတောဝိမုတ္တိံ**= ကိလေသာတို့မှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ် သမာဓိကိုလည်းကောင်း၊ ဝါ= သို့လည်းကောင်း၊ **ပညာဝိမုတ္တိံ**= ကိလေသာတို့မှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကိုလည်းကောင်း၊ ဝါ= သို့လည်းကောင်း၊ **ဒိဋ္ဌိဓမ္မေ**= ယခု တွေ့ကြုံနေရသော အတ္တဘော၌ပင်လျှင်၊ ဝါ= ယခုဘဝ၌ပင်လျှင်၊ **သယံ**= ကိုယ်တိုင်
## PAGE 231

သာလျှင်၊ **အဘိညာ** (အဘိညာယ)-သိ၍၊ **သစ္ဆိကတွာ** = မျက်မှောက်ပြု၍၊ တနည်း - **အဘိညာ** (အဘိညာယ) = ထူးသော ပစ္စဝေက္ခဏာဉာဏ်ဖြင့်၊ **သစ္ဆိကတွာ**-၍။

ပထမနည်း၌ အဘိညာယ၌ တွာပစ္စည်း၏ ကာရိယ“ယ”ကို ချေ၏။ ဒုတိယနည်း၌ နာဝိဘတ်၏ ကာရိယ “ယ”ကိုချေ၏] **ဥပသမ္ပဇ္ဇ** = ရောက်၍၊ **ဝါ** = ရ၍၊ **ဝါ** = ပြီးစီးစေ၍၊ **ဝိဟရတိ** = နေ့၏၊ **ဘိက္ခဝေ** = တို့၊ **ဣဒံ** = ဤအရဟတ္တဖိုလ်သို့ ရောက်ရာ (ရဟန္တာဖြစ်ရာ) အရပ်သည် ။ပ။ **ဘဝန္တိ** = ၏၊ **ဣတိ** (အဝေါစ) ဒုတိယံ။

#### ၃။ အာသံသသုတ်

**၁၃။** **ဘိက္ခဝေ** = တို့၊ **လောကသ္မိံ** = သတ္တလောက၌၊ **တယော** = သုံးဦးကုန်သော၊ **ဣမေ ပုဂ္ဂလာ** = ဤပုဂ္ဂိုလ်တို့သည် သန္တော၌စပ်] **ဝါ** = ဤပုဂ္ဂိုလ်တို့ကို၊ [သံဝိဇ္ဇမာနာ၌စပ်] **သန္တော** = ထင်ရှားရှိကုန်၏၊ **သံဝိဇ္ဇမာနာ** = ရအပ်ကုန်၏၊ **ဝါ** = သိမြင်အပ်ကုန်၏၊ **တယော** = သုံးဦးသော ပုဂ္ဂိုလ်တို့ဟူသည်။

**ကတမေ** = အဘယ်တို့နည်း၊ ရှိရာသော = မျှော်လင့်တောင့်တခြင်း မရှိသောပုဂ္ဂိုလ် လည်းကောင်း၊ [နတ္ထိ အာသာ ပတ္ထနာ ယဿာတိ နိရာသော] **အာသံသော** = မျှော်လင့်တောင့်တနေသော ပုဂ္ဂိုလ်လည်းကောင်း၊ [အာသံသတိ ပတ္ထတိတိ အာသံသော] **ဝိဂတာသော** = ကင်းပြတ်ပြီးသော မျှော်လင့်တောင့်တခြင်းရှိသောပုဂ္ဂိုလ်လည်းကောင်းတည်း၊ **ဘိက္ခဝေ** = တို့၊ **နိရာသော** = မျှော်လင့်တောင့်တခြင်း မရှိသော၊ **ပုဂ္ဂလော** = ပုဂ္ဂိုလ်ဟူသည်၊ **ကတမောစ** = အဘယ်နည်း၊ **ဘိက္ခဝေ** = တို့၊ **ဣဓ** = ဤလောက၌၊ **ဧကစ္စော** = အချို့သော၊ **ပုဂ္ဂလော** = သည်၊ **နီစေ** = နိမ့်ကျသော၊ **ကုလေ** = အမျိုး၌၊ **ပစ္စာဇာတော** = ဖြစ်သည်၊ **ဟောတိ**-ဖြစ်၏၊ **ယတ္ထ** = အကြင်အမျိုး၌၊ [ရှေ့သို့ စာတကြောင်းကျော် လှမ်းကြည့်ပါ]

**ကသိရေန** = ခက်ခဲသဖြင့်၊ **ဃာသစ္ဆာဒေါ** (ဃာသ+အစ္ဆာဒေါ) အစား, အဝတ်ကို၊ **လဗ္ဘတိ** = ရအပ်၏၊ (တာဒိသေ ထိုကဲ့သို့ တွေ့ မြင်အပ်သော) **ဒလိဒ္ဒေ** = ဆင်းရဲသော၊ **အပ္ပန္နပါနဘောဇနေ** = နည်းပါးသော ထမင်းအဖျော်ဘောဇဉ်ရှိသော၊ [အပ္ပ = နည်းပါးသော + အန္န = ထမင်း + ပါန = အဖျော်] **ကသိရဝုတ္တိကေ** = ဆင်းရဲသဖြင့် အသက်မွေးရခြင်း ရှိသော၊ **စဏ္ဍာလကုလေ ဝါ** = ဒွန်းစဏ္ဍား သူတောင်းစားမျိုး၌သော်လည်းကောင်း၊ **ဝေနကုလေ ဝါ** = နှီးအလုပ်သမား အမျိုး၌သော်လည်းကောင်း၊ (ဝါးကြိမ်စသော နှီးတို့ဖြင့် ဖျာ, စကော, တောင်းစသည် ရက်လုပ်သော အမျိုး၌သော်လည်းကောင်း) **နေသာဒကုလေ ဝါ** = မုဆိုးတံငါ အမျိုး၌

