## PAGE 235

**ပဋိညာ** = ရဟန်းဟု ဝန်ခံခြင်းရှိသည်၊ **အဗြဟ္မစာရီ** = မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူ မဟုတ်ပါဘဲလျက်၊ **ဗြဟ္မစာရီပဋိညာ** = မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူဟု ဝန်ခံခြင်း ရှိသည်၊ **အန္တောပူတိ** = အတွင်း၌ ညစ်ပုပ်သော မကောင်းမှုရှိသည်၊ **ဝါ** = ဂုဏ်အနှစ်ကင်းယုတ်, အတွင်း၌ ပုပ်သည်၊ **အဝသုတော** = ရာဂစသည်တို့ဖြင့် ရွှဲရွှဲစိုသည်၊ **ကသမ္ဗုဇာတော** = ဖြစ်ပွားနေသော ရာဂစသော အမှိုက်ရှိသည်၊ **ကသမ္ဗု** = အမှိုက်၊ **ဝါ** = စိုစွတ်သော အမှိုက်ပုပ်ရေကဲ့သို့ ဖြစ်နေသည်၊ **ဟောတိ** = ဖြစ်၏၊ **သော** = ထိုဒုဿီလ ပုဂ္ဂိုလ်သည်၊ **သုဏာတိ** = ကြား၏၊ (**ကိန္တိ** = သို့၊ **သုဏာတိ** = မူ) **ဣတ္ထန္နာမော** = သော၊ **ဘိက္ခု** = သည် ။ပ။

**ဝိဟရတိ ကိရ** = နေသတဲ့၊ **ဣတိ** = သို့၊ (**သုဏာတိ** = ၏) **တ** = ထိုဒုဿီလ ပုဂ္ဂိုလ်မှာ ။ **အဟမ္ပိ** = ငါလဲပဲ။ပ။ **ဝိဟရိဿာမိ** = နေရအံ့နည်း၊ **ဣတိ** = သည်၊ (**န ဟောတိ**)

**ဘိက္ခဝေ** = တို့၊ **အဟံ** = ဤဒုဿီလပုဂ္ဂိုလ်ကို ။ပ။

**ဘိက္ခဝေ** = တို့၊ **ဣဓ** = ဤသာသနာတော်၌၊ **ဘိက္ခု** = သည်၊ **သီလဝါ** = သီလရှိသည်၊ **ကလျာဏဓမ္မော** = ကောင်းသောသဘောရှိသည်၊ **ဟောတိ** = ၏၊ **သော** = ထိုသီလရှိသော ရဟန်းသည် ။ပ။ **တဿ** = ထိုသီလရှိသော ရဟန်းမှာ ။ပ။ **အယံ** = ဤသီလရှိသော ရဟန်းကို ။ပ။

**ဘိက္ခု** = သည်၊ **အရဟံ** = ကိလေသာတို့မှ ဝေးကွာသည်၊ **ခီဏာသဝေါ** = ကုန်ခန်းပြီးသော အာသဝရှိသော ရဟန္တာပုဂ္ဂိုလ်သည်၊ **ဟောတိ** = ၏၊ **သော** = ထိုရဟန္တာပုဂ္ဂိုလ်သည် ။ပ။ **တံ** = ထိုသို့ ကြံစည်စိတ်ကူးမှု မဖြစ်ပေါ်ခြင်းသည်၊ **တိဿ ဟေတု** = မူ၊ **ဘိက္ခဝေ** = တို့၊ **ဟိ (ယသ္မာ)** = အကြင့်ကြောင့်၊ **ပုဗ္ဗေ** = ၌၊ **အဝိမုတ္တဿ** = ကိလေသာတို့မှ မလွတ်မြောက်သေးသော၊ **အဿ** = ထိုရဟန်း၏၊ **ယာ ဝိမုတ္တာသာ** = အကြင်ကိလေသာတို့မှ လွတ်မြောက်မှု၌ လိုလားတောင့်တခြင်းသည်၊ (**အတ္ထိ**) **သာ (ဝိမုတ္တာသာ)** = ထိုကိလေသာတို့မှ လွတ်မြောက်မှု၌ လိုလားတောင့်တခြင်းသည်၊ **ပဋိပ္ပဿဒ္ဓါ** = ငြိမ်းပျောက်လေပြီ၊ (**ဣတိ** = ထို့ကြောင့်ပေတည်း) **ဘိက္ခဝေ** = တို့၊ **အယံ** = ဤရဟန္တာပုဂ္ဂိုလ်ကို ။ပ။

#### ၄-စက္ကဝတ္တိသုတ်

**၁၄။ ဘိက္ခဝေ** = တို့၊ **စက္ကဝတ္တီ** = စကြဝတေးဖြစ်သော၊ **ဝါ** = အာဏာစက်ကို လည်စေတတ်သော၊ **ဝါ** = စကြာရတနာကို လည်စေတတ်သော၊ **ဓမ္မိကော** = ကုသိုလ်ကမ္မပထတရား ဆယ်ပါးရှိသော၊ **ဝါ** = စကြဝတေးမင်းတို့၏ ကျင့်ဝတ်

## PAGE 236

တရားဆယ်ပါး ရှိသော၊ **ဓမ္မရာဇာ** = တရားမင်းဖြစ်သော၊ **ဝါ** = စကြဝတေးမင်း၏ ကျင့်ဝတ်တရားဆယ်ပါးဖြင့် မင်းဖြစ်သော၊ **ယောပိ သော ရာဇာ** = အကြင်မင်းသည်လည်း၊ (**အတ္ထိ** = ရှိ၏) **သောပိ ရာဇာ** = ထိုစကြဝတေးမင်း တရားသော်မှလည်း၊ **အရာဇကံ** = အခြားသော မှီခိုအားထားရာ ဘုရင်မင်း မရှိဘဲ၊ **စက္ခုံ** = အာဏာစက်ကို၊ **ဝါ** = စကြာရတနာကို၊ **န ဝတ္တေတိ** = မလည်စေနိုင်၊ **ဣတိ** = ဤသို့၊ (**အဝေါစ** = မိန့်တော်မူပြီ) **ဧဝံ** = ဤသို့၊ **ဝုတ္တေ** = မြတ်စွာဘုရား မိန့်တော်မူအပ်လသော်၊ **အညတရော** = တပါးသော၊ **ဘိက္ခု** = ရဟန်းသည်၊ **ဘဂဝန္တံ** = မြတ်စွာဘုရားကို၊ **ဧတံ** = ဤစကားကို၊ **အဝေါစ** = လျှောက်ပြီ၊ (**ကိန္တိ** = အဘယ်သို့၊ **အဝေါစ** = လျှောက်သနည်းဟူမူ) **ဘန္တေ** = အရှင်ဘုရား၊ **စက္ကဝတ္တိဿ** = စကြဝတေးဖြစ်သော၊ **ဝါ** = အာဏာစက်ကို လည်စေတတ်သော၊ **ဝါ** = သော၊ **ဓမ္မိကဿ** = သော၊ **ဓမ္မရညော** = ဘုရင်မင်းတရား ဖြစ်သော၊ **ရညော** = မင်း၏၊ **ရာဇာ** = အခြားသော မှီခိုအားထားရာ ဘုရင်မင်းဟူသည်၊ **ကော ပန** = အဘယ်ပါနည်း၊ **ဣတိ** = သို့၊ (**အဝေါစ** = မေးလျှောက်ပြီ)

**ဘိက္ခု** = ရဟန်း၊ (**ရာဇာ** = အခြားသော မှီခိုအားထားရာ ဘုရင်မင်းဟူသည်) **ဓမ္မော** = ကုသိုလ်ကမ္မပထ တရားဆယ်ပါးတည်း၊ **ဣတိ** = ဤသို့၊ **ဘဂဝါ** = မြတ်စွာဘုရားသည်၊ **အဝေါစ** = မိန့်တော်မူပြီ။

**ဘိက္ခု** = ရဟန်း၊ **ဣဓ** = ဤလောက၌၊ **စက္ကဝတ္တိ** = သော၊ **ဓမ္မိကော** = သော၊ **ဓမ္မရာဇာ** = သော၊ **ရာဇာ** = မင်းသည်၊ **ဓမ္မံယေဝ** = ကုသိုလ်ကမ္မပထတရား ဆယ်ပါးကိုသာလျှင်၊ **နိဿာယ** = မှီခို၍၊ **ဓမ္မံဧဝ** = ကုသိုလ်ကမ္မပထ တရားဆယ်ပါးကို

**၁။ ဓမ္မရာဇာ။**

။ **ဓမ္မရာဇာ**ပုဒ်၌ ဓမ္မအရ အဋ္ဌကထာ၌ စကြဝတေးမင်း၏ ကျင့်ဝတ်တရား ဆယ်ပါးကိုယူ၍ ဋီကာ၌မူ ကုသိုလ်ကမ္မပထတရား ဆယ်ပါးကိုလည်း ယူသေး၏၊ **ဓမ္မေန ဇာတော ရာဇာ ဓမ္မရာဇာ** (ထိုတရား ဆယ်ပါးဖြင့် ဖြစ်သောမင်း) ဟု အဋ္ဌကထာ အလို ဝိဂြိုဟ် ပြုပါ၊ ထိုတရား ဆယ်ပါးဖြင့် မင်းအဖြစ်သို့ ရောက်သောမင်းဟု ဆိုလို၏။

(တနည်း) **ရဉ္ဇေတီတိ ရာဇာ**၊ **ဓမ္မေန ရာဇာ ဓမ္မရာဇာ** = ကုသိုလ်ကမ္မပထ တရားဆယ်ပါးဖြင့် (**ဝါ** = စကြဝတေးမင်း၏ ကျင့်ဝတ်တရား ဆယ်ပါးဖြင့်) တလောကလုံးကို နှစ်သက်စေတတ်သော ပုဂ္ဂိုလ်ဖြစ်သော။

(တနည်း) **ဓမ္မေန ဉာယေန လဒ္ဓေါ ရာဇာ ရာဇဘာဝေါ ယဿာတိ ဓမ္မရာဇာ** = တရားနည်းလမ်းဖြင့် ရအပ်သော မင်းအဖြစ် ရှိသော၊ **ဝါ** = တရားနည်းလမ်းဖြင့် မင်းအဖြစ်ကိုရသော။ ဤသို့လည်း ဝိဂြိုဟ်နက် အမျိုးမျိုး ဆိုနိုင်သေး၏။
## PAGE 237

သာလျှင်၊ **သက္ကရောန္တော**=ရိုသေသမှ ကောင်းစွာပြုလျက်၊ **ဓမ္မံဝေ**=ကိုသာလျှင်၊ **ဂရုံကရောန္တော**=ကျောက်ထီးတန္တု အလေးဂရုပြုလျက်၊ **ဓမ္မံဧဝ**=လျှင်၊ **အပစာယမာနော**=ရိုသေတုပ်ကွ ဦးနှိမ်ချလျက်၊ **ဓမ္မဒ္ဓဇော**=ကုသိုလ်ကမ္မပထတရားဆယ်ပါးဟူသော ... အောင်လံရှိလျက်၊ **ဓမ္မကေတု**=ကုသိုလ်ကမ္မပထတရားဆယ်ပါးဟူသော တံခွန်ရှိလျက်၊ **ဓမ္မာဓိပတေယျော**=ကုသိုလ် .....ပါးဟူသောအကြီးအကဲမှ ရောက်လာလျက်၊

[**ဓမ္မောယေဝ အဓိပတိ ဓမ္မာဓိပတိ၊ ဓမ္မာဓိပတိတော အာဂတော ဓမ္မာဓိပတေယျော။** ဤအနက်ဖြင့် ရှေးဘဝတုန်းကကုသိုလ်ကမ္မပထ တရားဆယ်ပါးကို အကြီးအကဲအရာထားကာ ရိုသေစွာဖြည့်ကျင့်ဆည်းပူးခဲ့သည် အဖြစ်ကိုပြ၏]

ဝါ=ကုသိုလ်ကမ္မပထ တရားဆယ်ပါးဟူသော အကြီးအကဲရှိလျက်၊ [**အဓိပတိယေဝ အာဓိပတေယျော၊ ဓမ္မောအာဓိပတေယျော ယဿာတိ ဓမ္မာဓိပတေယျော။** ဤအနက်ဖြင့် ရပ်ခြင်းထိုင်ခြင်းစသည်တို့၌ ထိုကုသိုလ်ကမ္မပထ တရားဆယ်ပါး၌ ညွတ်ယိမ်းကိုင်းရှိုင်းကြောင်းပြ၏]

**အန္တောဇနသ္မိံ**=အတွင်းလူဖြစ်သော သားမယား စသည်၌၊ **ဓမ္မိကံ**=တရားရှိသော၊ **ရက္ခာ+အာဝရဏ+ဂုတ္တိ**=အစောင့်အရှောက်တရား+အကာအကွယ် ပေးကမ်းဖွယ်နှင့်+ဘေးဥပဒ် လုံခြုံစေရေးကို၊ [အကျဉ်းချုပ်အနက်သာတည်း၊ ပုဒ်ဖြတ်လက္ခဏာကို ကြည့်၍ သူ့ပုဒ်နှင့် သူ့ အနက် တွဲဖက်၍ မှတ်ပါ]

ဝါ=မျက်မှောက်တမလွန် အကျိုးမဲ့မှ စောင့်ရှောက်တတ်သော သီလ ခန္တိအစရှိသော တရား+အချမ်းအပူ စသည်ကို ကာကွယ်တားဆီးတတ်သောနေစရာအိမ်, အဝတ်အထည်, ပန်းနံ့သာ စသည်နှင့်+သူခိုး ဓားပြစသောဘေးဥပဒ်အားလုံးမှ လုံခြုံစေခြင်းကိစ္စကို၊ **သံဝိဒဟတိ**=ကောင်းစွာ စီစဉ်၏။

[သားမယား စသည်တို့ကို သီလခန္တိစသော ကုသိုလ်(ရက္ခာ) တရားတို့၌တည်မြဲစေ၏။ နေစရာအိမ်နှင့် အဝတ်အထည် ပန်းနံ့သာ စသည် (အာဝရဏ)တို့ကိုလည်း ပေး၏။ ဘေးဥပဒ်လုံခြုံရေး (ဂုတ္တိ)ကိုလည်း စီစဉ်ပေး၏ဟူလို]

**ဘိက္ခု**=ရဟန်း၊ **ပုနစပရံ**=နောက်ထပ်အခြားသော ဓမ္မိကရက္ခာဝရဏဂုတ္တိကား ။ပ။ **ဓမ္မာဓိပတေယျော**=လျက်၊ **ခတ္တိယေသု** အဘိသိက်ခံပြီးသောလက်အောက်ခံ မင်းတို့၌၊ **ဓမ္မိကံ**=သော၊ **ရက္ခာဝရဏဂုတ္တိ**=အစောင့်အရှောက်တရား, အကာအကွယ် ပေးကမ်းဖွယ်နှင့် ဘေးဥပဒ် လုံခြုံစေရေးကို၊ ဝါ=မျက်မှောက်တမလွန် အကျိုးမဲ့မှ စောင့်ရှောက်တတ်သော သီလခန္တိ အစရှိသောတရား+သွားလာရေး စသည်တို့၌ အခက်အခဲကို ကာကွယ်တားဆီးတတ်သော

