## PAGE 238

အာဇာနည် မြင်း ရတနာ စသည်နှင့်+ဘေးဥပဒ်အားလုံးမှ လုံခြုံစေခြင်းကိစ္စကို၊ **သံဝိဒဟတိ**-၏၊ [**ခတ္တိယေသု** ။ပ။ ဟူ၍ ပေယျာလ ရှိသင့်၏။ ပေယျာလကိုဖော်၍ အနက်ပြန်ဆိုမည်]

**ဘိက္ခု**=ရဟန်း၊ **ပုန စ ပရံ**=နောက်ထပ်အခြားသောဓမ္မိကရက္ခာ ဝရဏဂုတ္ထိကား၊ **စက္ကဝတ္တိ**=သော၊ **ဓမ္မိကော**=သော၊ **ဓမ္မရာဇာ**=သော၊ **ရာဇာ**=သည်၊ **ဓမ္မံယေဝ**=သာလျှင်၊ **နိဿာယ**=မှီ၍ ။ပ။ **ဓမ္မာဓိပတေယျော**=လျက်၊ **အနုယန္တေသု**=အဘိသိက်မခံရသော နောက်လိုက်မင်းတို့၌၊ **ဓမ္မိကံ**=သော၊ **ရက္ခာဝရဏဂုတ္တိ** =..... ခြုံစေရေးကို၊ ဝါ=မျက်မှောက်.....တရား+ သွားလာရေးစသည်တို့၌ အခက်အခဲကို ကာကွယ်တားဆီးတတ်သော ယာဉ်ရထားစသည်နှင့် +ဘေးဥပဒ်....ကိစ္စကို၊ **သံဝိဒဟတိ**=၏။

**ဘိက္ခု**=ရဟန်း၊ **ပုန စ ပရံ**=ကား၊ **စက္ကဝတ္တိ**-သော ။ပ။ **ဓမ္မာဓိပတေယျော**=လျက်၊ **ဗလကာယသ္မိံ**=စစ်သည်ဗိုလ်ပါ မှူးမတ်အပေါင်း၌၊ **ဓမ္မိကံ**=သော၊ **ရက္ခာဝရဏဂုတ္တိ** =ရေးကို၊ ဝါ=မျက်မှောက်......တရား+စားဝတ်နေရေးအခက်အခဲကို ကာကွယ်တားဆီးတတ်သော ထမင်းရိက္ခာ လစာငွေစသည်နှင့်+ဘေး......ကိစ္စကို၊ **သံဝိဒဟတိ**=၏၊

**ဘိက္ခု**=ရဟန်း၊ **ပုန စ ပရံ**=ကား၊ **စက္ကဝတ္တိ**-သော။ပ။ **ဓမ္မာဓိပတေယျော**=လျက်၊ **ဗြာဟ္မဏဂဟပတိကေသု**=ပုဏ္ဏား,အိမ်ပိုင်ရှင် လူတန်းစားတို့၌၊ **ဓမ္မိကံ**=သော၊ **ရက္ခာဝရဏဂုတ္တိ**=ရေးကို၊ ဝါ=မျက်မှောက် ...တရား+စားဝတ်နေရေး အခက်အခဲကို ကာကွယ်တားဆီးတတ်သော စားဖွယ်, သောက်ဖွယ်, အဝတ်, မျိုးစပါး, ထွန်နွားစသည်နှင့်+ဘေး.....ကိစ္စကို၊ **သံဝိဒဟတိ**=၏၊ [စားသောက်ဖွယ်နှင့် အဝတ်တို့ကားဗြာဟ္မဏနှင့် ဆိုင်၏။ မျိုးစပါး ထွန်နွားကား ဂဟပတိကနှင့် ဆိုင်၏]

**ဘိက္ခု**=ရဟန်း၊ **ပုန စ ပရံ**=ကား၊ **စက္ကဝတ္တိ**=သော ။ပ။ **ဓမ္မာဓိပတေယျော**=လျက်၊ **နေဂမဇာနပဒေသု**=နိဂုံးနေ လူထု,ဇနပုဒ်နယ်ပယ်နေလူထုတို့၌၊ **ဓမ္မိကံ**=သော၊ **ရက္ခာဝရဏဂုတ္တိ**=ရေးကို၊ ဝါ=မျက်.....တရား+စားဝတ်....ဆီးတတ်သော မျိုးစပါး ထွန်နွားစသည်နှင့်+ဘေး....စ္စကို၊ **သံဝိဒဟတိ**=၏၊

**ဘိက္ခု**=ရဟန်း၊ **ပုန စ ပရံ**=ကား ။ပ။ **သမဏဗြာဟ္မဏေသု**=မကောင်းမှုတို့ကို ငြိမ်းစေတတ်သော ရဟန်း, မကောင်းမှုတို့ကို ပယ်ရှားမျောသွားစေတတ်သော သူတော်ကောင်းတို့၌၊ **ဓမ္မိကံ**=သော၊ **ရက္ခာဝရဏဂုတ္တိ**=ရေးကို၊ ဝါ-မျက်မှောက်.....တရား+ရဟန်းတို့ဆိုင်ရာ အခက်အခဲကိုကာကွယ်တားဆီးတတ်သော ရဟန်းပရိက္ခာရာနှင့်+ဘေး.....စ္စကို၊ **သံဝိဒဟတိ**=၏၊

**ဘိက္ခု**=ရဟန်း၊ **ပုန စ ပရံ**=ကား ။ပ။ **မိဂပက္ခိသု**=သားကောင်နှင့်

## PAGE 239

ငှက်တို့၌၊ **ဓမ္မိကံ**=သော၊ **ရက္ခာဝရဏဂုတ္တိ**=ဘေးဥပဒ်အားလုံးမှ စောင့်ရှောက်ခြင်း, ကာကွယ်ခြင်း, လုံခြုံစေခြင်းကိစ္စကို၊ **သံဝိဒဟတိ**=၏။

**ဘိက္ခု**=ရဟန်း၊ **စက္ကဝတ္တိ**=သော၊ **ဓမ္မိကော**=သော၊ **ဓမ္မရာဇာ**=သော၊ **သ သော ရာဇာ**=ထိုမင်းသည်၊ **ဓမ္မံယေဝ**=သာလျှင်၊ **နိဿာယ**-မှီ၍ ။ပ။ **အန္တောဇနသ္မိံ**=၌၊ **ဓမ္မိကံ**=သော၊ **ရက္ခာဝရဏဂုတ္တိ**=ကို၊ **သံဝိဒဟိတွာ**=ကောင်းစွာ စီစဉ်၍လည်းကောင်း၊ **ခတ္တိယေသု**=တို့၌၊ **ဓမ္မိကံ**=သော၊ **ရက္ခာဝရဏဝုတ္တိ**=ကို၊ **သံဝိဒဟိတွာ**=၍လည်းကောင်း၊ **အနုယန္တေသု**=တို့၌၊ **ဓမ္မိကံ**=သော၊ **ရက္ခာဝရဏဂုတ္တိ**=ကို၊ **သံဝိဒဟိတွာ**=လည်းကောင်း ။ပ။ **မိဂပက္ခိသု**=တို့၌၊ **ဓမ္မိကံ**=သော၊ **ရက္ခာဝရဏဂုတ္တိ**=ကို၊ **သံဝိဒဟိတွာ**=လည်းကောင်း၊ **ဓမ္မေနေဝ**=ကုသိုလ်ကမ္မပထတရား ဆယ်ပါးဖြင့်သာလျှင်၊ **စက္ကံ**=အာဏာစက်ကို၊ **ဝတ္တေတိ**=လည်စေ၏။

**တံ စက္က**=ထိုလည်စေအပ်သော အာဏာစက်ကို၊ ဝါ-သည်၊ **ကေနစိ**=တစုံတယောက်သော၊ ဝါ=တဦးဦးသော၊ **မနုဿဘူတေန**- လူသားဖြစ်သော၊ **ပစ္စတ္ထိကေန**=ရန်သူဖြစ်သော၊ ဝါ=ဆန့်ကျင်ဘက်လိုလားသူဖြစ်သော၊ **ပါဏိနာ**=သတ္တဝါသည်၊ **အပ္ပဋိဝတ္တိယံ**=ပြောင်းပြန်မလည်စေနိုင်သည်၊ ဝါ=မဟန့်တား မကန့်ကွက်နိုင်သည်၊ **ဟောတိ**=၏။

**ဘိက္ခု**=ရဟန်း၊ **ဧဝမေဝ**-ဤအတူပင်၊ **အရဟံ**=ကိလေသာရန်သူတို့ကိုပယ်သတ်တော်မူပြီးသော၊ ဝါ= လူနတ်ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ရှိခိုးဦးခိုက်ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊ **သမ္မာသမ္ဗုဒ္ဓေါ**=အမှားမပါ, မှန်စွာပိုင်နိုင်,ကိုယ်တိုင်စထွင်, ကုန်စင်ခပင်း, ကျန်ကြွင်းမရှိ, သိမြင်တော်မူသော၊ **ဓမ္မကော**=ကိုးပါးသော လောကုတ္တရာ တရားရှိတော်မူသော၊ **ဓမ္မရာဇာ**=တရားမင်းဖြစ်တော်မူသော၊ ဝါ=ကိုးပါးသော လောကုတ္တရာတရားဖြင့် သတ္တဝါအများကိုအားရနှစ်သက်စေတော်မူသော၊ **တထာဂတော**=မြတ်စွာဘုရားသည်၊ **ဓမ္မံယေဝ**=ကိုးပါးသော လောကုတ္တရာတရားကိုသာလျှင်၊ **နိဿာယ**=မှီ၍၊ **ဓမ္မံယေဝ**=ကိုးပါးသော လောကုတ္တရာ တရားကိုသာလျှင်၊ **သက္ကရောန္တော**-ရိုသေသမှု ကောင်းစွာပြုလျက် ။ပ။ **ဓမ္မံယေဝ**=လျှင်၊ **အပစာယမာနော**=အရိုအသေပြုလျက်၊ **ဓမ္မဒ္ဓဇော**=ကိုးပါးသော လောကုတ္တရာ တရားဟူသော အောင်လံရှိလျက်၊ **ဓမ္မကေတု**=ကိုးပါး.....ဟူသော တံခွန်ရှိလျက်၊ **ဓမ္မာဓိပတေယျော**=ကိုးပါး.....ဟူသောအကြီးအကဲရှိလျက်၊ ဝါ=ကိုးပါးသော လောကုတ္တရာတရားကို အကြီးအကဲအရာ၌ထားလျက်၊

“**ဧဝရူပံ**-ဤသို့ မှီဝဲသင့်သော သဘောရှိသော၊ **ကာယကမ္မံ**=(ကာယသုစရိတ် သုံးပါးဟူသော) ကုသိုလ်ကာယကံကို၊ **သေဝိတဗ္ဗ**=
## PAGE 240

#### ၄-ဓမ္မရာဇသုတ်

**မှီဝဲရမည်**၊ **ဧဝရူပံ**=ဤသို့ မမှီဝဲသင့်သော သဘောရှိသော။ **ကာယကမ္မံ**=(ကာယဒုစ္စရိတ်သုံးပါး ဟူသော) အကုသိုလ်ကာယကံကို၊ **န သေဝိတဗ္ဗံ**=မမှီဝဲရ၊ **ဣတိ**=ဤသို့၊ **ကာယကမ္မသ္မိံ**=ကာယကံ၌၊ **ဓမ္မိကံ**=လောကီလောကုတ္တရာတရားကို ပေးတတ်သော၊ **ရက္ခာဝရဏဂုတ္တိ**=စောင့်ရှောက်တတ်, ကာကွယ်တတ်, လုံခြုံစေတတ်သော တရားဒေသနာ အမိန့်အာဏာကို၊ **သံဝိဒဟတိ**=စီစဉ်မိန့်မှတ် ပညတ်တော်မူ၏။

**ဘိက္ခု**=ရဟန်း၊ **ပုန စ ပရံ**=နောက်ထပ်အခြားသော ဓမ္မိကရက္خာဝရဏဂုတ္တိကား ။ပ။ **ဧဝရူပံ**=ဤသို့ မှီဝဲသင့်သော သဘောရှိသော၊ **ဝစီကမ္မံ**=(ဝစီသုစရိတ်လေးပါးဟူသော) ကုသိုလ်ဝစီကံကို၊ **သေဝိတဗ္ဗံ**=ရမည်၊ **ဧဝရူပံ**=ဤသို့ မမှီဝဲသင့်သော သဘောရှိသော၊ **ဝစီကမ္မံ**=(ဝစီဒုစ္စရိတ် လေးပါးဟူသော) အကုသိုလ်ဝစီကံကို၊ **န သေဝိတဗ္ဗံ**=မမှီဝဲရ၊ **ဣတိ**=ဤသို့၊ **ဝစီကမ္မသ္မိံ**=ဝစီကံ၌၊ **ဓမ္မိကံ**=လောကီလောကုတ္တရာတရားကို ပေးတတ်သော၊ **ရက္ခာဝရဏဂုတ္တိ**=ကို၊ **သံဝိဒဟတိ**=၏၊ **ဘိက္ခု**=ရဟန်း၊ **ပုန စ ပရံ**=ကား ။ပ။ **ဧဝရူပံ**=သော၊ **မနောကမ္မံ**=(မနောသုစရိတ်သုံးပါးဟူသော) ကုသိုလ်မနောကံကို၊ **သေဝိတဗ္ဗံ**=မည်၊ **ဧဝရူပံ**=သော၊ **မနောကမ္မံ**=(မနောဒုစ္စရိတ်သုံးပါးဟူသော) အကုသိုလ်မနောကံကို၊ **န သေဝိတဗ္ဗံ**=ရ၊ **ဣတိ**=သို့၊ **မနောကမ္မသ္မိံ**=မနောကံ၌၊ **ဓမ္မိကံ**=သော၊ **ရက္ခာဝရဏဂုတ္တိ**=ကို၊ **သံဝိဒဟတိ**=၏။

**ဘိက္ခု**=ရဟန်း၊ **အရဟံ**=သော ။ပ။ **ဓမ္မရာဇာ**=သော၊ **သ သော တထာဂတော**=ထိုမြတ်စွာဘုရားသည်၊ **ဓမ္မံယေဝ**=လျှင် ။ပ။ **ဓမ္မာဓိပတေယျော**=လျက်၊ **ကာယကမ္မသ္မိံ**=၌၊ **ဓမ္မိကံ**=သော၊ **ရက္ခာဝရဏဂုတ္တိ**=ကို၊ **သံဝိဒဟိတွာ**=စီစဉ်မိန့်မှတ်, ပညတ်တော်မူ၍လည်းကောင်း၊ **ဝစီကမ္မသ္မိံ**=၌၊ **ဓမ္မိကံ**=သော၊ **ရက္ခာဝရဏဂုတ္တိ**=ကို၊ **သံဝိဒဟိတွာ**=လည်းကောင်း ။ပ။ ၊ **ဓမ္မေနေဝ**=ကိုးပါးသော လောကုတ္တရာတရားဖြင့်သာလျှင်၊ **အနုတ္တရံ**=မိမိထက် ထူးကဲသာလွန် မွန်မြတ်သော ဓမ္มစက် မရှိသော၊ **ဝါ**=သာလွန်မွန်မြတ်ဆုံး ဖြစ်သော၊ **ဓမ္မစက္ကံ**=ဓမ္မစက်ကို၊ **ဝါ**=မြတ်သော တရားဒေသနာ စကြာစက်ဝန်းကို၊ [ပဉ္စကနိပါတ် စာပိုဒ်(၁၃၁) သုတ်လည်းကြည့်] **ပဝတ္တေတိ**=အဆက်မပြတ် ဖြစ်စေတော်မူ၏၊ **ဝါ**=လည်စေတော်မူ၏၊ **တံ စက္ကံ**=ထိုဓမ္မစက်ကို၊ **ဝါ**=သည်၊ **သမဏေန ဝါ**=ရဟန်းသည်လည်းကောင်း၊ **ဗြာဟ္မဏေန ဝါ**=ပုဏ္ဏားသည်လည်းကောင်း၊ **ဒေဝေန ဝါ**=ကာမာဝစရနတ်သည်လည်းကောင်း၊ **မာရေန ဝါ**=မာရ်နတ်သည်လည်းကောင်း၊ **ဗြဟ္မုနာ ဝါ**=ဗြဟ္မာသည်လည်းကောင်း၊ **လောကသ္မိံ**=သတ္တလောက၌၊ **ကေနစိ ဝါ**

