## PAGE 244

**သဝင်္ကတ္တာ**=ရှိသည်အဖြစ်ကြောင့်၊ [ဧကဝုစ်] ။ပ။ **သကသာဝတ္တာ**=ကြောင့်၊ **ပဝတ္တိတံ**=လှိမ့်အပ်သည် ။ပ။ **ဒေဝ**=မြတ်၊ **ယံ ပန တံ စက္ကံ**=ကိုကား ။ပ။ **နေမိပိ**သည်လည်း၊ **အဝင်္ကာ**=အကွေးအကောက်မရှိ၊ **အဒေါသာ**=အဖုအထစ် အပြစ်မရှိ။ ပ။ **အရာပိ**=တို့သည်လည်း၊ **အဝင်္ကာ**=အကွေးအကောက် မရှိကုန်၊ **အဒေါသာ**=ကုန်၊ **နာဘိပိ**=သည်လည်း၊ **အဝင်္ကာ**=မရှိ ။ပ။ **တံ**=ထိုရထားဘီးသည်၊ **နေမိယာပိ**၏လည်း၊ **အဝင်္ကတ္တာ**=အကွေးအကောက်မရှိသည်အဖြစ်ကြောင့် ။ပ။ **အရာနမ္ပိ**=တို့၏လည်း၊ **အဝင်္ကတ္တာ**=အကွေးအကောက်မရှိကုန်သည် အဖြစ်ကြောင့် ။ပ။ **အဋ္ဌာသိ**=ပြီ၊ **ဣတိ**(အဝေါစ=သံတော်ဦးတင်ပြီ)

**ဘိက္ခဝေ**=တို့၊ **သိယာ**=မချွတ်ဧကန် အမှန်ပင်၊ **တုမှာကံ**=သင်တို့မှာ၊ **ခေါ** **ဧဝံ**=ဤသို့ တွေးတောခြင်းသည်၊ **အဿ**=ဖြစ်နိုင်ပေ၏၊ (**ကိန္တိ**=သို့၊ **အဿ**=ဟူမူ) **တေန သမယေန**=ထိုသစေတနမင်း၏ လက်ထက်အချိန်အခါ၌၊ **သော ရထကာရော**=ထိုရထားလုပ်သော ဆရာသည်၊ **အညော**=ငါဘုရားမှ အခြားသောသူသည်၊ **အဟောသိ နူန**=ဖြစ်ခဲ့လေရာ၏၊ **ဣတိ**=သို့ (**အဿ**=ဖြစ်နိုင်ပေ၏)

**ဘိက္ခဝေ**=တို့၊ **ပန**=ထိုသို့ တွေးတောနိုင်သော်လည်း၊ **ဧတံ**=ဤရထားဆရာ၏ ဘဝဇာတ်ကြောင်းကို၊ **ဧဝံ**-ဤသင်တို့ တွေးတောသည့်အတိုင်း၊ **န** **ဒဋ္ဌဗ္ဗံ**=မမှတ်သင့်သည်သာ၊ **အဟံ**=ငါဘုရားသည်၊ **တေန သမယေန**=ထိုသစေတနမင်း၏ လက်ထက်အခါ၌၊ **သော ရထကာရော**=သည်၊ **အဟောသိ**=ဖြစ်ခဲ့ပြီ၊

**ဘိက္ခဝေ**=တို့၊ **အဟံ**=သည်၊ **တဒါ**=ထိုရထား ဆရာ ဖြစ်စဉ်အခါ၌၊ **ဒါရုဝင်္ကာနံ*** =သစ်သားအကောက်တို့၌လည်းကောင်း၊ **ဒါရုဒေါသာနံ**=သစ်သား၏ အဖုအထစ် အပြစ်အနာအဆာ တို့၌လည်းကောင်း၊ **ဒါရုကသာဝါနံ**=သစ်သားအဆွေးအကာတို့၌လည်းကောင်း၊ **ကုသလော**=ခွဲခြားသိမြင် ကျွမ်းကျင်၏။

**ဘိက္ခဝေ**=တို့၊ **ဧတရဟိ**=ဘုရားဖြစ်ရာ ယခုအခါ၌၊ **အရဟံ**= ကိလေသာတို့မှ ဝေးကွာတော်မူသော၊ **သမ္မာသမ္ဗုဒ္ဓေါ**=အမှားမပါ, မှန်စွာပိုင်နိုင်, ကိုယ်တိုင်စထွင်, ကုန်စင်ခပင်း, ကျန်ကြွင်းမရှိ, သိမြင်တော်မူသော၊ **အဟံ** ငါသည်၊ **ကာယဝင်္ကာနံ**= ကိုယ်အကောက်တို့၌လည်းကောင်း၊ **ဝါ**=ကာယဒွါရ၌ဖြစ်သော ဒုစ္စရိတ်အကောက်တို့၌လည်းကောင်း၊ **ကာယဒေါသာနံ**=ကိုယ်အပြစ်အနာတို့၌လည်းကောင်း၊ **ဝါ**=ကာယဒွါရ၌ဖြစ်သော ဒုစ္စရိတ် အပြစ်အနာတို့၌လည်းကောင်း၊ **ကာယကသာဝါနံ**= ကိုယ်အဆွေးအကာတို့၌ လည်းကောင်း၊ **ဝါ**=ကာယဒွါရ၌ဖြစ်သော ဒုစ္စရိတ်အဆွေးအကာတို့၌ လည်းကောင်း၊ **ကုသလော**=၏၊ **ဝစိဝင်္ကာနံ**=နှုတ်အကောက်တို့၌လည်းကောင်း၊ **ဝါ**-ဝစီဒွါရ၌

## PAGE 245

ဖြစ်သော ဒုစ္စရိတ်အကောက်တို့၌လည်းကောင်း၊ **ဝစီဒေါသာနံ**= နှုတ်အပြစ်တို့၌လည်းကောင်း၊ **ဝါ**=ဝစီဒွါရ၌ဖြစ်သော ဒုစ္စရိတ်အပြစ်တို့၌လည်းကောင်း၊ **ဝစီကသာဝါနံ**=နှုတ်အဆွေးအကာတို့၌ လည်းကောင်း၊ **ဝါ**=ဝစီဒွါရ၌ ဖြစ်သော ဒုစ္စရိတ်အဆွေးအကာတို့၌လည်းကောင်း၊ **ကုသလော**=၏၊ **မနောဝင်္ကာနံ**-စိတ်အကောက်တို့၌လည်းကောင်း၊ **ဝါ**=မနောဒွါရ၌ဖြစ်သော ဒုစ္စရိတ်အကောက်တို့၌လည်းကောင်း၊ **မနောဒေါသာနံ**= စိတ်အပြစ်တို့၌လည်းကောင်း၊ **ဝါ**-မနောဒွါရ.....လည်းကောင်း၊ **မနောကသာဝါနံ**= စိတ်အဆွေးအကာတို့၌ လည်းကောင်း၊ **ဝါ**=လည်းကောင်း။ **ကုသလော**=၏။

**ဘိက္ခဝေ**=တို့၊ **ယဿ ကဿစိ**=အမှတ်မထား တစ်ပါးပါးသော၊ **ဘိက္ခု ဝါ**=ရဟန်းသည်လည်းကောင်း၊ **ယာယ ကာယစိ**= အမှတ်မထား တစ်ပါးပါးသော၊ [ဘိက္ခုနီနှင့်တူအောင် လိင်ပြင်၍ လိုက်ရသည်] **ဘိက္ခုနိယာ ဝါ**=ရဟန်းမသည်လည်းကောင်း၊ **ကာယဝင်္ကာ**=ကိုယ်အကောက်ကိုလည်းကောင်း၊ **ဝါ**=လည်းကောင်း၊ **ကာယဒေါသော**= ကိုလည်းကောင်း၊ **ဝါ**=ကိုလည်းကောင်း၊ **ကာယကသာဝေါ**=ကိုလည်းကောင်း၊ **ဝါ**=လည်းကောင်း၊ **အပ္ပဟီနော**=မပယ်အပ်သေး ။ပ။ **မနောကသာဝေါ**= စိတ်အဆွေးအကာကိုလည်းကောင်း၊ **ဝါ**=ကောင်း။

**အပ္ပဟီနော**=သေး၊ **ဘိက္ခဝေ**=တို့၊ **ဆဟိ**=၆-ရက်ကုန်သော၊ **ဒိဝသေဟိ**= နေ့တို့ဖြင့်၊ **နိဋ္ဌိတံ**=ပြီးစီးစေအပ်သော၊ **တံ စက္ကံ**=ထိုရထားဘီးသည်၊ **ပပတိတံ** **သေယျထာပိ**=မြေ၌ လဲကျသွားသကဲ့သို့ **ဧဝံ**=ဤအတူ၊ **တေ**=ထိုကာယဝင်္ကစသည်ကို မပယ်ရှားသေးသော ဘိက္ခု၊ ဘိက္ခုနီတို့သည်၊ **ဣမသ္မာ ဓမ္မဝိနယာ**=(တုတ်ဓားမပါ) တရားဖြင့်သာ ဆုံးမရာ ဤသာသနာတော်မှ၊ **ပပတိတာ**=(ဂုဏ်သိက္ခာကင်း, လဲကျခြင်းဖြင့်) လဲကျကုန်၏။

**ဘိက္ခဝေ**=တို့၊ **ယဿ ကဿစိ** ပ။ **ကာယကသာဝေါ**=လည်းကောင်း၊ **ပဟီနော**=ပယ်အပ်ပြီ။ပ။ **မနောကသာဝေါ**= ကိုလည်းကောင်း၊ **ပဟီနော**=ပြီ၊ **ဘိက္ခဝေ**=တို့၊ **ဆာရတ္တူနေဟိ**=ကုန်သော၊ **ဆဟိ မာသေဟိ**-၆-လတို့ဖြင့်၊ **နိဋ္ဌိတံ**=သော၊ **တံ စက္ကံ**-သည်၊ **ပတိဋ္ဌိတံ သေယျထာပိ**=မကျမလဲ တည်မြဲနေသကဲ့သို့၊ **ဧဝံ**=တူ၊ **တေ**=ထိုကာယဝင်္ကစသည်ကို ပယ်ရှားပြီးသော ဘိက္ခု ဘိက္ခုနီတို့သည်၊ **ဣမသ္မိံ ဓမ္မဝိနယေ**=၌၊ **ပတိဋ္ဌိတာ**=မကျမလဲ ဂုဏ်သိက္ခာတို့ဖြင့် တည်မြဲနေကုန်၏။ **ဘိက္ခဝေ**=တို့၊ **တသ္မာ**=ထို့ကြောင့်၊ **ဝါ**=ကာယဝင်္ကစသည်ကို မပယ်နိုင်သူတို့မှာ ဂုဏ်ရောင်ဂုဏ်ဝါ သိက္ခာမမြဲ လဲကျပြီးလျှင် ပယ်ရှားနိုင်သူတို့မှာ မကျမလဲ တည်မြဲနေကုန်သည် အဖြစ်ကြောင့်
## PAGE 246

[ပ။ ဧကကနိပါတ်စာပိုဒ် (၇၇)လည်းကြည့်] (**မယံ**=ငါတို့သည်) **ကာယဝကံ**=ကိုလည်းကောင်း ။ပ။ **ကာယကသာဝံ**=လည်းကောင်း၊ **ပဇဟိဿာမ**=ပယ်ရှားကုန်အံ့ ။ပ။ **မနောကသာဝံ**=ကိုလည်းကောင်း၊ **ပဟိဿာမ**=ကုန်အံ့၊ **ဣတိ**=၍၊

(**သိက္ခိတဗ္ဗ**) **ဘိက္ခဝေ**=တို့၊ **ဧဝံဟိ**=လျှင်၊ **ဝေါ**=သင်တို့သည်၊ **သိက္ခိတဗ္ဗ**=မည်၊ **ဣတိ**=ဤသို့၊ (**အဝေါစ**=မိန့်တော်မူပြီ) ပဉ္စမံ= ငါးခုမြောက်သုတ်တည်း။

#### ၆-အပဏ္ဏကသုတ်

**၁၆။ ဘိက္ခဝေ**=တို့၊ **တီဟိ**=သုံးပါးကုန်သော၊ **ဓမ္မေဟိ**=တရားတို့နှင့်၊ **သမန္နာဂတော**=ပြည့်စုံသော၊ **ဘိက္ခု**=ရဟန်းသည်၊ **အပဏ္ဏကပဋိပဒံ**=မလွဲဧကန်မှန်သောအကျင့်ကို၊ **ပဋိပန္နော**=ကျင့်သူမည်သည်၊ **ဟောတိ**=၏၊- **အဿ**=ထိုရဟန်း၏၊ **ဝါ**=သည်၊ **အာသဝါနံ**=အာသဝတရားတို့၏၊ **ခယာယ**=ကုန်ခန်းကြောင်း အရဟတ္တဖိုလ်အကျိုးငှာ၊ **ယောနိသော**=အကြောင်းသည်လည်း၊ **ဝါ**=ကိုလည်း၊ **အာရဒ္ဓါ**=အားထုတ်အပ်ပြီးသည်၊ **ဟောတိ**=၏၊ **ကတမေဟိ**=အဘယ်မည်ကုန်သော၊ **တီဟိ**=ကုန်သော၊ (**ဓမ္မေဟိ**=တို့နှင့်၊ **သမန္နာဂတော** ။ပ။ **အာရဒ္ဓါ**=သည်၊ **ဟောတိ**=နည်း) **ဘိက္ခဝေ**=တို့၊ **ဣဓ**=ဤသာသနာတော်၌၊ **ဘိက္ခု**=သည်၊ **ဣန္ဒြိယေသု**-(စက္ခုစသော) ဣန္ဒြေခြောက်ပါးတို့၌၊ **ဝုတ္တဒွါရော**=ပိတ်ဆီးစောင့်ရှောက်အပ်သော ဒွါရရှိသည်၊ **ဟောတိ**=၏၊ **ဘောဇနေ**=စားဖွယ်ဘောဇဉ်၌၊ **မတ္တညူ**=(ခံယူခြင်း, သုံးဆောင်ခြင်းနှင့် စပ်၍) အတိုင်း

၁။ အာသဝပုဒ်၏ ဝိဂြိုဟ်အနက်များ။ ။ **အာသဝါနံ**= စက္ခုစသောခြောက်ပါးဒွါရ အာသဝတို့မှ သနံရည် ပြည်သွေးပမာ ယိုစီးတတ်သောတရားတို့၏ **အာသဝန္တိ စက္ခာဒိဒွါရတော ယူသံ ၀ိယ သန္တိ ပဝတ္တန္တိတိ အာသဝါ** **ဝါ**= ဓမ္မအားဖြင့် ဂေါတြဘူတိုင်အောင်, ဘုံဌาနအားဖြင့် ဘဝဂ်တိုင်အောင် အာရုံပြုသောအားဖြင့် သွားရောက်ဖြစ်ပွားတတ်သော တရားတို့၏။

[**ဓမ္မတော ယာဝဂေါတြဘုံ, ဩကာသတော ယာဝဘဝဂ္ဂီ သန္တိ ဂစ္ဆန္တိ အာရမ္မဏကရဏဝသေန ပဝတ္တန္တိတိ အာသဝါ**] **ဝါ**= ကြာမြင့်စွာ ထုံအပ်စိမ်အပ်သော အရက်နှင့်တူသော တရားတို့၏၊ [**အာသဝါ ဝိယ စိရပါရိဝါသိယ မဒိရာဒယော ဝိယာတိ အာသဝါ**] **ဝါ**= ရှည်လျားသော သံသရာ ဝဋ်ဒုက္ခအသီးကို သီးတတ်သော တရားတို့၏၊ [**အာယတံ ဝါ သံသာရဒုက္ခ သဝန္တိ ပသဝန္တိတိ အာသဝါ**]

