## PAGE 247

**အတ္တညူ**=ပမာဏကိုသိသည်၊ **ဟောတိ**=၏၊ **ဇာဂရိယံ**=နိုးကြားသူ၏အဖြစ်ကို၊ **ဝါ**=နိုးကြားမှုကို၊ **အနုယုတ္တော**=ကြိုးစားအားထုတ်သည်၊ **ဟောတိ**=၏။

**ဘိက္ခဝေ**=တို့၊ **ကထဉ္စ**=အဘယ်သို့သော အခြင်းအရာအားဖြင့်၊ **ဘိက္ခု** ။ပ။ **ဟောတိ**=ဖြစ်သနည်း၊ **ဘိက္ခဝေ**=တို့၊ **ဣဓ**=၌၊ **ဘိက္ခု**=သည်၊ **စက္ခုနာ**=မျက်စိဖြင့်၊ **ဝါ**=စက္ခုဝိညာဏ်ဖြင့်၊ **ရူပံ**=အဆင်းရောင်ရူပါရုံကို၊ **ဒိသွာ**=မြင်၍၊ **ဝါ**=မြင်လျှင်၊ **နိမိတ္တဂ္ဂါဟီ**=ဣတ္ထိန်မိတ်, ပုရိသနိမိတ်, သုဘနိမိတ် စသောအာရုံနိမိတ်ကို ဆန္ဒရာဂဖြင့် မှတ်ယူလေ့ရှိသည်။ **ဝါ**=မိန်းမယောက်ျားပုံသဏ္ဌာန်နှင့် လှပသော အခြင်းအရာစသော ကိလေသာပွားကြောင်း တပေါင်းတစုတည်းသော အာရုံကို ဆန္ဒရာဂဖြင့် မှတ်ယူလေ့ရှိသည်။ **န ဟောတိ**=မဖြစ် [ဝိသုဒ္ဓိမဂ်၊ ပ-၂ဝ] **အနုဗျဉ္စနဂ္ဂါဟီ**=ကိလေသာတို့ကို ဆင့်ကဲဆင့်ကဲ ထင်ရှားပေါ်ကြွလာစေတတ်သော လက်ခြေသဏ္ဌာန် ပြုံးရယ်ဟန်စသော အသေးစိတ်အမူအရာကို ဆန္ဒရာဂဖြင့် မှတ်ယူလေ့ရှိသည်။ **န ဟောတိ**=မဖြစ်၊ [**အနုအနု**=အဖန်ဖန်အထပ်ထပ်၊ **ဝါ**=ဆင့်ကဲဆင့်ကဲ၊ **ဗျဉ္စန**=ကိလေသာတို့ကိုထင်ရှားပေါ်ကြွလာစေတတ်သော အသေးစိတ် အမူအရာကို+**ဂါဟီ**= မှတ်ယူလေ့ရှိသူ။ **အနု အနု ဗျဉ္စယန္တိ ပါကဋဘာဝံ ကရောန္တိတိ အနုဗျဉ္ဇနာ**]

**ယတွာဓိကရဏံ** (**ယတော အဓိကရဏံ**) အကြင်စက္ခုန္ဒြေကိုမပိတ်ဆီး မစောင့်ရှောက်ခြင်းဟူသော အကြောင်းကြောင့်။ **ဝါ**=အကြင်မပိတ်ဆီးမစောင့်ရှောက်အပ်သော စက္ခုန္ဒြေဟူသော အကြောင်းကြောင့်။ **စက္ခုန္ဒြိယံ**=စက္ခုနြေကို၊ **အသံဝုတံ**= (သတိဟူသော တံခါးရွက်ဖြင့်) မပိတ်ဆီး မစောင့်ရှောက်ဘဲ၊ [တပစ္စည်းသည် ကတ္တားဟောဖြစ်၍ **စက္ခုန္ဒြိယံ**သည် အဝုတ္တကံတည်း **ဝိဟရန္တံ**=နေသော၊ **ဧနံ**(**ဘိက္ခုံ**)=ဤရဟန်းကို၊ ယတာဓိကရဏမေနံမှ ဧနံတည်း] **အဘိဇ္ဈာဒေါမနဿာ**=အဘိဇ္ဈာ, ဒေါမနဿဟူကုန်သော၊ **ဝါ**=မတရား လိုချင်ခြင်း, 心စိတ်ဆင်းရဲခြင်းဟူကုန်သော၊ **ပါပကာ**=ယုတ်မာကုန်သော၊ **အကုသလာ**=အကုသိုလ်ဖြစ်ကုန်သော၊ **ဓမ္မာ**=တရားတို့သည်၊ **အနွာဿဝေယျုံ**=အစဉ်လိုက်ကုန်ရာ၏၊ **ဝါ**=ဖိစီးလွှမ်းမိုးကုန်ရာ၏၊ **တဿ**-ထိုစက္ခုန္ဒြေကို၊ **သံဝရာယ**=(သတိတံခါးရွက်ဖြင့်) ပိတ်ဆီးစောင့်ရှောက်ခြင်းငှာ၊ **ပဋိပဇ္ဇတိ**=ကျင့်၏၊ **စက္ခုန္ဒြိယံ**= စက္ခုနြေကို၊ **ရက္ခတိ**= စောင့်ရှောက်၏၊ **စက္ခုန္ဒြိယေ**-၌၊ **သံဝရံ**=ပိတ်ဆီးစောင့်ရှောက်ခြင်းသို့၊ **အာပဇ္ဇတိ**=ရောက်၏။

**သောတေန**=နားဖြင့်၊ **ဝါ**=သောတဝိညာဏ်ဖြင့်၊ **သဒ္ဒံ**=အသံကို၊ **ဝါ**=သဒ္ဒါရုံကို၊ **သုတွာ**=ကြားရ၍၊ **ဝါ**=ကြားရလျှင်၊ **နိမိတ္တဂ္ဂါဟီ**=သည်

## PAGE 248

**ယတွာဓိကရဏံ**=အကြင်သောတိန္ဒြေကို မပိတ်ဆီး မစောင့်ရှောက်ခြင်းဟူသောအကြောင်းကြောင့်၊ **သောတိန္ဒြိယံ**=သောတိန္ဒြေကို၊ **အသံဝုတံ**ဘဲ။ပ။ **တဿ**=ထိုသောတိန္ဒြေကို၊ **သံဝရာယ**=ငှာ၊ **ပဋိပဇ္ဇတိ**-၏၊ **သောတိန္ဒြိယံ**=ကို၊ **ရက္ခတိ**=၏၊ **သောတိန္ဒြိယေ**-၌၊ **သံဝရံ**=သို့၊ **အာပဇ္ဇတိ**=၏၊ **ဃာနေန**=နှာခေါင်းဖြင့်၊ **ဝါ**=ဃာနဝိညာဏ်ဖြင့်၊ **ဂန္ဓ**=အနံ့ကို၊ **ဝါ**=ဂန္ဓာရုံကို၊ **ဃာယိတွာ**=နမ်း၍။ပ။ **ဇိဝှာယ**=လျှာဖြင့်၊ **ဝါ**=ဇိဝှါဝိညာဏ်ဖြင့်၊ **ရသံ**=အရသာကို၊ **ဝါ**=ရသာရုံကို၊ **သာယိတွာ**=လျက်၍။ပ။ **ကာယေန**=ကိုယ်ဖြင့်၊ **ဝါ**=ကာယဝိညာဏ်ဖြင့်၊ **ဖောဋ္ဌဗ္ဗ**=တွေ့ ထိဖွယ်အာရုံကို၊ **ဝါ**=ဖောဋ္ဌဗ္ဗာရုံကို၊ **ဖုသိတွာ**=တွေ့ထိ၍။ပ။ **မနာ**=မနောဝိညာဏ်ဖြင့်၊ **ဓမ္မံ**=သဘောဓမ္မာရုံကို၊ **ဝိညာယ**=သိ၍၊ **နိမိတ္တဂ္ဂါဟီ**။ပ။

**ယတွာဓိကရဏံ**=အကြင်မနိန္ဒြေကို မပိတ်ဆီး မစောင့်ရှောက်ခြင်းဟူသောအကြောင်းကြောင့်၊ **ဝါ**=အကြင်မပိတ်ဆီး မစောင့်ရှောက်အပ်သော မနိန္ဒြေဟူသောအကြောင်းကြောင့်၊ **မနိန္ဒိယံ**=မနိန္ဒြေကို။ပ။ **တဿ**=ထိုမနိန္ဒြေကို။ပ။ **ဘိက္ခဝေ**=တို့၊ **ဧဝံ**=ဤသို့သော အခြင်းအရာအားဖြင့်၊ **ဝါ**=ဤနည်းဤပုံအားဖြင့် (ဤသို့ရူပါရုံ သဒ္ဒါရုံအစရှိသော အာရုံ(၆)ပါးတို့နှင့် တွေ့ ကြုံရာ အခါတို့၌ **နိမိတ္တဂ္ဂါဟ**, **အနုဗျဉ္စနဂ္ဂါဟ** မဖြစ်အောင်, **အဘိဇ္ဈာ** **ဒေါမနဿ**အစရှိသော အကုသိုလ်တို့မဝင်လာအောင် စက္ခုစသော ဒွါရခြောက်ပေါက်တို့၌ သတိတံခါးရွက်ဖြင့်ပိတ်ဆီးခြင်းအားဖြင့်) **ဘိက္ခူ**။ပ။**ဟောတိ**=၏။

**ဘိက္ခု** သည်။ **ယောနိသော**=သင့်လျော်သော အကြောင်းအားဖြင့်။ **ပဋိသင်္ခါ** (**ပဋိသင်္ခါယ**)=ပညာဖြင့် ဆင်чив၍။ **အာဟာရံ**=အစာအာဟာရကို။ **အာဟာရေတိ**=စားမျိုးမှီဝဲ၏။ **ဒဝါယ**= (ကလေးသူငယ်တို့ကဲ့သို့) မြူးတူးပျော်ပါးကစားခြင်းငှာ။ **နေဝ အာဟာရေတိ**=စားမျိုးသည်မဟုတ်။ **မဒါယ**=(လက်ဝှေ့

၁။ အာဟာရေတိပုဒ် စိစစ်ချက်။ ။ **အာဟာရေတီတိ ပရိဘုဉ္စတိ အဇ္ဈောဟရတိ**။ အဋ္ဌသာလိနီ (၄၂၉)။ ထို့ပြင် “**အာဟရေယျာတိ ပဝေသေယျ**”ဟူသော ပါစိတ် ဒန္တပေါနသိက္ခာပုဒ် အဋ္ဌကထာဋီကာတို့အတိုင်းလည်း“**အာဟာရေတိ**= (ခံတွင်းဝသို့) ဆောင်သွင်း၏”ဟု အနက်ဆိုနိုင်သေး၏။

ထိုသိက္ခာပုဒ် ပါဠိတော်၌ “**အဒိန္နံ မုခဒွါရံ အာဟာရုံ အာဟာရေတိ, အာဟရသိ, အာဟရိဿတိ**"ဟုလည်းကောင်း, ဝိသုဒ္ဓိမဂ် (ပ-၄၃)၌ –**ဧဝံ အာဟာရေ (အာဟရေ) အာဟာရံ** “ဟုလည်းကောင်း ဏေပစ္စည်း, အပစ္စည်း (ဟ၌ဝုဒ္ဓိ ရောက်မရောက်) နှစ်မျိုး တွေ့ ရ၏။ ဒီ, မဟာဝဂ္ဂ, မဟာဂေါဝိန္ဒသုတ်
## PAGE 249

သမား လက်ပန်းသမား စသည်တို့ကဲ့သို့) ခွန်အားမာန် ယောက်ျားမာန် စသည်ဖြင့် မာန်တက်ထောင်လွှား ဝင့်ကြွားခြင်းငှာ။

**န အာဟာရေတိ** = မဟုတ်။

**မဏ္ဍနာယ** (နန်းတော်သူ ပြည့်တန်ဆာမတို့ကဲ့သို့) ကိုယ်လက်အင်္ဂါ ပြည့်ဖြိုးခြင်းငှာ။

**န အာဟာရေတိ** = မဟုတ်။

**ဝိဘူသနာယ** = (ဂျွမ်းသမား, ကချေသည်တို့ကဲ့သို့) အရေအဆင်း ကြည်လင်ခြင်းငှာ။

**န အာဟာရေတိ** = ဟုတ်။

**ဣမဿ ကာယဿ** = ဤခန္ဓာကိုယ်၏၊

**ယာဝဒေဝ ဌိတိယာ** = အဆက်မပြတ် ခိုင်မတ် တည်တံ့နေရုံ အကျိုးငှာသာလည်းကောင်း၊

**ယာဝဒေဝ ယာပနာယ** = ဇီဝိတိန္ဒြေကို မပြတ်မစဲ ဖြစ်မြဲဖြစ်တည်စေရုံ အကျိုးငှာသာလည်းကောင်း။

တနည်း--**ဣမဿ ကာယဿ**-၏၊ **ယာဝဒေ၀ ဌိတိယာ** = လည်းကောင်း၊ **ယာဝဒေဝ ယာပနာယ** = ကာလကြာရှည် တည်နေနိုင်ရုံ အကျိုးငှာသာ လည်းကောင်း **ယာဝဒေဝ ဝိဟိံသူပရတိယာ** = ဆာလောင်မွတ်သိပ်ခြင်း ဆင်းရဲကင်းရုံ အကျိုးငှာသာလည်းကောင်း၊ [**ဝိဟိံသာ** = ဆင်းရဲ၏ + **ဥပရတိ** = ကင်းပျောက်ခြင်း]

**ယာဝဒေဝ ဗြဟ္မစရိယာနုဂ္ဂဟာယ** = သာသနမဂ္ဂ နှစ်ပါးသော ဗြဟ္မစရိယကို ချီးမြှောက်နိုင်ရုံ (၁၈၀)၌ “အာဟာရံ အာဟာရေတိ, အာဟာရံ အာဟာရယမာနံ”ဟူ၍ .ဏေ, ကယနှစ်မျိုး တွေ့ရ၏။

ဓာတ်ကျမ်းတို့၌ ဟာရဓာတ်၏ စုရာဒိရုပ် မပြသော်လည်း ဤနေရာ၌ ဘူဝါဒိ စုရာဒိနှစ်မျိုးလုံး ဖြစ်သင့်၏၊ အကယ်၍ ဏေ, ကယပစ္စည်းဖြင့် ရှိရာ၌ စုရာဒိ (ရုဏာဒိ?) ရုပ် မကြံဘဲ မုချ (အနွတ္ထ) ကာရိတ်ရုပ် ကြံခဲ့သော် မူလက ဒွိကမ္မကဖြစ်သော ဟရဓာတ်အတွက် နောက်ထပ် ကံတမျိုး ရှာနေရလိမ့်ဦးမည်၊ သို့ဖြစ်လျှင် **မုခဒွါရံ**, **အာဟာရံ**ဟု ကံနှစ်ပုဒ် ရှိထားပြီးသော ဒန္တပေါနသိက္ခာပုဒ်၌ အဓိပ္ပာယ် ပျက်သွားနိုင်၏။ ထို့ကြောင့် အနွတ္ထကာရိတ်ရုပ် မဖြစ်သင့်ဟု ယူဆ၏။

၁။ **ဣမဿ ကာယဿ ဌိတိယာ ယာပနာယ**။ ။ **ဌိတိယာ**တိ ပဗန္ဓဋ္ဌိတတ္ထံ၊ **ယာပနာယာ**တိ ပဝတ္တိယာ အဝိစ္ဆေဒတ္ထိ၊ စိရကာလန္တိတတ္တံ ဝါ။ ဝိသုဒ္ဓိမဂ် (ပ-၃၁)။

တနည်း--**ဣမဿ ကာယဿ** = ဤခန္ဓာကိုယ်၏။ **ဋ္ဌိတိယာ** = တည်တံ့ကြောင်း ဇီဝိတိန္ဒြေကို၊ **ယာဝဒေဝ ယာပနာယ** = မပြတ်မစဲ ဖြစ်မြဲ ဖြစ်တည်စေရုံ အကျိုးငှါသာလည်းကောင်း၊ [**အယံ ဌိတီ**တိ ဇီဝိတိန္ဒိယဿေတံ အဓိဝစနံ။ပ။ ဧတဿ ကာယဿ ဇီဝိတိန္ဒိယပဝတ္တာပနတ္ထန္တိပိ ဝုတ္တံ ဟောတိ]

