## PAGE 250

အကျိုးငှာသာလည်းကောင်း၊ (**အာဟာရေတိ** = စားမျိုမှီဝဲ၏)

**ဣတိ**-ဤသို့ အာဟာရကို စားမျိုမှီဝဲခြင်းဖြင့်။ **ပုရာဏံ** = အဟောင်းဖြစ်သော၊ **ဝေဒနံ** ဆာလောင်မွတ်သိပ်ခြင်း ဆင်းရဲ ဝေဒနာကိုလည်း။ **ပဋိဟင်္ခါမိ** = ပယ်ရှား

၁။ “**ဣတိ ပုရာဏဉ္စ**” စသည်၌ တနည်း အနက်ဖွင့်။ ။ **ဣတိ ပုရာဏဉ္စ**-စသည်၌ တနည်းအဖွင့်မှာ = **အထဝါ ယာ အယံ အသပ္ပါယာပရိမိတဘောဇနံ** ပ။ **န ဥပ္ပါဒေဿာမိ** မိမိနှင့် မသင့်မြတ်သော အစာကို စားခြင်းကြောင့်လည်းကောင်း, အလွန်အကျွံ စားခြင်းကြောင့်လည်းကောင်း ရောဂါဝေဒနာ တခုခုဖြစ်လာလျှင် (ယခုချက်ချင်း ပေါ်ပေါက်လာသော ဝေဒနာပင် ဖြစ်သော်လည်း ရှေးဘဝက ပြုခဲ့သော အကုသိုလ်ကံဟောင်းကြောင့် ပေါ်လာသော ဝေဒနာဖြစ်သောကြောင့် (ကာရဏူပစာရအားဖြင့်) **ပုရာဏဝေဒနာ** (ဝေဒနာဟောင်း)ဟုပင် ဆိုရ၏။

မိမိနှင့် သင့်မြတ်သော အစာကိုစားခြင်း နှိုင်းနှိုင်း ချိန်ချိန် စားခြင်းဖြင့် ထိုဝေဒနာဟောင်း၏ အကြောင်းရင်းဖြစ်သော ထိုအကုသိုလ်ကံဟောင်းကို (အကျိုးပေးခွင့် မရအောင်) ပယ်ရှားပစ်နိုင်၏၊ ထို့ကြောင့် ထိုအကြောင်းရင်း အကုသိုလ်ကံဟောင်းကို ပယ်ရှားလျက်ပင် “**ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ** = အကျိုးဝေဒနာဟောင်းကိုလည်း ပယ်ရှားအံ” ဟု ဆိုလို၏။

ထို့ပြင် ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ (ပျော်မြူးနိုင်အောင်, ခန္ဓာကိုယ် လှပဝဖြိုးအောင်) အစာအာဟာရကို စားခြင်းသည် အကုသိုလ်ကံ အသစ်ပြုလုပ်ခြင်းပင် ဖြစ်၏။ ဤ၌ ထိုအကုသိုလ်ကံ အသစ်ကြောင့် နောက်ဘဝ၌ တွေ့ကြုံရမည့် ဒုက္ခဝေဒနာကို **နဝဝေဒနာ** (ဝေဒနာအသစ်)ဟုခေါ်၏။ ပစ္စဝေက္ခဏာ ဆင်ခြင်၍ စားလျှင်ကား ထိုအကုသိုလ်ကံ အသစ်မဖြစ်နိုင်၊ ထို့ကြောင့် ထိုအကုသိုလ်ကံအသစ် မဖြစ်စေသော အားဖြင့် “**နဝဉ္စ ဝေဒနံ န ဥပ္ပါဒေဿာမိ** = ဝေဒနာအသစ်ကိုလည်း မဖြစ်စေအံ့” ဟု ဆိုလို၏။

ဤအဖွင့်အရ အနက်ပေးလျှင်-**ဣတိ**-ဤသို့ သင့်မြတ်သော အစာကို စားခြင်း, နှိုင်းနှိုင်းချိန်ချိန် စားခြင်းအားဖြင့်၊ **ပုရာဏံ** = အဟောင်းဖြစ်သော၊ ဝါ = ရှေးအကုသိုလ်ကံဟောင်းကြောင့် ဖြစ်ပေါ်လာသဖြင့် အဟောင်းဟုဆိုရသော၊ **ဝေဒနဉ္စ** = ဒုက္ခဝေဒနာကိုလည်း (မသင့်မြတ်သော အစာကိုစားခြင်း, အတိုင်းအဆ မရှိ စားခြင်းကြောင့် ဖြစ်သော ဝေဒနာကိုလည်း) **ပဋိဟင်္ခါမိ** = အကြောင်းရင်း အကုသိုလ်ကံဟောင်းကို ပယ်ရှားခြင်းဖြင့် ပယ်ရှားအံ့၊

**ဣတိ** = ဤသို့ ပစ္စဝေက္ခဏာ ဆင်ခြင်ကာ သင့်လျော်စွာ စားခြင်းဖြင့် [လိုက်ခဲ့] **နဝံ** - အသစ်ဖြစ်သော၊ ဝါ = နောက်ဘဝ၌ ဖြစ်လတ္တံ့ သောကြောင့် အသစ်ဟု ဆိုရသော၊ **ဝေဒနဉ္စ** = ဒုက္ခဝေဒနာကိုလည်း၊ **န ဥပ္ပါဒေဿာမိ** = အကုသိုလ်ကံ အသစ်ကို မဖြစ်စေခြင်းအားဖြင့် မဖြစ်စေအံ့။

## PAGE 251

တားဆီးအံ့၊ **နဝံ** = အသစ်ဖြစ်သော၊ **ဝေဒနဉ္စ** = အတိုင်းအဆမရှိ စားမိခြင်းကြောင့် ဖြစ်သော ဆင်းရဲဝေဒနာကိုလည်း၊ **န ဥပ္ပါဒေဿာမိ** = မဖြစ်စေအံ့၊

**မေ** = ငါ၏၊ **ယာတြာ စ** = ဤကိုယ်ခန္ဓာ ရှည်ကြာကာလ မျှတဖြစ်တည်နေခြင်းသည်လည်းကောင်း၊ ဝါ = ဣရိယာပုထ်လေးပါး မပျက်ပြားပဲ ဖြစ်မြဲဖြစ်တည်နေခြင်းသည်လည်းကောင်း၊ [**စိရကာလပ္ပဝတ္တိသင်္ခါတာ သရီရဿ ယာတြာ ယာပနာ ဘဝိဿတိ**။ပ။ **စတုန္နမ္ပိ ဣရိယာပထာနံ အဝိစ္ဆေဒသင်္ခါတာ ယာပနာယာတြာ**။ ဝိသုဒ္ဓိမဂ်ဋီကာ၊ ပ-၆ဝ၊ ၆၁]

**အနဝဇ္ဇတာ စ** = အပြစ်မရှိသူ၏ အဖြစ်သည်လည်းကောင်း၊ **ဖာသုဝိဟာရော စ** = ချမ်းသာစွာနေရခြင်းသည်လည်းကောင်း၊ **ဘဝိဿတိ** = ဖြစ်လတ္တံ့၊

**ဣတိ** = ဤသို့ဆင်ခြင်၍၊ (**အာဟာရေတိ** = ၏)

။ပ။ **ဘိက္ခု** - သည်၊ **ဒိဝသံ** နေ့အချိန်၌၊ **စင်္ကမေန** = စင်္ကြံသွားခြင်းဖြင့်လည်းကောင်း၊ **နိသဇ္ဇာယ** = ထိုင်ခြင်းဖြင့်လည်းကောင်း၊ **အာဝရဏီယေဟိ** = ကုသိုလ်စိတ်ကို တားဆီးတတ်ကုန်သော၊ **ဓမ္မေဟိ** = နိဝရဏတရားတို့မှ၊ **စိတ္တံ** = စိတ်ကို၊ **ပရိသောဓေတိ** = သုတ်သင်၏၊

**ရတ္တိယာ** = ညဉ့်၏၊ **ပဋ္ဌမံ** = ပထမပိုင်းဖြစ်သော၊ **ယာမံ** = ယာမ်၌။ပ။ **မဇ္ဈိမံ** = အလယ်၌ ဖြစ်သော၊ **ယာမံ** = ယာမ်၌၊ **ပါဒေ** = လင်္ကျာဘက်ခြေပေါ်၌၊ **ပါဒံ** = လက်ဝဲဘက်ခြေကို၊ **အစ္စာဓာယ** (**အတိ အာဓာယ**) = အနည်းငယ်ပိုလွန်အောင်ထား၍၊ **သတော** = ကမ္မဋ္ဌာန်းအာရုံကို အမှတ်ရနေသည်၊ ဝါ = သတိရှိသည်၊ **သမ္ပဇာနော** = ကမ္မဋ္ဌာန်း အာရုံကို ကောင်းစွာ ခွဲခြားသိမြင်သည်၊ ဝါ = သမ္ပဇဉ်ဉาဏ်ရှိသည်၊ (ဟုတွာ = ဖြစ်၍)

**ဥဋ္ဌာနသညာ** = အိပ်ရာမှထခြင်း၌ ဖြစ်သော အမှတ်သညာကို၊ ဝါ = အိပ်ရာမှထချိန်ကို ပိုင်းဖြတ် ကန့်သတ်သော အမှတ်သညာကို၊ **မနသိ** = စိတ်နှလုံးအတွင်း၌၊ **ကရိတွာ** = သွင်းပိုက်ထား၍၊ ဝါ = ဖြစ်ပေါ်လာစေ၍၊

**ဒက္ခိဏေန** = လက်ျာဘက်ဖြစ်သော၊ **ပသေန** = နံပါးဖြင့်၊ **သီဟသေယျံ** ခြင်္သေ့မင်း၏ အိပ်ခြင်းနှင့်တူသော အိပ်ခြင်းကို၊ **ကပ္ပတိ** = ပြု၏၊

**ရတ္တိယာ** = ၏၊ **ပစ္ဆိမံ** = နောက်ဆုံး၌ဖြစ်သော၊ **ယာမံ** = ၌၊ **ပစ္စုဋ္ဌာယ** = ထ၍။ပ။
## PAGE 252

### ၇-အတ္တဗျာဗာဓသုတ်

**၁၇။** **ဘိက္ခဝေ**တို့၊ **တယော**=သုံးပါးကုန်သော၊ **ဣမေ ဓမ္မာ**=ဤတရားတို့သည်၊ **အတ္တဗျာဗာဓာယပိ** မိမိကိုယ်ကို ဆင်းရဲစေခြင်းငှာလည်း၊ **သံဝတ္တန္တိ**=ဖြစ်ကုန်၏၊ **ပရဗျာဗာဓာယပိ** သူတပါးကို ဆင်းရဲစေခြင်းငှာလည်း။ပ။ **ဥဘယဗျာဗာဓာယပိ**=မိမိ သူတပါးနှစ်ဦးသားလုံးဆင်းရဲစေခြင်းငှာလည်း။

**တယော**=သုံးပါးသောတရားတို့ဟူသည်၊ **ကတမေ**=အဘယ်တို့နည်း၊ **ကာယဒုစ္စရိတံ**=ကာယဒုစ္စရိတ်လည်းကောင်း။ပ။ **မနောဒုစ္စရိတံ**=မနောဒုစ္စရိတ်လည်းကောင်းတည်း၊ **ဘိက္ခဝေ**=တို့၊ **တယော**=ကုန်သော၊ **ဣမေ ဓမ္မာ**။ပ။ [နေဝ+အတ္တဗျာဗာဓာယပိ-ဟုပုဒ်ဖြတ်] **အတ္တဗျာဗာဓာယပိ**=လည်း၊ **နေဝ သံဝတ္တန္တိ**=မဖြစ်ကုန်၊ **ပရဗျာဗာဓာယပိ** လည်း၊ **န သံဝတ္တန္တိ**- မဖြစ်ကုန်။ပ။ **ကာယသုစရိတံ**=ကာယသုစရိတ်လည်းကောင်း။ပ။

#### သတ္တမံ။

### ၈-ဒေဝလောကသုတ်

**ဘိက္ခဝေ**=တို့၊ **ဝေါ**=သင်တို့ကို၊ **အညတိတ္ထိယာ**=ဗုဒ္ဓသာသနာပအယူဝါဒရှိကြကုန်သော၊ (ဘုရားအဆုံးအမ အယူဝါဒမှ တပါးသော အယူဝါဒရှိကုန်သော) **ပရိဗ္ဗာဇကာ**=ပရိဗိုဇ်တို့သည်၊ **ဧဝံ**-ဤသို့၊ **သစေ ပုစ္ဆေယျ**=အကယ်၍ မေးကုန်ရာငြားအံ့၊ (**ကိန္တိ**=အဘယ်သို့၊ **ပုစ္ဆေယျ**=မေးကုန်ရာသနည်း)

**အာဝုသော**=ငါ့ရှင်တို့၊ (**တုမှေ**-သင်တို့သည်) **ဒေဝလောကူပပတ္တိယာ**= နတ်ပြည်သို့လားရောက်ခြင်းငှာ၊ **သမဏေ ဂေါတမေ**=ရဟန်းဂေါတမထံ၌၊ **ဗြဟ္မစရိယံ**=မြတ်သောအကျင့်ကို၊ **ဝုဿထ**=ကျင့်သုံးကြပါကုန်သလော၊ **ဣတိ**=ဤသို့ (**သစေ ပုစ္ဆေယျ**=အံ့) **ဘိက္ခဝေ**=တို့၊ **တုမှေ**=သင်တို့သည်၊ **ဧဝံ**-ဤသို့၊ **ပုဋ္ဌာ** အမေးခံကြရကုန်သည်၊ (သမာနာ ဖြစ်ကုန်လသော်) **အဂ္ဂိယေယျာထ နနု**=နှိပ်စက်ခံရသလိုဖြစ်ကုန်ရာသည်မဟုတ်လော၊ **ဝါ**=နာကြည်းကြကုန်ရာသည်မဟုတ်လော၊ **ဟရာယေယျာထ နနု**=ရှက်ကြကုန်ရာသည် မဟုတ်လော၊ **ဇိဂုစ္ဆေယျာထ နနု**=စက်ဆုပ်ကုန်ရာသည် မဟုတ်လော၊ **ဣတိ**=ဤသို့၊ (**အဝေါစ**=မေးတော်မူပြီ) **ဧဝံ ဘန္တေ**=မှန်ပါ၏ အရှင်ဘုရား၊ တနည်း-**ဘန္တေ**=အရှင်ဘုရား၊ **ဧဝံ**=အနှိပ်စက်ခံရသလို ဖြစ်ကြ ရှက်ကြ, စက်ဆုပ်ကြသည် မှန်ပါကုန်၏]

**ဘိက္ခဝေ**=တို့၊ **တုမှေ**=သင်တို့သည်၊ **ဒိဗ္ဗေန**=နတ်၌ဖြစ်သော၊ **အာယုနာ**=အသက်ဖြင့်၊ **ဣတိ**=အဲဒီလို၊ **အဋီယထ ကိရ**-နှိပ်စက်ခံရသလို ဖြစ်ကြပါသည်ဆိုလျှင်၊ **ဟရာယထ ကိရ**=ရှက်ကြပါသည်ဆိုလျှင်၊ **ဇိဂုစ္ဆထ ကိရ**= စက်ဆုပ်

