## PAGE 253

ကြပါသည်ဆိုလျှင်၊ **ဒိဗ္ဗေန**=သော၊ **ဝဏ္ဏေန**=အဆင်းဖြင့်။ပ။ **ဒိဗ္ဗေန**=သော၊ **သုခေန**=ချမ်းသာဖြင့်။ပ။ **ဒိဗ္ဗေန**=သော၊ **ယသေန**=အခြံအရံဖြင့်။ပ။ **ဒိဗ္ဗေန**=သော၊ **အာဓိပတေယျေန**=အကြီးအကဲ၏ အဖြစ်ဖြင့်၊ **ဝါ**=အကြီးအကဲ၏ဖြစ်ကြောင်း တန်ခိုးတေဇော် အာနုဘော်ဖြင့်၊ **ဣတိ**=အဲဒီလို၊ **အဋီယထ ကိရ**-လျှင်။ပ။ **ဇိဂုစ္ဆထ ကိရ**=လျှင်၊ **ဘိက္ခဝေ**=တို့၊ **ပဂေဝ**-ရှေးဦးမဆွ အစကပင်လျှင်၊ **တုမှေဟိ**=သင်တို့သည်၊ **ကာယဒုစ္စရိတေန**=ကာယဒုစ္စရိတ်ဖြင့်၊ **အဋီယိတဗ္ဗ**-အနှိပ်စက်ခံရသလို ဖြစ်သင့်ပေ၏၊ **ဟရာယိတဗ္ဗ**-ရှက်သင့်ပေ၏။ **ဇိဂုစ္ဆိတဗ္ဗ**=စက်ဆုပ်သင့်ပေ၏၊ **ဝစီဒုစ္စရိတေန**=ဖြင့်။ပ။ **မနောဒုစ္စရိတေန**=ဖြင့်၊ **အဋီယိတဗ္ဗ**၏။ပ။

#### အဋ္ဌမံ။

### ၉-ပဌမပါပဏိကသုတ်

**၁၉။** **ဘိက္ခဝေ**=တို့၊ **တိဟိ**=ကုန်သော၊ **အင်္ဂ**-အကြောင်းအင်္ဂါတို့နှင့်၊ **သမန္နာဂတော**=သော၊ **ပါပဏိကော**=ကုန်သည်သည်၊ **အနဓိဂတံ**-မရအပ်သေးသော၊ **ဘောဂံ**-စည်းစိမ်ဥစ္စာကို၊ **အဓိဂန္တုံ ဝါ**=ရခြင်းငှာလည်းကောင်း၊ **အဓိဂတံ**=ရအပ်ပြီးသော၊ **ဘောဂံ**=ကို၊ **ဖာတိ**=တိုးပွားသည်ကို၊ **ဝါ**=တိုးပွားအောင်၊ **ကာတုံ ဝါ**=ပြုလုပ်ခြင်းငှာလည်းကောင်း။ **အဘဗ္ဗော**=မထိုက်၊ **ဝါ**=တည်ရာမဟုတ်၊ **ကတမေဟိ တီဟိ**=အဘယ်သုံးပါးတို့နှင့်နည်းဟူမူ၊ **ဘိက္ခဝေ**=တို့၊ **ဣဓ**=ဤလောက၌၊ **ပါပဏိကော**=သည်၊ **ပုဗ္ဗဏှသမယံ**=နံနက်ပိုင်းအချိန်၌၊ **သက္ကစ္စံ**=ကောင်းမွန်စွာ၊ **ကမ္မန္တံ**=အရောင်းအဝယ်လုပ်ငန်းကို၊ **န အဓိဋ္ဌာတိ**=ကြိုးစားအားထုတ် မပြုလုပ်၊ **မဇ္ဈနှိကသမယံ**=နေ့လည်ပိုင်းအချိန်၌။ပ။ **သာယနှသမယံ**-ညနေပိုင်းအချိန်၌ ။ပ။

**တိဟိ**=ကုန်သော၊ **ဣမေဟိ အင်္ဂေဟိ**-ဤအကြောင်းအင်္ဂါတို့နှင့်။ပ။ **အနဓိဂတံ**=သော၊ **ကုသလံ**=ကုသိုလ်ဖြစ်သော၊ **ဓမ္မံ**=တရားကို၊ **အဓိဂန္တုံ ဝါ**=လည်းကောင်း။ပ။ **ဣဓ**=ဤသာသနာတော်၌၊ **ဘိက္ခု**။ပ။ **သမာဓိနိမိတ္တံ**=အကြောင်းဈာန်သမာဓိကို၊ [နောက်၌ဖြစ်သော ဈာန်သမာဓိ၏အကြောင်းဖြစ်သော ရှေးပိုင်း ဈာန်သမာဓိကို] [နိမိတ္တ=အကြောင်းဖြစ်သောသမာဓိ=ရှေ့ပိုင်းဈာန်သမာဓိ] **န အဓိဋ္ဌာတိ**=ကြိုးစားပွားများ မဝင်စား၊ တနည်း-**သမာဓိနိမိတ္တံ**=ဈာန်သမာဓိ၏အာရုံကို၊ **န အဓိဋ္ဌာတိ**=စွဲမြဲပေါ်လွင်မထင်လာစေပ။ **ဘဗ္ဗော**=ထိုက်၏။

#### နဝမံ။

## PAGE 254

### ၁၀-ဒုတိယပါပဏိကသုတ်

**၂၀။** **နစိရဿေဝ**=မကြာမြင့်မီပင်လျှင်၊ **ဘောဂေသု**=စည်းစိမ်ဥစ္စာတို့၌၊ **မဟတ္တံ**=ပေါများသူ၏ အဖြစ်သို့၊ **ဝေပုလ္လတ္တံ**=ပြန့်ပွားသူ၏ အဖြစ်သို့၊ **ပါပုဏာတိ**=ရောက်၏။ပ။ **စက္ခုမာ စ**=ပညာမျက်စိ ရှိသည်လည်းကောင်း၊ **ဝိဓုရော စ**=(ဉာဏ်နှင့်ယှဉ်သော) ထူးမြတ်သော ဝီရိယရှိသည်လည်းကောင်း၊ [**ဝိ** (ဝိသိဋ္ဌ ဥတ္တမ)=ထူးခြားမြင့်မြတ်သော+**ဓုရ**=လုံ့လဝီရိယ(ရှိသူ)] **နိဿယသမ္ပန္နော**=မှီငြမ်းအားကိုးရာ ပုဂ္ဂိုလ်နှင့် ပြည့်စုံသည်လည်းကောင်း၊ **ဟောတိ**=၏၊

**ဘိက္ခဝေ**=တို့၊ **ကထဉ္စ**=အဘယ်သို့သော အခြင်းအရာအားဖြင့်၊ **ဝါ**=အဘယ်နည်းအဘယ်ပုံအားဖြင့်၊ **ပါပဏိကော**=သည်၊ **စက္ခုမာ**=ပညာမျက်စိရှိသည်၊ **ဟောတိ**=ဖြစ်သနည်း ။ပ။ **ပဏိယံ**=ရောင်းစရာ ကုန်ပစ္စည်းကို၊ **ဇာနာတိ**-သိ၏၊ (**ကိန္တိ**=သို့၊ **ဇာနာတိ**=ဟူမူ) **ဣဒံ ပဏိယံ**=ဤကုန်ပစ္စည်းကို၊ **ဧဝံ**=ဤဈေးနှုန်းဖြင့်၊ **ကီတံ**=ဝယ်ယူထားအပ်ပြီ၊ (**တသ္မိံ ပဏိယေ**=ထိုကုန်ပစ္စည်းကို) **ဧဝံ**=ဤဈေးနှုန်းဖြင့်၊ **ဝိက္ကိယမာနေ**=ရောင်းအပ်လသော်။ [မူလံဟူသော ပဌမာကတ္တားနှင့်အရမတူသောကြောင့် သတ္တမိဝိဘတ်ဖြင့် ရှိရမည်] **ဧတ္တကံ**-ဤမျှ အတိုင်းအရှည်ရှိသော၊ **မူလံ**=အရင်းအနှီးသည်၊ **ဘဝိဿတိ**=ဖြစ်လတ္တံ့ ၊ **ဧတ္တကော**=သော၊ **ဥဒယော**= အတိုးအပွား အမြတ်အစွန်းသည်၊ **ဘဝိဿတိ**=တ္တံ့ ၊ **ဣတိ**(**ဇာနာတိ**)

**ဘိက္ခဝေ**=တို့၊ **ဧဝံ**-ဤသို့သော အခြင်းအရာအားဖြင့်။ပ။ **ဟောတိ**=၏။ပ။ **ပါပဏိကော**=သည်၊ **ပဏိယံ**=ကုန်ပစ္စည်းကို၊ **ကေတုံ စ**=ဝယ်ခြင်းငှာလည်းကောင်း၊ **ဝိက္ကေတုံ စ**=ရောင်းခြင်းငှာလည်းကောင်း၊ **ကုသလော**=ကျွမ်းကျင်သည်၊ **ဟောတိ**=၏။ပ။

**ဘိက္ခဝေ**=တို့ **ဣဓ**=ဤသတ္တလောက၌၊ **ပါပဏိကံ**=ကုန်သည်ကို၊ [ဇာနန္တိ-၌စပ်] **အဍ္ဎာ**=မြှုပ်နှံသိမ်းဆည်း ပစ္စည်းဓန ပေါကြွယ်ဝ၍ အစိုးရသူဖြစ်ကုန်သော၊ (ဋီကာ၊ ဒု၊ ၃၆၈) **မဟဒ္ဓနာ**=နေ့စဉ်သုံးစွဲစရာ များစွာသောဥစ္စာရှိကုန်သော၊ **မဟာဘောဂါ**=များစွာသော ငါးဖြာအာရုံ ကာမဂုဏ်စည်းစိမ်နှင့်အခြံအရံဘဏ္ဍာရှိကုန်သော၊ **ယေ တေ ဂဟပတိ ဝါ**=အကြင် အိမ်ရှင်သူကြွယ်တို့သည်လည်းကောင်း၊ **ယေ တေ ဂဟပတိပုတ္တာ ဝါ**=အကြင် အိမ်ရှင်သူကြွယ်၏သားတို့သည်လည်းကောင်း၊ (**သန္တိ**=ရှိကုန်၏) **တေ**-ထိုသူကြွယ်နှင့် သူကြွယ်သားတို့သည်၊ **ဧဝံ**=ဤသို့၊ **ဇာနန္တိ**=သိကြကုန်၏၊ (**ကိန္တိ**=သို့၊ **ဇာနန္တိ**=နည်းဟူမူ)

**အယံ ဘဝံ ပါပဏိကော**=ဤအရှင် ကုန်သည်သည်၊ **စက္ခုမာ စ**=ပညာမျက်စိလည်းရှိ၏၊ **ဝိဓုရော စ**=(ဉာဏ်နှင့်ယှဉ်သော)ထူးမြတ်သော ဝီရိယလည်းရှိ၏၊
## PAGE 255

**ပုတ္တဒါရံ**=သားမယားကို၊ **ပေါသေတုံ စ**=ကျွေးမွေးခြင်းငှာလည်းကောင်း၊ **အမှာကံ**=ငါတို့အား၊ **ကာလေန ကာလံ**=သင့်လျော်သည့်အခါတိုင်း, အခါတိုင်း၌၊ **ဝါ**=ရံခါရံခါ၌၊ **ဝါ**=မကြာမကြာ၊ **အနုပ္ပဒါတုံ စ**=အတိုးဆပ်ပေးခြင်းငှာလည်းကောင်း၊ **ပဋိဗလော**=(ကိုယ်စွမ်းဉာဏ်စွမ်းဖြင့်) စွမ်းဆောင်နိုင်၏၊ **ဣတိ (ဇာနန္တိ) တေ**-ထိုသူကြွယ်နှင့် သူကြွယ်သားတို့သည်၊ **နံ**=ထိုကုန်သည်ကို၊ “**သမ္မ ပါပဏိက**= မိတ်ဆွေကုန်သည်၊ **ဣတော**=ဤငါတို့ထံမှ၊ **ဘောဂေ**=ဥစ္စာတို့ကို၊ **ဟရိတွာ**=ဆောင်ယူ၍၊ **ပုတ္တဒါရဉ္စ**=သားမယားကိုလည်း၊ **ပေါသေဟိ**=ကျွေးမွေးလော။ ပ။ **အနုပ္ပဒေဟိ**-အတိုးဆပ်ပေးလော” **ဣတိ**=ဤသို့၊ **ဘောဂေဟိ**=ဥစ္စာတို့ဖြင့်၊ **နိမန္တေန္တိ**=ဖိတ်မန်ကြကုန်၏၊ **ဝါ**=ရိုသေတုပ်ကွခယစေကြကုန်၏ [ဤနောက်အနက်မှာ နိပစ္စကာရကဲ့သို့ သဒ္ဓတ္ထဖြစ်၏၊ “နိမန္တေန္တိတိ နိပါတေန္တိ” ဟု ဋီကာ၌ ကာရိတ်ပစ္စည်းသွင်း၍ (ဋ္ဌ၊ မူကွဲပါဌ်အတိုင်း) ဖွင့်၏]။ ပ။

**ကုသလေသု**=ကုသိုလ်ဖြစ်ကုန်သော၊ **ဓမ္မေသု**=တရားတို့၌၊ **မဟတ္တံ**=သို့ပ။ [ဣဒံ ဒုက္ခံစသည်ကို တိကနိပါတ် စာပိုဒ်-၁၂ နှင့် ဒုကနိပါတ် စာပိုဒ်-၄၆-ကြည့်]

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဣဓ**=ဤသာသနာတော်၌၊ **ဘိက္ခု**=သည်၊ **အကုသလာနံ**=ကုန်သော၊ **ဓမ္မာနံ**=တို့ကို၊ **ပဟာနာယ**=ပယ်ခြင်းငှာ လည်းကောင်း၊ **ကုသလာနံ**=ကုန်သော၊ **ဓမ္မာနံ**=တို့ကို၊ **ဥပသမ္ပဒါယ**=ပြီးစီးစေခြင်းငှာလည်းကောင်း၊ **ဝါ**=ရရှိခြင်းငှာလည်းကောင်း၊ **အာရဒ္ဓဝီရိယော**=အားထုတ်အပ်သော ဝိရိယရှိသည်၊ **ထာမ ဝါ**=ဉာဏ်စွမ်းရှိသည်၊ **ဒဠှပရက္ကမော**=ဉာဏ်နှင့်ယှဉ်သောမြဲမြံသော လုံ့လရှိသည်၊ **ကုသလေသု**=ကုန်သော၊ **ဓမ္မေသု**=တရားတို့၌၊ **ဝါ**=တရားတို့ကြောင့်၊ **ဝါ**=တရားတို့ကိုရဖို့ အကြောင်းကြောင့်၊ ရဖို့အတွက်ဟုဆိုလို၏ [ဒသကနိပါတ် စာပိုဒ် (၁၇) ပဌမနာထသုတ်ကြည့်ပါလေ]

**အနိက္ခိတ္တဓုရော**=(အရဟတ္တမဂ်ဖိုလ် မရသေးသမျှ) မလျှော့ချအပ်သော ဝီရိယရှိသည်၊ (**ဟုတွာ**=ဖြစ်၍) **ဝိဟရတိ**=နေ၏။ ယ။

**ဘိက္ခု**=သည် [ဥပသင်္ကမိတွာ စသည်၌စပ်] **ယေ တေ ဘိက္ခု**=အကြင်ရဟန်းတို့သည်၊ **ဗဟုဿုတာ**=များစွာကြားနာအပ်ပြီးသော ဘုရားစကားတော်ရှိကုန်၏၊ **အာဂတာဂမာ**=ကျေပွန်စွာ နှုတ်၌ရောက်လာပြီးသော အာဂုံနိကာယ်ပါဠိရှိကုန်၏၊ **ဓမ္မဓရာ**=သုတ်, အဘိဓမ္မာတရားကို ဆောင်ကုန်၏။ **ဝိနယဓရာ**=ဝိနည်းပိဋကကိုဆောင်ကုန်၏။ **မာတိကာဓရာ**=ဝိနည်း, အဘိဓမ္မာ နှစ်ဖြာသော မာတိကာကိုဆောင်ကုန်၏။ **ဝါ**=ဘိက္ခု၊ ဘိက္ခုနီ နှစ်လီသော မာတိကာကို ဆောင်ကုန်၏။ **တေ**=ထိုရဟန်းတို့

