## PAGE 256

**ဥပသင်္ကမိတွာ**=သွားရောက်၍။

ထံသို့၊ **ကာလေန ကာလံ**=၌၊ **ဝါ**=မကြာမကြာ။ **ဥပသင်္ကမိတွာ** သွားရောက်၍၊ “**ဘန္တေ**=အရှင်ဘုရား။ **ဣဒံ**=ဤသဒ္ဒါကား။ **ကထံ**= အဘယ်သို့ပါနည်း၊ **ဝါ**=အဘယ်နည်း အဘယ်ပုံအားဖြင့် ဤအနက်ကို ဟောရပါသနည်း၊ **ဣမဿ**-ဤတရားတော်၏။ **အတ္ထော**=အနက် အဓိပ္ပါယ်ကား။ **ကော**=အဘယ်နည်း” **ဣတိ**-ဤသို့စသည်ဖြင့်၊ **ပရိပုစ္ဆတိ**=အကျိုးအကြောင်း ဟုတ်မဟုတ်မေးမြန်း၏၊ **ပရိပုစ္ဆတိ**=မေးသင့်သည့်အကြောင်းအရာကို ကောင်းစွာစိစစ်၏၊ **တဿ**=ထိုရဟန်းအား၊ **တေ အာယသ္မန္တော**=ထိုအရှင်မြတ်တို့သည်။ **အဝိဝဋဥေဝ**=လည်း။ [ဒုက စာပိုဒ် (၄၈) ကြည့်။ ပ။

**ဒသမံ**=ဆယ်ခုမြောက်သုတ်တည်း။

**ဒုတိယော**=နှစ်ခုမြောက်သော။ **ရထကာရဝဂ္ဂေါ**=ရထကာရဝဂ်တည်း။

**ပဌမဘာဏဝါရော**=ပဋ္ဌမဘာဏဝါရသည်။ **ဝါ**=ရွတ်ဆိုဖတ်ကြား တထောက်နားဖို့ ပိုင်းခြားသတ်မှတ် ပဌမအခန်းတရပ်သည်။ **နိဋ္ဌိတော**=ပြီးပြီ။

[**အဋ္ဌက္ခရာ ဧကံ ပဒံ။ ဧကာ ဂါထာ စတုပ္ပဒံ။ ဂါထာဌိသတပညာသံ။ ဘာဏဝါရောတိ ဝုစ္စတိ။** ဂါထာအားဖြင့် ၂၅၀၊ အက္ခရာလုံးရေအားဖြင့် ရှစ်ထောင်သည် ဘာဏဝါရ တခုဖြစ်၏]၊

#### ၃-ပုဂ္ဂလဝဂ်

**၂၁။ ၁-သမိဒ္ဓသုတ်**

**အထခေါ**=၌။ **အာယသ္မာ စ သမိဒ္ဓေါ**=အရှင်သမိဒ္ဓသည်လည်းကောင်း။ **အာယသ္မာ စ မဟာကောဋ္ဌိကော**= အရှင်မဟာကောဋ္ဌိကသည်လည်းကောင်း။ **ယေန**=အကြင်အရပ်၌။ **အာယသ္မာ သာရိပုတ္တော**= အရှင်သာရိပုတြာသည်။ (**အတ္ထိ**=ရှိ၏) **တေန**=ထိုအရှင်သာရိပုတြာရှိရာ အရပ်၌။ **ဝါ**=သို့။ **ဥပသင်္ကမိံသု**=ရောက်လာကြကုန်၏။ **ဥပသင်္ကမိတွာ**=ရောက်လာကြပြီး၍။ **အာယသ္မတာ သာရိပုတ္တေန**=အရှင်သာရိပုတြာနှင့်။ **သဒ္ဓိ**=အတူတကွ။ **သမ္မောဒိံသု**=ကုန်ပြီ [ဒုကနိပါတ် စာပိုဒ် ၁၆ ကြည့်]။ ပ။ **နိသီဒိံသု**=ကုန်ပြီ။ ပ။ **အာယသ္မန္တံ သမိဒ္ဓံ**=အရှင်သမိဒ္ဓကို။ ပ။ **အာဝုသော သမိဒ္ဓ**=ငါ့ရှင်သမိဒ္ဓ၊ **ကာယသက္ခိ**=ကာယသက္ခီပုဂ္ဂိုလ်လည်းကောင်း [ဒုကနိပါတ် စာပိုဒ် (၄၉) ကြည့်] **ဒိဋ္ဌိပ္ပတ္တော**=ပုဂ္ဂိုလ်လည်းကောင်း၊ **သဒ္ဓါဝိမုတ္တော**=လည်းကောင်းတည်း။ ပ။

**အာဝုသော**=ငါ့ရှင်၊ **တိဏ္ဏံ**=သုံးယောက်ကုန်သော။ **ဣမေသံ ပုဂ္ဂလာနံ**=ဤပုဂ္ဂိုလ်တို့တွင်။ **ကတမော**=အဘယ်မည်သော။ **ပုဂ္ဂလော**=ပုဂ္ဂိုလ်သည်၊ **အဘိက္ကန္တတရော စ**=သာလွန်ကောင်းမွန်လျက် လည်းကောင်း။ **ဝါ**=သာလွန်ကောင်းမွန်၍လည်းကောင်း၊ **ပဏ္ဍိတတရော စ**=သာလွန်မြင့်မြတ်လျက်လည်းကောင်း။ ဝါ

## PAGE 257

=၍လည်းကောင်း။ **တေ**=သင့်အား။ **ခမတိ**=နှစ်သက်သဘောကျပါသနည်း။ **ဝါ**=နှစ်သက်မှုကို ဖြစ်စေပါသနည်း။ **ဣတိ** (**အဝေါစ**=မေးမြန်းပြီ)။ ပ။

**တိဏ္ဏံ**=ကုန်သော၊ **ဣမေသံ ပုဂ္ဂလာနံ**=တို့တွင်၊ **သဒ္ဓါဝိမုတ္တော**-သဒ္ဓါဝိမုတ္တမည်သော။ **ယွာယံ (ယော အယံ) ပုဂ္ဂလော**=အကြင်ပုဂ္ဂိုလ်သည်၊ (**အတ္ထိ**-ရှိ၏) **တေသံ ဣမေသံ ပုဂ္ဂလာနံ**=တို့တွင်။ **အယံ ပုဂ္ဂလော**-ဤသဒ္ဓါဝိမုတ္တ ပုဂ္ဂိုလ်သည်၊ **အဘိက္ကန္တတရော စ**=လည်းကောင်း။ **ပဏီတတရော စ**=လည်းကောင်း။ **မေ**=တပည့်တော်အား။ **ခမတိ**=နှစ်သက်သဘောကျပါ၏။ **တံ**-ထိုသို့ နှစ်သက်သဘောကျခြင်းသည်၊ **ကိဿ ဟေတု**=အဘယ်အကြောင်းကြောင့်နည်းဟူမူ၊ **အာဝုသော**=ငါ့ရှင်၊ **ဣမဿ ပုဂ္ဂလဿ** ဤသဒ္ဓါဝိမုတ္တပုဂ္ဂိုလ်၏၊ **သဒ္ဓိန္ဒြိယံ**=သဒ္ဓိန္ဒြေသည်၊ **အဓိမတ္တံ**=လွန်ကဲသော အတိုင်းအရှည်ရှိပါ၏၊ **ဣတိ**=ထို့ကြောင့်ပါတည်း၊ **ဣတိ**=ဤသို့ (**အဝေါစ**=လျှောက်ပြီ)။ ပ။

**၁။** “**တေ ခမတိ**” ၌ တေပုဒ်၏ ဝိဘတ်အနက်။ ။ “**ယဿ ဒါတုကာမော ရောစာ**” စသော သုတ်အရ ကစ္စည်း, ရူပသိဒ္ဓိ, သဒ္ဒနီတိတို့အလို “**တေ**” သည် ရောစနတ္ထဓာတ်၏ယှဉ်ရာ သမ္ပဒါန်တည်း၊ မောဂ္ဂလ္လာန် ဒုကဏ္ဍမှ “**တာဒတ္ထု**” (၂၅) သုတ်အလိုမူ “**တေ**=သင်၏၊ (**စိတ္တေ**=စိတ်၌) **ခမတိ**=နှစ်သက်မှုကို ပြုပါသနည်း၊ **ဝါ**=နှစ်သက်ခြင်းကို ဖြစ်စေပါသနည်းဟု “**တေ**” ကို သမ္ဗန္ဓဆဋ္ဌီ အနက်ဆိုရမည်၊ [**ရုစ္စတိတိ ရုစိ' ကရောတိ**။ ၎င်းပဋိကာ]

ရှေးမြန်မာ ဆရာတော် အချို့ကမူ ဤဝါကျမျိုးမှ “**ခမတိ, ရုစ္စတိ**” တို့ကို ကမ္မရုပ်ကြံ၍ တေကဲ့သို့သော ပုဒ်ကို အဝုတ္တကတ္တား ကြံတော်မူကြ၏ [သတပဒိက ပုစ္ဆာစသည်] ထိုဆရာတော်တို့အလို “**ကတမော**=သော၊ **ပုဂ္ဂလော**=ကို၊ **အဘိက္ကန္တတရော စ**=လည်းကောင်း၊ **ပဏ္ဍိတတရော စ**=လည်းကောင်း၊ **တေ**=သင်သည်၊ **ခမတိ**=နှစ်သက်အပ်ပါသနည်း” ဟု အနက်ဆိုရာ၏၊ သို့ဖြစ်လျှင် ဓမ္မဓာတ်နောင် ကံဟောယပစ္စည်းဖြင့် ခမျတိ, ဓမ္မတိဟု ဆိုလိုလျက် ယနှင့်မတို့ကို ချေ၍ ခမတိရုပ်ပြီးသည်ဟု ကြံရပေလိမ့်မည်၊ သို့သော် သဒ္ဒါကျမ်းတို့၏ ဤနေရာမျိုး၌ တေကဲ့သို့ပုဒ်ကို သမ္ပဒါန်နှင့်သမ္ဗန်ဟု အဆိုနှစ်မျိုး ကွဲသော်လည်း ခမတိနှင့် ရုစ္စတိတို့ကိုမူ မည်သည့် သဒ္ဒါကျမ်းမျှ ကမ္မရုပ်ဟု မဆိုကြ၊

ထို့ကြောင့် ခမတိမှာ ဘူဝါဒိကတ္တုရုပ်, ရုစ္စတိမှာ ဒိဝါဒိကတ္တုရုပ်သာ ဖြစ်သင့်ပါသည်။
## PAGE 258

**အထခေါ**=၌၊ **အာယသ္မာ သာရိပုတ္တော**-သည်၊ **အာယသ္မန္တဉ္စ သမိဒ္ဓံ**=အရှင်သမိဒ္ဓကိုလည်းကောင်း၊ **အာယသ္မန္တဉ္စ မဟာကောဋ္ဌိကံ**=ကိုလည်းကောင်း၊ **ဧတံ**=ဤစကားကို၊ **အဝေါစ**=ဆိုပြီ၊ (ကိန္တိ အဝေါစ) **အာဝုသော**=ငါ့ရှင်တို့၊ **သဗ္ဗောဝ**=အားလုံးစုံပင် ဖြစ်ကုန်သော၊ **အမှေဟိ**=ငါတို့သည်၊ **ယထာသကံ**=အကြင်ကြင်မိမိကိုယ်ပိုင်ဖြစ်သော၊ **ဝါ**=ကိုယ်ပိုင်ဥစ္စာအသီးအသီးဖြစ်သော၊ **ပဋိဘာနံ**=ဉာဏ်၌ ထင်မြင်လာသောအကြောင်းအရာကို၊ **ဗျာကတံ**=ပြောကြားအပ်ပြီးပေပြီ၊ **အာဝုသော**=တို့၊ **အာယာမာမ** လာ သွားကြစို့။ပ။ **ဥပသင်္ကမိဿာမ**=သွားကြကုန်အံ့၊ **ဥပသင်္ကမိတွာ**=သွားကြပြီး၍၊ **ဘဂဝတော**=မြတ်စွာဘုရားအား၊ **ဧတံ အတ္ထိ**=ဤအကြောင်းကို၊ (ဤအချင်းချင်း အယူအဆ မတူပုံအကြောင်းကို) **အာရောစေဿာမ**=လျှောက်ထားကြကုန်အံ့၊ **ယထာ**=အကြင်အခြင်းအရာအားဖြင့်၊ **နော**=ငါတို့အား၊ **ဘဂဝါ**=သည်၊ **ဗျာကရိဿတိ**=ဖြေကြားတော်မူလတ္တံ့၊ **တထာ**= ထို(မြတ်စွာဘုရား ဖြေကြားတော်မူတိုင်းသော) အခြင်းအရာအားဖြင့်၊ **နံ**=ထိုအနက်သဘောကို၊ **ဓာရေဿာမ**=မှတ်သားထားကြကုန်အံ့၊ **ဣတိ** (**အဝေါစ**=မိန့်) **အာဝုသော**=ငါ့ရှင်၊ **ဧဝံ**-ကောင်းပြီ၊ **ဣတိ**=ဤသို့။ပ။ **အာယသ္မတော သာရိပုတ္တဿ**=အရှင်သာရိပုတ္တရာ၏၊ (**ဝစနံ**=စကားကို)**ပစ္စဿာသုံ**=ကုန်ပြီ။ပ။

**ဧကမန္တံ** =၌၊ **နိသိန္နော**=ထိုင်နေပြီးသော၊ **အာယသ္မာ သာရိပုတ္တော**=သည်၊ **အာယသ္မတာ စ သမိဒ္ဓေန**=အရှင်သမိဒ္ဓနှင့်လည်းကောင်း၊ **အာယသ္မတာ စ မဟာကောဋ္ဌိကေန**=နှင့်လည်းကောင်း၊ **သဒ္ဓိ**=အတူတကွ၊ **ကထာသလ္လာပေါ**=ပြောဆိုဆွေးနွေးအပ်သော တရားစကားသည်၊ **ယာဝတကော**=အကြင်မျှလောက်ရှိသည်၊ **အဟောသိ**=ဖြစ်ပြီ၊ **တံ သဗ္ဗံ**=ထိုပြောဆိုဆွေးနွေးခဲ့သမျှ တရားစကား အားလုံးကို၊ **ဘဂဝတော**=အား၊ **အာရောစေသိ**=လျှောက်ထားပြီ။

**သာရိပုတ္တ**=တြာ၊ **တိဏ္ဏံ**=ကုန်သော၊ **ဣမေသံ ပုဂ္ဂလာနံ**=တို့တွင်၊ **အယံ**-ဤပုဂ္ဂိုလ်သည်သာ၊ **အဘိက္ကန္တတရော စ**=သာ၍လည်းကောင်းမွန်၏။ **ပဏီတတရော စ**=သာ၍လည်း မြင့်မြတ်၏” **ဣတိ**=ဤသို့၊ **ဧတ္ထ**-ဤအကောင်းမြတ်ဆုံးပုဂ္ဂိုလ်ကို ရွေးကောက်ခြင်းကိစ္စ၌၊ **ဧကံသေန** (**ဧကအံသေန**)=တခုသော အဖို့အားဖြင့်၊ **ဝါ**=တဖက်သတ် မူသေအားဖြင့်၊ **ဗျာကာတုံ**=ဖြေကြားခြင်းငှာ၊ **န သုကရံ**=လွယ်ကူသဖြင့် မပြုနိုင်၊ [ထိုသုံးယောက်တို့တွင် ဤပုဂ္ဂိုလ်သာ အကောင်းမြတ်ဆုံးဟု တဖက်သတ် ဖြေကြားရမည်မဟုတ်ဟူလို]

**သာရိပုတ္တ**=တြာ၊ **ဟိ**=အမှန်စင်စစ်ကား၊ **ဧတံ ဌာနံ**=ဤဆိုလတ္တံ့သောအကြောင်းသည်၊ **ဝိဇ္ဇတိ**=ရှိ၏၊ **သဒ္ဓါဝိမုတ္တော**-သဒ္ဓါဝိမုတ္တမည်သော၊ **ယွာယံ**

