## PAGE 259

(**ယော အယံ**) **ပုဂ္ဂလော**=သည် (အတ္ထိ=ရှိ၏) [**သွာဿ**-**သော**+**အဿ**] **သော**=ထိုသဒ္ဓါဝိမုတ္တပုဂ္ဂိုလ်သည်၊ **အရဟတ္တာယ**=အရဟတ္တဖိုလ် အကျိုးငှာ၊ **ပဋိပန္နော**=ကျင့်ဆဲအရဟတ္တမဂ်ပုဂ္ဂိုလ်သည်၊ **အဿ**=ဖြစ်နိုင်၏။ **ကာယသက္ခိ**=ကာယသက္ခိမည်သော၊ **ယွာယံ ပုဂ္ဂလော**=သည်၊ (အတ္ထိ)**သော**= ထိုကာယသက္ခိပုဂ္ဂိုလ်သည်၊ **သကဒါဂါမီ ဝါ**=သကဒါဂါမ်ပုဂ္ဂိုလ်သည်သော်လည်းကောင်း၊ **အနာဂါမိ ဝါ**=အနာဂါမ်ပုဂ္ဂိုလ်သည်သော်လည်းကောင်း၊ **အဿ**=ဖြစ်နိုင်၏၊ **ဒိဋ္ဌိပ္ပတ္တော**=ဒိဋ္ဌိပ္ပတ္တမည်သော၊ **ယော စ အယံ ပုဂ္ဂလော**=အကြင်ပုဂ္ဂိုလ်သည်လည်း၊ (အတ္ထိ)**သောပိ**-ထိုဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်သည်လည်း၊ **သောပိဿ**=**သောပိ**+**အဿ**] ။ပ။ **ပဌမံ**။

#### ၂။ ဂိလာနသုတ်

**၂၂။** **ဘိက္ခဝေ**=တို့။ **လောကသ္မိံ** ၌၊ **တယော**-သုံးဦးကုန်သော။ **ဣမေ ဂိလာနာ**=ဤမကျန်းမာသူတို့သည်။ ဝါ=တို့ကို။ပ။ **ဘိက္ခဝေ**=တို့။ **ဣဓ**=ဤလောက၌။ **ဧကစ္စော**=အချို့သော။ **ဂိလာနော**=မကျန်းမာသူသည်၊ **သပ္ပါယာနိ**=သင့်လျော်ကုန်သော။ ဝါ=ကျန်းမာရေးစသည် တိုးတက်ကြောင်း အစွမ်းသတ္တိနှင့်တကွ ဖြစ်ကုန်သော။ ဝါ=ကျန်းမာစေနိုင်ကုန်သော။ [**ပါယတိ ဝဒ္ဓတိ ဧတေနာတိ ပါယော**၊ **သဟ ပါယေန ယာနိ ဝတ္တန္တိတိ သပ္ပါယာနိ**] **ဘောဇနာနိ**=ဘောဇဉ်တို့ကို။ **လဘန္တော ဝါ**=ရသော်လည်းကောင်း။ **သပ္ပါယာနိ**=ကုန်သော၊ **ဘောဇနာနိ**=တို့ကို။ **အလဘန္တော ဝါ**=မရသော်လည်းကောင်း။ပ။ **ဘေသဇ္ဇာနိ**=ဆေးတို့ကို၊ **လဘန္တော ဝါ**=လည်းကောင်း။ပ။ **ပတိရူပံ**= သင့်လျော်သော။ (သူနာပြုဂုဏ်အင်္ဂါနှင့်ပြည့်စုံ၍ မပျင်းမရိ ဉာဏ်လည်းရှိသော) **ဥပဋ္ဌာကံ**=သူနာပြုပုဂ္ဂိုလ်ကို၊ **လဘန္တော ဝါ**=လည်းကောင်း၊ **ပတိရူပံ**=သော၊ **ဥပဋ္ဌာကံ**-ကို၊ **အလဘန္တော ဝါ**=လည်းကောင်း၊ **တမှာ အာဗာဓာ**=ထိုအနာရောဂါမှ၊ **နေဝ ဝုဋ္ဌာတိ**=မထမြောက် မပျောက်ကင်းနိုင်၊ **ဘိက္ခဝေ**=တို့၊ **ပန**=ထိုမှတပါး၊ **ဣဓ**=ဤလောက၌။ပ။ **ဝုဋ္ဌာတိ**=ထမြောက်ပျောက်ကင်း၏။

**ဂိလာနော**=သည်၊ **သပ္ပါယာနိ ဘောဇနာနိ**=တို့ကို၊ (**လဘန္တောဝ**=ရမှသာ **တမှာ အာဗာဓာ**=မှ၊ **ဝုဋ္ဌာတိ**=၏) [လှမ်းယူပေးသည်] **အလဘန္တော**=မရလျှင်၊ (**တမှာ အာဗာဓာ**=မှ၊ **နော ဝုဋ္ဌာတိ**=မထမြောက် မပျောက်ကင်းနိုင်) **သပ္ပါယာနိ ဘေသဇ္ဇာနိ လဘန္တောဝ** (**တမှာ အာဗာဓာ ဝုဋ္ဌာတိ**) **အလဘန္တေ** (**တမှာ အာဗာဓာ နော ဝုဋ္ဌာတိ**) ။ပ။

## PAGE 260

**ဘိက္ခဝေ**=တို့၊ **တတြ**=ထိုသုံးဦးသော ဂိလာနတို့တွင်၊ **ယွာယံ ဂိလာနော**-အကြင်တတိယဂိလာနသည်။ပ။ **ဘိက္ခဝေ**=တို့၊ **ဣမံ ဂိလာနံ**=ဤတတိယဂိလာနကို၊ (သပ္ပါယဘောဇဉ် ဆေးစသည်ကို ရမှသာ ပျောက်ကင်းနိုင်မည့် ဤတတိယ ဂိလာနကို) **ပဋိစ္စ**=အကြောင်းပြု၍၊ **ဂိလာနဘတ္တံ**=ဂိလာနအား လှူဖွယ်ဆွမ်းကို၊ **အနုညာတံ**=ခွင့်ပြုတော်မူအပ်ပြီ၊ **ဂိလာနဘေသဇ္ဇံ**-ဂိလာနအား တိုက်ကျွေးဖွယ်ဆေးကို။ပ။ **ဂိလာနုပဋ္ဌာကော**=ဂိလာနကိုပြုစုသော ပုဂ္ဂိုလ်ကို၊ **အနုညာတော**=ပြီ၊ **ဘိက္ခဝေ**=တို့၊ **ပန**=ထို့ပြင်၊ **ဣမဉ္စ ဂိလာနံ**=ဤတတိယ ဂိလာနကိုပင်၊ **ပဋိစ္စ**=၍၊ **အညေပိ**=အခြားလည်း ဖြစ်ကုန်သော၊ **ဂိလာနာ**=ပဌမ, ဒုတိယဂိလာနတို့ကို၊ (သပ္ပါယဘောဇဉ်စသည်တို့ကိုရသော်လည်းကောင်း, မရသော်လည်းကောင်း ရောဂါပျောက်ကင်းတော့မည်မဟုတ်သော ပဌမဂိလာနနှင့် သပ္ပါယဘောဇဉ် စသည်ကို ရသော်လည်းကောင်း,မရသော်လည်းကောင်း ရောဂါပျောက်ကင်းမည့် ဒုတိယဂိလာနတို့ကို) **ဥပဋ္ဌာတဗ္ဗာ**=ပြုစုစောင့်ရှောက်သင့်ကုန်၏၊ ဝါ=ပြုစုစောင့်ရှောက်ကြရမည်။ပ။

**တယော**=သုံးယောက်ကုန်သော၊ **ဂိလာနုပမာ**=ဂိလာနဟူသော နှိုင်းခိုင်းဖွယ်ရာ ဥပမာရှိကုန်သော၊ ဝါ= ဂိလာနနှင့် ဥပမာနှိုင်း၍ ပြောကြားထိုက်ကုန်သော၊ **ဣမေ ပုဂ္ဂလာ**=ဤပုဂ္ဂိုလ်တို့သည်၊ ဝါ=တို့ကို။ပ။ **ပုဂ္ဂလော**=သည်၊ **တထာဂတံ**= မြတ်စွာဘုရားကို၊ **ဒဿနာယ**=ဖူးမြင်ခြင်းငှာ၊ **လဘန္တော ဝါ**-ရသော်လည်းကောင်း၊ **တထာဂတံ**=ကို၊ **ဒဿနာယ**=ငှာ၊ **အလဘန္တော ဝါ**=မရသော်လည်းကောင်း၊ **တထာဂတပ္ပဝေဒိတံ**=မြတ်စွာဘုရား ဟောကြားသိစေတော်မူအပ်သော၊ **ဓမ္မဝိနယံ**=သုတ်, အဘိဓမ္မာတရားနှင့် ဝိနည်းကို၊ **သဝနာယ**=ကြားနာခြင်းငှာ၊ **လဘန္တော ဝါ**=လည်းကောင်း။ပ။ **သဝနာယ**=ငှာ၊ **အလဘန္တော ဝါ**-လည်းကောင်း၊ **ကုသလေသု**=ကုသိုလ်ဖြစ်ကုန်သော၊ **ဓမ္မေသု**=တရားတို့တွင်၊ **နိယာမံ**=မဂ္ဂနိယာမတည်းဟူသော၊ ဝါ=မိမိ၏အခြားမဲ့၌အရိယဖိုလ် အကျိုးပေးမှု မချွတ်မလွဲကိန်းသေမြဲသော အရိယမဂ်တည်းဟူသော၊ **သမ္မတ္တံ**=မဖောက်မပြန် မှန်ကန်သော သဘောရှိသော တရားသို့၊ **နေဝ သြက္ကမတိ**=မသက်ရောက်နိုင်။ပ။ **တထာဂတံ**=ကို၊ **ဒဿနာယ**=ငှာ၊ **လဘန္တော ဝ**=ရမှသာလျှင်၊ (**ကုသလေသု ဓမ္မေသု**=တို့တွင်၊ **နိယာမံ**=သော၊ **သမ္မတ္တံ**=သို့၊ **သြက္ကမတိ**=သက်ရောက်နိုင်၏) **အလဘန္တော**=မရလသော်၊ (**ကုသလေသု ဓမ္မေသု နိယာမံ သမ္မတ္တံ**=သို့၊ **နော သြက္ကမတိ**=မသက်ရောက်နိုင်) **တထာဂတပ္ပဝေဒိတံ**=သော၊ **ဓမ္မဝိနယံ**=ကို၊ **သဝနာယ**=ငှာ၊ **လဘန္တော ဝ**=လျှင်၊
## PAGE 261

**ကုသလေသု** **ဓမ္မေသု** **နိယာမံ** **သမ္မတ္တံ** **ဩက္ကမတိ**=နိုင်၏၊ **အလဘန္တော**=သော်၊
**ကုသလေသု**။ပ။ **နော** **ဩက္ကမတိ**=နိုင်၊ **ဘိက္ခဝေ**=တို့၊ **တတြ**=ထိုသုံးဦးသော ပုဂ္ဂိုလ်တို့တွင်၊ **ယွာယံ** **ပုဂ္ဂလော**=အကြင်တတိယပုဂ္ဂိုလ်သည်။ပ။ **ဘိက္ခဝေ**=တို့၊
**ဣမံ** **ပုဂ္ဂလံ**=ဤတတိယပုဂ္ဂိုလ်ကို၊ **ပဋိစ္စ**=၍၊ **ဓမ္မဒေသနာ**=တရားဒေသနာတော်ကို၊ **အနုညာတာ**=ခွင့်ပြုတော်မူအပ်ပြီ၊ **ဘိက္ခဝေ**=တို့၊ **ပန**=ထို့အပြင်၊
**ဣမဉ္စ** **ပုဂ္ဂလံ**=ဤတတိယပုဂ္ဂိုလ်ကိုပင်၊ **ပဋိစ္စ**=၍၊ **အညေသမ္ပိ**=အခြားသော ဒုတိယ, တတိယပုဂ္ဂိုလ်တို့အားလည်း၊ **ဓမ္မော**=တရားကို၊ **ဒေသေတဗ္ဗော**=ဟောကြားသင့်၏၊ **ဝါ**=ဟောကြားရမည်။ပ။

#### ၃-သင်္ခါရသုတ်

**၂၃။** **ဘိက္ခဝေ**=တို့၊ **ဣဓ**=ဤလောက၌၊ **ဧကစ္စော**=သော၊ **ပုဂ္ဂလော**=သည်၊ **သဗျာဗဇ္ဈံ**=ဒုက္ခနှင့်တကွဖြစ်သော၊ (အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ညှဉ်းဆဲတတ်သော ကာယိကစေတသိကဒုက္ခနှင့်တကွ ဖြစ်သော) **ဝါ**=ဒုက္ခကို ဖြစ်စေတတ်သော၊ **ကာယသင်္ခါရံ**=ကာယသင်္ခါရကို၊ **ဝါ**=ကာယဒွါရ၌ဖြစ်သော စေတနာအစုအဝေးကို၊ **အဘိသင်္ခရောတိ**=အားထုတ်စုဆောင်း၏၊ **သဗျာဗဇ္ဈံ**=သော၊ **ဝစီသင်္ခါရံ**=ဝစီသင်္ခါရကို၊ **ဝါ**=ဝစီဒွါရ၌ဖြစ်သော စေတနာ အစုအဝေးကို။ပ။ **မနောသင်္ခါရံ**=ကို၊ **ဝါ**=မနောဒွါရ၌ဖြစ်သော စေတနာ အစုအဝေးကို။ပ။

**သော**=ထိုပုဂ္ဂိုလ်သည်။ပ။ **အဘိသင်္ခရိတွာ**=အားထုတ်စုဆောင်းပြီး၍။ပ။ **သဗျာဗဇ္ဈံ**=ဒုက္ခနှင့်တကွဖြစ်သော၊ **လောကံ**=ဘုံဘဝသို့၊ **ဥပပဇ္ဇတိ**=ကပ်ရောက်၏၊ **ဝါ**=လားရောက်၏၊ **သဗျာဗဇ္ဈံ**=သော၊ **လောကံ**=သို့၊ **ဥပပန္နံ**=ကပ်ရောက်လျက်၊ **ဝါ**=လားရောက်လျက်၊ **သမာနံ**=ဖြစ်နေသော၊ **တမေနံ** (**တံ** **ဧနံ**)=ထိုပုဂ္ဂိုလ်ကို၊

**၁။** **သဗျားလျှံ။** ။ “ဝိ+အာ+ဗာဓဓာတ် အပစ္စည်းဖြင့် ဗျာဗာဓ၊ ထို့နောက် သွတ္ထ အျပစ္စည်းဖြင့် ဗျာဗဇ္ဈ (ဗကို ပစောက်ပြုလျှင် ဗျာပဇ္ဈ) ဟု ရုပ်ဖြစ်၏။ ဝိဝိဓေဟိ အာကာရေဟိ အာဗာဓတီတိ ဗျာဗာဓော၊ ဗျာဗာဓောဧဝ **ဗျာဗဇ္ဈံ**=အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ညှဉ်းဆဲတတ်သော ကာယိက စေတသိက ဒုက္ခ။ သဟ ဗျာဗဇ္ဇေန ယော ဝတ္တတိတိ **သဗျာဗဇ္ဈော**=ထိုဒုက္ခနှင့်တကွဖြစ်သော ကာယသင်္ခါရ စသည်။ ဤ၌ ကာယသင်္ခါရ စသောပုဒ်၏ ပုလ္လင်အတိုင်း “သဗျာဗဇ္ဈော”ဟု သြကာရန္တဖြင့် ထားသည်။ ဋီကာ၌မူ သဗျာဗဇ္ဈဟု နပုလ္လိင်ဖြင့် ရုပ်ရှိနေ၏။

