## PAGE 262

**သဗျာဗဇ္ဈာ**=ဒုက္ခနှင့်တကွ ဖြစ်ကုန်သော၊ **ဖဿာ**=အကျိုးဝိပါက် ဖဿတို့သည်၊ **ဖုသန္တိ**=တွေ့ထိကုန်၏၊ **သော**=ထိုပုဂ္ဂိုလ်သည်၊ **သဗျာဗဇ္ဈေဟိ**=ကုန်သော၊ **ဖဿေဟိ**=တို့သည်၊ **ဖုဋ္ဌော**=တွေ့ထိအပ်သည်၊ **သမာနော**=ဖြစ်လသော်၊ **နေရယိကာ**=ငရဲ၌ဖြစ်ကုန်သော၊ **သတ္တာ** **သေယျထာပိ**=သတ္တဝါတို့ကဲ့သို့၊ (**ဧဝံ**-ဤအတူ) **သဗျာဗဇ္ဈံ**=အဆက်မပြတ်ဖြစ်သော နောက်နောက်သော) ဒုက္ခနှင့်တကွ ဖြစ်သော၊ **ဝါ**=နောက်နောက် ဒုက္ခတို့ကို ဆက်ကာဆက်ကာ ဖြစ်စေတတ်သော၊ **ဧကန္တ** **ဒုက္ခ**=ဧကန်စင်စစ် ဒုက္ခဖြစ်သော၊ **ဝါ**=သုခမပါ ဒုက္ခချည်းသာဖြစ်သော၊ **ဝေဒနံ**=ဝိပါက်ဝေဒနာကို၊ **ဝေဒယတိ**=ခံစားရ၏။

**ဘိက္ခဝေ**=တို့၊ **ပန**=ထိုမှတပါး၊ **ဣဓ**=၌ ။ပ။ **အဗျာဗဇ္ဈံ**=ဒုက္ခမရှိသော၊ **ဝါ**=ဒုက္ခကို မဖြစ်စေတတ်သော၊ **ကာယသင်္ခါရံ**။ပ။ **အဗျာဗဇ္ဈံ**=ဒုက္ခမရှိသော၊ **လောကံ**။ပ။ **အဗျာဗဇ္ဈာ**=ဒုက္ခမရှိကုန်သော၊ **ဖဿာ**။ပ။ **ဖုဋ္ဌော**=သည်၊ **သမာနော**=သော်၊ **သုဘကိဏှာ**=သုဘကိဏှာဘုံ၌ ဖြစ်ကုန်သော၊ **ဒေဝါ** **သေယျထာပိ**=ဗြဟ္မာတို့ကဲ့သို့၊ (**ဧဝံ**-ဤအတူ) **အဗျာဗဇ္ဈံ**=သော၊ **ဧကန္တသုခံ**=ဧကန်စင်စစ် သုခဖြစ်သော၊ **ဝေဒနံ**=ဝိပါက်ဝေဒနာကို၊ **ဝေဒယတိ**=၏။ပ။

**သဗျာဗဇ္ဈမ္ပိ**=ဒုက္ခနှင့် အတူတကွလည်းဖြစ်သော၊ **ဝါ**=ဒုက္ခရှိသည်လည်းဖြစ်သော၊ **ဝါ**=ဒုက္ခကို ဖြစ်စေတတ်သည်လည်းဖြစ်သော၊ **အဗျာဗဇ္ဈမ္ပိ**=ဒုက္ခမရှိသည်လည်းဖြစ်သော၊ **ဝါ**=ဒုက္ခကို မဖြစ်စေတတ်သည်လည်းဖြစ်သော၊ **ကာယသင်္ခါရံ**။ပ။ **ဥပပန္နေ**=လျက်၊ **သမာနံ**=သော၊ **တမေနံ**=ထိုပုဂ္ဂိုလ်ကို။ပ။ **ဖုဋ္ဌော**=သည်၊ **သမာနော**=သော်၊ **မနုဿာ** **စ**=လူတို့သည်လည်းကောင်း၊ **ဧကစ္စေ**=အချို့ကုန်သော၊ **ဒေဝါ** **စ**=ကာမာဝစရနတ်တို့သည်လည်းကောင်း၊ **ဧကစ္စေ**=ကုန်သော၊ **ဝိနိပါတိကာ** **စ**=ဗိမာန်ပိုင်ရှင် ဝိနိပါတိက ပြိတ္တာတို့သည်လည်းကောင်း၊ **ဝါ**=ချမ်းသာကြီးပွားရေးမှ ဖောက်ပြန်စွာ ကျဆင်းခြင်းရှိသော ဗိမာန်ပိုင်ရှင် ပြိတ္တာတို့သည်လည်းကောင်း၊ [**သုခသမုဿယတော** **ဝိရူပံ** **နိပါတော** **နိပတနံ** **ဝိနိပါတော**၊ **သော** **ဧတေသံ** **အတ္တီတိ** **ဝိနိပါတိကာ**] **သဗျာဗဇ္ဈမ္ပိ**=သော၊ **အဗျာဗဇ္ဈမ္ပိ**=သော၊ **ဝေါကိဏ္ဏ** **သုခဒုက္ခံ**=ရောနှောသော သုခဒုက္ခဖြစ်သော၊ **ဝါ**=သုခဒုက္ခ အရောရော အနှောနှောဖြစ်သော၊ **ဝေဒနံ**=ကို၊ **ဝေဒယန္တိ** **သေယျထာပိ**=ခံစားကြကုန်သကဲ့သို့၊ (**ဧဝံ**-တူ) **သဗျာဗဇ္ဈမ္ပိ**=သော၊ **အဗျာဗဇ္ဈမ္ပိ**=သော၊ **ဝေါကိဏ္ဏသုခဒုက္ခံ**=သော၊ **ဝေဒနံ**=ကို၊ **ဝေဒယတိ**=ခံစားရ၏။ပ။

## PAGE 263

**၂၄။** **ဘိက္ခဝေ**=ရဟန်းတို့၊ **တယော**=သုံးဦးကုန်သော၊ **ဣမေ** **ပုဂ္ဂလာ**=ဤဆရာဖြစ်သော ပုဂ္ဂိုလ်တို့သည်၊ **ပုဂ္ဂလဿ**=တပည့်ဖြစ်သော ပုဂ္ဂိုလ်အား၊ **ဝါ**=တပည့်ပုဂ္ဂိုလ်အတွက်၊ **ဗဟုကာရာ**=များသော ကျေးဇူးရှိကုန်၏။ပ။

**ဘိက္ခဝေ**=တို့၊ **ယံ** **ပုဂ္ဂလံ**=အကြင်ဆရာဖြစ်သော ပုဂ္ဂိုလ်ကို၊ **အာဂမ္မ**=အကြောင်းပြု၍၊ **ပုဂ္ဂလော**=တပည့်ဖြစ်သော ပုဂ္ဂိုလ်သည်၊ **ဗုဒ္ဓံ**=သဗ္ဗညု မြတ်စွာဘုရားကို၊ **သရဏံ**=(ဝဋ်ဒုက္ခမှ လွတ်မြောက်ရေးအတွက်) ကိုးကွယ်အားထားရာဟူ၍၊ **ဂတော**=ဆည်းကပ်သည်၊ **ဝါ**=သဘောပေါက် သိမြင်သည်၊ **ဟောတိ**=၏၊ **ဓမ္မံ**=(မဂ်ဖိုလ်, နိဗ္ဗာန်, ဓမ္မက္ခန်ပရိယတ် ဆယ်ပါးသော) တရားတော်မြတ်ကို။ပ။ **သံဃံ**=(ရှစ်ပါးသော အရိယာပုဂ္ဂိုလ် အပေါင်းဟူသော) သံဃာတော်မြတ်ကို။ပ။

**ဘိက္ခဝေ**=တို့၊ **အယံ** **ပုဂ္ဂလော**=ဤရตနာသုံးပါး အားထားဆည်းကပ်သူအဖြစ်သို့ ရောက်စေသော ဆရာပုဂ္ဂိုလ်သည်၊ **ဝါ**=ဤသရဏဂုံပေးသော ဆရာပုဂ္ဂိုလ်သည်၊ **ဣမဿ** **ပုဂ္ဂလဿ**=ဤတပည့်ပုဂ္ဂိုလ်အား၊ **ဗဟုကာရော**=များသော ကျေးဇူးရှိ၏။

**ဘိက္ခဝေ**=တို့၊ **ပုန** **စ** **ပရံ**=နောက်ထပ်အခြားသော ကျေးဇူးများသော ဆရာပုဂ္ဂိုလ်တစ်ဦးကား၊ **ယံ** **ပုဂ္ဂလံ**=အကြင်ဆရာပုဂ္ဂိုလ်ကို၊ **အာဂမ္မ**=၍၊ **ပုဂ္ဂလော**=တပည့်ပုဂ္ဂိုလ်သည်။ပ။ [ဣဒံ ဒုက္ခံ-စသည်ကို ဤတိကနိပါတ်စာပိုဒ် (၁၂) နှင့် ဒုကနိပါတ်စာပိုဒ် (၄၆) သုတ်တို့ကိုကြည့်ပါ] **ဘိက္ခဝေ**=တို့၊ **အယံ** **ပုဂ္ဂလော**=ဤဆရာပုဂ္ဂိုလ်သည်၊ (သစ္စာလေးပါးတရားကို သိမြင်သော သောတာပတ္တိမဂ်သို့ ရောက်စေသော ဤဆရာပုဂ္ဂိုလ်သည်)။ပ။

**ဘိက္ခဝေ**=တို့၊ **ပုန** **စ** **ပရံ**=ကား။ပ။ [အာသဝါနံ ခယာ-စသည်ကို ဤတိကနိပါတ် စာပိုဒ် ၁၂-ကြည့်] **ဘိက္ခဝေ**=တို့၊ **အယံ** **ပုဂ္ဂလော**=ဤဆရာပုဂ္ဂိုလ်သည်၊ (အာသဝတရား ကုန်ခန်းကြောင်း အရဟတ္တမဂ်သို့ ရောက်စေသော ဤဆရာပုဂ္ဂိုလ်သည်)၊ **ဘိက္ခဝေ**=တို့၊ **စ** **ပန**=ဆက်လက်၍ အထူးဆိုဖွယ်ရှိသည်ကား၊ **တီဟိ**=သုံးဦးကုန်သော၊ **ဣမေဟိ** **ပုဂ္ဂလေဟိ**=ဤဆရာပုဂ္ဂိုလ်တို့ထက်၊ **ဣမဿ** **ပုဂ္ဂလဿ**=ဤတပည့်ပုဂ္ဂိုလ်အား၊ **ဝါ**=အတွက်၊ **ဗဟုကာရော**=များသော ကျေးဇူးရှိသော၊ **အညော**=အခြားသော **ပုဂ္ဂလော**=ဆရာပုဂ္ဂိုလ်သည်၊ **နတ္ထိ**=မရှိတော့၊ **ဣတိ**=ဤသို့၊ (**အဟံ**=ငါသည်) **ဝဒါမိ**=မိန့်ဆို၏။

**ဘိက္ခဝေ**=တို့၊ **ပန**=ဤမျှမကသေး၊ **တီဏိ**=သုံးဦးကုန်သော၊ **ဣမေသံ** **ပုဂ္ဂလာနံ**=ဤဆရာပုဂ္ဂိုလ်တို့ကို၊ **ဣမိနာ** **ပုဂ္ဂလေန**=ဤတပည့်ပုဂ္ဂိုလ်သည်၊
## PAGE 264

**အဘိဝါဒန**+**ပစ္စုဋ္ဌာန**+**အဉ္စလိကမ္မ**+**သာမီစိကမ္မ**+**စီဝရ**+**ပိဏ္ဍပါတ**+**သေနာသန**+**ဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရ**+**အနုပ္ပဒါနေန** = ရှိခိုးခြင်း+ နေရာမှထ၍ ခရီးဦးကြိုဆိုခြင်း+ လက်အုပ်ချီခြင်း+ အရိုအသေပြုခြင်း+ သင်္ကန်း+ဆွမ်း+ အိပ်ရာနေရာကျောင်း+ဂိလာန၏ ရောဂါအတွက်ဆန့်ကျင်ဘက်ဖြစ်၍ အသက်၏ အကာအကွယ်နှင့် အကြောင်းအဆောက်အဦဖြစ်သော ဆေးတို့ကို+ လှူဒါန်းခြင်းဖြင့်၊

**ယဒိဒံ** = အနက်မရှိကြံလိုမူ ဂိလာနပစ္စယ စသည်ကို ဒုကနိပါတ်စာပိုဒ် ၂- ကြည့်။

**န သုပ္ပတိကာရံ** = လွယ်ကူစွာ အတုံ့ပြန်၍ ကျေးဇူးမပြုနိုင်ခြင်းကို၊ ဝါ = နိုင်ဟူ၍၊ (**အဟံ**) **ဝဒါမိ** = မိန့်ဆို၏၊ **ယဒိဒံ**ကို အနက်ရှိ ကြံလိုလျှင်- **တိဏ္ဏံ ဣမေသံ ပုဂ္ဂလာနံ** = တို့ကို၊ **ယဒိဒံ အဘိဝါဒနအနုပ္ပဒါနံ** = အကြင်ရှိခိုးခြင်း လှူဒါန်းခြင်းသည်၊ (**အတ္ထိ**=ရှိ၏) **တေန အဘိဝါဒန... အနုပ္ပဒါနေန** = ထိုရှိခိုးခြင်း... လှူဒါန်းခြင်းဖြင့်၊ **ဣမိနာ ပုဂ္ဂလေန** = ဤတပည့် ပုဂ္ဂိုလ်သည်၊ **န သုပ္ပတိကာရံ** = ကို၊ ဝါ = ၍၊ **ဝဒါမိ** = ၏။] ဣတိ (**အဝေါစ**=မိန့်)

### ၅-ဝဇိရူပမသုတ်

**၂၅။** **အရုကူပမစိတ္တော** = အနာဟောင်း အနာဆွေးဟူသော ဥပမာရှိသော စိတ်ရှိသော၊ ဝါ = အနာဟောင်း အနာဆွေးနှင့်တူသောစိတ်ရှိသော၊ **အရု** = အနာဆွေး။ **အရု ဥပမာ ယဿ စိတ္တဿာတိ အရုကူပမံ**။ ပဒသန္ဓိ အကျိုးငှာ ကအက္ခရာလာ။ **အရုကူပမံ စိတ္တံ ယဿ ပုဂ္ဂလဿာတိ အရုကူပမစိတ္တော**] **ပုဂ္ဂလော** = ပုဂ္ဂိုလ်လည်းကောင်း၊

**ဝိဇ္ဇုပမစိတ္တော** = လျှပ်စစ်ဟူသော ဥပမာရှိသော စိတ်ရှိသော၊ ဝါ = လျှပ်စစ်နှင့်တူသော စိတ်ရှိသော၊ **ပုဂ္ဂလော** = လည်းကောင်း၊

**ဝဇိရူပမစိတ္တော** = ဝဇိရစိန်လက်နက်ဟူသော ဥပမာရှိသော စိတ်ရှိသော၊ ဝါ = သော၊ **ပုဂ္ဂလော** = လည်းကောင်းတည်း။

**ဘိက္ခဝေ** = တို့၊ **အရုကူပမစိတ္တော** = သော၊ **ပုဂ္ဂလော** = ပုဂ္ဂိုလ်ဟူသည်၊ **ကတမော စ** = အဘယ်နည်း။ ပ။ **ပုဂ္ဂလော** = သည်၊ **ကောဓနော** = စိတ်ဆိုးလေ့ရှိသည်။ ဝါ = ဒေါသကြီးသည်၊ **ဥပါယာသဗဟုလော** = များသော ပြင်းထန်စွာ စိတ်ပင်ပန်းခြင်း ရှိသည်၊ **ဟောတိ** = ၏၊

**အပ္ပမ္ပိ** = စကားအနည်းငယ်မျှကိုပင်လည်း၊ **ဝုတ္တော** = ပြောဆိုအပ်သည်၊ **သမာနော** = ဖြစ်လသော်၊ **အဘိသဇ္ဇတိ** = ဒေါသဖြင့် ငြိတွယ်၏၊ (ဒေါသဖြင့် ဆူးကောက်ကဲ့သို့ ငြိတွယ်၏) **ကုပ္ပတိ** = စိတ်ဆိုး၏၊ **ဗျာပဇ္ဇတိ** = ဖောက်ပြန်ခြင်းသို့ ရောက်၏၊ **ပဋိဃီယတိ** = ဒေါသဖြင့် ကြမ်းတမ်းခက်ထန်၏၊ [ပတိရှေးရှိသော ထာဓာတ်, ထေဓာတ် နှစ်မျိုး ဖြစ်နိုင်၏၊

