## PAGE 265

ဓာတွန်သရကို ဣယင်ပြု၊ မောဂ္ဂလ္လာန်နိဿယ၊ ခါဒိ၊ ၁၃၂ သုတ်] **ကောပဉ္စ** = အားနည်းသော ဒေါသကိုလည်းကောင်း၊ **ဒေါသဉ္စ** = ထို့ထက်အားကြီးသော ဒေါသကိုလည်းကောင်း၊ **အပ္ပစ္စယဉ္စ** = မနှစ်သက်မှ ဒေါမနဿကိုလည်းကောင်း၊ ဝါ = ပီတိသောမနဿ မဖြစ်နိုင်ကြောင်း ဒေါမနဿကိုလည်းကောင်း၊ **ပါတုကရောတိ** = ထင်ရှားပြု၏၊

**ဘိက္ခဝေ** = တို့၊ **ကဋ္ဌေန ဝါ** = ထင်းချောင်း, တုတ်ချောင်းဖြင့်သော်လည်းကောင်း၊ **ကဋ္ဌလာယ ဝါ** = အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း၊ **ဃဋိတော** = တိုက်ခိုက်ပုတ်ခတ်အပ်သော၊ **ဒုဋ္ဌာရုကော** = ဖောက်ပြန်ပျက်စီးသော အနာသည်၊ ဝါ = အနာဆွေးသည်။

**မတ္တာယ** = အတိုင်းအတာထက်၊ **ဘိယျောသော** = လွန်စွာ၊ **အာသဝံ** = သနံရည်ပြည်သွေးကို၊ **ဒေတိ သေယျထာပိ** = ပေးသကဲ့သို့၊ ဝါ = ယိုစီးစေသကဲ့သို့၊ **ဘိက္ခဝေ** = တို့၊ **ဧဝမေဝံ** = ဤအတူပင်။ ပ။ **ဘိက္ခဝေ** = တို့၊ **အယံ** = ဤဒေါသကြီးသော ပုဂ္ဂိုလ်ကို၊ **အရုကူပမစိတ္တော** = သော၊ **ပုဂ္ဂလော** = ပုဂ္ဂိုလ်ဟူ၍၊ **ဝုစ္စတိ** = ခေါ်ဆိုအပ်၏။ ပ။

**ဘိက္ခဝေ** = တို့၊ **စက္ခုမာ** = မျက်စိရှိသော၊ **ပုရိသော** = ယောက်ျားသည်၊ **ရတ္တန္ဓကာရတိမိသာယံ** = ညဉ့်အခါ မမြင်စမ်းတမ်း ကန်းသည်အဖြစ်ကို ပြုတတ်သော အမိုက်မှောင်၌ [**ရတ္တိ**=ညဉ့်၌+**အန္ဓကာရ**=ကန်းသည်အဖြစ်ကို ပြုတတ်သော၊ ဝါ-စက္ခုဝိညာဏ်ဖြစ်မှုကို တားဆီးတတ်သော+**တိမိသာ**= အမိုက်မှောင်] **ဝိဇ္ဇန္တရိကာယ** = လျှပ်စစ်ပြက်ဆဲ ခဏ၌၊ **ဝိယာ** = လျှပ်စစ်၏+**အန္တရိကာ** **နိစ္ဆရဏက္ခဏော** = ပြက်ဆဲခဏသည်၊ [**ဝိဇ္ဇန္တရိကာ**၌ **အန္တရိကာ**သဒ္ဒါ ခဏအနက်ဟော] **ရူပါနိ** = ရူပါရုံတို့ကို၊ **ပဿယျ သေယျထာပိ** = မြင်နိုင်သကဲ့သို့။ ပ။

**ဘိက္ခဝေ** = တို့၊ **အယံ** = ဤပုဂ္ဂိုလ်ကို၊ (သစ္စာလေးပါး... တရားသိမြင်သော အောက်မဂ် ပုဂ္ဂိုလ်သုံးဦးကို) **ဝိဇ္ဈုပမစိတ္တော** = သော၊ **ပုဂ္ဂလော** = ၍၊ **ဝုစ္စတိ** = ၏။ ပ။

**ဘိက္ခဝေ** = တို့၊ **ဝဇိရဿ** = ဝဇိရစိန်ကျောက်၏၊ ဝါ = ဝရဇိန်လက်နက်သည်၊ **ကိဉ္စိ** = တစုံတခုသော၊ **အဘေဇ္ဇံ** = မဖောက်ခွဲနိုင်သော၊ **မဏိ ဝါ** = ပတ္တမြားတုံးသည်လည်းကောင်း၊ **ပါသာဏော ဝါ** = ကျောက်တုံးသည်လည်းကောင်း၊ **နတ္ထိ သေယျထာပိ** = မရှိသကဲ့သို့။ ပ။ **အဟံ** = ဤပုဂ္ဂိုလ်ကို၊ (ဤစေတောဝိမုတ္တိသို့ ရောက်၍နေသော ရဟန္တာပုဂ္ဂိုလ်ကို) **ဝဇိရူပမစိတ္တော**။ ပ။

### ၆-သေဝိတဗ္ဗသုတ်

**၂၆။** **ဘိက္ခဝေ** = တို့၊ **န သေဝိတဗ္ဗော** = မချဉ်းကပ် မမှီဝဲထိုက်သော၊ **န ဘဇိတဗ္ဗော** = မဆည်းကပ်ထိုက်သော၊ **န ပယိရုပါသိတဗ္ဗော** = (အနီးအပါး၌

## PAGE 266

နေခြင်းဖြင့်) ထပ်တလဲလဲ မမှီခိုထိုက်သော၊ **ပုဂ္ဂလော** = ပုဂ္ဂိုလ်သည်၊ **အတ္ထိ** = ရှိ၏၊ **ဘိက္ခဝေ** = တို့၊ **သေဝိတဗ္ဗော** = ချဉ်းကပ်မှီဝဲထိုက်သော၊ **ဘဇိတဗ္ဗော** = ဆည်းကပ်ထိုက်သော၊ **ပယိရုပါသိတဗ္ဗော** = (အနီးအပါး၌နေခြင်းဖြင့်) ထပ်တလဲလဲ မှီခိုထိုက်သော၊ **ပုဂ္ဂလော** = သည်။ **အတ္ထိ** = ၏၊

**ဘိက္ခဝေ** = တို့၊ **သက္ကတွာ** = ကောင်းစွာပြု၍၊ **ဂရုံကတွာ** = အလေးဂရုပြု၍၊ **သေဝိတဗ္ဗော**။ ပ။ **အတ္ထိ** = ၏၊ **ဘိက္ခဝေ** = တို့၊ **ကတမော** = အဘယ်မည်သော၊ **ပုဂ္ဂလော** = ကို၊ **န သေဝိတဗ္ဗော** = မချဉ်းကပ် မမှီဝဲထိုက်သနည်း၊ **န ဘဇိတဗ္ဗော** = သနည်း၊ **န ပယိရုပါသိတဗ္ဗော** = နည်း၊

**ဘိက္ခဝေ** = တို့၊ **ဣဓ** = ဤလောက၌၊ **ဧကစ္စော** = အချို့သော၊ **ပုဂ္ဂလော** = သည်၊ **သီလေန** = သီလအားဖြင့်လည်းကောင်း၊ **သမာဓိနာ** = သမာဓိအားဖြင့်လည်းကောင်း၊ **ပညာယ** = ဖြင့်လည်းကောင်း၊ **ဟီနော** = မိမိအောက် ယုတ်နိမ့်သည်၊ **ဟောတိ** = ၏၊

**ဘိက္ခဝေ** = တို့၊ **အနုဒ္ဒယာ** = အစဉ်မပြတ် စောင့်ရှောက်တတ်သော မေတ္တာကို၊ **အညတြ** = ကြဉ်ဖယ်ထား၍၊ **အနုကမ္ပါ** = ငဲ့ညှာထောက်ထားသနားမှု ကရုဏာကို၊ **အညတြ** = ၍၊ **ဧဝရူပေါ** = ဤသို့သဘောရှိသော၊ (ဤသို့ သီလစသည်ဖြင့် မိမိအောက်ယုတ်နိမ့်ခြင်း သဘောရှိသော) **ပုဂ္ဂလော** = ကို၊ **န သေဝိတဗ္ဗော** = (မိမိအကျိုးစီးပွားအတွက်) မချဉ်းကပ် မမှီဝဲထိုက်၊ **န ဘဇိတဗ္ဗော** = ထိုက်၊ **န ပယိရုပါသိတဗ္ဗော** = ထိုက်။ [ထိုသူ၏ အကျိုးကိုငဲ့၍သာ ချဉ်းကပ်ထိုက်၏ဟူလို]

**ဘိက္ခဝေ** = တို့၊ **ကတမော** = သော၊ **ပုဂ္ဂလော** = ကို၊ **သေဝိတဗ္ဗော** = ချဉ်းကပ်မှီဝဲထိုက်သနည်း။ ပ။ **ပုဂ္ဂလော** = သည်၊ **သီလေန** = ဖြင့်လည်းကောင်း။ ပ။ **ပညာယ** = ဖြင့်လည်းကောင်း၊ **သဒိသော** = မိမိနှင့်တူညီသည်၊ **ဟောတိ** = ၏၊

**ဘိက္ခဝေ** = တို့၊ **ဧဝရူပေါ** = ဤသို့သဘောရှိသော၊ **ပုဂ္ဂလော** = ကို၊ **သေဝိတဗ္ဗော** = ထိုက်၏။ ပ။ **ကိဿ ဟေတု** = အဘယ်အကြောင်းကြောင့်၊ **တံ** = ထိုသို့ ချဉ်းကပ်ထိုက်သည် အဖြစ်သည်၊ (**ဟောတိ**=ဖြစ်သနည်းဟူမူ) **သီလသာမညဂတာနံ** = သီလအားဖြင့် တူသည်အဖြစ်သို့ ရောက်ကုန်လျက်၊ [**သမာနဿ ဘာဝေါ သာမညံ**၊ **သီလေန သာမညံ သီလသာမညံ**၊ **တံ ဂတာ**] **သတံ** (**သန္တာနံ**) အဖြစ်ကြကုန်သော၊ **နော** = ငါတို့၏၊ **သီလကထာ စ** = သီလနှင့်စပ်သော စကားသည်သာလျှင်၊ **ဘဝိဿတိ** = ဖြစ်လတ္တံ့၊ **နော** = ငါတို့၏၊ **သာ** = ထိုသီလကထာသည်၊ **ပဝတ္တိနီ စ** = (ကန့်ကွက်သူကင်းလျက်) အဆက်မပြတ်ဖြစ်ခြင်း ရှိသည်လည်း၊ **ဘဝိဿတိ** = တ္တံ့၊ **နော** = ငါတို့၏၊ **သာ** = ထိုသီလကထာသည်၊ **ဖာသု စ** = ချမ်းသာစွာနေရကြောင်း စကားသည်လည်း၊ **ဘဝိဿတိ** = တ္တံ့၊
## PAGE 267

**သမာဓိသာမညဂတာနံ**=သမာဓိအားဖြင့် တူညီသည်အဖြစ်သို့ ရောက်ကုန်လျက်။ ပ။ **သာ**=ထိုသမာဓိကထာသည်။ ပ။ **ပညာသာမညဂတာနံ**=ပညာအားဖြင့်...လျက်။ ပ။ **သာ**=ထိုပညာကလာသည်။ ပ။ **ဖာသူ စ**=လည်း၊ **ဘဝိဿတိ**=တ္တံ့၊

**ဣတိ**=ဤအကြောင်းကြောင့် (သီลကထာ စသည်ဖြင့် ချမ်းသာစွာ နေရခြင်းဟူသော ဤအကြောင်းကြောင့်) **တံ**=ထိုသို့ ချဉ်းကပ်ထိုက်သည်အဖြစ်သည်၊ ဟောတိ-ဖြစ်၏၊ [တံ ကိဿ ဟေတုသို့ ပြန်အုပ်သည်။ တသ္မာစသည်ကား နိဂုံးဝါကျ] **တသ္မာ**=ထို့ကြောင့်၊ **ဝါ**=ထိုသို့ သီလစသည် တူညီသောပုဂ္ဂိုလ်တို့အတွက် သီလကထာ စသည်ကိုသာ အမြဲပြောဆိုနေရခြင်း, ထိုသီလကထာစသည်၏ ချမ်းသာစွာ နေရကြောင်းလည်း ဖြစ်ခြင်းကြောင့်၊ **ဧဝရူပေါ**=သော၊ **ပုဂ္ဂလော**=ကို။ ပ။

**ပုဂ္ဂလော**=သည်၊ **သီလေန**=ဖြင့်လည်းကောင်း HO။ **ပညာယ**=ဖြင့်လည်းကောင်း၊ **အဓိကော**-မိမိထက်သာလွန်သည်၊ **ဟောတိ**=၏၊ **ဘိက္ခဝေ**=တို့၊ **ဧဝရူပေါ**=သော၊ **ပုဂ္ဂလော**=ကို။ ပ။ **ပယိရုပါသိတဗ္ဗော**=၏၊ **ကိဿ ဟေတု**=ကြောင့်၊ **တံ**=ထိုသို့ အလေးဂရုပြု၍ ချဉ်းကပ်ထိုက်သည် အဖြစ်သည်၊ (ဟောတိ-ဖြစ်သနည်းဟူမူ၊ **အဟံ**=ငါသည်) **ဣတိ**=ဤသို့အလေးဂရုပြု၍ချဉ်းကပ်ခြင်းဖြင့်၊ **အပရိပူရံ**=မပြည့်စုံ မလုံလောက်သေးသော၊ **သီလက္ခန္ဓံ ဝါ**=သီလအစုကိုလည်း၊ **ပရိပူရေဿာမိ** ပြည့်စုံလုံလောက်စေအံ့၊ **ပရိပူရံ**=ပြည့်စုံလုံလောက်သော၊ **သီလက္ခန္ဓံ ဝါ**=လည်း၊ **တတ္ထ တတ္ထ**=ထိုထို တိုးမြှင့်သင့်သောသီလသိက္ခာအရာ၌၊ **ပညာယ**=ပညာဖြင့်၊ (သာလွန်သော သီလကိုမှီ၍ဖြစ်သောပညာဖြင့်) **အနုဂ္ဂဟေဿာမိ**=တိုးမြှင့်အံ့၊ [တသ္မိံ တသ္မိံ ဌာနေတိ တံတံသိက္ခာကောဋ္ဌာသပဒဋ္ဌာနေ=ဟူသော ဋီကာ၌ ပဒသဒ္ဒါပိုသည်ဟု ယူဆ၏]

**အပရိပူရံ**=သော၊ **သမာဓိက္ခန္ဓံ ဝါ**=သမာဓိအစုကိုလည်း။ ပ။ **တတ္ထ တတ္ထ**=ထိုထို တိုးမြှင့်သင့်သော သမာဓိအရာ၌၊ **ပညာယ**=ပညာဖြင့်၊ (သာလွန်သောသမာဓိကို မှီ၍ဖြစ်သောပညာဖြင့်) **အနုဂ္ဂဟေဿာမိ**=တိုးမြှင့်အံ့၊ (တိုးတက်မြင့်မားလာစေအံ့) ။ ပ။ **ပညာက္ခန္ဓံ ဝါ**=ပညာအစုကိုလည်း။ ပ။ **တတ္ထ တတ္ထ**=ထိုထို တိုးမြှင့်သင့်သော ပညာအရာ၌၊ **ပညာယ**=ပညာဖြင့်၊ (သာလွန်သောပညာကိုမှီ၍ဖြစ်သော ပညာဖြင့်) **အနုဂ္ဂဟေဿာမိ**=အံ့။

**ဣတိ**=ဤအကြောင်းကြောင့်၊ (**တံ**=ထိုသို့ အလေးဂရုပြု၍ ချဉ်းကပ်ထိုက်သည် အဖြစ်သည်၊ **ဟောတိ**=ဖြစ်၏) **တသ္မာ**=ထို့ကြောင့်၊ **ဝါ**=ထိုသို့ မပြည့်စုံသေးသော သီလက္ခန္ဓစသည်ကို ပြည့်စုံစေခြင်း, ပြည့်စုံသော သီလက္ခန္ဓစသည်ကို တိုးတက်မြင့်မား

