## PAGE 268

လာစေနိုင်ခြင်းကြောင့်၊ **ဧဝရူပေါ**။ ပ။ **သံဝိဇ္ဇမာနာ**=ရအပ်ကုန်၏၊ **ဣတိ**=ဤသို့၊ (အဝေါစ=မိန့်တော်မူပြီ)

**နိဟီနသေဝီ**=(သီလစသောဂုဏ်ဖြင့်) မိမိအောက် ယုတ်နိမ့်သောသူကိုမှီခိုဆည်းကပ်သော၊ **ပုရိသော**=ပုဂ္ဂိုလ်သည်၊ **နိဟီယတိ**=(သီလစသော ဂုဏ်အားဖြင့်) ယုတ်နိမ့်ကျဆင်း၏၊ **တုလျသေဝီ**=သီလစသည်ဖြင့် မိမိနှင့်တန်းတူညီမျှပုဂ္ဂိုလ်ကို မှီခိုဆည်းကပ်သောသူသည်၊ **ကဒါစိ**=တစ်ရံတစ်ခါမျှ၊ **ဝါ**=မည်သည့်အခါ၌မျှ၊ **န စ ဟာယေထ**=မယုတ်နိမ့်နိုင်သည်သာ၊ [ဧထဝိဘတ်ကို သတ္တိအနက်ဟောကြံသည်] **သေဋ္ဌိ**=(သီလစသောဂုဏ်ဖြင့်) မိမိထက်မြင့်မြတ်သောပုဂ္ဂိုလ်ကို၊ **ဥပနမန္တော** ကိုင်းရှိုင်းဆည်းကပ်သောသူသည်၊ **သိပ္ပံ**=လျင်မြန်စွာသာလျှင်း **ဥဒေတိ**=(သီလစသောဂုဏ်ဖြင့်) တိုးတက်မြင့်မား၏၊ **တသ္မာ**=ထို့ကြောင့်၊ **အတ္တနော**=မိမိထက်၊ **ဥတ္တရိ**=သီလစသည်ဖြင့် သာလွန်မြင့်မြတ်သော ပုဂ္ဂိုလ်ကို၊ **ဘဇေထ**=မှီခိုဆည်းကပ်သင့်၏၊ **ဝါ**=မှီခိုဆည်းကပ်ပါလော၊ [ဤ၌ သတ္တမီ “ထ”ဝိဘတ်သည် အရဟအနက်, အာဏတ္တိအနက်ဟုအနက်နှစ်မျိုးဟော ဖြစ်နိုင်၏] **ဣတိ** (**အဝေါစ**) ဆဋ္ဌံ။

#### ၇-ဇိဂုစ္ဆိတဗ္ဗသုတ်

**၂၇။ ဘိက္ခဝေ**=တို့၊ **ဇိဂုစ္ဆိတဗ္ဗော**=(မစင်ပမာ) ရွံရှာစက်ဆုပ်သင့်သည်၊ (ဟုတွာ=ဖြစ်၍) **န သေဝိတဗ္ဗော**=သော၊ **န ဘဇိတဗ္ဗော**=သော၊ **န ပယိရုပါသိတဗ္ဗော**=သော၊ **ပုဂ္ဂလော**=သည်၊ **အတ္ထိ**=ရှိ၏၊ **ဘိက္ခဝေ**=တို့၊ **အပေက္ခိတဗ္ဗော**= လျစ်လျူရှုသင့်သည်၊ (ဟုတွာ)။ ပ။ **န ပယိရုပါသိတဗ္ဗော**=သော၊ **ပုဂ္ဂလော**=သည်၊ **အတ္ထိ**။ ပ။ **ဘိက္ခဝေ**=တို့၊ **ကတမော**=သော၊ **ပုဂ္ဂလော**=ကို၊ **ဇိဂုစ္ဆိတဗ္ဗော**=သည်၊ (ဟုတွာ) **န သေဝိတဗ္ဗော**=ထိုက်သနည်း။ ပ။ **န ပယိရုပါသိတဗ္ဗော**=သနည်း၊ ထို့နောက် စာပိုဒ်-၁၃-ကြည့်။ ပ။ **ဘိက္ခဝေ**=တို့၊ **ဧဝရူပေါ**=သော၊ **ပုဂ္ဂလော**=ဒုဿီလပုဂ္ဂိုလ်ကို၊ **ဇိဂုစ္ဆိတဗ္ဗော**=သည်၊ (ဟုတွာ) **န သေဝိတဗ္ဗော** မချဉ်းကပ် မမှီဝဲထိုက်။ ပ။ **ကိဿ ဟေတု**=ကြောင့်၊ **တံ**-ထိုသို့ရွံရှာသင့်၍ မချဉ်းကပ်ထိုက်သည်အဖြစ်သည်၊ (ဟောတိ=မူ) **ဘိက္ခဝေ**=တို့၊ **ဧဝရူပဿ**=ဤသို့ သဘောရှိသော၊ **ပုဂ္ဂလဿ**=ဒုဿီလ ပုဂ္ဂိုလ်၏။ **ဒိဋ္ဌာနုဂတိ** တွေ့မြင်အပ်သော အပြုအမူကို အတုလိုက်ခြင်းသို့၊ **ကိဉ္စာပိ န အာပဇ္ဇတိ**=အကယ်၍ကား မရောက်ပါပေ၊ **အထခေါ**=ထိုသို့ပင် မရောက်ပါသော်လည်း၊ **နံ**=ထိုဒုဿီလကိုမှီခိုဆည်းကပ်သောသူ၏၊ **ပါပကော**=ယုတ်ညံ့သော၊ **ကိတ္တိ**

## PAGE 269

**သဒ္ဓေါ**=ကဲ့ရဲ့ပြောဆိုအပ်သော သတင်းစကားသံသည်၊ **အဗ္ဗုဂ္ဂစ္ဆတိ**= ကျော်လွှမ်းပျံ့နှံ့၍တက်၏၊ (ကိန္တိ-သို့၊ **အဗ္ဗုဂ္ဂစ္ဆတိ**=သနည်းဟူမူ)

(**အယံ**=ဤသူကား) **ပါပမိတ္တော**=ယုတ်မာသော မိတ်ဆွေရှိသော၊ **ပါပသဟာယော** ယုတ်မာသော အဖော်သဟဲရှိသော၊ **ပါပသမ္ပဝင်္ကော**= သူယုတ်မာတို့၌ ညွတ်ယိမ်းကိုင်းရှိုင်းသော၊ **ပုရိသပုဂ္ဂလော**=လူသူပုဂ္ဂိုလ်ပေတည်း၊ **ဣတိ**=သို့၊ (**အဗ္ဗုဂ္ဂစ္ဆတိ**=၏) **ဘိက္ခဝေ**=တို့၊ **ဂူထဂတော**=မစင်တွင်း၌ ကျရောက်သော၊ **အဟိ**=မြွေသည်၊ (လင်းမြွေသည်) **ကိဉ္စာပိ န ဒံသတိ**= အကယ်၍ကား မကိုက်ပါပေ၊ **အထခေါ**=ထိုသို့ပင် မကိုက်ပါသော်လည်း၊ **နံ**=(မြွေကိုမစင်တွင်းမှထုတ်ဆယ်သော) ထိုသူကို၊ (**အဟိ**=မြွေသည်) **မက္ခတိ သေယျထာပိ**=မစင်ဖြင့် သုတ်လိမ်းသကဲ့သို့။ ပ။ **ပါပသမ္ပဝင်္ကော**=သော၊ **ပုရိသပုဂ္ဂလော**=တည်း၊ **ဣတိ** (**အဗ္ဗုဂ္ဂစ္ဆတိ**=၏၊ **ဣတိ**=ဤ မကောင်းသတင်း ပျံ့နှံ့ခြင်းဟူသော အကြောင်းကြောင့်၊ **တံ**=ထိုသို့ ရွံရှာသင့်၍ မချဉ်းကပ်ထိုက်သည်အဖြစ်သည်၊ **ဟောတိ**=ဖြစ်၏၊) [တံ ကိဿ ဟေတုသို့ ပြန်စပ်သည်] **တသ္မာ**=ထို့ကြောင့်၊ **ဝါ**=ထိုသို့ဒုဿီလကို ဆည်းကပ်သူ၏ မကောင်းသတင်းပျံ့နှံ့သည်အဖြစ်ကြောင့်၊ **ဧဝရူပေါ**=သော၊ **ပုဂ္ဂလော**=ဒုဿီလပုဂ္ဂိုလ်ကို။ ပ။

**အာသဝံ ဒေတိ**။ **ဧဝမေဝံခေါ ဘိက္ခဝေ ဣဓေကစ္စော ပုဂ္ဂလော ကောဓနော ဟောတိ... ပါတုကရောတိ**။ [သေယျထာပိ ဘိက္ခဝေ တိန္ဒုကာလာတံ-ဟုပေယျာလဖော်ပါ] **ဘိက္ခဝေ**=တို့၊ **တိန္ဒုကာလာတံ**=တယ်သားမီးစသည်၊ [တိန္ဒုက=တယ်သား+အလာတ=မီးစ] **ကဋ္ဌေန ဝါ**=ဖြင့်လည်းကောင်း၊ **ကဌလာယ ဝါ**=ဖြင့်လည်းကောင်း၊ **ဃဋိတံ**=ရိုက်ခတ်အပ်သည်၊ (သမာနံ= ဖြစ်လသော်) **မတ္တာယ** ထက်၊ **ဘိယျောသော**=စွာ၊ **စိစ္စိဋာယတိ** **သေယျထာပိ**=စိစ္စဟူသော အသံကို ပြုသကဲ့သို့၊ **ဝါ**=ဖျစ်ဖျစ်ဟူသောအသံကို ပြုသကဲ့သို့၊ **စိဋိစိဋာယတိ သေယျထာပိ**=စိဋိစိဋဟူသော အသံကိုပြုသကဲ့သို့၊ **ဝါ**=ဖျတ်ဖျတ်ဟူသော အသံကို ပြုသကဲ့သို့။ ပ။ **ဂူထကူပေါ**=မစင်ကျင်ကြီးဖြင့် ပြည့်သောကျင်းသည်၊ **ဝါ**=မစင်ကျင်ကြီးပုံသည်။ ပ။ **ဃဋိတော**=သည်၊ (သမာနော=သော်)။ ပ။ **ဒုဂ္ဂန္ဓော**=မကောင်းသောအနံ့ရှိသည်၊ **ဟောတိ** **သေယျထာပိ**=ဖြစ်သကဲ့သို့။ ပ။ **ကိဿ ဟေတု**=အဘယ်အကြောင်းကြောင့်၊ **တံ**-ထိုသို့လျစ်လျူရှုသင့်၍ မဆည်းကပ်ထိုက်သည် အဖြစ်သည်၊ (**ဟောတိ**=ဖြစ်သနည်းဟူမူ၊ **သော**=ထိုဒေါသကြီးသောသူသည်) **မံ**=ငါ့ကို၊ **အက္ကောသေယျပိ**= ဆဲရေးမှုလည်း ဆဲရေးလေရာ၏၊ **မံ**=ငါ့ကို၊ **ပရိဘာသေယျပိ**=
## PAGE 270

ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်လေရာ၏၊ **မံ**=ငါ့ကို၊ **အနတ္တံ**=အကျိုးစီးပွားကင်းမဲ့သူဖြစ်အောင်၊ **ကရေယျပိ**=ပြုမှုလည်း ပြုလေရာ၏၊ **ဣတိ**=(ဆဲရေးခြင်းစသည်ကို ပြုလေရာသော)။ ဤအကြောင်းကြောင့်၊ (**တံ**=ထိုသို့လျစ်လျူရှုသင့်၍ မဆည်းကပ်ထိုက်သည် အဖြစ်သည်။ **ဟောတိ**=ဖြစ်၏)

**တသ္မာ**=ထို့ကြောင့်၊ ဝါ=ထိုသို့ ဆဲရေးခြိမ်းခြောက်, အကျိုးမဲ့ပြုလေရာသည်အဖြစ်ကြောင့်၊ **ဧဝရူပေါ**=ဤသို့ဒေါသကြီးခြင်း သဘောရှိသော၊ **ပုဂ္ဂလော**=ပုဂ္ဂိုလ်ကို။ပ။ **ဧကန္တော**=သော၊ **ပုဂ္ဂလော**=ပုဂ္ဂိုလ်သည်၊ **သီလဝါ**=သိလရှိသည်၊ **ကလျာဏဓမ္မော**=ကောင်းသော သဘောရှိသည်၊ **ဟောတိ**-၏၊ **ဘိက္ခဝေ**=တို့၊ **ဧဝရူပေါ**=ဤသို့ သီလနှင့်ပြည့်စုံခြင်း သဘောရှိသော၊ **ပုဂ္ဂလော**=ကိုးပ

**ကိဿ ဟေတု**=ကြောင့်၊ **တံ**=ထိုသီလရှိသော ပုဂ္ဂိုလ်ကို ဆည်းကပ်ထိုက်သည်အဖြစ်သည် (**ဟောတိ**=မူ)။ပ။ **နံ**=ထိုသီလဝန္တ ပုဂ္ဂိုလ်ကို မှီခိုဆည်းကပ်သူ၏၊ **ကလျာဏော**=ကောင်းသော၊ **ကိတ္တိသဒ္ဓေါ**=ချီးမွမ်းပြောဆိုအပ်သောသတင်းစကားသံသည်။ပ။ (**အယံ**=ဤပုဂ္ဂိုလ်သည်) **ကလျာဏမိတ္တော**=ကောင်းသောမိတ်ဆွေရှိသော၊ **ကလျာဏသဟာယော**= ကောင်းသော အဖော်သဟဲရှိသော၊ **ကလျာဏသမ္ဗဝကော**=သူတော်ကောင်းတို့၌ ညွတ်ကိုင်းသော၊ **ပုရိသပုဂ္ဂလော**=ယောက်ျားပုဂ္ဂိုလ်ပေတည်း၊ **ဣတိ** (**အဗ္ဗုဂ္ဂစ္ဆတိ**=၏၊ **ဣတိ**=ဤအကြောင်းကြောင့်၊ **တံ**=ထိုသို့သီလရှိသော ပုဂ္ဂိုလ်ကို ဆည်းကပ်ထိုက်သည် အဖြစ်သည်၊ **ဟောတိ**=၏)

**တသ္မာ**=ထို့ကြောင့်၊ ဝါ=ထိုသို့သီလရှိသူကို မှီခိုဆည်းကပ်သူ၏ သတင်းကောင်း ပျံ့နှံ့သည်အဖြစ်ကြောင့်၊ **ဧဝရူပေါ**=ဤသို့သဘောရှိသော၊ **ပုဂ္ဂလော**=သီလရှိသော ပုဂ္ဂိုလ်ကို။ပ။ သတ္တမံ။

#### ၈-ဂူထဘာဏီသုတ်

**၂၈။** **ဂူထဘာဏီ**-မစင်ကျင်ကြီးကဲ့သို့ အနံ့ဆိုးသော စကားကိုပြောဆိုသော ပုဂ္ဂိုလ်လည်းကောင်း၊ **ပုပ္ဖဘာဏီ**= (စကားဝါ,မြလေးစသော) ပန်းကဲ့သို့ အနံ့မွှေးသော စကားကို ပြောဆိုသော ပုဂ္ဂိုလ်လည်းကောင်း **မဓုဘာဏီ**=ပျားရည်ပမာ နားချိုသာသော စကားကိုပြောဆိုသော ပုဂ္ဂိုလ်လည်းကောင်းတည်း၊ **ဘိက္ခဝေ**=တို့၊ **ဂူထဘာဏီ**…….ကိုပြောဆိုသော၊ **ပုဂ္ဂလော**=ပုဂ္ဂိုလ်ဟူသည်၊ **ကတမော စ**=နည်း။ပ။ **ပုဂ္ဂလော**-သည်၊ **သဘဂ္ဂတော ဝါ** အစည်းအဝေး၌ ရောက်နေသည်သော်လည်းကောင်း၊ **ပရိသဂ္ဂတော ဝါ** ရွာသားပရိသတ်၌ . ရောက်နေသည်သော်လည်းကောင်း၊ **ဉာတိမဇ္ဈဂတော**=

