## PAGE 271

ဝါ=ဆွေမျိုးတို့အလယ်၌ ရောက်နေသည် သော်လည်းကောင်း၊ **ပူဂမဇ္ဈဂတော ဝါ**=အသင်းအဖွဲ့အလယ်၌ ရောက်နေသည်သော်လည်းကောင်း၊ **ရာဇကုလမဇ္ဈဂတော ဝါ**=မင်းမျိုးအလယ် ဝိနိစ္ဆယခုံရုံးကြီး၌ ရောက်နေသည်သော်လည်းကောင်း၊ (**ဟုတွာ**=ဖြစ်၍) “**အမ္ဘော ပုရိသ**=အမောင်ယောက်ျား၊ **ဧဟိ**=လာပါလော၊ **ယံ**=အကြင်အကြောင်းအရာကို၊ **ဇာနာသိ**=သင်သိ၏၊ **တံ**=ထိုသင်သိအပ်ပြီးသော အကြောင်းအရာကို၊ **ဝဒေဟိ**=ပြောပါလော”၊ **ဣတိ**=ဤသို့၊

**အဘိနီတော**=မေးစစ်ခြင်းငှာ ခေါ်ဆောင်အပ်သည်၊ **သက္ခိပုဋ္ဌော**=သက်သေပြု၍မေးစစ်အပ်သည်၊ (**သမာနော**=သော်) သော=ထိုသူသည်၊ **အဇာနံ** (**အဇာနန္တော**) ဝါ မသိဘဲလျက်လည်း၊ **ဇာနာမီတိ**=ကျွန်ုပ်သိပါ၏ဟု၊ **အာဟ**-ပြော၏။ **ဇာနံ** (**ဇာနန္တော**) ဝါ=သိပါလျက်လည်း၊ **န ဇာနာမီတိ**=မသိပါဟု၊ **အာဟ**=ပြော၏။ **အပဿံ** (**အပဿန္တော**) ဝါ= မမြင်ဘဲလျက်လည်း၊ **ပဿာမီတိ**=မြင်ပါ၏ဟု၊ **အာဟ**=၏။ **ပဿံ** (**ပဿန္တော**) ဝါ-မြင်ပါလျက်လည်း၊ **န ပဿာမီတိ**=မမြင်ပါဟု၊ **အာဟ**-၏။

**ဣတိ**=ဤသို့၊ **အတ္ထဟေတု ဝါ**=မိမိ၏ အကြောင်းတခုခုကြောင့်သော်လည်းကောင်း၊ (မိမိ၏ လက်ခြေစသည် အဖြတ်ခံရခြင်းနှင့် ပစ္စည်းဥစ္စာရရှိခြင်း, ပျက်စီးဆုံးရှုံးခြင်းဟူသော အကြောင်းကြောင့် သော်လည်းကောင်း) **ပရဟေတု ဝါ**=(ဆွေမျိုးမိတ်ဆွေ စသော) သူတစ်ပါး၏ အကြောင်းကြောင့်သော်လည်းကောင်း၊ (သူတစ်ပါး၏ လက်ခြေစသည် အဖြတ်ခံရခြင်းနှင့် ပစ္စည်းဥစ္စာရရှိခြင်း, ဆုံးရှုံးခြင်းဟူသော အကြောင်းကြောင့်သော်လည်းကောင်း) **အာမိသကိဉ္စိက္ခဟေတု ဝါ**=အနည်းငယ်မျှသော တံစိုးလက်ဆောင်ဟူသော အကြောင်းကြောင့် သော်လည်းကောင်း [**ကိဉ္စိက္ခု**=အနည်းငယ်မျှသော+**အာမိသ**=မျက်နှာလိုမျက်နှာရ ပေးစရာလာဘ် တံစိုးလက်ဆောင်ပစ္စည်း] **သမ္ပဇာနံ** (**သမ္ပဇာနန္တော**)=မှားယွင်းနေမှန်း သိပါလျက်၊ **သမ္ပဇာနံ**=၌ နိဂ္ဂဟိတ်ကိုချေ၍ “**သမ္ပဇာ**”ဟုရှိသည်] **မုသာ**=မှားယွင်းသောစကားကို၊ **ဘာသိတာ**=ပြောဆိုသည်၊ **ဟောတိ**=၏၊ **ဘိက္ခဝေ**=တို့၊ **အယံ**=ဤပုဂ္ဂိုလ်ကို၊ (အတ္တ, ပရ, အာမိသကိဉ္စိက္ခဟူသောအကြောင်းကြောင့် မဟုတ်မမှန် ပြောဆိုသော ဤပုဂ္ဂိုလ်ကို) **ဂူထဘာဏီ**-သော၊

**ပုဂ္ဂလော**=ပုဂ္ဂိုလ်ဟူ၍၊ **ဝုစ္စတိ**=ခေါ်ဆိုအပ်၏။ပ။ သော=ထိုသူသည်၊ **အဇာနံ** (**အဇာနန္တော**) ဝါ=မသိလျှင်လဲပဲ၊ **န ဇာနာမီတိ**=မသိပါဟု၊ **အာဟ**=၏၊ **ဇာနံ** (**ဇာနန္တော**) ဝါ=သိလျှင်လဲပဲ၊ **ဇာနာမီတိ**=သိပါ၏ဟု၊ **အာဟ**=၏။ပ။ **မုသာ**=ကို၊ **ဘာသိတာ**=သည်၊ နု

## PAGE 272

**ဟောတိ**=မဖြစ်။ပ။ **ဖရုသံ**=ကြမ်းတမ်းသော၊ ဝါ=မိမိနှင့် သူတစ်ပါးကို ကြမ်းတမ်းအောင် ပြုကြောင်းဖြစ်သော၊ **ဝါစံ**=စကားကို၊ ဝါ=စကား၏ အကြောင်းရင်းစေတနာကို၊ **ပဟာယ**=ပယ်၍၊ **ဖရုသာယ**=သော၊ ဝါ=သော၊ **ဝါစာယ**=မှ၊ ဝါမှ၊ **ပဋိဝိရတော**=ရှောင်ကြဉ်သည်။ **ဟောတိ**=၏၊ **ယာ သာ ဝါစာ**=အကြင်စကားသည်၊ **နေလာ**=အပြစ်မရှိ၊ **ကဏ္ဏသုခါ** ကြားရသူတို့၏နားကို ချမ်းသာ

၁။ **နေလာ**, **ကဏ္ဏသုခါ**, **ပေမနီယာ**။ ။ **နေလာ**=**န**+**ဧလာ**’ဟု ပုဒ်ဖြတ်။ "ဗဟုလာယဉ္စ ခေလမှိ၊ ဧလာ ဒေါသေလ မီရိတံ”ဟူသော အဘိဓာန်ဂါထာ (၁၀၁၀)နှင့်အညီ **ဣတ္ထိလိင် ဧလာ** (**ဧဠာ**) **သဒ္ဒါ**သည် ဖာလာပင်နှင့် တံတွေးဟူသော အနက်တို့ကို ဟော၍ **နပုလ္လိင် ဧလ** (**ဧဠ**)**သဒ္ဒါ**သည် အပြစ်ဒေါသဟူသော အနက်ကို ဟော၏။ လလေး, ကြီး နှစ်မျိုးလုံးပင် အသုံးရှိ၏။ ထိုအနက် သုံးမျိုးတို့တွင် ဤပါဠိတော်၌ “**နေလာတိ ဧလံ ဝုစ္စတိ ဒေါသော**”ဟူ၍ အပြစ်ဒေါသဟူသော အနက်ကို အဋ္ဌကထာ ဖွင့်၏။ **နာဿာ ဧလန္တိ နေလာ နိဒ္ဒေါသာ**= အပြစ်မရှိသော စကား။ အဋ္ဌကထာ ဋီကာတို့၌ မည်သို့မည်ပုံ အပြစ်မရှိသည်ကို မဖွင့်ပြ၊ သဒ္ဒါအားဖြင့်လည်းကောင်း, အနက်အားဖြင့် လည်းကောင်း အပြစ်မရှိသော စကားဟု ဆရာတော်မြတ်များ မိန့်တော်မူကြ၏။

အဋ္ဌသာလိနီ ဝေဒနာတိုက် အဖွင့်အတိုင်း “**သုခယတိတိ သုခါ**= ချမ်းသာစေတတ်သော စကား”ဟု ဝစနတ္ထပြုသင့်၏။ သုခ၏အကြောင်းဟု ဖလူပစာရသော်လည်း ကြံသင့်၏။ **ဗျဉ္ဇနမဓုရတာယ**=စကားသံ၏ ချိုသာသည်အဖြစ်ကြောင့်၊ သဒ္ဒါ၏ ချိုမြိန်သော အရသာနှင့်တူသည်အဖြစ်ကြောင့်-ဟုလည်း ပြန်ဆိုတော်မူကြ၏] **ကဏ္ဌာနံ သုခါ ကဏ္ဏသုခါ**- (ကြားရသူတို့၏) နားကို ချမ်းသာစေတတ်သော (နားဝင်ချိုသော) စကား။

“ချာဒီဟိ မန် မစတော ဝါ”ဟူသော ကစ္စည်းသဒ္ဒါကြီး ဥဏာဒိကပ္ပ၌ **ပေမသဒ္ဒါ**ကို **ပီဓာတ်** မန်ပစ္စည်းဖြင့် ရုပ်စီရင်၏၊ **ပိယနံ ပေမော** (**ပီဏနံ ပေမော**)= ချစ်ခင်ခြင်း၊ ယခုစာအုပ်တို့၌ **ပေမနီယာ**-ဟု ဤဒီဃဖြင့်ချည်း တွေ့ရ၏။ ထို့ကြောင့် ပေမပုဒ်နောင် တဒ္ဓိတ် ဤယပစ္စည်းသက်ရမည်ဖြစ်၏။ **ဣယ**ပစ္စည်းသက်၍ ”**ပေမနီယာ**”ဟု ဣရဿဖြင့်လည်း ရုပ်စီရင်တော်မူကြ၏။ နငယ်လည်းလာရ၏။ **အတ္ထမဓုရတာယ**= အနက်သဘော ချောညက်ချိုသာသည် အဖြစ်ကြောင့်၊ **ပေမံ ဇနေတီတိ ပေမနီယာ**=ချစ်ခင်ခြင်းကို ဖြစ်စေတတ်သော စကား။
## PAGE 273

**စေနိုင်၏**၊ **ပေမနီယာ**=ချစ်ခင်ခြင်းကို ဖြစ်စေနိုင်၏၊ **ဟဒယင်္ဂမာ**=(မထိုးမနှက်,ချောညက်စွာ) စိတ်နှလုံးသို့ ဝင်ရောက်လာ၏။ **ပေါရီ**=မြို့ကြီးသူသဖွယ် နုနယ်သိမ်မွေ့၏၊ **ဝါ**=ကောင်းခြင်းဂုဏ်အင် ပြည့်စုံလင်သည်အဖြစ်၌ ဖြစ်၏၊ **ဝါ**=မြို့သူမြို့သားတို့၏ ဥစ္စာဖြစ်သော အသုံးအနှုန်းဖြစ်၏။ **ဗဟုဇနကန္တာ**=များစွာသော လူအပေါင်းသည် နှစ်သက်အပ်၏၊ **ဗဟုဇနမနာပါ**=များစွာသော

**၁။ ပေါရီအဖွင့်သုံးမျိုး။** ။ “ဂုပရိပုဏ္ဏတာယ ပူရေ ဘဝါ ပေါရီ”။ ဟု အဋ္ဌကထာ ဝစနတ္ထပြု၏။ **ဂုဏပရိပုဏ္ဏတာယ** (ဂုဏ်တို့၏ ပြည့်စုံသည်အဖြစ်ကြောင့်)ဟူသော ဟိတ်ပါဌ်နှင့် အညီ **ပူရေ**ပုဒ်ကို ဤသုတ်ဋီကာ၌“**ပူရေတိ ဂုဏာနံ ပါရိပူရိယံ**”ဟု လည်းကောင်း, စတုက္ကနိပါတ်စာပိုဒ် (၉၇)ခိပ္ပနိသန္တိသုတ် ဋီကာ (နှာ-၃၂၁)၌ “**ပူရေ ပုဏ္ဏဘာဝေ**”ဟုလည်းကောင်းဖွင့်၏။ ထို့ကြောင့် ဤပဌမနည်း၌ ဦဒီဃဖြင့် **ပူရေ**ဟုရှိရမည် ဖြစ်၏။

ထို**ပူရေ**ကိုလည်း **ဘာဝပ္ပဓာန** (သို့မဟုတ်) **ဘာဝလောပ** ကြံရ၏။ **ပူရေ**(**ပူရဘာဝေ**)=ကောင်းခြင်းဂုဏ်အင် ပြည့်စုံလင်သည်အဖြစ်၌၊ **ဘဝါ**= ဖြစ်သောစကားတည်းဟု အနက်ဆိုရ၏။ ဤနည်း၌ ဦဒီဃဖြင့် **ပူရ**ပုဒ်, **ဏ**ပစ္စည်း၊ **ဦ**ကို **ဩ**ဗုဒ္ဓိပြု၊ ဣတ္ထိဇောတက **ဤ**ပစ္စည်းသက်၍ **ပေါရီ**ဟု ရုပ်ဖြစ်၏။

အဋ္ဌကထာ ဒုတိယနည်း အဖွင့်၌ မြို့ဟူသော အနက်ကိုဟော၍ **ဟြဿ**ဖြင့်ရှိသော **ပုရ**ပုဒ်, **ဏ**ပစ္စည်း **ဤ**ပစ္စည်းဖြင့် **ပေါရီ**ဟု ဖြစ်၏။ **ပုရေသံဝနာ ပေါရီ**= မြို့၌ ကြီးပွားသော အမျိုးသမီး၊ **ပေါရီ ဝိယာတိ ပေါရီ**=မြို့သူသဖွယ် နုနယ်သိမ်မွေ့ သော စကား။

(တနည်း) မြို့ဟူသော အနက်ကိုဟောသော **ပုရ**သဒ္ဒါဖြင့်ပင်-**ပုရဿသာတိ ပေါရီ**= မြို့သူမြို့သားတို့၏ အပြောအဆို အသုံးအနှုန်းဖြစ်သောစကား၊ ဤသို့ ဝစနတ္ထပြု၊ **ပုရ**သဒ္ဒါသည် မူလက မြို့ဟူသော အနက်ကိုဟောသော်လည်း ဤနေရာ (ဤတတိယနည်း)၌မူ **ဂါမော အာဂတော**(ရွာနေလူစုသည် လာ၏)၌ကဲ့သို့ **ဌာနပစာရ အဘေဒ**နည်းအားဖြင့် မြို့သူ၊ မြို့သားကို **ပုရ**ဟု ဆိုရသည်။

**၂။ ဗဟုဇနမနာပါ။** ။ **အပ**ဓာတ် **ဏ**ပစ္စည်းဖြင့် ရုပ်ပြီး၍ **အာ**ဒီဃဖြင့်ရှိသော **အာပ**သဒ္ဒါဖြင့် “**မနံ အာပယတိ ဝမ္မေတီတိ မနာပါ**… စိတ်နှလုံးကိုတိုးပွားစေတတ်သောစကား”ဟု ဝစနတ္ထပြု၊ ဋီကာတို့၌ **အပ**ဓာတ်နှင့် အနက်တူသော **အပ္ပ**ဓာတ်ဖြင့် “**မနံ အပ္ပါယတိ ဝရေတီတိ မနာပါ**”ဟု တွေ့ ရ၏။

