## PAGE 274

လူအပေါင်း၏ စိတ်နှလုံးကို တိုးပွားစေတတ်၏၊ **တထာရူပိ**=ထိုသို့သဘောရှိသော၊ **ဝါစံ**=စကားကို၊ **ဘာသိတာ**=ပြောဆိုသည်၊ **ဟောတိ**=၏၊ **ဘိက္ခဝေ**=တို့၊ **အဟံ**=ဤပုဂ္ဂိုလ်ကို၊ (ဖရုသဝါစာကို ရှောင်၍ နေလ ကဏ္ဏသုခ စသည်ဖြစ်သောစကားကို ပြောဆိုသော ဤပုဂ္ဂိုလ်ကို) ။ပ။ အဋ္ဌမံ။

#### ၉-အန္ဓသုတ်

**၁၀၉။** **အန္ဓော**=မျက်စိနှစ်ဖက်ကန်းသော ပုဂ္ဂိုလ်လည်းကောင်း၊ **ဧကစက္ခု**=မျက်စိတဖက်သာရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ **ဒွိစက္ခု**=မျက်စိနှစ်ဖက်ရှိသော ပုဂ္ဂိုလ်လည်းကောင်းတည်း၊ **ဘိက္ခဝေ**=တို့၊ **အန္ဓော**=မျက်စိနှစ်ဖက်ကန်းသော၊ **ပုဂ္ဂလော**=ဟူသည်၊ **ကတမော စ**=နည်း၊ **ဘိက္ခဝေ**=တို့၊ **ဣဓ**= ဤလောက၌၊ **ဧကစ္စဿ**=အချို့သော၊ **ပုဂ္ဂလဿ**=ပုဂ္ဂိုလ်မှာ၊ **ယထာရူပေန**=အကြင်သို့ သဘောရှိသော၊ **စက္ခုနာ**=ပညာမျက်စိဖြင့်၊ **အနဓိဂတံ**=မရအပ်သေးသော၊ **ဘောဂံ ဝါ**=စည်းစိမ်ဥစ္စာကိုလည်း၊ **အဓိဂစ္ဆေယျ**=ရနိုင်၏၊ **အဓိဂတံ**= ရအပ်ပြီးသော၊ **ဘောဂံ ဝါ**=လည်း၊ **ဖာတိ**=တိုးပွားအောင်၊ **ကရေယျ**=ပြုနိုင်၏၊ **တထာရူပံ**=ထိုသို့သဘောရှိသော၊ **စက္ခု**=ပညာမျက်စိသည်၊ **န ဟောတိ**=မရှိ၊ **ယထာရူပေန**=သော၊ **စက္ခုနာ**=ပညာမျက်စိဖြင့်၊ **ကုသလာကုသလေ**=ကုသိုလ်အကုသိုလ် ဖြစ်ကုန်သော၊ **ဓမ္မေ**=တရားတို့ကို၊ **ဇာနေယျ**=သိနိုင်၏၊ **သာဝဇ္ဇာနဝဇ္ဇေ**=အပြစ်ရှိကုန်, အပြစ်မရှိကုန်သော ။ပ။ **ဟီနပ္ပဏီတေ**=ယုတ်ညံ့ကုန်,မြင့်မြတ်ကုန်သော **ကဏှသုက္ကသပ္ပဋိဘာဂေ**=မည်းညစ်သောတရား, ဖြူစင်သော တရားများဖြစ်၍ အချင်းချင်း တားမြစ် ကန့်ကွက် ဆန့်ကျင်ဘက်အဖို့ရှိကုန်သော၊ [သဟ+ပဋိဘာဂ။ သဟသဒ္ဒါ သံဝိဇ္ဇမာနအနက်ဟော ကြံပါ။ ပဋိ=ဆန့်ကျင်ဘက်+ ဘာဂ=အဖို့၊ သံဝိဇ္ဇမာနော ပဋိဘာဂေါ ယေသန္တိ သပ္ပဋိဘာဂါ] **ဓမ္မေ**=တို့ကို၊ **ဇာနေယျ**=၏၊ **အဿ**=ထိုပုဂ္ဂိုလ်မှာ၊ **တထာရူပံ**=သော၊ **စက္ခုပိ**=ပညာမျက်စိသည်လည်း၊ **န ဟောတိ**=မရှိ၊ **ဘိက္ခဝေ**=တို့၊ **အယံ**=ဤပုဂ္ဂိုလ်ကို (ယခုဘဝအတွက် စီးပွားဥစ္စာ ရရှိတိုးပွားစေနိုင်သော ပညာမျက်စိနှင့် တမလွန်ဘဝအတွက် ကုသိုလ် အကုသိုလ်တို့ကို သိမြင်နိုင်သောပညာမျက်စိမရှိသော ဤပုဂ္ဂိုလ်ကို) **အန္ဓော**=ပညာမျက်စိနှစ်ဖက်ကန်းသော၊ **ပုဂ္ဂလော**=ပုဂ္ဂိုလ်ဟူ၍၊ **ဝုစ္စတိ**=၏ ။ပ။ **ဟောတိ**=ရှိ၏ ။ပ။ **အဿ**=မှာ၊ **တထာရူပံ**=သော၊ **စက္ခု**၊ **ပန**=ပညာမျက်စိသည်ကား၊ **န ဟောတိ** ။ပ။ **အယံ**=ဤပုဂ္ဂိုလ်ကို၊ (ယခုဘဝအတွက် စီးပွားဥစ္စာ ရရှိတိုးပွားစေနိုင်သော ပညာ မျက်စိသာရှိ၍တမလွန်ဘဝအတွက် ကုသိုလ် အကုသိုလ်တို့ကို သိမြင်နိုင်သော ပညာမျက်စိမရှိသော ဤပုဂ္ဂိုလ်ကို) **ဧကစက္ခု**=သော၊ **ပုဂ္ဂလော**=၍၊ **ဝုစ္စတိ** ။ပ။

## PAGE 275

[ဂါထာအနက်] (**အန္ဓဿ**=ပညာမျက်စိကန်းသောသူမှာ) **တထာရူပါ**=ထိုသို့သဘောရှိကုန်သော၊ (သားမယားစသည်တို့နှင့်တကွ မိမိကိုယ်ကိုချမ်းသာဝဖြိုးစေနိုင်ခြင်း သဘောရှိကုန်သော) **ဘောဂါ စေဝ**=စည်းစိမ်ဥစ္စာတို့သည်လည်း၊ **န ဟောန္တိ**=မရှိကုန်၊ (**အန္ဓော**=ပညာမျက်စိ ကန်းသောသူသည်) **ပုညာနိ စ**=ကုသိုလ်တို့ကိုလည်း၊ **န ကုဗ္ဗတိ**=မပြုလုပ်၊ **ဟတစက္ခုနော**=ဖျက်ဆီးအပ်သော ပညာမျက်စိရှိသော၊ **အန္ဓဿ**=သူကန်းမှာ၊ **ဥဘယတ္ထ**=မျက်မှောက်,တမလွန် နှစ်တန်သောလောက၌၊ **ဝါ**=မျက်မှောက် တမလွန်, နှစ်တန်သောလောကအကျိုးစီးပွား၌၊ [**ဥဘယတ္ထာတိ ဥဘယသ္မိံ လောကေ**၊ **ဥဘယတ္ထော ဝါ အတ္ထော**-ဟူသော ဋီကာအဖွင့် နှစ်နည်းလုံးပင် “**ဥဘယတ္ထ**”၌ သတ္တမီဝိဘတ်အနက်ဟော ထပစ္စည်းတည်း] **ကလိဂ္ဂါဟော**=ပျက်စီးဆုံးရှုံးမှုကို သိမ်းယူပွေ့ပိုက်ထားခြင်းသည်၊ (**ဟောတိ**=၏) [တနည်း-**ဥဘယတ္ထကလိဂ္ဂါဟော**=မျက်မှောက် တမလွန်၊ နှစ်တန်သော လောက အကျိုးစီးပွားတို့၏ ပျက်စီးဆုံးရှုံးမှုကိုသာ သိမ်းယူပွေ့ပိုက်ထားခြင်းသည်၊ **ဟောတိ**=၏၊ **ဥဘယေသံ အတ္ထာနံ ကလိဂ္ဂါဟော**-ဟူသော အဋ္ဌကထာစာသွားအတိုင်း “**ဥဘယတ္ထကလိဂ္ဂါဟော**”ကို သမာသ်ကြံ၍ အနက်ပြန်ဆိုခြင်း ဖြစ်သည်။ **ဥဘယ**= နှစ်မျိုးစုံကုန်သော +**အတ္ထ**=လောကအကျိုးစီးပွားတို့၏+ **ကလိ**=ဆုံးရှုံးခြင်း] **အထ**=အန္ဓပုဂ္ဂိုလ်၏ အခြားမဲ့၌၊ **အက္ခာတော**=ဟောကြားတော်မူအပ်သော၊ **အပရော**=အခြားတဦးသော၊ **ဧကစက္ခု**=တဖက်သော ပညာမျက်စိရှိသော၊ **အယံ ပုဂ္ဂလော စ**=ဤပုဂ္ဂိုလ်သည်ကား၊ **ဓမ္မာဓမ္မေန**=ကုသိုလ်ဓမ္မ, အကုသိုလ်အဓမ္မအားဖြင့်၊ **သဌော**=(ပညာမျက်စိမရှိ၍) စဉ်းလဲကောက်ကျစ်၏၊ ဓမ္မ,အဓမ္မတို့ကို ခွဲခြားသိသော ပညာမရှိ၍ စဉ်းလဲကောက်ကျစ်၏ဟူလို] (**တသ္မာ**=ထို့ကြောင့်) **သော**=ထိုဧကစက္ခုပုဂ္ဂိုလ်သည်၊ **ထေယျေန**=ခိုးဝှက်တတ်သူ၏ဖြစ်ကြောင်းဖြစ်သော၊ [**ထေနဿ ဘာဝေါ ထေယျံ**] **ကူဋကမ္မေန စ**=စဉ်းလဲကောက်ကျစ်သောအမှုဖြင့်လည်းကောင်း၊ **မုသာဝါဒေန စ**=မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းဖြင့်လည်းကောင်း၊ **ဥဘယံ** (**ဥဘယေန**)=နှစ်မျိုးစုံဖြင့်၊ အဋ္ဌကထာအတိုင်း အနက်ပေးလိုလျှင်ကား= (၁) **ထေယျေ**=သော၊ **ကူဋကမ္မေန စ**=ဖြင့်လည်းကောင်း၊ **ထေယျေန**=သော၊ (လိုက်ခဲ့) **မုသာဝါဒေန စ**=ဖြင့်လည်းကောင်း၊ (၂) **ကူဋကမ္မေန**= စဉ်းလဲကောက်ကျစ်သော အမှုဖြစ်သော၊ **မုသာဝါဒေန စ**=ဖြင့်လည်းကောင်း၊ **ဥဘယံ** (**ဥဘယေန**)=ဖြင့်၊ ဤသို့အနက်ဆိုပါ။ **ဥဘယ** အရေအတွက်ကိုလည်း (၁)(၂)ဂဏန်းစဉ်အတိုင်း မှတ်ပါ] **ဘောဂါနိ**=ပစ္စည်းဥစ္စာတို့ကို၊ **ပရိယေသတိ**=ရှာဖွေ၏၊ **ကာမဘောဂီ**=ကာမစည်းစိမ်ကို ခံစားသော၊ **မာနဝေါ**=ပညာမျက်စိ တဖက်သာရှိသော

## PAGE 276

ပုဂ္ဂိုလ်သည်၊ **သင်္ဃာတုံ စ**=ပစ္စည်းဥစ္စာကို စုဆောင်းခြင်းငှaသာလျှင်၊ **ကုသလော**=ကျွမ်းကျင်သည်၊ **ဟောတိ**=၏၊ **ဧကစက္ခု**=သော၊ **သော**=ထိုသူသည်၊ **ဣတော**=ဤဘဝမှ၊ **နိရယံ**=ငရဲသို့၊ **ဂန္တွာ**=သွား၍၊ **ဝိဟညတိ**=ပင်ပန်းဆင်းရဲရ၏။

**ပန**=ထိုမှတပါး၊ **ဒွိစက္ခု**=ပညာမျက်စิ နှစ်ဖက်ရှိသူဟူ၍၊ **အက္ခာတော**=ဟောကြားတော်မူအပ်သော၊ **သေဋ္ဌော**=မြတ်သော၊ **ပုရိသပုဂ္ဂလော**=ယောက်ျားပုဂ္ဂိုလ်သည်၊ **ဓမ္မလဒွေဟိ**=တရားဖြင့် ရအပ်ကုန်သော၊ **ဘောဂေဟိ**=စည်းစိမ်ဥစ္စာတို့နှင့်၊ (**သမ္ပန္နော**=ပြည့်စုံသည်၊ **ဟုတွာ**=ဖြစ်၍) **ဥဋ္ဌာနာဓိဂတံ**=တက်ကြွသော ဝိရိယဖြင့် ရအပ်သော၊ **ဓနံ**=ဥစ္စာကို၊ **ဒဒါတိ**=လှူဒါန်း၏၊

**သေဋ္ဌသင်္ကပ္ပေါ**=မြတ်သော အကြံအစည်ရှိသော၊ **အဗျဂ္ဂမာနသော**=ယုံမှားသံသယကင်းရှင်းသော စိတ်ရှိသော၊ **ဝိဝိဓံ အဂ္ဂံ အာရမ္မဏံ ဗျဂ္ဂံ**=အမျိုးမျိုးသော အာရုံ။ နတ္ထိ ဗျဂ္ဂံ ယဿ မာနသဿာတိ အဗျဂ္ဂ၊ **အဗျဂ္ဂ မာနသံ** ယဿ နရဿာတိ **အဗျဂ္ဂမာနသော**=အမျိုးမျိုးသော အာရုံမရှိသော စိတ်ရှိသော ပုဂ္ဂိုလ်၊ [မ၌ ဗုဒ္ဓိဖြင့် မာနသဟု ပါဌ်ရှိ၏၊ သဒ္ဒနီတိ(၃၇၆)သုတ် စသည်တို့၌ကား ဗျဂ္ဂမဲ့ဖြင့် မနသဟုရှိ၏] **နရော**=ပညာမျက်စိ နှစ်ဖက်ရှိသော ပုဂ္ဂိုလ်သည်၊ **ဘဒ္ဒကံ**=ကောင်းမြတ်သော၊ **ဌာနံ**=နတ်ဘုံဌาနသို့၊ **ဥပေတိ**=ရောက်၏၊ **ယတ္ထ**=ယင်းနတ်ဘုံဌาန၌ပင်၊ **ဂန္တွာ**=ရောက်၍၊ **န သောစတိ**=မပူဆွေးရ၊ **ဝါ**=ကြည်လင် ရွှင်ပျ ဝမ်းမြောက်စွာ နေထိုင်ရ၏။

**အန္ဓဉ္စ**=ပညာမျက်စိကန်းသော သူကိုလည်းကောင်း၊ **ဧကစက္ခုံ စ**=ပညာမျက်စိ တဖက်သာရှိသော သူကိုလည်းကောင်း၊ **အာရကာ**=ဝေးစွာ၊ **ပရိဝဇ္ဇယေ**=ရှောင်ကြဉ်ရမည်၊ **ဒွိစက္ခုံ**=ပညာမျက်စိ နှစ်ဖက်ရှိသော၊ **သေဋ္ဌိ**=မြတ်သော၊ **ပုရိသပုဂ္ဂလံ ပန**=ယောကျ်ားပုဂ္ဂိုလ်ကိုကား၊ **သေဝေထ**=မှီခိုဆည်းကပ်ရမည်၊ **ဣတိ**=သို့၊ (**အဝေါစ**=မိန့်)

#### ၁၀-အဝကုဇ္ဇသုတ်

**၃၀။** **အဝကုဇ္ဇပညာ**=မှောက်ထားအပ်သော ပညာရှိသော၊ **ဝါ**=မှောက်ထားအပ်သော အိုးနှင့်တူသော ပညာရှိသော၊ **ပုဂ္ဂလော**=ပုဂ္ဂိုလ်လည်းကောင်း၊ **ဥစ္ဆင်္ဂပညာ**=ရင်ခွင်နှင့်တူသော ပညာရှိသော။ပ။ **ပုထုပညော**=ကျယ်ပြန့်သော ပညာရှိသော၊ **ပုဂ္ဂလော**=လည်းကောင်းတည်း။ပ။ **ပုဂ္ဂလော**=သည်၊ **ဘိက္ခူနံ**=ရဟန်းတို့၏၊ **သန္တိကေ**=အထံ၌၊ **ဓမ္မဿဝနာယ**=တရားနာခြင်းငှာ၊ **အဘိက္ခဏံ**=အမြဲမပြတ်၊ **အာရာမံ**=ကျောင်းတိုက်သို့၊ **ဂန္တွာ**=သွားတတ်သည်၊

