## PAGE 280

[ဟောန္တိ၌စပ်] **အဇ္ဈာဂါရေ**=မိမိအိမ်၌၊ **ပူဇိတာ** ပူဇော်စောင့်ရှောက်ထားအပ်ကုန်သည်၊ **ဟောန္တိ**=ဖြစ်ကုန်၏၊ **တာနိ ကုလာနိ**=ထိုအမျိုးတို့သည်၊ (မိဘတို့ကိုပူဇော်စောင့်ရှောက်တတ်သော သားသမီးရှိသော ထိုအမျိုးတို့သည်) **သဗြဟ္မကာနိ**=ဗြဟ္မာနှင့်တကွ ဖြစ်ကုန်၏။ ဝါ=မြတ်သော ပုဂ္ဂိုလ်နှင့်တကွ ဖြစ်ကုန်၏၊

**ဘိက္ခဝေ**=တို့၊ **ယေသံ (ကုလာနံ)**=တို့၏၊ **ပုတ္တာနံ**=တို့သည်။ပ။ **ပူဇိတာ**=ကုန်သည်၊ **ဟောန္တိ**=ကုန်၏၊ **တာနိ ကုလာနိ**=တို့သည်၊ **သပုဗ္ဗာစရိယကာနိ**=လက်ဦးဆရာနှင့်တကွ ဖြစ်ကုန်၏၊ **ဘိက္ခဝေ**-တို့၊ **ယေသံ**။ပ။ **ပူဇိတာ ဟောန္တိ**၊ **တာနိ ကုလာနိ**=တို့သည်၊ **သာဟုနေယျာနိ**=အဝေးမှပင် ဆောင်ယူပေးကမ်းအပ်သမျှ ကောင်းနိုးရာရာ စားသောက်ဖွယ် စသည်ကို လက်ခံထိုက်သူတို့နှင့်တကွ ဖြစ်ကုန်၏၊ **အာ**=အဝေးမှ ဆောင်ယူ၍ **ဟုန**=အထူးတလည်စီမံပြုလုပ်အပ်သော ပေးကမ်းဖွယ် ပစ္စည်းကို+**ယျ**=လက်ခံသုံးစွဲထိုက်သောမိဘများ။ **သဟ အာဟုနေယျေဟိ ယာနိ ကုလာနိ ဝတ္တန္တိတိ သာဟုနေယျာနိ**။ [စာပိုဒ် (၇၁) သုတ်လည်းကြည့်]

**ဘိက္ခဝေ**=တို့၊ **ဗြဟ္မာတိ ဧတံ**=ဗြဟ္မာဟူသော ဤအမည်သည်၊ **မာတာပိတူနံ**=မိဘတို့၏၊ **အဓိဝစနံ**=နာမည်တည်း၊ **ဘိက္ခဝေ**=တို့၊ **ပုဗ္ဗာစရိယာတိ ဧတံ**=လက်ဦးဆရာဟူသော ဤအမည်သည်။ပ။ **အာဟုနေယျာတိ ဧတံ**=အာဟုနေယျဟူသော ဤနာမည်သည်၊ ဝါ=အဝေးမှပင် ဆောင်ယူ၍ ပေးကမ်းအပ်သမျှကောင်းနိုးရာရာ စားသောက်ဖွယ်စသည်ကို လက်ခံထိုက်သူဟူသော ဤနာမည်သည်၊ **မာတာပိတူနံ**=တို့၏၊ **အဓိဝစနံ**=တည်း၊ **ကိဿ ဟေတု**=အဘယ်အကြောင်းကြောင့်၊ **တံ**=ထိုသို့ မိဘတို့ကို ဗြဟ္မာစသည်ဖြင့် ခေါ်ဆိုရခြင်းသည်၊ **ဟောတိ**=ဖြစ်သနည်းဟူမူ၊ **ဘိက္ခဝေ** တို့၊ **မာတာပိတရော**=မိဘတို့သည်၊ **ပုတ္တာနံ**=သားသမီးတို့အား၊ **ဗဟုကာရာ**=များသော ကျေးဇူးရှိကုန်၏၊ (**ပုတ္တာနံ**=တို့ကို) **အာပါဒကာ**=အသက်ရှည်ခြင်းသို့ ရောက်စေတတ်ကုန်၏၊ **ပေါသကာ**=နို့ချို တိုက်ကျွေး မွေးမြူတတ်ကုန်၏၊ **ဣမဿ လောကဿ**=ဤလောကကို၊ ဝါ=ဤလောကမှ အာရုံကောင်းဆိုး အမျိုးမျိုးကို၊ **ဒဿတာရော**=ပြတတ်ကုန်၏၊ **ဣတိ**=ထို့ကြောင့်၊ (**တံ**=ထိုသို့ မိဘတို့ကို ဗြဟ္မာစသည်ဖြင့် ခေါ်ဆိုခြင်းသည်၊ **ဟောတိ**=ဖြစ်၏) ဣတိ=ဤသို့၊ (**အဝေါစ**=မိန့်တော်မူပြီ) ၊

**မာတာပိတရော**=တို့ကို၊ **ပုတ္တာနံ**=သားသမီးတို့၏၊ **ဗြဟ္မာတိ**= ဗြဟ္မာဟူ၍လည်းကောင်း (ပဋိသန္ဓေ တည်နေသည်မှစ၍ ချိန်ခါရွယ်ရောက် လူလားမြောက်သဖြင့် လက်ထပ်ထိမ်းမြား၍ အိုးအိမ်သစ်ထူထောင်ကာ'အတည်တကျ

## PAGE 281

နေထိုင်သည်တိုင်အောင် မေတ္တာစသော ဗြဟ္မဝိဟာရတရား လေးပါးဖြင့်အသက်အရွယ်အားလျော်စွာ ပွားများ စောင့်ရှောက်တတ်သည်အဖြစ်ကြောင့်ဗြဟ္မာမခြား အလားတူပုဂ္ဂိုလ်ဟူ၍လည်းကောင်း)) **ပုဗ္ဗာစရိယာတိ**=လက်ဦးဆရာတို့ဟူ၍လည်းကောင်း၊ **ပုတ္တာနံ**=တို့၏၊ **အာဟုနေယျာတိ စ**=အဝေးမှ . . . .ထိုက်သူတို့ဟူ၍လည်းကောင်း **ဝုစ္စရေ**=ဆိုအပ်ကုန်၏၊ (**မာတာပိတရော**=တို့သည်) **ပဇာယ**=သားသမီးကို၊ **အနုကမ္ပကာ**=ငဲ့ညှာထောက်ထား သနားတတ်ကုန်၏။

**တသ္မာ ဟိ**-ထို့ကြောင့်ပင်၊ **ပဏ္ဍိတော**=ပညာရှိသားသမီးကောင်းသည်၊ **နေ**=ထိုမိဘတို့ကို၊ **နမဿယျ စ**=ရှိခိုးလည်း ရှိခိုးထိုက်၏၊ **အန္နေန**=ဘောဇဉ်ဖြင့်လည်းကောင်း၊ **အထ**=ထိုမှတပါး၊ **ပါနေန စ**=သောက်ဖွယ်အဖျော်ဖြင့်လည်းကောင်း၊ **ဝတ္ထုန စ**=အဝတ်အထည်ဖြင့်လည်းကောင်း၊ **သယနေန**=အိပ်ရာဖြင့်လည်းကောင်း၊ **ဥစ္ဆာဒနေန စ**=နံ့သာဖြင့် ပွတ်တိုက်လိမ်းကျံပေးခြင်းဖြင့်လည်းကောင်း၊ **နှာပနေန**=ရေချိုးပေးခြင်းဖြင့်လည်းကောင်း၊ **ပါဒါနံ**=ခြေတို့ကို၊ **ဓောဝနေန စ**=ရေဆေးပေးခြင်း,ဆီလိမ်းပေးခြင်းဖြင့်လည်းကောင်း၊ **သက္ကရေယျ စ**=ကောင်းစွာပြုစုလည်း ပြုစုထိုက်၏။

**မာတာပိတူသု**=မိဘတို့၌၊ [နံ အနက်မရှိ] **တာယ ပါရိစရိယာယ**=ထိုသို့ပြုစုလုပ်ကျွေးခြင်းကြောင့်၊ **ပဏ္ဍိတာ** ပညာရှိသူတော်ကောင်းတို့သည်၊ **နံ**=ထိုပြုစုလုပ်ကျွေးသော သားသမီးကို၊ **ဣဓေဝ**-ဤမျက်မှောက်ဘဝ၌ပင် **ပသံသန္တိ**=ချီးကျူးကြကုန်၏၊ (**သော**=ထိုသားသမီးသည်) **ပေစ္စ**=တမလွန်ဘဝသို့သွားရောက်၍၊ [ပ+ဣ+တွာ] **သဂ္ဂေ**=နတ်ပြည်၌၊ **ပမောဒတိ**=ဝမ်းမြောက်ရ၏၊ ဝါ=နတ်စည်းစိမ်တို့ဖြင့် ဝမ်းမြောက်ရွှင်လန်း ချမ်းသာစွာ နေထိုင်ရ၏။ ဣတိ (အဝေါစ) ပဌမံ။

#### ၂-အာနန္ဒသုတ်

**၃၂။** [ဒုကနိပါတ် စာပိုဒ်-၁၆-နှင့်-၁၈-ကြည့်] **ဘန္တေ**=အရှင်ဘုရား၊ **ယထာ (ယေန သမာဓိပဋိလာဘေန)**=အကြင်အရဟတ္တဖိုလ်သမာဓိကို ရခြင်းကြောင့်၊ **သဝိညာဏကေ**=ဝိညာဏ်နှင့်တကွဖြစ်သော၊ **ဣမသ္မိံ ကာယေ**=(မိမိ သူတပါး နှစ်ဦးသား၏) ဤခန္ဓာကိုယ်၌လည်း၊ **အဟင်္ကာရ+မမင်္ကာရ+မာနာနုသယာ**=ငါ,ငါကောင်ဟု အယူမှားမှု ပြုလုပ်တတ်သော ဒိဋ္ဌိ+ငါ့ဟာငါ့ဥစ္စာဟု တွယ်တာမှုပြုတတ်သော တဏှာ+မာနတည်းဟူသော အနုသယ
## PAGE 282

**ဓာတ်ခံ တရားတို့သည်**၊ **န အဿု**=မဖြစ်ကုန်ရာ၊ **ဗဟိဒ္ဓါ စ**=(ခန္ဓာကိုယ်၏) အပြင်၌လည်း၊ **သဗ္ဗနိမိတ္တေသု**=(ရူပါရုံ သဒ္ဒါရုံစသော) ကိလေသာ ဖြစ်ခြင်း၏ အကြောင်း နိမိတ်အားလုံးတို့၌။ပ။ **န အဿု**=ရာ၊ **ဘိက္ခုနော**=ရဟန်းမှာ၊ **တထာရူပေါ**=ထိုသို့သဘောရှိသော၊ (ထိုအဟင်္ကာရစသည်တို့ မဖြစ်ကြောင်း၏ အဖြစ်ဟူသော သဘောရှိသော) **သမာဓိပဋိလာဘော**=အရဟတ္တဖိုလ် သမာဓိကို ရခြင်းသည်၊ **သိယာ နုခေါ**=ဖြစ်နိုင်ပါသလော၊ **စ**=ထို့အပြင်၊ **ယံ စေတောဝိမုတ္တိ**=အကြင်ကิလေသာတို့မှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ် သမာဓိသို့လည်းကောင်း၊ **ဝါ**=ကိုလည်းကောင်း၊ **ယံ ပညာဝိမုတ္တိ**=အကြင်ကိလေသာတို့မှ လွတ်မြောက်သော အရဟတ္တဖိုလ် ပညာသို့လည်းကောင်း၊ **ဝါ**=ကိုလည်းကောင်း၊

**ဥပသမ္ပန္န**=ရောက်၍၊ **ဝါ**=ရ၍၊ **ဝိဟရတော**=နေသော ပုဂ္ဂိုလ်မှာ။ပ။ **န ဟောန္တိ**=မဖြစ်တော့ကုန်၊ **တဉ္စ စေတောဝိမုတ္တိ**=သို့လည်းကောင်း၊ **ဝါ**=ကိုလည်းကောင်း၊ **တဉ္စ ပညာဝိမုတ္တိ**=လည်းကောင်း၊ [ထိုအဟင်္ကာရစသည်တို့ မဖြစ်ကြောင်းဖြစ်သော စေတောဝိမုတ္တိကိုလည်းကောင်း ပညာဝိမုတ္တိကိုလည်းကောင်းဟူလို] **ဥပသမ္ပဇ္ဇ**=၍၊ **ဝိဟရေယျ နုခေါ**=နေနိုင်ပါသလော၊ **ဣတိ**=ဤသို့၊ (အဝေါစ=မေးလျှောက်ပြီ)

**အာနန္ဒ**=အာနန္ဒာ၊ **ယထာ (ယေန သမာဓိပဋိလာဘေန)**=အကြင်အရဟတ္တဖိုလ်သမာဓိကို ရခြင်းကြောင့်၊ **သဝိညာဏကေ**။ပ။ **န အဿု**=ရာ၊ **ဘိက္ခုနော**=မှာ၊ **တထာရူပေါ**=သော၊ **သမာဓိပဋိလာဘော**=သည်၊ **သိယာ**=ဖြစ်နိုင်ပါ၏၊ **စ**=ထို့အပြင်၊ **ယံ စေတောဝိမုတ္တိ**=လည်းကောင်း။ပ။ **ဝိဟရေယျ**=နေနိုင်ပါ၏၊ **ဣတိ**=သို့ (အဝေါစ=မိန့်တော်မူပြီ)

**ဘန္တေ**=ဘုရား၊ **ယထာ (ယေန သမာဓိပဋိလာဘေန)**=ကြောင့်၊ **သဝိညာဏကေ**။ပ။ **န အဿု**=ရာ၊ **ယထာ ကထံ ပန**=အဘယ်သို့သော အကြောင်းဖြင့်၊ **ဘိက္ခုနော**=မှာ၊ **တထာရူပေါ**=သော၊ **သမာဓိပဋိလာဘော**=သည်၊ **သိယာ**=ဖြစ်နိုင်ပါသနည်း၊ **စ**=ထို့အပြင်၊ **ယံ စေတောဝိမုတ္တိ**=လည်းကောင်း၊ **ယံ ပညာဝိမုတ္တိ**=လည်းကောင်း။ပ။ **န ဟောန္တိ**=မဖြစ်တော့ကုန်၊ (ယထာ ကထံ ပန=အဘယ်အကြောင်းဖြင့်) [လိုက်ပေးသည်] **တဉ္စ စေတောဝိမုတ္တိ**=လည်းကောင်း၊ **တဉ္စ ပညာဝိမုတ္တိ**=လည်းကောင်း၊ **ဥပသမ္ပဇ္ဇ**=၍၊ **ဝိဟရေယျ**=နေနိုင်ပါသနည်း၊ **ဣတိ**=သို့၊ (အဝေါစ=မေးလျှောက်ပြီ)

**အာနန္ဒ**=အာနန္ဒာ၊ **ဣဓ**=ဤသာသနာတော်၌၊ **ဘိက္ခုနော**=ရဟန်းမှာ၊ **ဧဝံ**=ဤသို့ နှလုံးသွင်းခြင်းသည်၊ **ဝါ**=ဤသို့ နိဗ္ဗာန်ကို အာရုံပြုနေခြင်းသည်၊

