## PAGE 283

**ဟောတိ**=ဖြစ်၏၊ (ကိန္တ=အဘယ်သို့၊ ဟောတိ-ဖြစ်သနည်းဟူမူ) **ယဒိဒံ (ယော အယံ) သဗ္ဗသင်္ခါရသမထော**=အကြင်အားလုံးသော သင်္ခါရတို့၏ ငြိမ်းရာနိဗ္ဗာန်သည်၊ **ယဒိဒံ (ယော အယံ) သဗ္ဗုပဓိပဋိနိဿဂ္ဂေါ**=အကြင်အားလုံးသော ဥပဓိတို့ကို စွန့်ပယ်ရာ နိဗ္ဗာန်သည်၊ **ယဒိဒံ (ယာ အယံ) တဏှာက္ခယော**=အကြင်တဏှာကုန်ခန်းရာ နိဗ္ဗာန်သည်၊ **ယဒိဒံ (ယော အယံ) ဝိရာဂေါ**=အကြင်ကိလေသာရာဂ အားလုံး ပျက်သုဉ်းရာ နိဗ္ဗာန်သည်၊ **ယဒိဒံ (ယော အယံ) နိရောဓော**=အကြင်ဝဋ်ဒုက္ခအားလုံး ချုပ်ဆုံးရာ နိဗ္ဗာန်သည်၊ **ယဒိဒံ (ယံ ဣဒံ) နိဗ္ဗာနံ**=အကြင်တဏှာဝါန မရှိရာ နိဗ္ဗာန်သည်၊ **ဝါ**=အကြင်တဏှာဝါနမှ ထွက်မြောက်သော နိဗ္ဗာန်သည်၊ (အတ္ထိ-ရှိ၏) **ဧတံ**=ဤနိဗ္ဗာန်သည်၊ **သန္တ**=ငြိမ်းအေးလှပေ၏။ **ဧတံ**=ဤနိဗ္ဗာန်သည်၊ **ပဏီတံ**=မွန်မြတ်လှပေ၏၊ **ဣတိ**=ဤသို့ နှလုံးသွင်းခြင်းသည်၊ **ဝါ**=ဤသို့ နိဗ္ဗာန်ကို အာရုံပြုခြင်းသည်၊ (ဟောတိ-၏)

"**အာနန္ဒ**=အာနန္ဒာ၊ **ယထာ (ယေန သမာဓိပဋိလာဘေန)**=ကြောင့်၊ **သဝိညာဏကေ**။ပ။ **န အဿု**=ရာ၊ **ဧဝံ**=ဤသို့ နှလုံးသွင်းခြင်းဖြင့်၊ (ဤသို့ နိဗ္ဗာန်ကို “သန္တ ပဏီတ” ဟု အာရုံပြု နှလုံးသွင်းခြင်းဖြင့်) **ဘိက္ခုနော**=မှာ၊ **တထာရူပေါ**=သော၊ **သမာဓိပဋိလာဘော**=အရဟတ္တဖိုလ်သမာဓိကို ရခြင်းသည်၊ **ဝါ**=အရဟတ္တဖလသမာပတ် ဝင်စားခြင်းသည်၊ **သိယာ**=ဖြစ်နိုင်၏၊ **စ**=ထို့အပြင်၊ **ယံ စေတောဝိမုတ္တိ**=လည်းကောင်း။ပ။ **န ဟောန္တိ**=ကုန်၊ (ဧဝံ-ဤသို့ နှလုံးသွင်းခြင်းဖြင့်) **တဉ္စ စေတောဝိမုတ္တိ**=လည်းကောင်း၊ **တဉ္စ ပညာဝိမုတ္တိ**=လည်းကောင်း၊ **ဥပသမ္ပဇ္ဇ**=၍၊ **ဝိဟရေယျ**=နေနိုင်၏၊ [ဣတိသဒ္ဒါမလိုသေး]

**အာနန္ဒ**=အာနန္ဒာ၊ **ပန**=ထို့ပြင်၊ **ဣဒဉ္စ**=ဤအရဟတ္တဖလသမာပတ်ကိုပင်၊ (ဤနိဗ္ဗာန်ကို သန္တပဏီတစသည်ဖြင့် အာရုံပြု၍ အရဟတ္တဖိုလ်သမာပတ် ဝင်စားနေခြင်းကိုပင်) **သာယ**=ရည်ရွယ်၍၊ **မေ**=ငါသည်၊ **ပါရာယနေ**=ပါရာယနတရားတော်အပေါင်း၌၊ **ဝါ**=ဇရာမရဏ၏ ဟိုမှာဘက်ကမ်း နိဗ္ဗာန်နန်းသို့ ကြွမြန်းဆိုက်ရောက်ကြောင်း ဒေသနာတော်အပေါင်း၌၊ **ဝါ**=တွင်၊ [ဇရာမရဏဿ ပါရံ အယတိ ဂစ္ဆတိ ဧတေန ဓမ္မပရိယာယဇာတေနာတိ ပါရာယနံ] **ပုဏ္ဏကပဥှေ**=ပုဏ္ဏကလုလင်၏ အမေးပုစ္ဆာခန်း၌၊ “**သင်္ခါယ လောကသ္မိံ**။ပ။ **ဗြူမီတိ**=**သင်္ခါယ လောကသ္မိံ**။ပ။ **ဗြူမိ**ဟူသော၊ **ဧတံ**=ဤတရားကို၊ **ဘာသိတံ**=ဟောကြားတော်မူအပ်ပြီ။

**လောကသ္မိံ**=သတ္တလောက၌၊ **ပရောပရာနိ (ပရ+ဩပရာနိ)**=မြတ်ကုန်

## PAGE 284

ယုတ်ကုန်သော သူတစ်ပါးအတ္တဘော, မိမိအတ္တဘောတို့ကို၊ **သင်္ခါယ**=ဝိပဿနာဉာဏ်, မဂ်ဉာဏ်ဖြင့် သိ၍၊ **ဝါ**=ဖြင့် သိခြင်းကြောင့်၊ **ယဿ**=အကြင်ရဟန္တာပုဂ္ဂိုလ်မှာ၊ **လောကေ**=သတ္တလောက၌၊ **ကုဟိဒ္ဓိ**=မည်သည့်အာရုံ တစ်စုံတစ်ခု၌မျှလည်း၊ **ဣဉ္ဇိတံ**=လှုပ်လှုပ်ရှားရှား ဖြစ်တတ်သော ရာဂဒေါသစသော အကုသိုလ်သည်၊ **နတ္ထိ**=မရှိ၊ **သော**=ထိုရဟန္တာ ပုဂ္ဂိုလ်သည်၊ **သန္တော**=ကိလေသာဟူ အပူခပ်သိမ်း ငြိမ်းပြီးသည်၊ **ဝိဓူမော**=ဒုစ္စရိတ်ဟူသော ပူလောင်သော အခိုးအငွေ့ မရှိသည်၊ **အနီဃော (နဤယော)**=ရာဂစသော အကုသိုလ်မရှိသည်၊ **နိရာသော**=တောင့်တတွယ်တာတတ်သော တဏှာမရှိသည် (ဟုဖြစ်၍) **ဇာတိဇရံ**=ပဋိသန္ဓေနေခြင်း, အိုခြင်းကို၊ **ဝါ**=ပဋိသန္ဓေ အိုနာသေရေး ဒုက္ခဘေးကို၊ **အတာရိ**=ကျော်လွန်တော်မူပြီ၊ **ဣတိ**=ဤသို့၊ (အဟံ=ငါသည်) **ဗြူမိ**=ဟောတော်မူ၏၊ **ဣတိ** (အဝေါစ=မိန့်တော်မူပြီ) ဒုတိယံ။

### ၃-သာရိပုတ္တသုတ်

**၃၃။** **သာရိပုတ္တ**=သာရိပုတြာ၊ **အဟံ**=ငါသည်၊ **သံခိတ္တေနပိ**=အကျဉ်းခေါင်းစဉ်ထားခြင်းအားဖြင့်လည်း၊ **ဓမ္မံ**=တရားကို၊ **ဒေသေယျ**=ဟောကြားလို၏၊ [ပရဒါရံ န ဂစ္ဆေယျံကဲ့သို့ “ဧယျ”ဝိဘတ်ကို ပတ္ထနာ အနက်ဟောကြံသည် **သာရိပုတ္တ**=တြာ၊ **အဟံ**=သည်၊ **ဝိတ္ထာရေနပိ**=(အကျဉ်းခေါင်းစဉ်ကို) အကျယ်ဝေဖန်ခြင်းအားဖြင့်လည်း၊ **ဓမ္မံ**=ကို၊ **ဒေသေယျ**=၏။ပ။ **သံခိတ္တဝိတ္ထာရေနပိ**=ရံခါအကျဉ်းခေါင်းစဉ်ထားခြင်း, ရံခါအကျယ်ဝေဖန်ခြင်းအားဖြင့်လည်း။ပ။ **စ**=ထိုသို့ပင် ဟောကြားလိုပါသော်လည်း၊ **အညာတာရော**=သိနိုင်ကျင့်နိုင်မည့် ပုဂ္ဂိုလ်တို့ကို၊ **ဒုလ္လဘာ**=ခက်ခဲသဖြင့် ရအပ်ကုန်၏၊ **ဝါ**=ရနိုင်ခဲကုန်၏၊ **ဣတိ** (အဝေါစ=မိန့်) ဘဂဝါ=မြတ်စွာဘုရားသည် ယံ ဘဂဝါမှ ဘဂဝါကို အနက်ပေးသည်] **သံခိတ္တေနပိ**=လည်း၊ **ဓမ္မံ**=ကို။ **ယံ ဒေသေယျ**=အကြင်ဟောကြားတော်မူလိုငြားအံ့၊ **ဝိတ္ထာရေနပိ**=လည်း၊ **ဓမ္မံ**=ကို၊ **ယံ ဒေသေယျ**=အံ့။ပ။ **ယံ ဒေသေယျ**=အံ့၊ **ဘဂဝါ**=ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၊ **ဧတဿ**=ဤတရား ဟောကြားတော်မူခြင်း၏၊ **ကာလော**=အချိန်အခါပါတည်း၊ **သုဂတ**=ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား၊ **ဧတဿ**=ဤတရားဟောတော်မူခြင်း၏၊ **ကာလော**=တည်း၊ **ဓမ္မဿ**=တရားတော်ကို၊ **အညာတာရော**=သိနိုင်ကျင့်နိုင်မည့် ပုဂ္ဂိုလ်တို့သည်၊ **ဘဝိဿန္တိ**=ရှိပါကုန်လိမ့်မည်၊ **ဣတိ** (အဝေါစ=လျှောက်)
## PAGE 285

**သာရိပုတ္တ**=တြာ၊ **တသ္မာ**=ထို့ကြောင့်၊ (ထိုသို့သိနိုင်ကျင့်နိုင်ကြမည် ဖြစ်ခြင်းကြောင့်) **ဧဝံ**=ဤသို့နှလုံးသွင်း၍၊ (**ဝေါ**=သင်တို့သည်) **သိဒ္ဓိတဗ္ဗ**=ကျင့်ကြံအားထုတ်ရမည်၊ (**ကိန္တိ**=အဘယ်သို့ နှလုံးသွင်း၍၊ **သိက္ခိတဗ္ဗ**=ဟူမူ) **သဝိညာဏကေ**=သော၊ **ဣမသ္မိံ စ ကာယေ**။ပ။ **န ဘဝိဿန္တိ**=မဖြစ်ကုန်လတံ့ **ပ**။ **ဝိဟရိဿာမ**=နေရကုန်အံ့၊ **ဣတိ**=ဤသို့ နှလုံးသွင်း၍၊ (**သိက္ခိတဗ္ဗ**=ရမည်) **သာရိပုတ္တ**=တြာ၊ **ဧဝံ**=၍၊ **သိက္ခိတဗ္ဗ**မည်၊ **သာရိပုတ္တ**=တြာ၊ **စ**=ကျင့်ကြံအားထုတ်ခြင်း၏ အကျိုးကျေးဇူးကား၊ **ယတော**=အကြင့်ကြောင့်၊ **ဝါ**=အကြင်အခါ၌၊ **ဘိက္ခုနော**=မှာ**ပ**။ **ဝိဟရတိ**=နေ၏၊ **သာရိပုတ္တ**=တြာ၊ (**တတော**=ထို့ကြောင့်၊ **ဝါ**=ထိုအခါ၌) **အယံ ဘိက္ခု**=ဤရဟန်းကို (အဟင်္ကာရစသည် မဖြစ် မူ၍ အရဟတ္တဖိုလ်သမာဓိ, ပညာသို့ ရောက်၍နေသော ဤရဟန်းကို) **တဏှာ**=တဏှာကို၊ **အစ္ဆိ**=(အရဟတ္တမဂ်ဉာဏ်ဓားဖြင့်) ပယ်ဖြတ်ပြီးသူဟူ၍လည်း ကောင်း၊ **သံယောဇနံ**=သံယောဇဉ်ဆယ်ပါးကို၊ **ဝိဝတ္တယိ**=(အမြစ်အရင်းနှင့် တကွ) ဆွဲနုတ်စွန့်ပစ်ပြီးသူဟူ၍လည်းကောင်း၊ **သမ္မာ**=အကြောင်းမှန်အားဖြင့်၊ **ဝါ**=မှန်ကန်သောအကျင့်ဖြင့်၊ **မာနာဘိသမယာ**=ကိုးပါးသော မာနကို ပယ်ရှားခြင်းကြောင့် **ဝါ**=ကိုးပါးသော မာနကို သိမြင်ခြင်းကြောင့်။ **ဒုက္ခဿ**=ဝဋ်ဒုက္ခ၏၊ **အန္တ**=အဆုံးကို၊ **အကာသိ**=ပြုပြီးသူဟူ၍လည်းကောင်း၊ **ဝုစ္စတိ**=ဆိုအပ်၏။

**သာရိပုတ္တ**=တြာ၊ **ပန**=ထို့ပြင်၊ **ဣဒဉ္စ**=ဤဖလသမာပတ်ကိုပင်၊ **သန္ဓာယ**=၍၊ **မေ**=သည်၊ **ပါရာယနေ**၌၊ **ဥဒယပဗ္ဗေ**=ဥဒယပုဏ္ဏား၏ အမေးပုစ္ဆာ၌၊ "**ပဟာနံ**= **ပ**။ **ပဘေဒနန္တိ**=**ပဟာနံ**။**ပ**။ **ပဘေဒနံ**"ဟူသော၊ **ဧတံ**=ဤတရားကို၊ **ဘာသိတံ**=ပြီ၊

**ကာမသညာနံ စ**=ကာမဂုဏ်ငါးပါးတို့ကို အာရုံပြု၍ဖြစ်သော သညာတို့ကိုလည်းကောင်း၊ **ဝါ**=ကာမဂုဏ်တို့ကို လိုလားတတ်သော လောဘသဟဂုတ်စိတ်ရှစ်ပါးနှင့် ယှဉ်သော သညာတို့ကိုလည်းကောင်း၊ **ဒေါမနဿာနံစ**=ဒေါမနဿ ဝေဒနာတို့ကိုလည်းကောင်း၊ **ဥဘယံ**(**ဥဘယေသံ**)=ဤနှစ်မျိုးသော အကုသိုလ်တို့ကို၊ **ပဟာနံ**=(ထပ်၍ငြိမ်းစေသောအားဖြင့်) ပယ်သတ်တတ်သော၊ [အရဟတ္တဖလံဟူသော ပါဌသေသ၌စပ်] **ထိနဿစ**=ထိနကိုလည်း၊ **ပနုဒနံ**=(ထပ်၍ငြိမ်းစေသောအားဖြင့်) ပယ်နုတ်တတ်သော၊ **ဝါ**=ပယ်နုတ်တတ်သော အရဟတ္တမဂ်အဆုံး၌ဖြစ်သော **ပဋိပ္ပဿဒ္ဓိဝသေန ပနုဒတီတိ ပနူဒနံ** ဟုပြု၍ အရဟတ္တဖိုလ်ကို ကောက်] **ကုက္ကုစ္စာနှံ စ**=ကုက္ကုစ္စ အကုသိုလ်တို့ကိုလည်း၊ **နိဝါရဏံ**= (ထပ်၍ငြိမ်းစေသောအားဖြင့်) တားဆီးတတ်သော၊ **ဥပေက္ခာသတိ**

